• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ခြေသံလုံလုံနဲ့ အောင်ပွဲရနေတဲ့ ဖာပွန်စစ်ဆင်ရေး
ဆောင်းပါး

ခြေသံလုံလုံနဲ့ အောင်ပွဲရနေတဲ့ ဖာပွန်စစ်ဆင်ရေး

thanlwinkhetBy thanlwinkhetMay 2, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ခြေသံလုံလုံနဲ့ အောင်ပွဲရနေတဲ့ ဖာပွန်စစ်ဆင်ရေး
*******
ကောင်းချစ်အောင်
မေ ၃၊ ၂၀၂၄။

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၅ နယ်မြေမှာရှိတဲ့ တော်လှန် ရေးပူးပေါင်းတပ်တွေက ခရိုင်အဆင့်ရုံးစိုက်ရာမြို့ဖြစ်တဲ့ဖာပွန်မြို့ကို သိမ်း ပိုက်နိုင်ရေးအတွက် မတ်လ ၁၉ ရက်မှာ စစ်ဆင်ရေးတစ်ရပ်ကို စတင်ဆင်နွှဲခဲ့ပါတယ်။

မတ်လ ၂၇ ရက်မှာတော့ တော်လှန်ရေးတပ်တွေက မြို့ကိုထိန်းချုပ်လိုက်ပြီး စစ်ကောင်စီတပ်တွေကတော့ မြို့ တောင်ဘက်မှာရှိတဲ့ အခြေချစစ်ဗျူဟာဆီခွာစစ်ဆင်ရင်း ခုခံနေရပါတယ်။

KNU တပ်မဟာ-၆နယ်မြေ မြဝတီမြို့ဘက်ကို နိုင်ငံတော်အဆင့်ထိုးစစ်တစ်ရပ်ဆင်နွှဲနေရတဲ့အတွက် စစ်ကောင်စီဟာ စစ်ရေးအရတဖြေးဖြေးအရေးနိမ့်လာတဲ့ ဖာပွန်စစ်မျက်နှာကိုတော့ စစ်ကူအင်အားမပို့ပေးနိုင်တော့တာကို တွေ့ရပါတယ်။
ဖာပွန်ဒေသမှာ စစ်ကောင်စီအင်အားဘယ်လောက်ရှိခဲ့လဲ. . .?

******
ကရင်ပြည်နယ်မြောက်ဖျားပိုင်းမှာရှိတဲ့ ဖာပွန်မြို့ဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် – ရတခ တည်ရှိရာ မော်လမြိုင်မြို့နဲ့ အလှမ်းကွာဝေးလှပါတယ်။ တစ်ဖက်မှာလည်း KNU တပ်မဟာ ၅ လှုပ်ရှားရာဒေသဖြစ်တဲ့အတွက် စစ်ကောင်စီဟာ တပ်ရင်း ၃ ရင်းပါတဲ့ အခြေချစစ်ဗျူဟာတစ်ခုနဲ့ ခြေလျင်တပ်ရင်းတစ်ခုကို ဖာပွန်မြို့ အပြင်မှာ ဝန်းရံထားစေပါတယ်။

စစ်ဗျူဟာကုန်းဟာ မြို့ရဲ့တောင်ဘက် ၃ မိုင်အကွာမှာတည်ရှိပြီး ခမရ ၃၄၀ ၊ ခမရ ၃၄၁ ၊ ခမရ ၄၃၄ သုံးရင်းနဲ့ ဖွဲ့စည်းထားတာပါ။
စစ်ကောင်စီဟာ ဖာပွန်ဒေသကိုစိုးမိုးထားနိုင်ဖို့အတွက် အရင်ကတည်းက စစ်စခန်းတွေအများအပြား ဖြန့်ကျက်ထားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ KNU က တစ်နိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီက ဖာပွန်ဒေသအတွင်း စစ်စခန်းအသစ်တွေတိုးချဲ့တည်ဆောက်ခဲ့တဲ့အတွက် စခန်းပေါင်း ၈၀ ကျော်အထိ ရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ စခန်းငယ်တွေကနေစွန့်ခွာပြီး အင်အားပြန်စုဖွဲ့ခဲ့တဲ့အတွက် စခန်းအရေအတွက် ၆၀ ခန့်သာရှိခဲ့ပါတယ်။

KNU ရဲ့ ရာဇသံ
*****
မတ်လ ၁၉ ရက်မှာတော့ KNU တပ်မဟာ ၅ ရဲ့ ဖာပွန်စစ်ဆင်ရေး စတင်ခဲ့ပါတယ်။ စစ်ဆင်ရေးရဲ့ရည်ရွယ်ချက်ဟာ ဖာပွန်ဒေသကိုအလုံးစုံထိန်းချုပ်နိုင်ရေးပဲ ဖြစ်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တပ်ဖွဲ့ဝင်တွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF တပ်ရင်းတွေနဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် – BPLA တို့လည်း စစ်ဆင်ရေးမှာပါဝင်ခဲ့ပါတယ်။

ဖာပွန်မြို့တောင်ဘက်မှာအခြေချထားတဲ့ စစ်ကောင်စီတပ်တွေကို မြို့ထဲဝင်မလာနိုင်အောင် မယ်တရိုး၊ ဝေမှုံ၊ တံခွန်တိုင်နဲ့ ဝေဆာ စတဲ့ ဆက်သွယ်ရေးလမ်းတွေအားလုံးကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားလိုက်ပါတယ်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ KNLA ဗဟိုက ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေ နယ်မြေချဲ့ထွင်လာမှုကို ပြန်လည်ရုတ်သိမ်းဖို့နဲ့ မလိုက်နာရင် တိုက် ခိုက်မောင်းထုတ်ပစ်မယ်လို့ ရာဇသံကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက စစ်ကောင်စီဟာ မလိုက်နာခဲ့တဲ့အပြင် ၂၀၂၁ ဖေဖော်ဝါ ရီ ၁ ရက်မှာလည်း အာဏာသိမ်းမှုလုပ်ဆောင်ခဲ့သလို ကရင်ပြည်နယ်အတွင်း တပ်စခန်းတွေအခိုင်အမာမွန်းမံပြုပြင်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဖာပွန်ဒေသအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေအားလုံးထွက်ခွာသွားဖို့ ဖိအားပေးထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ KNU တပ်မဟာ – ၅ ကဆိုပါတယ်။

ကရင်ပြည်နယ်အတွင်း ပထမဆုံးသိမ်းနိုင်တဲ့မြို့
******
၂၀၂၁ ခုနှစ်ကတည်းက ဖာပွန်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားဟာ လည်ပတ်လို့မရတော့တဲ့ အခြေအနေဖြစ်နေပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ်မှာလည်း စစ်ကောင်စီဝန်ထမ်းတွေအားလုံးကို မြို့ပေါ်ကနေ အမြန်ဆုံး ထွက်ခွာသွားကြဖို့ KNU တပ်မဟာ ၅ က ထုတ်ပြန်ထားပါတယ်။ အဲဒါကြောင့် ဖာပွန်မြို့နဲ့အနီးမှာပဲရှိတဲ့ ကမမောင်းမြို့မှာ စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား အနည်းငယ်ပြန်လည်ပတ်နိုင်အောင် လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။

မတ်လ ၁၉ရက်မှာ မြို့သိမ်းစစ်ဆင်ရေးစတင်ခဲ့ပြီး မတ်လ ၂၈ ရက်မှာတော့ စစ်ကောင်စီတပ်တွေဟာ မြို့တောင်ဘက် ဗျူဟာကုန်းဘက်ကို ဆုတ်ခွာသွားပါတယ်။ စစ်ကောင်စီဟာ မြို့မကျရေးအတွက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တဲ့အပြင် ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလည်း နေ့တိုင်းလုပ်ဆောင်ခဲ့ပါတယ်။

မတ်လ ၃၀ ရက်မှာတော့ မြို့စောင့်တပ်လို့ခေါ်နိုင်တဲ့ ခလရ ၁၉ တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ခလရ ၁၉ ဟာ ၁၉၅၀ ဝန်းကျင်ကာလ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်ကတည်းက စတင်တပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးအရှိန်မြင့်သွားစေမယ့် လွတ်မြောက်နယ်မြေ
******
ဖာပွန်မြို့နယ်ဟာ တောင်ဘက်မှာ ကရင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဘားအံမြို့နယ်၊ မွန်ပြည်နယ်ဘီးလင်းမြို့ နယ်တို့နဲ့ ကားလမ်းသွယ်တန်းနေပါတယ်။ တစ်ဖက်မှာလည်း ပဲခူးတိုင်း ကျောက်ကြီး၊ သံတောင်ကြီး၊ ရွှေကျင်တို့နဲ့ ထိစပ်နေပြီး ကရင်နီပြည် ဖားဆောင်းမြို့နယ်နဲ့လည်း ဆက်စပ်နေပါတယ်။

အာဏာသိမ်းကာလအတွင်း လက်နက်ကိုင်တော်လှန်ရေးအားအကောင်းဆုံး KNU တပ်မဟာတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ တိုက်ပွဲပေါင်း ၂,၆၉၂ ကြိမ် ၂၀၂၂ ခုနှစ်မှာ တိုက်ပွဲပေါင်း ၂,၇၃၇ ကြိမ်နဲ့ ၂၀၂၃ ခုနှစ်မှာ တိုက်ပွဲပေါင်း ၁,၈၅၇ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
ဖာပွန်မြို့နယ်ဟာ အရှေ့ဘက်မှာ သံလွင်မြစ် ထိုင်းနိုင်ငံနယ်နမိတ်တွေနဲ့ ထိစပ်နေတဲ့အတွက် လွတ်မြောက်နယ်မြေဖြစ်လာမယ်ဆိုရင် စစ်တောင်းမြစ်ဝှမ်းဒေသကို စိုးမိုးဖို့လုပ်ဆောင်နေတဲ့ တော်လှန်ရေးတပ်တွေအတွက် အဓိကအချက်အချာနေရာ ဖြစ်လာမှာပါ။

စစ်ကူမပို့နိုင်တော့တဲ့ စစ်ကောင်စီ
*****
ဧပြီလအတွင်း တော်လှန်ရေးတပ်တွေဟာ ဖာပွန်မြို့တောင်ဘက်မှာရှိတဲ့ ဗျူဟာတပ်ရင်းတွေကို ထိုးစစ်အရှိန်မြှင့်လာခဲ့ပါတယ်။ ခမရ ၄၃၄ နဲ့ စစ်ဝတ်တန်ဆာစုဆောင်းရေးဌာန (စစန ၆၄၂) တို့ကို ဧပြီလ ၂၄ ရက်မှာ အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပါတယ်။
အဲဒါကြောင့် စစ်ကောင်စီဘက်မှာ ခမရ ၃၄၀၊ ခမရ ၃၄၁နဲ့ စစ်ဗျူဟာကုန်းတို့သာကျန်ရှိတော့ပေမယ့် မြေပြင်စစ်ကူအင်အား ပို့ပေးနိုင်တာမျိုးတော့မရှိပါဘူး။

တောင်ဘက်မှာရှိတဲ့ ဘီးလင်းနဲ့ ဘားအံမြို့ကနေတဆင့် ကားလမ်းကိုအသုံးပြုပြီး စစ်ကူပို့ပေးလို့ရနေပေမယ့် စစ်ကောင်စီဟာ မြဝတီမြို့ကို ပြန်လည်ထိန်း ချုပ်နိုင်ဖို့လုပ်ဆောင်နေတဲ့ အောင်ဇေယျစစ်ဆင်ရေးမှာ အင်အားထောင်နဲ့ချီ အသုံးပြုနေရပါတယ်။
မြောက်ဘက် သံတောင်ဘက်ကနေ စစ်ကူလာမယ့်လမ်းကြောင်းမှာလည်း မော်ချီးမြို့ကို ကရင်နီတော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားသလို ဖားဆောင်းမြို့ကိုလည်း တော်လှန်ရေးတပ်တွေက ဟန်ချက်ညီညီထိုးစစ်ဆင်နေပါတယ်။

စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးကို ဒေါနတောင်ခြေမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေချိန်မှာ ဖာပွန်ဒေသတခွင်ကို သိမ်း ပိုက်နိုင်ရေးအတွက် ထိုးစစ်အရှိန်ကလည်းမြင့်လာနေပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြဝတီမြို့လဝကရုံးတွင် စမတ်ကတ်ပြုလုပ်ရန် စောင့်ဆိုင်းနေသူများပြည့်နှက်နေ
Next Article အာဏာသိမ်းကာလ သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားတို့လုံခြုံရေး
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.