![]()
မိုးဦး
မျိုးရိုးဗီဇခေတ်ကို စတင်ပေးခဲ့သော DNA မော်လီကျူး၏ ဖွဲ့စည်းပုံကိုရှာဖွေတွေ့ရှိခဲ့သူ အသက် ၉၇ နှစ်အရွယ် အမေရိကန် ဇီဝဗေဒပညာရှင် ဒေါက်တာဂျိမ်းစ်ဒီ.ဝပ်ဆင်(James D. Watson)သည် နိုဝင်ဘာ ၇ ရက်တွင် ကွယ်လွန်ခဲ့သည်။
ကွယ်လွန်မှုကို ၎င်းနှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည့် Cold Spring Harbor Laboratory က အတည်ပြုပေးခဲ့သည်။
၁၉၅၃ ခုနှစ်တွင် ဒေါက်တပ်ဝပ်ဆင်နှင့် ဗြိတိသျှ ရူပဗေဒပညာရှင် Francis Crick တို့သည် DNA ဖွဲ့စည်းပုံကို ပူးတွဲရှာဖွေတွေ့ရှိခဲ့သည့်အတွက် ၁၉၆၂ နှစ်တွင် နိုဘယ်ဆု ရရှိခဲ့သည်။
သို့သော်လည်း ဒေါက်တာဝပ်ဆင်၏ ဂုဏ်သတင်းမှာ နောက်ပိုင်းနှစ်များတွင် မျိုးရိုးဗီနှင့် လူမျိုးရေးဆိုင်ရာ မှတ်ချက်များကြောင့် သိပ္ပံအသိုင်းဝိုင်း၏ ဂုဏ်ထူးဆောင်ဘွဲ့များ ရုပ်သိမ်းခြင်းခံခဲ့ရသည်။
ရုပ်သံအစီအစဉ်တစ်ခုတွင် ဒေါက်တာဝပ်ဆင်က လူမည်း နှင့်လူဖြူအကြား မျိုးရိုးဗီဇက ဥာဏ်ရည်ဥာဏ်သွေး(IQ)ကွာခြားချက်များကို ဖြစ်စေသည် ဟူသော အမြင်ကိုပြောဆိုခဲ့သဖြင့် Cold Spring Harbor Laboratory၏ အဓိပတိရာထူးမှ အထုတ်ပယ်ခံခဲ့ရသည်။
Cold Spring Harbor Laboratory ဘက်က ဒေါက်တာဝပ်ဆင်၏ မှတ်ချက်များမှာ “ ပြစ်တင်ရှုတ်ချစရာကောင်းပြီး သိပ္ပံနည်းကျ အထောက်အထားမရှိ” ဟု မှတ်ချက်ပေးခဲ့သည်။
ဒေါက်တာဝပ်ဆင်၏ ပြောဆိုချက်များ၊ အမြင်များသည် မျိုးရိုးဗီဇဆိုင်ရာ ကံကြမ္မာနှင့်ပတ်သက်သည့် ကျဉ်းမြောင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုသာ ကိုယ်စားပြုပြီး သူဟာ လူမျိုးရေးအစွဲလန်းကြီးသူမဟုတ်ကြောင်း သားဖြစ်သူ ရူးဖပ်စ်က အင်တာဗျူးတစ်ခုမှာ ခုခံပြောဆိုခဲ့သည်။
“ ကျွန်တော့်အဖေက ဓာတ်ခွဲခန်းကို သူ့ဘဝအဖြစ် သတ်မှတ်ခဲ့ပေမယ့် အခုတော့ ဓာတ်ခွဲခန်းက သူ့ကို ဝန်ထုပ်ဝန်ပိုးအဖြစ် သတ်မှတ်နေပါပြီ ” လို့ ၎င်း က ဆိုသည်။
Ref;James Watson, co-discoverer of DNA’s double helix, dead at 97/ reuters
Ref; James Watson: Scientist loses titles after claims over race/bbc
#DNA ဖွဲ့စည်းပုံကိုရှာဖွေတွေ့ရှိသူ #နိုဘယ်ဆုရှင်ကွယ်လွန် #ဒေါက်တာဂျိမ်းစ်ဒီဝပ်ဆင် #TLKNEWSINT #TLKMOEOO #TLKNEWS #ThanLwinKhetNews
