KIA စစ်ဦးစီးချုပ်စျာပန လိုင်ဇာတွင်ပြုလုပ်မည်
*******
ထွယ်
မေ ၁၅၊ ၂၀၂၄။
ကချင်လွတ်လပ်ရေးတပ်မတော် – KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း ၏ စျာပနာကို မေလ ၁၆ ရက် မွန်း လွဲ ၁ နာရီတွင် လိုင်ဇာ၌ ကျင်းပပြုလုပ်သွားမည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော် ၏ လူမှုကွန်ရက်စာ မျက်နှာတွင် ယနေ့နံနက်က ဖော်ပြထားသည်။
KIA စစ်ဦးစီးချုပ်သည် မေလ ၁၃ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် အသည်းကင်ဆာဝေဒနာဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ် သည်။
ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း သည် ၎င်းမကွယ်လွန်မီအချိန်ထိ တော်လှန်ရေးတွင် ကျရာတာဝန်ထမ်းဆောင်ကာ အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ကြိုးစားခဲ့သည် ဟုလည်း ဒုဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော် က ဆိုသည်။
KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းသည် အသည်းကင်ဆာဝေဒနာခံစားနေရသည်မှာ နှစ်ကာလကြာမြင့်နေ ပြီဖြစ်ပြီး ဆေးကုသရန်အချိန်မီခဲ့သော်လည်း စစ်ရေးအတွက်လိုအပ်နေချိန်ဖြစ်သဖြင့် ၎င်းခံစားနေရသော ဝေဒနာ ကို သေချာကုသမှုမခံယူဘဲ စစ်တိုက်ရန်သာရွေးချယ်ခဲ့သည်ဟု မကွယ်လွန်မီအချိန်မှာတွင် ၎င်းကိုယ်တိုင် ပြောဆို ခဲ့သည်။
ဂီတဘက်ဝါသနာကြီးမားသော KIA စစ်ဦးစီးချုပ်သည် တော်လှန်ရေးစစ်သားမဖြစ်မီ တက္ကသိုလ်ကျောင်းသား ဘဝတွင် Bass guitar တီးခတ်ခဲ့သူလည်း ဖြစ်သည်။
၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပွားချိန်မှာတော့ ၎င်းသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝကနေ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး – ABSDF ကို ဝင်ရောက်ခဲ့သည်။
၂၀၀၆ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးတာဝန်ဖြင့် ကချင်ပြည်နယ်မြောက်ဖျားပိုင်းရှိ KIA တပ်မဟာ ၁ ၏ တပ်မဟာ မှူးတာဝန် ထမ်းဆောင်ခဲ့ပြီး KIA တပ်ဖွဲ့ဝင်များနှင့် ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူများအပါအဝင် ကချင်ပြည် သူလူထုက ချစ်စနိုးဖြင့် ၎င်းအား“ဗိုလ်ချုပ်ဂွတို” ဟု ခေါ်ဆိုလေ့ရှိကြသည်။
ကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ်ရှိပြီဖြစ်သည်။
****
Telegram – > https://t.me/ThanLwinKhetNews/4604
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9975