ရန်ကုန်မြို့ကြီးစည်ကားနေသဖြင့် မြန်မာ့စီးပွားရေးတိုးတက်နေဟု ထိုင်းစီးပွားရေးအတိုင်ပင်ခံဆို
*******
သံလွင်ခက်
မေ ၁၊ ၂၀၂၄။
မဲဆောက် – မြဝတီနယ်စပ်၌ စစ်ရေးတင်းမာနေချိန်မှာပဲ ယမန်နေ့၌ ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့် စီးပွားရေးနှီးနှောဖလှယ်ပွဲကို ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၃၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။
အဆိုပါနှီးနှောဖလှယ်ပွဲတွင် ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အတိုင်ပင်ခံ Akgavat Thanaprasitpattana က ပြီးခဲ့သည့်လအတွင်း ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့၌ဖြစ်ပွားခဲ့သည့် ကရင်ပူးပေါင်းတပ်များနှင့်စစ်ကောင်စီကြားတိုက်ပွဲများ၏ နောက်ဆုံးအခြေအနေများကို ဦး ဆောင်ဆွေးနွေးခဲ့သည်။
နယ်စပ်ဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း ရန်ကုန်မြို့လမ်းမများ၊ စားသောက်ဆိုင်များနှင့် ဟိုတယ်များတွင် လူစည်ကားလျက်ရှိနေသဖြင့် မြန်မာ့စီးပွားရေးသည် ပဋိပက္ခများအပေါ်ခံနိုင်ရည်ရှိနေသေးပြီး ဆက်လက်တိုးတက်လျက်ရှိနေသည်ဟု Akgavat က မီးမောင်းထိုးပြောဆိုခဲ့သည်။
သို့သော် မြန်မာနိုင်ငံတွင်းရှိ ပဋိပက္ခများဖြစ်ပွားနေသောဧရိယာများတွင် စစ်ကောင်စီက ကန့်သတ်ချုပ်ချယ်မှုများပြုလုပ်ထားသဖြင့် ထိုင်းနိုင်ငံ၏ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည်ဟု ၎င်းက ဖြည့် စွက်ပြောဆိုခဲ့သည်။
“မြန်မာနိုင်ငံက သူတို့ဒေသတွင်းမထုတ်လုပ်နိုင်တဲ့ ဆေးဝါးပစ္စည်း၊ လောင်စာ၊ စက်ယန္တရားတွေနဲ့ ကုန်ကြမ်းပစ္စည်းတွေလိုအရာတွေတင်သွင်းခွင့်ကိုကန့်သတ်ထားတယ်” ဟု သူကပြောသည်။
ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆိုပါနည်းဗျူဟာများနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ကြဖို့ ၎င်းကတိုက်တွန်းထားပြီး မြန် မာနိုင်ငံတော်ဗဟိုဘဏ်၊ ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ကန့်သတ်ချက်များဖြေလျှော့သွားရန် ဆက်လက်ညှိနှိုင်းဆောင်ရွက်နေသည်ဟုလည်း သူကဆိုသည်။
ထိုင်းပို့ကုန်လုပ်ငန်းရှင်များသည် လောင်စာဆီ၊ လူသုံးကုန်နှင့် စက်မှုကုန်ကြမ်းကဏ္ဍများအတွက် နှစ်စဥ် မြန်မာနိုင်ငံသို့ ဘတ် ၃၀၀ ဘီလီယံတင်သွင်းနေကြသည်။
Ref: The Nation
****
Telegram – > https://t.me/ThanLwinKhetNews/4491
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9679