• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • လက်ရှိစစ်ပွဲအတွင်း ကျဆုံးခဲ့သည့် ကမ္ဘောဒီးယားတပ်သားရုပ်အလောင်းများကို ထိုင်းစစ်တပ်ပြန်လွှဲ
  • ဝေါလေဗျုဟာကို ဒရုန်းအသစ်တစ်စင်း စစ်လေယာဉ်နဲ့လာပို့၊ ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်း
  • မြန်မာရွှေ့ပြောင်းတွေအတွက် စိန်ခေါ်မှုဖြစ်နေသေးတဲ့ ထိုင်းကျန်းမာ‌ရေးစောင့်‌ရှောက်မှု – ၁
  • ရာဇဝင်ကြွေး ဆပ်မပြီးသေးတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား
  • ကျောက်ကြီး နတ်သံကွင်းကားလမ်းနံဘေး တိုက်ပွဲ ပြင်းထန်
  • မလှိုင်မြို့နယ်အတွင်း စစ်တပ် လက်နက်ကြီး ပစ်ခတ်၍ သေဆုံးမှုများရှိ
  • ရခိုင်က ကလေးများ ပညာသင်ကြားနိုင်ရေး မျိုးဆက်သစ်ကမ်ပိန်းပြုလုပ်
  • စစ်ရေးတင်းမာမှုကြောင့် ကမ္ဘောဒီးယားနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၅၀၀၀ ကျော် အိမ်ပြန်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»မြဝတီမြို့လဝကရုံးတွင် စမတ်ကတ်ပြုလုပ်ရန် စောင့်ဆိုင်းနေသူများပြည့်နှက်နေ
နေ့စဉ်သတင်း

မြဝတီမြို့လဝကရုံးတွင် စမတ်ကတ်ပြုလုပ်ရန် စောင့်ဆိုင်းနေသူများပြည့်နှက်နေ

thanlwinkhetBy thanlwinkhetMay 2, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မြဝတီမြို့လဝကရုံးတွင် စမတ်ကတ်ပြုလုပ်ရန် စောင့်ဆိုင်းနေသူများပြည့်နှက်နေ

******

စကားမောင်

မေ ၂၊ ၂၀၂၄။

မြဝတီမြို့ရှိ လူဝင်မှုကြီးကြပ်ရေး – လဝက ရုံးတွင် ယနေ့နံနက်ပိုင်းကစ၍ စမတ်ကတ်ခေါ်  သီးသန့် အထောက်အထား – UID ယာယီကတ်ပြားပြုလုပ်ရန် စောင့်ဆိုင်းနေသူများ အလွန်များပြားနေသည်ဟု ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

မေလ ၁ ရက်ကစတင်၍ ယာယီ UID ကတ်ပါရှိမှသာ နယ်စပ်ဖြတ်သန်းခွင့်ပြုမည်ဟု စစ်ကောင်စီ၏ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဧပြီ ၄ ရက်တွင် ကြေညာထားသည်။

နယ်စပ်အဝင်၊ အထွက်များ၏ လူဦးရေအတိအကျစာရင်းရရှိနိုင်ရန်၊ မှတ်ပုံတင်အတုများအသုံးပြု၍ ခရီး သွားလာနေခြင်းများနှင့် အသုံးမပြုသည့်ကတ်များအသုံးပြုသွားလာနေခြင်းအားထိန်းချုပ်ရန် ယခုကဲ့သို့ပင် UID ကတ်ပြုလုပ်နေခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်မှာတော့ မဲဆောက်တစ်ဖက်ကမ်းရှိ မြဝတီလဝကရုံးတွင် နယ်စပ်ဖြတ်ကျော်ခွင့်ရရှိရန်စောင့်ဆိုင်း နေကြသူများ အလွန်အမင်းများပြားလျက်ရှိနေသည်ဟု ဒေသခံ ၁ ဦးကပြောသည်။

၎င်းက “ မနက် ၆ နာရီထဲက တန်းစီနေတာ၊ အတွင်းရော အပြင်ရောပြည့်လျှံနေတာပဲ”ဟု မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံအမျိုးသား ၁ ဦးကဆိုသည်။

မြဝတီမြို့ရှိ လဝက ရုံးတွင် ယာယီ UID ကတ်ပြုလုပ်ရန် စောင့်ဆိုင်းနေသူများမှာ ယနေ့နေ့လယ်ပိုင်းအထိ လူဦးရေ ၄၀၀ ခန့်ရှိနေပြီး အမှားပြင်ရသောလုပ်ငန်းစဥ်ကြောင့်လည်း အချိန်ပိုမိုကြာမြင့်နေသည်ဟု ကိုUID ကတ် ပြုလုပ်ခဲ့သူ အမျိုးသမီး ၁ ဦးကဆိုသည်။

၎င်းက “ပွဲစားရှိလည်း ဌာနဆိုင်ရာတစ်ယောက်ယောက်နဲ့ချိတ်ပြီးတော့မှ ငွေသွင်းရင်တော့ သွင်းရမှာပေါ့နော်။ ဒါပေမယ့် လူကိုယ်တိုင်လုပ်မှရမယ်။ ဘာလို့လဲဆိုတော့ မျက်လုံး Scan ဖတ်ရတယ်။ ဓာတ်ပုံရိုက်ရတယ်။ နောက် လက် ၁၀ ချောင်းလုံး Scan ဖတ်ရတယ်ရှင့်” ဟု ၎င်းကပြောသည်။

UID ကတ်များပြုလုပ်ရာတွင် လဝကရုံးက ငွေကြေးကောက်ခံခြင်းမရှိဘဲ ပွဲစားများကတဆင့်ပြုလုပ်လျှင်လည်း လူကိုယ်တိုင်သွားယူဖို့ လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ပြည်တွင်းနှင့် နယ်စပ်ဒေသများ၌နေထိုင်သူအများစုသည် စမတ်ကတ်လုပ်ရန် ဆန္ဒမရှိသော်လည်း နယ်စပ်ဖြတ်ကျော်ခြင်း၊ နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းနှင့် သွားလာရေးတွင်အခက်အခဲရှိခြင်းများကြောင့်သာ ပြုလုပ်နေရသည်ဟုလည်း သိရသည်။

UID နံပါတ်ပါဝင်သော ယာယီကတ်များထုတ်ပေးရာတွင် ဇီဝဆိုင်ရာအချက်အလက်များဖြစ်သော လူတစ်ယောက်၏အသွင်အပြင်၊ လက်ဗွေရာ၊ မျက်စိသူငယ်အိမ်မှတ်တမ်းတင်အတည်ပြုခြင်းများနှင့် ကိုယ်ရေးအချက်အလက်များဖြစ်သော အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ သွေးအုပ်စု၊ အီးမေးလ် အစရှိသည်များ ကောက်ယူ၊ စိစစ်၊ သိမ်းဆည်းသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“အခုဆိုရင်ခရီးသွားလာရေးမှာ မဖြစ်မနေသုံးလာရပြီဆိုတဲ့အနေအထားမှာ Privacy(ကိုယ်ရေးအချက်အလက်တွေ)အရ ဘယ်ကိုသွားလဲဆိုတာကို နည်းပညာအရ နောက်ယောင်ခံလိုက်လို့ရနိုင်တဲ့ သဲလွန်စတွေကျန်ခဲ့မယ်။ ဘယ်သူတွေဘယ်နေရာမှာရှိနေတယ်ဆိုတာမျိုးကို သေချာသိရနိုင်တယ်”ဟု နည်းပညာကျွမ်းကျင်သူ၁ဦးက သံလွင်ခက်ကိုပြောသည်။

စမတ်ကတ်ပြုလုပ်ရာတွင် ပေးထားရသော ဒေတာများ၏ နောက်ဆက်တွဲအနေဖြင့် စောင့်ကြည့်ကင်မရာ (CCTV)များမှတဆင့် မျက်နှာများအား  ချက်ချင်းအတည်ပြုနိုင်ခြင်းများပါ ဖြစ်လာနိုင်သည်ဟု ၎င်းကဆိုသည်။

နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်မှတ်တမ်း ၅၂သန်းကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ၁၃ သန်းကျော်ကို အီလက်ထရွန်းနစ်အထောက်အထား(e-ID) အချက်အလက်ရင်းမြစ်(Data Base)အတွက် ရာနှုန်းပြည့်ထည့်သွင်းပြီးစီးခဲ့ပြီဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယမန်နှစ်ကထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သော၂၀၂၂ခုနှစ်တွင်လည်း စစ်ကောင်စီသည် ပန်းခင်းလမ်းစီမံချက်အမည်ဖြင့် အချို့လူမျိုးစုဒေသများတွင် နိုင်ငံသားစိစစ်ရေးကတ် အများအပြားကိုထုတ်ပေးခဲ့သည်။

****

Telegram – > https://t.me/ThanLwinKhetNews/4503

YouTube -> https://youtu.be/b23CL15_vH0

Website -> https://thanlwinkhet.net/?p=9710

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleတောင်ငူ ကေတုဆေးရုံ ၃လအပိတ်ခံရ
Next Article ခြေသံလုံလုံနဲ့ အောင်ပွဲရနေတဲ့ ဖာပွန်စစ်ဆင်ရေး
thanlwinkhet
  • Website

Related Posts

ဝေါလေဗျုဟာကို ဒရုန်းအသစ်တစ်စင်း စစ်လေယာဉ်နဲ့လာပို့၊ ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်း

July 28, 2025

မလှိုင်မြို့နယ်အတွင်း စစ်တပ် လက်နက်ကြီး ပစ်ခတ်၍ သေဆုံးမှုများရှိ

July 25, 2025

ရခိုင်က ကလေးများ ပညာသင်ကြားနိုင်ရေး မျိုးဆက်သစ်ကမ်ပိန်းပြုလုပ်

July 25, 2025

Leave A Reply Cancel Reply

Recent Posts

  • လက်ရှိစစ်ပွဲအတွင်း ကျဆုံးခဲ့သည့် ကမ္ဘောဒီးယားတပ်သားရုပ်အလောင်းများကို ထိုင်းစစ်တပ်ပြန်လွှဲ
  • ဝေါလေဗျုဟာကို ဒရုန်းအသစ်တစ်စင်း စစ်လေယာဉ်နဲ့လာပို့၊ ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်း
  • မြန်မာရွှေ့ပြောင်းတွေအတွက် စိန်ခေါ်မှုဖြစ်နေသေးတဲ့ ထိုင်းကျန်းမာ‌ရေးစောင့်‌ရှောက်မှု – ၁
  • ရာဇဝင်ကြွေး ဆပ်မပြီးသေးတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား
  • ကျောက်ကြီး နတ်သံကွင်းကားလမ်းနံဘေး တိုက်ပွဲ ပြင်းထန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

လက်ရှိစစ်ပွဲအတွင်း ကျဆုံးခဲ့သည့် ကမ္ဘောဒီးယားတပ်သားရုပ်အလောင်းများကို ထိုင်းစစ်တပ်ပြန်လွှဲ

ဝေါလေဗျုဟာကို ဒရုန်းအသစ်တစ်စင်း စစ်လေယာဉ်နဲ့လာပို့၊ ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်း

မြန်မာရွှေ့ပြောင်းတွေအတွက် စိန်ခေါ်မှုဖြစ်နေသေးတဲ့ ထိုင်းကျန်းမာ‌ရေးစောင့်‌ရှောက်မှု – ၁

ရာဇဝင်ကြွေး ဆပ်မပြီးသေးတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

လက်ရှိစစ်ပွဲအတွင်း ကျဆုံးခဲ့သည့် ကမ္ဘောဒီးယားတပ်သားရုပ်အလောင်းများကို ထိုင်းစစ်တပ်ပြန်လွှဲ

July 28, 2025

ဝေါလေဗျုဟာကို ဒရုန်းအသစ်တစ်စင်း စစ်လေယာဉ်နဲ့လာပို့၊ ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်း

July 28, 2025

မြန်မာရွှေ့ပြောင်းတွေအတွက် စိန်ခေါ်မှုဖြစ်နေသေးတဲ့ ထိုင်းကျန်းမာ‌ရေးစောင့်‌ရှောက်မှု – ၁

July 27, 2025

ရာဇဝင်ကြွေး ဆပ်မပြီးသေးတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား

July 26, 2025

ကျောက်ကြီး နတ်သံကွင်းကားလမ်းနံဘေး တိုက်ပွဲ ပြင်းထန်

July 25, 2025

မလှိုင်မြို့နယ်အတွင်း စစ်တပ် လက်နက်ကြီး ပစ်ခတ်၍ သေဆုံးမှုများရှိ

July 25, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.