• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကြားဖြတ်တိုက်ခိုက်ခံရ၍ အထိနာသော စစ်တပ် ဘုန်းတော်ကြီးကျောင်းကို လေကြောင်းတိုက်ခိုက်
  • ARSA အဖွဲ့ တိုက်ခိုက်မှုများကြောင့် မောင်တောဒေသခံများ လုံခြုံရေးစိုးရိမ်နေရ
  • တရားမဝင် ဝင်ရောက်လာသူ မြန်မာ ၅၀ ကျော်ဖမ်းမိရာတွင် နှစ်နှစ်ကလေးငယ်ပါဝင်
  • ထိုင်းနယ်စပ်ဖြတ်ကျော် မြန်မာနိုင်ငံသား ၁၁၃ ဦး ဖမ်းဆီးခံရ
  • ငါးနှစ်အတွင်း စစ်‌ကောင်စီ သတ်ဖြတ်မှုကြောင့် ပြည်သူ ၇၀၀၀ ကျော် သေဆုံး
  • ၁၃ နှစ်ကြာ ပိတ်ထားသည် မောင်တောဗလီကြီးတွင် ပြန်လည် ဝတ်ပြုခွင့်ရပြီ
  • KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော
  • သရက်တပင်ဗုံးကြဲခံရမှုတွင် ဆေးကုသနေရသော ရခိုင်ကလေးငယ်တစ်ဦး ထပ်မံသေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»သမိုင်း၏ မေ့လျော့ခံကျောင်းသားလှုပ်ရှားမှုတစ်ခု – အပိုင်း ၃
ဆောင်းပါး

သမိုင်း၏ မေ့လျော့ခံကျောင်းသားလှုပ်ရှားမှုတစ်ခု – အပိုင်း ၃

thanlwinkhetBy thanlwinkhetMay 6, 2024No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သမိုင်း၏ မေ့လျော့ခံကျောင်းသားလှုပ်ရှားမှုတစ်ခု – အပိုင်း ၃
*******

ဇေယျာဦး
မေ ၃၊ ၂၀၂၄

(IJBS – လွတ်လပ်သော မြန်မာ့သုတေသနတွင်ဖော်ပြထားသော ယခုဆောင်းပါးကို စာတမ်းရှင်ဇေယျာဦး ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်)

ဤသို့ဖြင့် လည်ပတ်လာခဲ့သော တပ်မတော်နည်းပညာကောလိပ်သို့ ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီတွင်အပတ်စဥ် (၄) သင် တန်းသား (၁၀၀၀) ကျော် ထပ်မံရောက်ရှိလာခဲ့သည်။ တစ်ပြိုင်နက်တည်းတွင်အပတ်စဥ် (၂) သင်တန်းသား များ လည်း သင်တန်းကာလ (၂) နှစ်ပြည့်မြောက်ပြီဖြစ်၍၎င်းတို့အတွက် အေဂျီတီအိုင်သင်တန်းဆင်းပွဲနှင့် တတိယနှစ် ဆက်လက်တက်ရောက်ခွင့်ရွေးချယ်မှုများလည်း နီးကပ်လာပြီဖြစ်သည်။ ယခင်က ဖြစ်ပျက်ခဲ့မှုများကို အပတ်စဥ် (၁) နှင့် (၂)သင်တန်းသား နောင်တော်ကြီးများ၏ ပြန်လည်ပြောပြမှုကြောင့် တစ်စွန်းတစ်စသိနေခဲ့ သော အပတ် စဥ်(၃) သင်တန်းသားများသည် ထိုအချိန်တွင် ၎င်းတို့ ကိုယ်တိုင်လည်း သင်တန်းကာလတစ်နှစ်ပြီး
မြောက်၍ ဒုတိယနှစ်သို့ စတင်တက်ရောက်ရတော့ မည်ဖြစ်ရာ ၎င်းတို့တစ်ဆင့်စကားဖြင့်ကြားသိခဲ့ရသော အေဂျီတီအိုင် သင်တန်းဆင်းပွဲကိစ္စနှင့် တတိယနှစ်သင်တန်းဆက်တက်ခွင့်ရွေးချယ်စိစစ်မှု ပုံစံများကို လက်တွေ့ မြင်ရတော့မည်ဖြစ်၍ စိတ်လှုပ်ရှားစွာစောင့်မျှော်နေကြသည်။ တစ်ချိန်တည်းတွင် အသစ်ရောက်လာသော သင်တန်းသားအသစ်များ နှင့်၎င်းတို့မိဘများကို တက်နေဆဲကျောင်းသားကြီးများက တပ်မတော် နည်းပညာကောလိပ်တွင်မတက်ရန်သာ နီးစပ်ရာအလိုက် တိုက်တွန်းနေကြ သည်။ ထိုအချိန်က ကျောင်းသားမိဘအများစုနှင့်သင်တန်းသားအသစ်များမှာ ထိုကဲ့သို့ တိုက်တွန်းမှုများအပေါ် နားမလည်နိုင်ပင် ဖြစ်ခဲ့ကြသည်။

၂၀၀၂ ခုနှစ်၊ မတ်လတွင် အပတ်စဥ် (၂) သင်တန်းသားများအတွက် အောင်စာရင်းထွက်လာသည်။အပတ်စဥ် (၁) တုန်းက ရွေးချယ်သကဲ့သို့ပင် သင်တန်းသား (၄၃၅) ဦးထဲမှ (၁၁၅) ဦးကိုသာတတိယနှစ် ဆက်တက်ခွင့် အတွက် ရွေးချယ်ခဲ့သည်။ တစ်နည်းအားဖြင့် (၂၅) ရာခိုင်နှုန်းသာတတိယနှစ်ကို ဆက်တက်ခွင့်ပေးပြီး (၇၅) ရာခိုင်နှုန်းကို အေဂျီတီအိုင်လက်မှတ်ပေးကာတပ်ကြပ်ကြီးအဆင့်ဖြင့် ကျောင်းဆင်းပေးမည့် သဘောဖြစ်သည်။ ယခင် အပတ်စဥ် (၁) မှာကဲ့သို့ပင်B.Tech ပြုတ်သွားသော ကျောင်းသား အများစုသည် စာပေအမှတ်ထက်၊ လေ့ကျင့်ရေးအမှတ်မပြည့်မီ၍သာ ပြုတ်သွားကြခြင်းဖြစ်ကြောင်း သိရပြန်သည်။ အောင်စာရင်းမထွက်မီ ကာလ များတွင်B.Tech ဆက်တက်ခွင့်ရရေးအတွက် သက်ဆိုင်ရာအရာရှိများကို လက်ဆောင်ပေးခြင်း၊ လာဘ်ထိုးခြင်းများလည်းဖြစ်ပေါ်ခဲ့သည်။ အောင်စာရင်းထွက်သည့်ညတွင် တတိယနှစ် ဆက်တက်ခွင့်မရသောကျောင်း သားများက သူငယ်ချင်းအချင်းချင်း ဖက်ငိုကြသလို၊ နောင်တော်ကျောင်းသားကြီးများထံတွင်ရင်ဖွင့်ငိုကြွေး ကြသည်။ အထူးသဖြင့် စာပေပိုင်းတွင် ထူးချွန်ပါလျက် တတိယနှစ်ကို
ဆက်တက်ခွင့်မရခဲ့သော ကျောင်းသားများ ဖြစ်သည်။ တကယ်တမ်းပြောရလျှင်ကျောင်းသားအများစုသည် ကျောင်းတွင် ကြုံတွေ့နေရသော ခွဲခြားဆက်ဆံ မှုများကြောင့် ဒုတိယနှစ်ဖြင့်သင်တန်းမဆင်းလိုဘဲ (၅) နှစ်လုံးတက်ကာ အင်ဂျင်နီယာဘွဲ့ B.E. ကိုသာ ရအောင်ယူလိုကြခြင်းဖြစ်သည်။ ထိုအတွက် လေ့ကျင့်ရေးတွင် မည်မျှပင်ပန်းနေစေကာမူ စာပေအပိုင်းတွင် နောက်ကျမနေအောင် အစွမ်းကုန်ကြိုးစားကြသည်။ သို့သော် စာပေပိုင်းတွင် ထူးချွန်သော်လည်းမည်သို့သတ်မှတ်သည် မှန်းမသိသော လေ့ကျင့်ရေးအမှတ်ဖြင့် B.Tech ဆက်တက်ခွင့်မရသည့်အပေါ်များစွာခံပြင်းကြေကွဲကြသည်။ ဥပမာ ဒုတိယနှစ် ပထမစာသင်နှစ်ဝက်အထိ မိမိမေဂျာတွင် Roll No.1Top 10 တွင် တစ်လျှောက်လုံး နေရာယူ လာနိုင်ခဲ့သော ကျောင်းသားအချို့သည်တတိယနှစ်ဆက်တက်ခွင့်ကို လေ့ကျင့်ရေးအမှတ် မပြည့်မီမှုဟူသော အကြောင်းပြချက်ဖြင့်ဆုံးရှုံးခဲ့ရခြင်းမျိုး ဖြစ်သည်။

ထို့နောက် အပတ်စဥ် (၂) သင်တန်းသားများ AGTI သင်တန်းဆင်းပွဲနှင့်ဒီပလိုမာလက်မှတ်ပေးအပ်ပွဲကျင်းပ ကြသည်။ ယခုတစ်ကြိမ် သင်တန်းဆင်းပွဲ ကပထမအကြိမ်အပတ်စဥ် (၁) သင်တန်းဆင်းပွဲထက် များစွာ အကျည်းတန် အရုပ်ဆိုးခဲ့သည်။ကျောင်းသားမိဘများလည်းမပါ၊ သက်ဆိုင်ရာ အဆင့်မြင့် တာဝန်ရှိသူများ လည်းမပါဘဲစစ်တက္ကသိုလ်ကျောင်းဆင်း ဗိုလ်မှူးကြီး ဘိုးအောင် သာတက်ရောက်ဆင်းပေးခြင်းကို လက်မခံနိုင် သည့်ကျောင်းသားအချို့က ကျောင်းဆင်းပွဲကို မတက်ရောက်ကြတော့ဘဲ မိမိသက်ဆိုင်ရာအိပ်ဆောင်များတွင်သာ နေလိုက်ကြသည်။ ကျောင်းဆင်းပွဲတွင် အပတ်စဥ် (၂) ကျောင်းသား စုစုပေါင်း(၃) ပုံ (၂) ပုံခန့်သာ တက်ရောက်ခဲ့ကြသည်။ ကျောင်းဆင်းချီတက်ပွဲကျင်းပပြီးနောက်ကျောင်းသားများကို အလုပ်ရုံ ခန်းမကြီးထဲ ခေါ်သွင်းကာ AGTI လက်မှတ်ကိုကျောင်းသားတပ်ခွဲအလိုက် အိပ်ဆောင်မှူးများကို ပေးလိုက်ကြပြီး ၎င်းတို့ကမှ တစ်ဆင့် ကျန်သောကျောင်းသားများကို အိပ်ဆောင်အလိုက် လိုက်ဝေပေးခဲ့သည်။ အဆိုပါ အဖြစ်အပျက်အားလုံး ကိုအပတ်စဥ် (၃) ကျောင်းသားများက ယခုအခါ လက်တွေ့မြင်လိုက်ရပြီ ဖြစ်သည်။မိမိတို့အလှည့်ကျလျှင်လည်း ဤသို့ပင် ကြုံရဦးမည်ဟုတွေး၍ စိတ်ဓာတ်ကျသူက ကျလာသည်။

သင်တန်းနှစ်ကြိမ်ဆင်းပြီးချိန်တွင် ကျောင်းသားများ သတိထားမိလာသော နောက်ထပ်အချက်တစ်ခုမှာအေဂျီတီ အိုင်ဒီပလိုမာလက်မှတ်ကို အတည်ပြုပေးသော ကျောင်းအုပ်ကြီးကိစ္စ ဖြစ်သည်။အင်ဂျင်နီယာဘာသာရပ် ကို ဒီပလိုမာအဆင့် ပညာရေးပြီးဆုံးကြောင်းအတည်ပြုလက်မှတ်ရေးထိုးပေးသူမှာ အင်ဂျင်နီယာပညာဖြင့် ဘွဲ့ရ ထား သူမဟုတ်ဘဲ စစ်တက္ကသိုလ်ကျောင်းဆင်း BSc(DSA) ဘွဲ့ရထားသော တပ်မတော်နည်းပညာ ကောလိပ် ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးဘိုးအောင် ဖြစ်နေသည့်အချက် ဖြစ်သည်။ ထိုအချက်ကြောင့် ကျောင်းသားအချို့ သည်ကျောင်းမှပေးအပ်သော ဒီပလိုမာအပေါ် ယုံကြည်မှုအနည်းငယ် ကျလာခဲ့သည်။

ထိုသို့ဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပင် နောက်ထပ်ကောလာဟလ သတင်းတစ်ခုက ကျောင်းသားများကြားပျံ့နှံ့ ဝင်ရောက်လာသည်။ အပတ်စဥ် (၂) သင်တန်းသားများ ကျောင်းဆင်းပွဲကျင်းပပြီးနောက်တတိယနှစ်သို့ ဆက် လက်တက်ရောက်နေချိန်တွင် အပတ်စဥ် (၁) သင်တန်းသားများ မှာလည်းစတုတ္ထနှစ်သို့ စတင်တက်ရောက်နေပြီ ဖြစ်သည်။ အပတ်စဥ် (၁) သင်တန်းသားများသည် ကျောင်း၏

ခေါ်စာ သတ်မှတ်ချက်အရ စတုတ္ထနှစ် ပြီးဆုံးလျှင် B.Tech ဘွဲ့ရရှိကြတော့မည် ဖြစ်သည်။ စတုတ္ထနှစ်ကိုထူးချွန်စွာ အောင်မြင်သည့် ကျောင်းသားများကို နောက်ဆုံးနှစ် (ပဉ္စမနှစ်) သို့ ဆက်တက် ခွင့်ရကာအင်ဂျင်နီယာဘွဲ့ B.E. ဘွဲ့ပေးရမည် ဖြစ်သည်။ သို့သော် အဆိုပါ ဘွဲ့များကို မည်သို့ပေးအပ်မည်ဆိုသည်နှင့်ပတ်သက်၍ ကျောင်းတွင် မည်သည့်အစီအစဥ်မှ ရှိပုံမပေါ်သေးချေ။ ဘွဲ့ကိုတပ်မတော်နည်းပညာ ကောလိပ်မှာပင် ပေးမည်လား၊ အခြားတက္ကသိုလ်တစ်ခုခုနှင့် တွဲဖက်၍ပေးမည်လား ဆိုသည်ကို ကျောင်းသားများက စိတ်ဝင်စားနေသည်။ ပညာရေး ဆိုင်ရာဥပဒေသတ်မှတ်ချက်များအရ ကောလိပ်သည် ဘွဲ့နှင်းသဘင်ကျင်းပ၍ ဘွဲ့ပေးအပ်ခွင့်မရှိဆိုသည်ကိုထိုစဥ်က တပ်မတော်နည်းပညာကောလိပ် ကျောင်းသားလူငယ်များ မသိရှိခဲ့ကြပေ။ ထိုကြောင့်ကောလိပ်မှာပင် ဘွဲ့နှင်းသဘင်ခန်းမဆောက်၍ ပေးမည်လား ဆိုသည်ကိုလည်း မျှော်လင့် နေကြသည်။ထိုအချိန်တွင် တပ်မတော်နည်းပညာကောလိပ်ကျောင်းသားများ ကို B.Tech ဘွဲ့နှင့် B.E. ဘွဲ့များပေးရန်အစီအစဥ် မရှိကြောင်း ကောလာဟလ သတင်းတစ်ခုက ဘယ်ကဝင်လာ မှန်းမသိဘဲကျောင်းသားများကြား ပျံ့နှံ့လာသည်။

တပ်မတော်နည်းပညာကောလိပ် ကမ္ပည်းမော်ကွန်းကျောက်စာတိုင်။

နဂိုကတည်းက မယုံကြည်စိတ်၊ သံသယစိတ်များဖြင့် ပြည့်နှက်နေသော ကျောင်းသားများကြားကိုဤကောလာ ဟလသတင်းက သံသယစိတ်များကို မီးထိုးပေးသလို ဖြစ်လာသည်။ ထို့ကြောင့်စတုတ္ထနှစ်ကျောင်းသားကြီး များက သက်ဆိုင်ရာ အရာရှိကြီးများထံသွားရောက်၍ အဆိုပါကိစ္စအားဖြေရှင်းပေးရန် တောင်းဆိုကြသည်။ အရာရှိကြီးများ ကိုယ်တိုင်လည်း ဘွဲ့ပေးရန် အစီအစဥ်ရှိ၊ မရှိကို
ကောင်းစွာသိရှိထားပုံမပေါ်ဘဲ ကျောင်းသားများကို “မင်းတို့အရာမပါဘူး၊ လူကြီးတွေ စီစဥ်လိမ့်မယ်ငြိမ်ငြိမ်နေကြ”ဟုသာ ဆူပူမာန်မဲ လွှတ်လိုက်ကြသည်။ ထိုကိစ္စ အတွက် ကျောင်းသားများကြားလှုပ်လှုပ်ရွရွ ဖြစ်လာသည်ကို သတိပြုမိသော ညှိနှိုင်းရေးဗိုလ်မှူးကိုယ်တိုင် ကလည်းကျောင်းသားများတန်းပေါင်းစီသော စစ်ရေးပြကွင်းတွင် “မင်းတို့ကောင်တွေ ဘဝင်မမြင့်ကြနဲ့၊မင်းတို့ဘာသာ ဘာဘွဲ့ရရ၊ အခြားအဆင့်က အခြားအဆင့်ပဲ၊ အရာရှိ ဖြစ်မလာဘူး၊ ကိုယ့်အဆင့်

ကိုယ်သိကြ” ဟု ဆိုကာ ပြဿနာကို ဖြေရှင်းမပေးသည့်အပြင် ကျောင်းသားများ၏ သံသယကိုပိုမိုကြီးထွားစေသော နှိမ့်ချ ဆက်ဆံသည့် စကားအသုံးအနှုန်းများကို သုံးနှုန်းပြောဆိုသွားသည်။ အဆိုပါကောလာဟလကို သက်ဆိုင်ရာ ကျောင်းအာဏာပိုင်များ၊ အရာရှိများ သိနေကြ သော်လည်းကျောင်းသားများကို နားလည်အောင် မည်သည့်အရာရှိမျှ အကျေ အလည် ရှင်းပြပြောဆိုခြင်းများမရှိခဲ့ကြချေ။

ဆိုခဲ့ပါ အခြေအနေအားလုံးသည် တပ်မတော်နည်းပညာကောလိပ် ကျောင်းသားလှုပ်ရှားမှုပေါ်ပေါက်လာစေရန် ကာလရှည်ကြာစွာ တွန်းပို့လာ နေသော နောက်ခံအကြောင်းအရင်းများပင်ဖြစ်သည်။ ကျောင်းသားများသည် ထိုအခြေအနေများအပေါ် မကျေနပ်၍ ထွက်ပေါက်ရှာရာတွင်လည်းကျောင်းမှထွက်ပြေးခြင်းမှတစ်ပါး အခြား မရှိပေ။ ထွက်ပြေးလျှင်လည်း လူ့ဂုဏ်သိက္ခာမဲ့စွာသူငယ်ချင်းကျောင်းသားများ၏ ရှေ့မှောက်တွင် လက်ထိပ် တန်းလန်းနှင့် တပ်ထုတ်ပွဲလုပ်၍အရပ်ဘက်အကျဉ်းထောင်တွင် အနည်းဆုံးထောင်ဒဏ် (၁) နှစ်ကျခံရကာ ထောင်ထွက်ဘဝဖြင့်အဆုံးသတ်ရမည် ဖြစ်သည်။ ဤအခြေအနေအောက်တွင် ခံပြင်းမှု၊ မကျေနပ်မှု၊ထွက်ပေါက်မဲ့မှု၊အထက်တာဝန်ရှိသူများအပေါ် မယုံကြည်မှု၊ စိတ်ဓာတ်ကျဆင်းမှုတို့ ပြည့်နှက်လာနေသောတပ်မတော်နည်းပညာကောလိပ်ကျောင်းသားများကို အတည့်အလင်းလှုပ်ရှားမှုတစ်ခု လုပ်ဆောင်ရန်စေ့ဆော်ပေးလိုက်သော ဖြစ်ရပ်တစ်ခုက မမျှော်လင့်ပဲပေါ်ပေါက်လာခဲ့သည်။

၂၀၀၂ ခုနှစ်မှစ၍ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းသားဦးရေကို (၃၅၀၀) စတင်ခေါ်ယူခဲ့သည်။ယခင်က (၅၀၀) ဝန်းကျင်သာခေါ်ယူခဲ့ရာမှ ထိုကဲ့သို့ တိုးမြှင့်ခေါ်ယူလိုက်ရာ စစ်တက္ကသိုလ်သင်တန်း(၃) နှစ် ပြီးဆုံးမည့် ၂၀၀၅ ခုနှစ်တွင် ကျောင်းဆင်းချီတက်ပွဲလျှောက်မည့် သင်တန်းသားဦးရေမှာ(၁၁၅၀၀) ဝန်းကျင်ရှိနေမည် ဖြစ်သည်။ ထိုပွဲအတွက် စစ်ရေးပြကွင်း အနေအထားနှင့်အခြားလိုအပ်သည်များ ကြိုတင်ပြင်ဆင်နိုင်စေရန် အဆိုပါပမာဏရှိသည့်သင်တန်းသားအရေအတွက်ဖြင့် အစမ်းလေ့ကျင့် ချီတက်မှုများ ပြုလုပ်ရန် စီစဥ်ကြသည်။

ထိုပမာဏအတိုင်း ဖြစ်စေရန်မှာ စစ်တက္ကသိုလ်ကျောင်းရှိ သင်တန်းသားများနှင့်သာမလုံလောက်တော့ဘဲ ပြင်ဦးလွင်မြို့ပေါ်ရှိ အခြားသော တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) နှင့်တပ်မတော်နည်းပညာကောလိပ် တို့မှ ကျောင်းသားများကိုပါ ခေါ်ယူ၍ အင်အားဖြည့်လေ့ကျင့်ရသည်။အဆိုပါကျောင်းသားများအားလုံး စစ်တက္ကသိုလ်ဝင်းအတွင်းရှိ စစ်ရေးပြကွင်းသို့သွားရောက်စုဝေးကြရသည်။ တပ်မတော်နည်းပညာကောလိပ်မှ အပတ်စဥ် (၃) ခုပေါင်းသင်တန်းသားဦးရေ (၃၃၀၀) ဝန်းကျင်က အားဖြည့်လေ့ကျင့်ပေးရသည်။ အဆိုပါလေ့ကျင့်မှုကိုထိုအချိန်က ပြင်ဦးလွင်တပ်နယ်မှူးလည်းဖြစ်၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး လည်းဖြစ်သောဗိုလ်မှူးချုပ်တစ်ဦးက ကိုယ်တိုင်ကြီးကြပ်ကွပ်ကဲခဲ့သည်။ စစ်ရေးပြကွင်းအတွင်း တပ်ခွဲ၊ တပ်ရင်းအလိုက်ကျောင်းသားများကို စုဝေးစေပြီး သက်ဆိုင်ရာ ကျောင်းသား တပ်ခွဲမှူး၊ တပ်ရင်းမှူး၊ တပ်စုမှူးများခန့်အပ်ကြသည်။ အခြားသော တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းသားများတွင်မိမိကျောင်းသားနှင့် မိမိတပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူးများ လုပ်ခွင့်ရကြသော်လည်းတပ်မတော်နည်းပညာကောလိပ် ကျောင်းသား များအတွက်မူ စစ်တက္ကသိုလ်နှင့်တပ်မတော်နည်းပညာတက္ကသိုလ်တို့မှ ဗိုလ်လောင်းများကသာ နည်းပညာ ကောလိပ်ကျောင်းသားတပ်ရင်း၊ တပ်ခွဲ၊ တပ်စုများကို အမိန့်ပေးကွပ်ကဲရမည်ဟု သက်ဆိုင်ရာတာဝန်ရှိသူများကညွှန်ကြားလိုက်သည်။ အကြောင်းပြချက်က နည်းပညာကောလိပ် ကျောင်းသားများသည်အရာရှိလောင်း များ မဟုတ်သည့်အတွက် ထိုကဲ့သို့ဦးစီးကွပ်ကဲခွင့်မရှိခြင်းဖြစ်သည်ဟူ၍ ဖြစ်သည်။ဤကိစ္စကို တပ်မတော် နည်း ပညာကောလိပ် ကျောင်းသားများကလက်မခံနိုင်ကြချေ။မိမိကျောင်းသားများကို မိမိတို့ တပ်မတော် နည်းပညာ ကောလိပ်ကျောင်းသားတပ်ရင်း၊ တပ်ခွဲ၊တပ်စုမှူးများကသာ ဦးစီးကွပ်ကဲအမိန့်ပေးခွင့်ရစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံ နည်းမျိုးစုံဖြင့်တောင်းဆိုကြသော်လည်း အရာရှိများက လက်မခံပယ်ချကြသည်။

ကျောင်းသားများယူဆသည်မှာ ယခုကိစ္စသည် တပ်မတော်နည်းပညာကောလိပ် ကျောင်းသားထု၏ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည်။ သက်ဆိုင်ရာအရာရှိများကကျောင်းပေါင်းစုံကျောင်းသားများအလယ်တွင် သက်သက် ခွဲခြား ဆက်ဆံ၍ အရှက်ခွဲခြင်းဖြစ်သည်ဟူ၍ မှတ်ယူကြသည်။ ဤကိစ္စအပေါ် လက်မခံအဖြစ်ဆုံးသူများမှာ စတုတ္ထနှစ် ကျောင်းသားကြီးများ

ဖြစ်သည်။ စစ်တပ်တွင် စီနီယာ-ဂျူနီယာ ဆက်ဆံရေးပုံစံရှိသည်ဖြစ်ရာ ကိုယ့်ထက် တစ် တန်းကြီးသူကိုဂျူနီယာများက လေးစားဂါရဝထားကြရသည်မှာ ထိုစနစ်၏ အဓိကအချက်ဖြစ်သည်။ ထိုစနစ်၏ခံယူချက်များကိုလည်း လေ့ကျင့်ရေးအရာရှိများက တပ်မတော်နည်းပညာကောလိပ်ကျောင်းသားများထံ လေ့ကျင့် ရိုက်သွင်းထားခဲ့ရာ ယခုအခါ စီနီယာမာန်က အဆိုပါစတုတ္ထနှစ်ကျောင်းသား ကြီးများကို စေ့ဆော်လာသည်။

အကြောင်းမှာ စစ်တက္ကသိုလ်သည် ထိုအချိန်က စုစုပေါင်း (၃) နှစ်သာ တက်ရောက်ရပြီး၎င်းတို့ကျောင်း၏ နောက် ဆုံးနှစ်ကျောင်းသား (အကြီးဆုံး ကျောင်းသား) မှာ တတိယနှစ်သာ ဖြစ်ပြီးစစ်တပ်စကားနှင့် ပြောရလျှင် လက်မောင်းတွင် အတုံး (၃) တုံး (ရောက်ရှိသည့် စာသင်နှစ်ကိုပြသသော အဖြူစင်းကြောင်း (၃) ကြောင်း) သာ ရှိသည်။ တပ်မတော်နည်းပညာကောလိပ်ကျောင်းသားကြီးများမှာ စတုတ္ထနှစ် (လက်မောင်းတွင် လေးတုံး) ရှိနေသည်။မိမိအောက်အတန်းငယ်သော၊ ဂျူနီယာကျသောကျောင်းသားများ၏ အမိန့်ပေးကွပ်ကဲမှုကိုနာခံရမည်ဆိုသည်မှာ အဆိုပါ ကျောင်းသားကြီး များအတွက် ခံပြင်းစရာကောင်းနေသည်။ ထို့ကြောင့်နောက်ဆုံး အနေဖြင့် ကျန်သောကျောင်းသားများကို ချီတက်လေ့ကျင့်မှုတွင် ထည့်သွင်းပါ၊စတုတ္ထနှစ်များကို ချန်ထားပေး ပါဟူသော တောင်းဆိုမှု ထပ်မံပြုလုပ်ရာတွင်လည်းသက်ဆိုင်ရာအရာရှိများ၏ထပ်မံ ပယ်ချခြင်းကိုခံရပြန်သည်။

ဤသို့ဖြင့် မကျေမနပ်စိတ်ဖြင့် ၎င်းတို့ညွှန်ကြားသည့်အတိုင်း သက်ဆိုင်ရာတပ်ခွဲများတွင်ဝင်ရောက်တန်းစီကာ စစ်တက္ကသိုလ်ဗိုလ်လောင်းများ၏ အမိန့်ပေးစေခိုင်းမှုအတိုင်းတပ်မတော်နည်းပညာကောလိပ် ကျောင်းသားများ နာခံလုပ်ဆောင်ကြရတော့သည်။

ထိုအချိန်တွင် တပ်မတော်နည်းပညာကောလိပ်ကျောင်းသားများတပ်ခွဲတစ်ခုကို ဦးစီးအမိန့်ပေးနေသူဗိုလ်လောင်း တစ်ဦးက တပ်ခွဲထဲရှိ နည်းပညာကောလိပ်ကျောင်းသားများကို ဆဲဆိုကြိမ်းမောင်းမှုများလုပ်လာသည်။ ကျောင်း သား အချင်းချင်းဆုံလျှင် ပြောနေကျ နှိမ့်ချဆက်ဆံသည့် အသုံးအနှုန်းများကိုမောက်မာစွာ သုံးနှုန်း ပြောဆိုလာသည်။ ထိုအချိန်တွင် မခံမရပ်နိုင်ဖြစ်သွားသောနည်းပညာကောလိပ်ကျောင်းသားအချို့က ချီတက်စဥ် ကိုင်ဆောင်လာသောစစ်ရေးပြသေနတ်မှလှံစွပ်ဖြင့် ထိုးရန်ပြင်ကြရာမှ တပ်ခွဲအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ကုန် သည်။တစ်ချိန်တည်းတွင် အခြားတပ်ခွဲများအတွင်း၌လည်း ချီတက်နေစဥ်အတွင်းမှာပင် ကျောင်းသားချင်းခွဲခြားနှိမ့်ချပြောဆိုမှုကြောင့် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းသားအချို့နှင့်တပ်မတော်နည်းပညာ ကောလိပ် ကျောင်းသားအချို့ကြားအချင်းများ၍ ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်။ အ‌လေးပြုခံစင်မြင့်ပေါ်မှနေ၍ စစ်ကြောင်းများကို စောင့်ကြည့်နေသော
ပြင်ဦးလွင်တပ်နယ်မှူးနှင့် အရာရှိများက ထိုအခြေအနေကို လှမ်းမြင်၍ အသံချဲ့စက်ဖြင့်လှမ်းအော်အမိန့်ပေးကာ အလျင်အမြန်ထိန်းသိမ်းလိုက်နိုင်ခြင်းကြောင့်သာ ကျောင်းသားအဓိက ရုဏ်းပေါ်ပေါက်မလာခဲ့ခြင်း ဖြစ်သည်။ တပ်မတော်နည်းပညာကောလိပ်ကျောင်းသားများသည် ပြင်ဦးလွင်ကျောင်းသားထုအလယ်တွင် တမင်ခွဲခြားချိုးနှိမ်ခံခဲ့ရမှုအပေါ် မကျေနပ်မှုကြောင့် အထက်ပါရုန်းရင်းဆန်ခတ်များ ဖြစ်ပြီး စစ်ကြောင်း နားချိန်များတွင် စစ်ရေးပြကွင်းထဲမှ တန်းဖြုတ်ပြီးထွက်ခွာချိန်နှင့် တန်းပြန်စီချိန်များတွင် တပ်စုလိုက် သေနတ်ထမ်း၍ စနစ်တကျ ထွက်ခွာခြင်း၊ပြန်ဝင်လာခြင်းများ မလုပ်တော့ဘဲ မျက်လုံး ဒေါက်ထောက် ကြည့်နေကြသော တပ်မတော်အကြီးတန်းအရာရှိကြီးများရှေ့မှောက်တွင် တစ်ယောက်တစ်ပေါက်စီ ထွက်ခွာခြင်း၊ ပြန်ဝင်ခြင်း၊ သေနတ်များကို
တရွတ်တိုက်ဆွဲ၍ ကိုင်ဆောင်ပြခြင်းများ တမင်လုပ်ပြကာ “၎င်းတို့၏ မကျေနပ်ချက် များကိုထုတ်ဖော်ပြသခဲ့ရာ နောက်ဆုံးမြင်မကောင်းတော့သည့်အဆုံး တပ်နယ်မှူးကိုယ်တိုင် “တနက ကျောင်းသားများ စစ်စည်းကမ်းလိုက်နာပေးကြပါ” ဟူ၍ အသံချဲ့စက်ဖြင့် အော်ဟစ်သတိပေးရသည့်အဆင့်ထိအကျည်း တန်ခဲ့ရသည်။

အစမ်းလေ့ကျင့်ချီတက်ပွဲ ပြီးဆုံးသွားခဲ့သည့်တိုင် တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများအဖို့အဆိုပါ ပြဿနာက အဆိုပါ နေရာတွင်ပင် ပြီးမသွားခဲ့ပေ။ ကျောင်းပြန်ရောက်၍ကျောင်းသားအချင်းချင်း ရင်ဖွင့်ပေါက်ကွဲ ကြပြန်သည်။ တပ်မတော်အရာရှိများကမိမိတို့ကျောင်းသားများအပေါ် ထိုသို့ ခွဲခြားဆက်ဆံခြင်းသည် MTC ကျောင်းသားထုတစ်ရပ်လုံးအပေါ်စော်ကားခြင်းဖြစ်ကြောင်း၊ ထိုသို့ ခွဲခြားဆက်ဆံခံရသည့် အကြောင်းအရင်းကို ရှာဖွေဖြေရှင်းကြရမည်ဖြစ်ကြောင်း၊ နောက်ရောက်လာမည့် မျိုးဆက်သစ်လူငယ်များကို ဒီလိုမွန်းကျပ်မှုတွေ၊ဂုဏ်သိက္ခာမဲ့မှုတွေ ဆက်လက်မဖြစ်စေဖို့အတွက် ငါတို့ ကျောင်းသားများအနေဖြင့်တစ်ခုခုလုပ်ဆောင်သင့် ကြောင်း ရင်ဖွင့်ပေါက်ကွဲရင်း တိုင်ပင်ဖြစ်သွားကြသည်။

ဆက်လက်ဖော်ပြပါမည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဂိဒေါင်ဗျူဟာကုန်းကို KIA ပြန်လည်သိမ်းပိုက်
Next Article ကျောက်တော် အလယ်ကျွန်းအား စစ်ကောင်စီဗုံးကြဲ ၊ သေဆုံးသူ ၇ ဦးရှိလာ
thanlwinkhet
  • Website

Related Posts

၁၃ နှစ်ကြာ ပိတ်ထားသည် မောင်တောဗလီကြီးတွင် ပြန်လည် ဝတ်ပြုခွင့်ရပြီ

September 15, 2025

စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ

September 12, 2025

မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပြုလိုက်တဲ့ ထိုင်းနိုင်ငံ

September 10, 2025

Leave A Reply Cancel Reply

Recent Posts

  • ကြားဖြတ်တိုက်ခိုက်ခံရ၍ အထိနာသော စစ်တပ် ဘုန်းတော်ကြီးကျောင်းကို လေကြောင်းတိုက်ခိုက်
  • ARSA အဖွဲ့ တိုက်ခိုက်မှုများကြောင့် မောင်တောဒေသခံများ လုံခြုံရေးစိုးရိမ်နေရ
  • တရားမဝင် ဝင်ရောက်လာသူ မြန်မာ ၅၀ ကျော်ဖမ်းမိရာတွင် နှစ်နှစ်ကလေးငယ်ပါဝင်
  • ထိုင်းနယ်စပ်ဖြတ်ကျော် မြန်မာနိုင်ငံသား ၁၁၃ ဦး ဖမ်းဆီးခံရ
  • ငါးနှစ်အတွင်း စစ်‌ကောင်စီ သတ်ဖြတ်မှုကြောင့် ပြည်သူ ၇၀၀၀ ကျော် သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကြားဖြတ်တိုက်ခိုက်ခံရ၍ အထိနာသော စစ်တပ် ဘုန်းတော်ကြီးကျောင်းကို လေကြောင်းတိုက်ခိုက်

ARSA အဖွဲ့ တိုက်ခိုက်မှုများကြောင့် မောင်တောဒေသခံများ လုံခြုံရေးစိုးရိမ်နေရ

တရားမဝင် ဝင်ရောက်လာသူ မြန်မာ ၅၀ ကျော်ဖမ်းမိရာတွင် နှစ်နှစ်ကလေးငယ်ပါဝင်

ထိုင်းနယ်စပ်ဖြတ်ကျော် မြန်မာနိုင်ငံသား ၁၁၃ ဦး ဖမ်းဆီးခံရ

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကြားဖြတ်တိုက်ခိုက်ခံရ၍ အထိနာသော စစ်တပ် ဘုန်းတော်ကြီးကျောင်းကို လေကြောင်းတိုက်ခိုက်

September 17, 2025

ARSA အဖွဲ့ တိုက်ခိုက်မှုများကြောင့် မောင်တောဒေသခံများ လုံခြုံရေးစိုးရိမ်နေရ

September 16, 2025

တရားမဝင် ဝင်ရောက်လာသူ မြန်မာ ၅၀ ကျော်ဖမ်းမိရာတွင် နှစ်နှစ်ကလေးငယ်ပါဝင်

September 16, 2025

ထိုင်းနယ်စပ်ဖြတ်ကျော် မြန်မာနိုင်ငံသား ၁၁၃ ဦး ဖမ်းဆီးခံရ

September 16, 2025

ငါးနှစ်အတွင်း စစ်‌ကောင်စီ သတ်ဖြတ်မှုကြောင့် ပြည်သူ ၇၀၀၀ ကျော် သေဆုံး

September 16, 2025

၁၃ နှစ်ကြာ ပိတ်ထားသည် မောင်တောဗလီကြီးတွင် ပြန်လည် ဝတ်ပြုခွင့်ရပြီ

September 15, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.