![]()
၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်မှ အောက်တိုဘာ ၂၉ ရက်အထိ လေးလနီးပါးအတွင်း စစ်တပ်ကြောင့် အမျိုးသား ၃၀၀ နီးပါး သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ထုတ်ပြန်သည်။
ထိုသို့ လေးလအတွင်းတွင် စစ်ကိုင်းတိုင်းမှ အမျိုးသား ၈၃ ဦးအထိ သေဆုံးထားပြီး သေဆုံးမှု အမြင့်ဆုံး ဖြစ်သည်ဟု AAPP ၏ စာရင်းများအရ သိရသည်။
သေဆုံးသူ အမျိုးသား ၃၀၀ ခန့်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် သေဆုံးသူ ၁၈၄ ဦးရှိပြီး သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် သေဆုံးသူ ၂၆ ဦးအထိ ရှိသည်ဟု သိရသည်။
ထို့အပြင် လေးလအတွင်း အသက် ၁၈ နှစ်မပြည့်သေးသူ အမျိုးသား ၆၇ ဦးအထိ သေဆုံးထားသည်ဟု AAPP မှ ဖော်ပြထားသည်။
အာဏာသိမ်းထားသည့် အချိန်မှ အောက်တိုဘာ ၂၉ ရက်အထိ ငါးနှစ်နီးပါးအတွင်း စစ်တပ် သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၇၄၀၀ ကျော်အထိ ရှိနေသည်ဟု AAPP မှ ဖော်ပြထားသည်။
လက်ရှိအချိန်ထိ စစ်တပ်၏ အာဏာသိမ်းမှုအား ဆန့်ကျင်သောကြောင့် ဖမ်းဆီးခံထားရသူ ၂၉၈၀၀ ကျော်ရှိပြီး ယင်းထဲတွင် လက်ရှိအချိန်ထိ ဖမ်းဆီးထောင်ချခံထားရသူ ၁၁၂၀၀ ကျော် အထိ ရှိနေသည်။
