![]()
တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC တို့ တရုတ်နိုင်ငံ တွင် နှစ်ရက်ကြာ တွေ့ဆုံပြီးနောက်တွင် နှစ်ဘက်ရောက်ရှိနေသည့် နေရာများတွင် တပ်များအားလုံးရပ်တန့်မည်ဖြစ်ပြီး အပြန်အလှန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့သည်ဟု TNLA မှ သတင်းထုတ်ပြန်သည်။
တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သောအဖွဲ့သည့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် အောက်တိုဘာ ၂၇ မှ ၂၈ အထိ နှစ်ရက်ကြာ တွေ့ဆုံခဲ့သည်ဟု သိရသည်။
ထိုသို့ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ၉ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် မိုးကုတ်နှင့် မိုးမိတ်မြိုနယ်တိုမှ TNLA တပ်များ ပြန်လည် ဆုတ်ခွာမည်ဟု သဘောတူညီချက် ရရှိခဲ့သည်။
ထို့အပြင် TNLA ထိန်းချုပ်ရာ ဒေသများအတွင်းသို့ စစ်တပ်မှ လေကြောင်းမှ ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအားလည်း အောက်တိုဘာ ၂၉ ရက် မှ စတင်၍ ရပ်တန့်ရန် သဘောတူညီခဲ့သည်ဟု ထုတ်ပြန်ချင်တွင် ဖော်ပြသည်။
ထိုသို့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကာလအား အတိအကျ ဖော်ပြထားခြင်းမရှိပေ။
TNLA ထိန်းချုပ်ထားသည့် ဒေသများအား စစ်တပ်သည် ရွေးကောက်ပွဲ ကျင်းပရန် ကြေညာပြီးနောက်ပိုင်း လေကြောင်းမှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
TNLA ထိန်းချုပ်ထားသည့် မြို့များသည့် ၁၀၂၇ စစ်ဆင်ရေးတွင် သိမ်းပိုက်ထားသည့် မြို့များဖြစ်ပြီး ၂၀၂၅ ဧပြီလကုန်တွင် လားရှိုးမြို့အား အာဏာသိမ်း စစ်တပ်မှ ပြန်လည်ထိန်းချုပ်ခဲ့သည်။
#မိုးကုတ် #မိုးမိတ်#TNLA #ဆုတ်ခွာရန်သဘောတူ #ThanLwinKhetNews
