သံလွင်ခက်။
အောက်တိုဘာ ၁ ၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့နယ် နမ့်အွမ်အုပ်စု ကောင်းဝိန်းကျေးရွာအဝင်တွင် ယမန်နေ့ စက်တင်ဘာလ၃၀ ရက်နေ့လယ် ၂ နာရီခန့်က အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
သေနတ်ဒဏ်ရာဖြစ် သေဆုံးသွားသည့် အသက်(၃၈)နှစ်အရွယ် ကိုအောင်မျိုးလင်းသည် ရေခဲချောင်းရောင်း၍အသက်မွေးနေသူဖြစ်ပြီး မိုင်းယု(၁၀၅)မိုင်မှာ နေထိုင်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူကို မူဆယ်ဆေးရုံကြီး ပို့ဆောင် စစ်ဆေးမှုများ ဆောင်ရွက်နေသည်ဟု
ပါရမီ လူမှုကူညီရေအသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။
၎င်းက “သူအမျိုးသမီးက ဖုန်းဆက်လာလို့ ကျနော်တို့လည်း သူ့ကိုသယ်ပြီး မူဆယ်ဆေးရုံမှာပို့ဆောင်ပေးထားတယ်။ ညာဘက်ဝမ်းဗိုက် မှာတော့ ဒဏ်ရာရှိထားတယ်”ဟု ပြောသည်။
မူဆယ်မြို့နယ်တွင် လတ်တလော စစ်ကောင်စီနှင့် တအာင်းတပ်မတော် TNLA တို့အကြား စစ်ရေးတင်းမာနေသည့်ဒေသတစ်ခုလည်း ဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်နေ့လည်း ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာအနီးမှာ ရေခဲလိုက်ရောင်းသည့် အမျိုးသားတစ်ဦး အပစ်သတ်ခံရပြီး သေဆုံးခဲ့ဖူးသည်။
မူဆယ်မြို့နယ်သည် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)ကိုးကန့် (MNDAA)၊ PDF အပါဝင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ သွားလာလှုပ်ရှားသည့် နယ်မြေလည်း ဖြစ်သည်။
ဓာတ်ပုံ – ပါရမီလူမူကူညီရေးအသင်း
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2081
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5771