• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ငလျင်ဒဏ်ကြောင့် နိုင်ငံရေးအကျဉ်းသား ၄၉ ဦး သေဆုံးမှု စစ်ကောင်စီ ဖုံးကွယ်
  • ပုလဲတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီမှ လေကြောင်းပစ်ကူ အင်အားဖြည့်
  • အမေရိကန် ဗီဇာပိတ်ပြီးနောက် မြန်မာစီးပွားရေးလုပ်ငန်းရှင်နဲ့ မိသားစုဝင်တွေအတွက် ရက်ရှည်ဗီဇာ တရုတ် ခွင့်ပြု
  • လက်သည်မပေါ်သော ဖားကန့်လက်နက်ကြီးပစ်ခတ်မှု ကလေးသုံးဦးအပါအဝင် ရှစ်ဦးသေဆုံး
  • ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ
  • ကိုးနှစ် ကလေးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူများကို ပြင်းထန်သည့် ပြစ်ဒဏ်ပေးရန် တောင်းဆို
  • ကျားဖြန့်ဂိုဏ်းမှ နိုင်ငံခြားသား ကိုးဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း
  • လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»အာဏာသိမ်းကာလ သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားတို့လုံခြုံရေး
ဆောင်းပါး

အာဏာသိမ်းကာလ သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားတို့လုံခြုံရေး

thanlwinkhetBy thanlwinkhetMay 3, 2024No Comments2 Mins Read
Facebook Twitter WhatsApp
ဓါတ်ပုံ - ဆန္ဒထုတ်ဖော်မှု သတင်းရယူနေသော သတင်းသမားများ(သံလွင်ခက်)
Share
Facebook Twitter WhatsApp

Loading

အာဏာသိမ်းကာလ သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားတို့လုံခြုံရေး

********

သဇင်
မေ ၃၊၂၀၂၄။

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် မြန်မာ့အညွှန်းကိန်း

ယနေ့ မေလ ၃ ရက်သည် ၃၁ ကြိမ်မြောက် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်သည်။ စစ်အာဏာသိမ်းခံထားရသည့် ၃ နှစ်ကျော်ကာလအတွင်း သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းမှာ အာဏာမသိမ်းမှုကာလ၌ အဆင့် ၁၃၉ ရှိခဲ့ပြီး လက်ရှိအချိန်တွင် အဆင့် ၁၇၃ သို့ ရောက်ရှိခဲ့သည်။

နိုင်ငံပေါင်း ၁၈၀တွင် အဆိုပါအဆင့်တွင်ရောက်ရှိနေသော မြန်မာသတင်းမီဒီယာလွတ်လပ်ခွင့်မှာ အဆိုးဆုံးအခြေအနေဖြစ်သည်ဟု နယ်စည်းမခြားသတင်းသမားများအဖွဲ့(RSF)က ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်နှင့် သတင်းဖြန့်ချိခွင့်

စစ်ကောင်စီသည် အာဏာသိမ်းကာလအတွင်း သတင်းဌာန ၁၄ ၏ ထုတ်ဝေခွင့်လိုင်စင်များကို ရုပ်သိမ်းခဲ့သည်။ အဆိုပါကာလအတွင်း သက်တမ်းပြည့်သတင်းတိုက်အများစုမှာလည်း စစ်ကောင်စီချုပ်ကိုင်ထားသော ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြန်လည်သက်တမ်းတိုးမှတ်ပုံတင်ခြင်းမရှိကြသည်ကို သတင်းတိုက်ဦးဆောင်သူများက ပြောဆိုထားသည်။

ရန်ကုန်မြို့တွင် သတင်းရယူနေသော သတင်းသမားများ(သံလွင်ခက်)

လက်ရှိအချိန်တွင် သတင်းတိုက်အများစုမှာ ပြည်ပနိုင်ငံများနှင့် တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်နယ်မြေ များ၌ အခက်အခဲများကြားတွင် ဆက်လက်သတင်းထုတ်လုပ်နိုင်ရန်ရုန်းကုန်နေကြသည်။

“သတင်းမီဒီယာတွေကို ဖိနှိပ်ဖို့အတွက် စနစ်တကျ ကြိုးပမ်းအားထုတ်မှုတွေက မီဒီယာတွေကို လူအများရှေ့မှောက် ဒါမှမဟုတ် အွန်လိုင်းနေရာတွေကနေ ဖုံးကွယ်ဖယ်ရှားပစ်ဖို့ အတင်းအဓမ္ မဆောင်ရွက်ခဲ့ကြပြီး မီဒီယာလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ အခွင့်အလမ်းတွေ၊ ဝင်ငွေ၊ ဂုဏ်သိက္ခာနဲ့ တည်ဆောက်ထားတဲ့ အထောက် အထားတွေအားလုံး ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုစိန်ခေါ်မှုတွေ ရှိပေမယ့်လည်း သူတို့ရဲ့အသံတွေက စွမ်းအားအရှိဆုံးနဲ့ အခြေခံအကျဆုံး ထုတ်ဖော်ပြောဆိုချက်တွေ ဖြစ်နေတုန်းပါပဲ။” ဟု Exile Hub ၏ သုတေသနဒါရိုက်တာ Yucca Wai က ပြောဆိုထားသည်။

စစ်ကောင်စီနှင့် သတင်းသမားလုံခြုံရေး

Exile Hub ၏ သုတေသနအစီရင်ခံစာအရ အမျိုးသမီးသတင်းသမားများအပါအဝင် လက်ရှိ ပြည်ပရောက် သတင်းသမား ၈၄ ဒဿမ ၈ ရာခိုင်နှုန်း၏ မြန်မာနိုင်ငံမှ ထွက်ခွာရခြင်း အဓိကအကြောင်းရင်းမှာ ဆိုးရွားလှသော လုံခြုံရေး အခြေအနေနှင့် ၎င်းတို့၏ သတင်းလုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ်နေသော ခြိမ်းခြောက်မှုများကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။

နယ်စပ်ဒေသတွင် ခိုလှုံနေရသော မြန်မာသတင်းသမား အမျိုးသမီးတစ်ဦးက “ခုချိန်မှာ မြန်မာနိုင်ငံက လူထုကိုသတင်းအချက်အလက်တွေနဲ့အသိပညာတွေပေးတဲ့ သတင်းထောက်တွေက ပုန်းလျှိုးကွယ်လျှိုးနေနေရတယ်။ ပြောရမယ်ဆိုရင် တခုခုကျူးလွန်ထားလို့ ရှောင်တိမ်းနေရတဲ့ ပုံစံမျိုးဖြစ်လာတယ်။ အခြေအနေက တော်တော်လေးပြောင်းလဲသွားတယ်။ ဘယ်သူကမှ ပေါ်ပေါ်ထင်ထင် သတင်းလိုက်သတင်းယူတာမျိုး မရှိတော့ဘူး။ အကုန်လုံးက လျှို့ဝှက်ပြီးတော့ တိတ်တိတ်ဆိတ်ဆိတ်လုပ်လာရတဲ့ အခြေနေကိုပြောင်းလဲလာပါတယ်”ဟုဆိုသည်။

International Center for Not-For-Profit Law (ICNL) ၏ နောက်ဆုံး အစီရင်ခံစာတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံရှိသတင်းတိုက် ၁၀၀မှ သတင်းသမားစုစုပေါင်း ၂၀၆ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါအရေအတွက်တွင် အမျိုးသမီး ၃၁ ဦးပါဝင်နေခဲ့ပြီး ကမ္ဘာတွင် အဆိုးရွားဆုံးနိုင်ငံတခုဖြစ်လာသည်ဟု ICNL က ထည့်သွင်းဖော်ပြထားသည်။

ရန်ကုန်မြို့တွင် သတင်းရယူနေသော သတင်းသမားများ(သံလွင်ခက်)

” ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်လို့ပြောရင် အလုံးစုံ ပျက်စီးနေပြီ။ ဥပဒေမရှိတော့ဘူး။ပြည်တွင်းမှာရှိတဲ့ သတင်းသမားဆိုတာမှာ အများစုက စစ်တပ်က ခိုင်းတာကို လုပ်တဲ့သူပဲ ကျန်နေခဲ့တာလေ။ သတင်းမလုပ်တော့တဲ့သူတွေလည်း ကျန်တာပေါ့နော်။ သတင်းထောက်က သတင်းမလုပ်ရဲအောင် နည်းပေါင်းစုံနဲ့ ခြိမ်းခြောက်ခံထားရတော့ ဘယ်သူမှမလုပ်ရဲဘူး။ သတင်းလွတ်လပ်ခွင့်က လုံးလုံးကို မရှိတော့တာ ” ဟု ထောင်ဒဏ်မှ ပြန်လည်လွတ်မြောက်လာသူ ကိုအောင်မြသန်းက ပြောသည်။

သတင်းသမား ၅ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အပြင် ထောင်ဒဏ် နှစ် ၂၀ အထိ နှစ်ရှည်အမိန့်များ၊ တစ်သက်တစ်ကျွန်းအမိန့်များပါ စစ်ကောင်စီက ချမှတ်ခဲ့သည်။

အဆိုပါ အခြေအနေသည် ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံပြီးလျှင် ဒုတိယမြောက် အဆိုးရွားဆုံးနိုင်ငံအဖြစ်ရောက်ရှိနေသည်ဟု အမေရိကန်၊ နယူးယောက်မြို့တွင် အခြေ စိုက်သောသတင်းသမားများ ကာကွယ်ရေးကော်မတီ – Committee to Protect Journalists (CPJ)၏ စစ်တမ်းတွင် ဖော်ပြထားသည်။

လက်နက်ကိုင်အစုအဖွဲ့များနှင့် သတင်းရယူခွင့်

စစ်ကောင်စီ၏ သတင်းလွတ်လပ်ခွင့်အပေါ် ဖိနှိပ်မှုများကြားတွင် ရပ်တည်နေရသော သတင်းသမားများအနေ ဖြင့် ပြည်သူထံသို့ သတင်းစီးဆင်းရန်လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများစွာရှိနေသည်ဟု ဆိုသည်။

ဓါတ်ပုံ – ဆန္ဒထုတ်ဖော်မှု သတင်းရယူနေသော သတင်းသမားများ(သံလွင်ခက်)

ပြီးခဲ့သည့် လပိုင်းအတွင်းနယ်မြေတွင်း သတင်းရယူခွင့်အခြေအနေနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်း အရုံး(KNU)နှင့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)တို့က ထုတ်ပြန်ခဲ့ရာတွင် ဝေဖန်မှုများမြင့်တက်ခဲ့သည်။

“မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်က စိုးရိမ်စရာ အခြေနေမဟုတ်ဘူး။ စိုးရိမ်စရာအနေအထားဖြစ်သွားပြီ။ စစ်ကောင်စီနယ်မြေတင်မကဘူးတိုင်းရင်းသားနယ်မြေတွေမှာက အစပျိုးလာပြီ။ အဲဒါက တကယ်ကို အန္တရာယ်ရှိလာတဲ့အခြေနေပဲ။ သတင်းထောက်တွေအတွက် အန္တရာယ်ရှိတယ်။ အဲဒီဟာကို ကျွန်မတို့က ကာကွယ်ဖို့လိုတယ်။ ဒီကိစ္စတွေ အားလုံးနားလည်လာအောင် ဆွေးနွေးကြဖို့လိုတယ်။”ဟု စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချခြင်းမှ ပြန်လည်လွတ်မြောက်လာသော မသူဇာ(ခ)အလှလေးသူဇာက ပြောဆိုထားသည်။

ICNL ၏ အစီရင်ခံစာတွင် စစ်ကောင်စီသည် သတင်းရယူရင်းဖြင့် ဖမ်းဆီးခံခဲ့ရသော သတင်းသမားများ ၁၆၀ ဦးအား သီးခြားဥပဒေ ၉ ခုဖြင့် တရားစွဲဆိုရာတွင် အဓိကအားဖြင့် လှုံ့ဆော်မှု၊ သတင်းမှား ဖြန့်ဝေမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆိုသည်အချက်များကို အသုံးပြုခဲ့သည်ဟု ဖော်ပြထားသည်။

လက်ရှိအချိန်တွင် စစ်ကောင်၏ ပုဒ်မတပ်ဖမ်းဆီးခံရသူများအနက် ၅၂ ဦးကျော်မှာ ဖမ်းဆီးအကျဉ်းကျခံနေရဆဲဖြစ်သည်ဟု RSF က ပြောဆိုထားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleခြေသံလုံလုံနဲ့ အောင်ပွဲရနေတဲ့ ဖာပွန်စစ်ဆင်ရေး
Next Article သမိုင်း၏ မေ့လျော့ခံကျောင်းသားလှုပ်ရှားမှုတစ်ခု – အပိုင်း ၁
thanlwinkhet
  • Website

Related Posts

တရုတ်အမြတ်ထွက်တဲ့ စစ်ကောင်စီရွေးကောက်ပွဲ

May 25, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

တရုတ်လိုလားတဲ့ရှမ်းမြောက်နဲ့ TNLA စစ်ရေးအပြောင်းအလဲ

May 11, 2025

Leave A Reply Cancel Reply

Recent Posts

  • ငလျင်ဒဏ်ကြောင့် နိုင်ငံရေးအကျဉ်းသား ၄၉ ဦး သေဆုံးမှု စစ်ကောင်စီ ဖုံးကွယ်
  • ပုလဲတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီမှ လေကြောင်းပစ်ကူ အင်အားဖြည့်
  • အမေရိကန် ဗီဇာပိတ်ပြီးနောက် မြန်မာစီးပွားရေးလုပ်ငန်းရှင်နဲ့ မိသားစုဝင်တွေအတွက် ရက်ရှည်ဗီဇာ တရုတ် ခွင့်ပြု
  • လက်သည်မပေါ်သော ဖားကန့်လက်နက်ကြီးပစ်ခတ်မှု ကလေးသုံးဦးအပါအဝင် ရှစ်ဦးသေဆုံး
  • ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ငလျင်ဒဏ်ကြောင့် နိုင်ငံရေးအကျဉ်းသား ၄၉ ဦး သေဆုံးမှု စစ်ကောင်စီ ဖုံးကွယ်

ပုလဲတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီမှ လေကြောင်းပစ်ကူ အင်အားဖြည့်

အမေရိကန် ဗီဇာပိတ်ပြီးနောက် မြန်မာစီးပွားရေးလုပ်ငန်းရှင်နဲ့ မိသားစုဝင်တွေအတွက် ရက်ရှည်ဗီဇာ တရုတ် ခွင့်ပြု

လက်သည်မပေါ်သော ဖားကန့်လက်နက်ကြီးပစ်ခတ်မှု ကလေးသုံးဦးအပါအဝင် ရှစ်ဦးသေဆုံး

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ငလျင်ဒဏ်ကြောင့် နိုင်ငံရေးအကျဉ်းသား ၄၉ ဦး သေဆုံးမှု စစ်ကောင်စီ ဖုံးကွယ်

June 7, 2025

ပုလဲတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီမှ လေကြောင်းပစ်ကူ အင်အားဖြည့်

June 7, 2025

အမေရိကန် ဗီဇာပိတ်ပြီးနောက် မြန်မာစီးပွားရေးလုပ်ငန်းရှင်နဲ့ မိသားစုဝင်တွေအတွက် ရက်ရှည်ဗီဇာ တရုတ် ခွင့်ပြု

June 7, 2025

လက်သည်မပေါ်သော ဖားကန့်လက်နက်ကြီးပစ်ခတ်မှု ကလေးသုံးဦးအပါအဝင် ရှစ်ဦးသေဆုံး

June 7, 2025

ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ

June 7, 2025

ကိုးနှစ် ကလေးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူများကို ပြင်းထန်သည့် ပြစ်ဒဏ်ပေးရန် တောင်းဆို

June 6, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.