စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ယနေ့ ဒီဇင်ဘာလ၁၇ရက်၊ နံနက် ၁၀ နာရီခန့်တွင် ရေဦးမြို့မှ ကားကြီး ၂ စီးဖြင့် ကုက္ကိုစုရွာ သာလေးကျေးရွာဘက်ထွက်လာသော အင်အား ၆၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “…