![]()
အာရက္ခတပ်တော် ULA/ AA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ၁၉၇၉ ခုနှစ်၊ နိုဝင်ဘာ လ ၇ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ယနေ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ လ ၇ ရက်နေ့တွင် ၄၇ နှစ် ပြည့်ခဲ့ပြီး ဖြစ်သည်။ ဗိုလ်ချုပ်သည့် အာရက္ခတပ်တော် AA အား ၂၀၀၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် အားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်သည်။
ထို့အပြင် တော်လှန်ရေး ကာလအတွင်း အအောင်မြင်ဆုံးသော တော်လှန်ရေး ခေါင်းဆောင် လူငယ်တစ်ဦးလည်း ဖြစ်ကြောင်း ပြည်သူများက ရူမြင်ကြသည်။
ယနေ့တွင် ကျရောက်သည့် ဗိုလ်ချုပ် မွေးနေ့အား ရခိုင်က ပြည်သူလူထု၏ စကားသံများကို သံလွင်ခက်က စုစည်း မေးမြန်းထားသည်။
မြောက်ဦးမှ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး
ကျန်းမာစေဗိုလ်ချုပ် စစ်ရေး၊ နိုင်ငံရေး ကို အခုထက်မက သိမ်မွေ့နူးညံ့ပြီး သိမ်သိမ်မွေ့မွေ့နဲ့ ကျန်ရှိနေတဲ့ မြို့၃မြို့ကိုအမြန်သိမ်းပိုက်နိုင်ပြီး ပြည်သူတိုင်းအတွက် အားကိုယ်နိုင်တဲ့သူရဲကောင်းဖြစ်ပါစေဗိုလ်ချုပ်။ နိုင်ငံယန္တရားကိုလည်ပတ်နေတဲ့အချိန်မှာ ပြည်သူနဲ့တစ်သားတည်းကျတဲ့ အားကောင်းမှု မူဝါဒတွေကိုအများကြီးထည့်သွင်းပြီး အုပ်ချုပ်သူ သူရဲကောင်းဖြစ်ပါစေ ဗိုလ်ချုပ်။ ရခိုင်ပြည်သူပြည်သားသာမက လူမျိုးတိုင်း အားကျအတုယူနိုင်တဲ့ သူရဲကောင်းဖြစ်ပါစေဗိုလ်ချုပ်၊၊ နိုင်ငံအတွက်အမျိုးသမီးအရေးကိုလည်းထည့်သွင်းစဉ်းစားပြီးတော့ နိုင်ငံတကာသံတမံ ဆက်ဆံရေးတွေကိုလည်းအမြန်ဆုံး ပြေလည်အောင်ဆောင်ရွက်နိုင်ပါစေ ဗိုလ်ချုပ်။ နှစ်တစ်ရာ၊ နှစ်ရာမက အသက်ရှည်ကျန်းမာပါစေ ဗိုလ်ချုပ်။
မင်းပြားမှ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦး
Happy Birthday ပါ တပ်မှူးချုပ်။ မွေးနေ့မှာ ပျော်ရွှင် ကျန်းမာပါစေ။ အာရက္ခပြည် လွတ်မြောက်ရေး၊ အာရက္ခ ပြည်သားတွေရဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ လူ့ဂုဏ်သိက္ခာတွေ အတွက် ဦးဆောင် တိုက်ပွဲဝင် ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်၊ ဂါရဝပြု ပါတယ်။ အာရက္ခ ပြည်သားတွေရဲ့ လွတ်မြောက်ရေးကနေ မြန်မာပြည်သူပြည်သားတွေ အားလုံးရဲ့ လွတ်မြောက်ရေးထိ ဦးဆောင်မှု ပြုနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
သားထွီး( လောရမမြီ )
Happy 47 th Birthday ပါ our General။ ပထမဦးစွာ ဗိုလ်ချုပ်ကို မွေးပေးတဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်ပါတယ်။ ဗိုလ်ချုပ်သိတတ်စ အရွယ်ကတည်းက ရခိုင်ပြည်သူတို့ရဲ့ အဖိနှိပ်ခံ ကျွန်ဘဝက လွတ်မြောက်ရမယ်ဆိုတဲ့ ခံစားချက်ကို စတင်အကောင်အထည်ဖော်ခဲ့တဲ့ ဗိုလ်ချုပ်နှင့်တကွ သွေးသောက်ညီကို ၂၆ ယောက်ကို အမြဲတမ်းလေးစား ဂါရဝ ထားပါတယ်။ သွေးသောက်ညီကို ၂၆ ယောက်နဲ့ အခက်အခဲပေါင်းများစွာ ခံကာ စတင်ဖွဲ့စည်းခဲ့တဲ့ အာရက္ခတပ်တော်ဟာဆိုရင် လက်ရှိမှာ ရခိုင်ပြည်သူတို့ လိုလားတောင့်တနေတဲ့ ရက္ခိုင်နိုင်ငံတော်ရဲ့ အလင်းတန်းတွေကို မြင်ယောင်နေရပြီဖြစ်ပါတယ်။အလုံးစုံ လွှတ်မြောက်ရေးအတွက်လည်း ဗိုလ်ချုပ်ရဲ့ဦးဆောင်မှု အောက်မှာ တညီတညွတ်တည်း တိုက်ထုတ်နိုင်မယ်လို့လည်း ရခိုင်တစ်မျိုးသားလုံးက ယုံကြည်ထားပြီးသား ဖြစ်ပါတယ်။ ရက္ခိုင်ပြည်ကို ရခိုင်လူမျိုးတို့ကသာ အုပ်ချုပ်ရမယ်ဆိုတဲ့ ဗိုလ်ချုပ်ရဲ့ဆောင်ပုဒ်အတိုင်း လက်ရှိမှာ လက်တွေ့ အကောင်အထည်ဖော်နေပြီး၊ ဗိုလ်ချုပ်ရဲ့ မှန်ကန်တဲ့လမ်းစဉ်အောက်မှာ တညီ၊ တညွတ်တည်းစည်းလုံးညီညွှတ်စွာ တိုက်ထုတ်နေကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ဂါရဝထားပြီး၊ ရခိုင်တို့ လိုချင်နေတဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကို ရဖို့အတွက်လည်း လက်တစ်ကမ်းအလိုမှာသာ ရှိပါတော့တယ်။ နောက်ထပ်ကျန်ရှိနေသေးတဲ့ မြို့တွေကိုလည်း ဗိုလ်ချုပ်ရဲ့ ကောင်းမွန်တဲ့ လမ်းညွှန်မှုအောက်မှာ တညီ၊တညွှတ်တည်း တိုက်ထုတ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ရခိုင်တစ်မျိုးသားလုံးအတွက် အဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ လေးစား ဂါရဝ ပြုပါတယ် ဗိုလ်ချုပ်။ ဗိုလ်ချုပ် သက်တော်ရှည်ပါစေ။ ရက္ခိုင်ပြည်ကြီး မှောင်မိုက်နေတဲ့ အရိပ်အယောင်တွေကြားက အလင်းတန်တွေ ယူဆောင်လာပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ လှပသာယာဝဖြိုးပြီး၊ သန့်ရှင်းစင်ကြယ်တဲ့ ရက္ခိုင့်နိုင်ငံတော်ကြီးကို ပုံဖော်ထုဆစ်နိုင်ဖို့လည်း ယုံကြည်ပါတယ်။
ကို ဘုန်းမောင်ဦး (လူငယ်စာရေးဆရာ)
ဒီနေ့ ကျရောက်တဲ့ မွေးနေ့ရက်မြတ်ကနေပြီးတော့ ကိုယ်လိုချင်တဲ့ ဖက်ဒရယ်ပန်းတိုင် အမြန်ဆုံး ရောက်ပါစေ။ ချစ်တဲ့ ပြည်သူလူထုနဲ့လည်း အမြန်ဆုံး ပြန်ဆုံရပါစေ။ ချစ်တဲ့ ဇနီးမယားနဲ့ သားသမီးတွေနဲ့လည်း ပျော်ရွှင်ရတဲ့ မိသားစုလေးတစ်ခု အမြန်ဆုံး ရပါစေ။ အမျိုး၊သီလ နှစ်ဌာနကိုစောင့်စွမ်းနိုင်တဲ့ ရက္ခိုင်ပြည်သူတစ်ရပ်လုံးကိုကယ်တင်နိုင်တဲ့ လူတစ်ယောက်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
မ မြတ်ထွီး
ခိုင်မာသောအမျိုးသားရေး ယုံကြည်ချက်နှင့် ရက္ခိုင် ပြည်သူပြည်သားများ၏ မယိမ်းယိုင်သောအင်အားကို နောက်ခံပြုလျက် ချီတက်နေသောခရီးသည် စစ်မှန်လှပသည့် အဆုံးသတ်အောင်ပွဲကို မုချဖန်တီးနိုင်ပါလိမ့်မည်။ ယနေ့ကျရောက်သော မွေးနေ့သည် သက်တမ်းတစ်ခုတိုးလာရုံမျှသာမက ရည်မှန်းချက်ပန်းတိုင်များ ပိုမိုပြည့်ဝလာနိုင်မည့် ကနဦးအောင်ပွဲရောင်နီဦးလည်း ဖြစ်ပါသည်။ ဗိုလ်ချုပ် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပါစေ။ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပါစေ။ ရည်မှန်းချက်တိုင်း အောင်မြင်ပါစေ။ ရက္ခိုင်အမျိုးသားအရေးအတွက် ဆက်လက်၍ခွန်အားအပြည့်ဖြင့် ထာဝရမီးရှူးတိုင်ကဲ့သို့ ထွန်းညှိပေးနိုင်ပါစေ။
သံတွဲ မှ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦး
ဂါရဝပါ။ Happy Birthday ပါဗိုလ်ချုပ်။ ဒီနေ့ကျရောက်တဲ့ မွေးနေ့ရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာအထိ ကျန်းမာချမ်းသာစွာဖြင့် သာယာဖြောင့်ဖြူးသောဘဝကို ပိုင်ဆိုင်နိုင်ပါစေ ဗိုလ်ချုပ်။ ယနေ့ ပြည်သူအများကြုံတွေ့နေကြရတဲ့ ကြမ္မာဆိုးကြီးကိုလည်း ဗိုလ်ချုပ်ရဲ့ ထက်မြတ်သော လက်ရုံးရည် နှလုံးရည်တို့နဲ့အတူ အမြန်ဆုံး ကျော်လွှားနိုင်စေရန် ကောင်းမွန်စွာ ဦးဆောင် ဦးရွက်ပြု၍ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသည်အထိ ဦးဆောင်လမ်းပြ ထွန်းတောက်နိုင်ပါစေကြောင်း မွေးနေ့မင်္ဂလာအခါသမယတွင် ဆုတောင်းမေတ္တာပို့သရင်း ဂါရဝပြုလိုက်ပါသည်။
#ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦး #ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦး၄၇ နှစ်ပြည့်မွေးနေ့ #ပြည်သူများ၏ဆုတောင်း #ThanLwinKhetNews
