ထိန်းချုပ်နယ်မြေကျယ်ပြန့်လာတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု
*****
ကောင်းချစ်အောင်
မေ ၁၂၊ ၂၀၂၄။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)မှာ လက်မှတ်မထိုးထားတဲ့ FPNCC အဖွဲ့ဝင်တွေဟာ ခုလက်ရှိမှာဆိုရင်တော့ ထိန်းချုပ်နယ်မြေ ပိုကျယ်ပြန့်လာပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက နိုင်ငံအနှံ့ စစ်မျက်နှာအများအပြား
မှာ အရှုံးနဲ့ရင်ဆိုင်နေရတာဆိုပေမယ့် FPNCC အဖွဲ့ဝင်တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်အောက်မှာ အရှုံးကပိုသိသာနေပြီး စခန်းကုန်းတွေ၊ မြို့တွေကို ဆက်တိုက်စွန့်လွှတ်နေခဲ့ရပါတယ်။
စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ နယ်မြေစွန့်လွှတ်ရမှုတွေရှိနေပြီ း တန်ပြန်ထိုးစစ်ဆင်နွှဲနိုင်မယ့် အလားအလာကလည်း မှေးမှိန်နေဆဲပါ။
FPNCC ဆိုတာ ဘာလဲ
*****
မြန်မာနိုင်ငံမြောက်ဖျားဒေသမှာ စစ်ရေးလှုပ်ရှားနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီမှာ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ရေးကော်မတီ(FPNCC)ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။
‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA က ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော်-KIO၊ မိုင်းလားအဖွဲ့လို့ လူသိများတဲ့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ် မတော်-NDAA၊ ကိုးကန့်အဖွဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်မတော်-MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်-TNLA၊ အာရက္ခတပ်တော်-AA၊ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/ SSA တို့ ပါဝင်ပါတယ်။
‘ဝ’ တပ်ဖွဲ့ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဥက္ကဋ္ဌဖြစ်သူ ဦးပေါက်ယူချန်းက FPNCC မှာလည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး KIA/KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒုဥက္ကဋ္ဌအဖြစ် ထမ်းဆောင်နေပါတယ်။
စတင်ဖွဲ့စည်းတဲ့နှစ်ကာလတွေမှာ ‘ဝ’ နဲ့မိုင်းလားကလွဲလို့ ကျန်တဲ့ ၅ ဖွဲ့လုံးနဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့ ပြီး အရပ်သားအစိုးရရဲ့ NCA ကမ်းလှမ်းမှုမှာ ၇ ဖွဲ့လုံးက ပါဝင်လက်မှတ်ရေးထိုးခဲ့တာမျိုး မရှိခဲ့ပါဘူး။
NCA စာချုပ်ကိုငြင်းပယ်ကာ ဖက်ဒရယ်ထက်မြင့်မားတဲ့ နိုင်ငံရေးအဆင့်အတန်းတစ်ခုကို တောင်းဆိုဖို့ရည်ရွယ်ဖွဲ့စည်းခဲ့ တာလို့ FPNCC က ကြေညာထားပါတယ်။ မဖွဲ့စည်းခင်ကတည်းက UWSA ကို မြန်မာစစ်တပ်က ကွန်ဖက်ဒရေးရှင်းလို့ တရားဝင်မကြေညာထားပေမယ့် ကွန်ဖက်ဒရိတ်နဲ့တူညီတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံ မျိုး ခွင့်ပြုထားပေးခဲ့တာ ဖြစ်ပါတယ်။
FPNCC အဖွဲ့ဝင်ခေါင်းဆောင်တွေဟာ ‘ဝ’ ပြည်ရဲ့ နိုင်ငံရေးအဆင့်အတန်းပုံစံကို ဥပမာပြုကာ နိုင်ငံရေးရည်မှန်းချက်တစ်ခုအနေ နဲ့ အင်တာဗျူးတွေမှာ မကြာခဏ ထုတ်ဖော်ပြောလေ့ရှိပါတယ်။
FPNCC အဖွဲ့တွေဟာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ နိုင်ငံရေးအရနီးကပ်တဲ့ မဟာမိတ်ဆက်ဆံရေးကိုတည်ဆောက်ထား တာကိုလည်း တွေ့ရပါတယ်။
အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ် ဩဂုတ်လနှောင်းပိုင်းမှာပြုလုပ် ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးမှာ AAကို မဖိတ်ခဲ့တဲ့အတွက် ကျန်တဲ့အဖွဲ့တွေအားလုံးကလည်း တက်ရောက်ဖို့ ငြင်းဆိုခဲ့ပါတယ်။
AA နဲ့ SSPP လှုပ်ရှားနယ်မြေတွေကလွဲရင် ကျန်တဲ့အဖွဲ့တွေအားလုံးက အင်အားကြီးတရုတ်နိုင်ငံရဲ့ နယ်နိမိတ်ထိစပ်တဲ့နယ်စပ်ဒေသတွေ မှာ အခြေစိုက်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ AA လှုပ်ရှားရာ ရခိုင်ပြည်နယ်မှာဆိုရင်လည်း ကျောက်ဖြူ ဘက်စုံစီမံကိန်းနဲ့ သူဌေးရေအားလျှပ်စီးစီမံကိန်းတို့ လို တရုတ်အကျိုးစီးပွားတွေ အများအပြားတည်ရှိနေပါတယ်။
အဲဒါကြောင့် မြောက်ပိုင်းညီနောင် ၇ ဖွဲ့ဟာ တရုတ်နဲ့ ရင်းနီးတဲ့ဆက်ဆံရေးရှိနေပြီး စစ်ကောင်စီအသိုင်းအဝိုင်းကတော့ တရုတ်ဟာ မြန်မာပြည်တွင်းရေးကို စွက်ဖက်ရာမှာ FPNCC ကို ကြားခံအနေနဲ့အသုံးပြုနေတယ်လို့ စွပ်စွဲပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
လျှို့ဝှက်မှုများတဲ့ တပ်ပေါင်းစု
******
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်းမှာ FPNCC ဟာ အစိုးရရနဲ့ နီးစပ်ဖို့လုပ်ဆောင်ချက်တွေကို ရပ်တန့်ပစ်ခဲ့ပါတယ်။
FPNCC အဖွဲ့ဝင်အဖွဲ့အစည်းတွေဟာ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့သဘောထားကိုလည်း မဖော်ပြခဲ့သလို စစ်ရေးအရလည်း ပိုနေမြဲ ကျားနေမြဲသာ ရှိနေခဲ့ပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်းပေါ် ပေါက်လာခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ – NUCC တို့မှာလည်း ပါဝင်ထောက်ခံခဲ့တာမျိုး မရှိခဲ့ပါဘူး။
အာဏာသိမ်းမှုအလွန် စစ်ကောင်စီဟာ နိုင်ငံအနှံ့ လက်နက်ကိုင်အုံကြွမှုကို နှိမ်နင်းနေရအချိန်ကို အခွင့်ကောင်းယူကာ မြောက်ပိုင်းညီနောင်အဖွဲ့တွေဟာ အင်အားကိုပဲ တိတ်တဆိတ်တိုးချဲ့နေခဲ့တာပါ။
စစ်ရေးအရ မဟာမိတ်အဖြစ်မပါဝင်ဘူးလို့ ကြေညာထားတဲ့အတိုင်း စစ်ကောင်စီတပ်အပေါ် ပူးပေါင်းစစ်ဆင်ရေးဆင်နွှဲတာတွေ မရှိခဲ့ဘဲ အာဏာသိမ်းမှုအစောပိုင်းကာလမှာ KIAရဲ့ တိုက်ပွဲဖော်ဆောင်မှု အနည်းငယ်သာ တွေ့ရပါတယ်။
ရှမ်းပြည်နယ်မှာတော့ အင်အားပြိုင်ဆိုင်မှုတွေ ဆက်တိုက်ဆိုသလို ရှိခဲ့ပါတယ်။ စစ်တပ်နဲ့ နီးကပ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော င်စီ RCSS နဲ့ FPNCCအဖွဲ့တွေဖြစ်တဲ့ UWSA၊ SSPP နဲ့ TNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး RCSS တို့ အဆုံးအရှုံးများခဲ့ပါတယ်။
ပိုနေမြဲ ကျားနေမြဲ ‘ဝ’ နဲ့ မိုင်းလား
******
၁၉၈၈ ခုနှစ်မှာ ဗမာကွန်မြူနစ်ပါတီ – ဗကပ ကနေခွဲထွက်လာတဲ့ ‘ဝ’ ပြည်သွေး စည်းညီညွတ်ရေးပါတီ – UWSP ဟာ နှစ် ၃၀ အကြာမှာတော့ အင်အားအကြီးဆုံးလက်နက်ကိုင်တပ် ဖြစ်တဲ့ UWSA ကိုလည်း ဖွဲ့စည်းထားနိုင်ခဲ့ပါတယ်။
တပ်ဖွဲ့တည်ထောင်ပြီးချိန်ကတည်းက မြန်မာစစ်တပ်နဲ့ အပစ်ခတ်ရပ်ခဲ့ပြီး ပြည် ထောင်စုဗဟိုအစိုးရရဲ့ စွက်ဖက်မှုမရှိတဲ့ အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ခွ င့်ရခဲ့ပါတယ်။
နဝတ/နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၆ အရ ဟိုပန်၊မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆန်းမြို့နယ်တွေကိုစုစည်းပြီ း ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင် းအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
ဟိုပန်နဲ့ မက်မန်းမြို့နယ်တွေရဲ့ နယ်မြေတချို့ကိုသာ မြန်မာစစ်တပ်က ထိန်းချုပ်ခွင့်ရှိပြီး ကျန်ဒေသတွေအားလုံးဟာ ဗဟိုအစိုးရရဲ့ အာဏာစက်အောက်ကနေ လွတ် မြောက်လာတာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။
UWSA ဟာ မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံစတဲ့ မြို့နယ်တွေကိုလည်း ‘ဝ’ တောင်ပိုင်းဒေသ(၁၇၁ စစ်ဒေသ) အဖြစ်သတ်မှတ်ကာ စစ်ရေးလှုပ်ရှားလျက်ရှိနေပါတယ်။
ကိုးကန့်တပ်ဖွဲ့ – MNDAA က ဟိုပန်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်မှာသိမ်းပိုက်လိုက်ပြီးနောက် ပိုင်း ဟိုပန်မြို့နယ်ထဲမှာရှိတဲ့ ပန်လုံမြို့မှာလည်း ‘ဝ’ တပ်ဖွဲ့တွေ ဝင်ရောက်တပ်စွဲလိုက်ပါတယ်။
ဇန်နဝါရီ ၁၀ ရက်မှာတော့ စစ်ကောင်စီဟာ ဟိုပန်မြို့အုပ်ချုပ်ခွင့်ကို ‘ဝ’ တပ်ဖွဲ့ကို လွှဲပြောင်းပေးတဲ့အနေနဲ့ အခမ်းအနားတစ်ရပ် ကျင်းပပေးခဲ့ပါတယ်။
မိုင်းလားအဖွဲ့ – NDAA ဟာလည်း ၁၉၈၈ ခုနှစ်ကတည်းက ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆို ခဲ့ပြီး နမ့်ပန်း၊ ဆီလူးနဲ့ မိုင်းလားဒေသတွေကို ရာနှုန်းပြည့်ထိန်းချုပ်ခွင့် ရခဲ့ပါတယ်။ အထူးဒေသ ၄အဖြစ် သတ်မှတ်ခံထားရပြီး ၆၂ မိုင်ခန့်ရှည်လျားတဲ့ မဲခေါင်မြစ်ကမ်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။
သံလွင်မြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ UWSA နဲ့ NDAA ထိန်းချုပ်နယ်မြေတွေဟာ မြန်မာစစ်တပ်ရဲ့ အုပ်ချုပ်ရေးကင်းဝေးမှုနဲ့ အသားကျနေတာ နှစ်အတော်ကြာခဲ့ပါပြီ။
နာမည်ကျော် “၁၀၂၇ စစ်ဆင်ရေး”
*****
FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့ဟာ စစ်ရေးအရ စုဖွဲ့ထားတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကို သီးခြားဖွဲ့စည်းထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလမှာပေါ်ပေါက်လာတဲ့ ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်း/မြောက်ဒေသမှာရှိတဲ့ စစ်ကောင်စီ စခန်းကြီးငယ်စုစုပေါင်း ၃၀၀ ကျော် ဆုံးရှုံးခဲ့ရပါတယ်။
ရှမ်း/မြောက်ဒေသဟာ MNDAAနဲ့ TNLA တို့ လှုပ်ရှားနယ်မြေတွေဖြစ်ပေမယ့် မဟာမိတ်အဖြစ် AA အပြင် ပြည်သူ့ကာကွယ်ရေးတပ် – PDF၊ ဗမာအမျိုးသားလွတ်မြောက်ရေးတပ်တေ ာ် – BPLA၊ ကရင်နီအမျိုးသားများကာကွယ်ရေး တပ်-KNDFနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တို့လည်း ပါဝင်ခဲ့ပါတယ်။
စစ်ဆင်ရေးကာလ ၂ လကျော်အကြာ ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီမှာ စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့အကြား အပစ်ခတ်ရပ်တဲ့ ဟိုင်ဂင်သဘောတူညီချက် ထွက်ပေါ်လာပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” ကြောင့် TNLA နဲ့ MNDAA တို့ရဲ့ ထိန်းချုပ်နယ်မြေတွေ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ လားရှိုးမြို့ကို မသိမ်းနိုင်ခဲ့ပေမယ့် ရှမ်း/မြောက်ကုန်သွယ် ရေးလမ်းကြောင်းတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး နယ်စပ်ထွက်ပေါက်တွေကိုလည်း ရရှိခဲ့ပါတယ်။
ရှမ်း/မြောက်ဒေသကို လွှမ်းခြုံနိုင်ဖို့ စစ်ကောင်စီဟာ တပ်ရင်း ၉၅ ရင်းထက်မနည်း လုံခြုံရေးချထားခဲ့ပေမယ့် ခုချိန်မှာဆိုရင်တော့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာ နချုပ်တည်ရှိရာ လားရှိုးမြို့ကလည်း ပိတ်ဆို့ဝိုင်းရံခံထားရတဲ့ အခြေအနေထိ ရောက်သွားပါတယ်။
TNLA ဟာ သူထိန်းချုပ်ထားရာ မြို့ ၇ ခုမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးတစ်ရပ်ကို ဖော်ဆောင်နေပြီး CDM ဝန်ထမ်းတွေ၊ စေတနာ့လုပ်အားပေးဝန်ထမ်းတွေနဲ့ ကျန်းမာ ရေး၊ ပညာရေးဝန်ဆောင်မှုတွေကို ပြန်လည်လည်ပတ်ဖို့ ကြိုးပမ်းနေပါတယ်။
အဲဒီလိုပဲ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ နာမည်ဆိုးထွက်ခဲ့တဲ့ ကိုးကန့်ဒေသတခွင်ကိုလည်း MNDAA ကထိန်းချုပ်နိုင်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဖော်ဆောင်လာနေပါတယ်။
စစ်အရှိန်မြှင့်နေဆဲ ရခိုင်ဒေသ
*******
ရှမ်း/မြောက်ဒေသ “၁၀၂၇ စစ်ဆင်ရေး” အရှိန်မြှင့်နေတဲ့ကာလမှာ အာရက္ခတပ်တော် – AA ကလည်း နိုဝင်ဘာ ၁၃ ရက် မှာ ရခိုင်ပြည်ထိုးစစ်ကို စတင်ခဲ့ပါတယ်။ စစ်တွေမြို့နဲ့ မြစ်ပဲခြားတဲ့ ချိန်ခါလီနဲ့ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်း တွေကို စတင်တိုက်ခဲ့ပေမယ့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ အဓိကထိုးစစ်ကို ဆင်နွှဲခဲ့ပါတယ်။
ပလက်ဝမြို့နယ်တစ်ခွင်လုံးသိမ်း ပိုက်နိုင်ဖို့ အချိန် ၂ လနီးပါးယူခဲ့ရပြီး အဲဒီနောက်မှာတော့ ကုလားတန်မြစ်ကြောင်းအတိုင်း စခန်းတွေကိုသိမ်းပိုက်လာကာ နယ်မြေတွေကို ရယူခဲ့ပါတယ်။
ကုလားတန်၊ လေးမြို့နဲ့ မယူမြစ်ဝှမ်းတည်ရှိရာ မြောက်ဦးခရိုင်တစ်ခုလုံးကိုလည်း ၁ လကျော်တိုက်ခိုက်ခဲ့ကာ အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တစ် ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အကြီးဆုံးကျွန်းမကြီးဖြစ်တဲ့ ရမ်းဗြဲကျွန်းပေါ်က ရမ်းဗြဲမြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး ဓညဝတီရေတပ်စခန်းဌာနချုပ်ကိုလည်း အနီးဆုံးခြိမ်းခြောက်ထားနိုင်ခဲ့ ပါတယ်။
လက်ရှိမှာလည်း ရခိုင်ရိုးမပေါ်မှာရှိတဲ့ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ပိတ်ဆို့ထားနိုင်ခဲ့သလို အခြေချဗျူဟာတောင်ကုန်းတွေကိုလည် းဆက်တိုက်သိမ်းပိုက်လာနေပါတယ်။
ကျန်ရှိနေသေးတဲ့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တည် ရှိရာ ဘူးသီးတောင်နဲ့ မောင်တောဒေသက စစ်စခန်းတွေကိုလည်း တပြိုင်တည်းထိုးစစ်ဆင်နေတာကို တွေ့ရပါတယ်။
ပြည်နယ်မြို့တော် စစ်တွေမြို့ကို စစ်ကောင်စီက လက်မလွှတ်ရသေးပေမယ့် မကြာခင်မှာပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခု လုံးဟာ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေတွေ ဖြစ်လာတော့မှာပါ။
KIA ထိုးစစ်
****
နိုင်ငံအနှံ့ စစ်မီးတောက်လောင်နေချိန် ကချင်လွတ်လပ်ရေးတပ်မတော် – KIA ကလည်း မတ်လ ၇ရက်မှာ ထိုးစစ်အရှိန်မြှင့်ခဲ့ပြန်ပါ တယ်။
လိုင်ဇာမြို့ကို လက်နက်ကြီးနဲ့ ခြိမ်းခြောက်ထားနိုင်တဲ့ စစ်ကောင်စီစခန်းတွေကို ပထမဆုံးတိုက်ခိုက်ခဲ့ပြီး မြစ်ကြီးနား-ဗန်းမော်ကားလမ်းတလျှေ ာက်မှာရှိတဲ့ တပ်ရင်းစခန်းတွေကို ဗျူဟာမြောက်တိုက်ခိုက်ခဲ့တာပါ။
အနီးဝန်းကျင်မှာရှိတဲ့ ဆင်ဘို၊ ဒေါ့ဖုန်းယန်း၊မြို့သစ်မြို့တွေ မှာရှိတဲ့ တပ်ရင်းတွေကို တိုက်ခိုက်ခဲ့ကာ မတ်လနှောင်းပိုင်းမှာပဲ ဝိုင်းမော်ကနေ ဗန်းမော်မြို့အကြား တပ် ရင်းစခန်းတွေအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
KIA ဌာနချုပ်ဟောင်းဖြစ်တဲ့ ပါဂျိုနားဖော့ စခန်းကို မတ်လ ၂၁ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ပေါင်း ၃၀ကျော်အကြာမှာ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
ဆယ်စုနှစ်တစ်ခုကျော်ကြာပိတ်ထား ခဲ့ရတဲ့ လိုင်ဇာမြို့အဝင်မုခ်ဦးကိုလည်း ပြန် လည်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က သူ့ရဲ့လူမှုကွန်ရက်မှာ မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။
လက်ရှိမှာ KIAဟာ မြို့ ၄ မြို့အထိ သိမ်းပိုက်ထားနိုင်ပြီး စကခ ၂၁ ရှိရာ ဗန်းမော်မြို့ဆီကို ထိုးစစ်မြားဦးလှည့်လာနေတယ်လို့ လည်း စစ်ရေးအကဲခတ်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာစစ် ရေးလှုပ်ရှားနေတဲ့ SSPP ကလည်း စစ်ရေးလှုပ် ရှားတော့မယ် အရိပ်အယောင်ပြောဆိုမှုတွေရှိလာ ပြန်ပါတယ်။
SSPP/SSA ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က တပ်တည်ထောင်ခြင်း နှစ် ၆၀ ပြည့်အခမ်းအနားမှာ စစ်မှန်တဲ့ဒီမိုကရေစီ ပြည်ထောင်စုရရှိဖို့ နိုင်ငံရေးစားပွဲဝိုင်းမှာ အဖြေရှာတဲ့ နည်းလမ်းမရှိတော့တဲ့အတွက် တိုက်ပွဲဖြစ်ရတော့မယ်လို့ ထုတ်ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း SSPP ဗိုလ်မှူးကြီး စိုင်းဆုကတော့ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်သွားရမယ့် အဆင့်မျိုး ဆုံးဖြတ်ထားတာမျိုးမရှိသေးဘူးလို့ သံလွင်တိုင်းမ်း သတင်းဌာနရဲ့ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။
နယ်မြေတည်ငြိမ်မှုရထားပြီးသားဖြ စ်တဲ့ ‘ဝ’ နဲ့မိုင်းလား၊ ဟိုင်ဂင်ကြောင့် အပစ်ရပ်ထားတဲ့ ရှမ်း/မြောက်ဒေသ၊ ကချင်မှာဆိုရင် KIA ရခိုင်မှာဆိုရင် AAရဲ့ နယ်မြေကျယ်ပြန့်လာမှုတွေဟာ FPNCCအဖွဲ့တွေအတွက် နိုင်ငံရေးသာမကဘဲ De facto အာဏာကိုပါ လက်ကိုင်ထားနိုင်တဲ့အဆင့်ကို ရောက်လာနေခဲ့ပါတယ်။