• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကရင်နီလေကြောင်းတိုက်ခိုက်မှု အမျိုးသမီး ငါးဦး သေဆုံး
  • စစ်တပ် ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦး KNU ထံ ဘက်ပြောင်းခိုလှုံ
  • မိုးကုတ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များအပါ ထိခိုက်သူများရှိ
  • ကျောက်ဖြူ (၃၂) ရဲတပ်ရင်းကို အေအေ ထိုးစစ်ဆင်
  • သက်ရှိစည်းရိုး ဥကရစ်ထစခန်းကို ပူးပေါင်းတပ်များ သိမ်ပိုက်နိုင်ပြီ
  • အိန္ဒိယလေယာဉ်ပျက်ကျမှု အင်ဂျင်များသို့ လောင်စာဆီ ဖြတ်တောက်ခဲ့ဟု ကနဦးအစီရင်ခံစာထုတ်ပြန်
  • လင်းတလူးကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် ၃၀ ဦးသေဆုံး
  • သွင်းကုန်ခွန်ရာခိုင်နှုန်း လျှော့ချပေးရန် အမေရိကန်ကို စစ်ကောင်စီ ပြန်တောင်းဆို
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ကရင်လက်နက်ကိုင်များနှင့် ကျားဖြန့်အရှုပ်အထွေး
ဆောင်းပါး

ကရင်လက်နက်ကိုင်များနှင့် ကျားဖြန့်အရှုပ်အထွေး

thanlwinkhetBy thanlwinkhetApril 25, 2024No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကရင်လက်နက်ကိုင်များနှင့် ကျားဖြန့်အရှုပ်အထွေး
******
ကောင်းချစ်အောင်
ဧပြီ ၂၅၊ ၂၀၂၄။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာရှိတဲ့ တရုတ်အခြေစိုက်ဂိုဏ်းတွေရဲ့ ရာဇ၀တ်မှုဆိုင်ရာကျူးလွန်မှုတွေအတွက် အဓိကနေရာဖြစ်နေတာ အချိန်ကာလကြာမြင့်ခဲ့ပါပြီ။

ဒါပေမယ့် အဲဒီဂိုဏ်းတွေဟာ သူတို့အတွက်အကာအကွယ်တွေကင်းမဲ့လာမယ်ဆိုရင် မြန်မာပြည်တွင်းထဲက တခြားနေရာ ဒါမှမဟုတ် နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းဖို့ အမြဲအသင့်ဖြစ်နေခဲ့ပါတယ်။

စနစ်တကျဖွဲ့စည်းထားတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း လုံခြုံရေးဆိုင်ရာပြဿနာတစ်ခုကို တကျော့ပြန်ရင်ဆိုင်လာရပြန်ပါတော့တယ်။

ဒီတစ်ကြိမ်မှာတော့ ဘက်ပေါင်းစုံကတော်လှန်ရေးအင်အားစုတွေ အားကောင်းလာမှုနဲ့အတူ အကျင့်ပျက်ခြစားနေတဲ့ စစ်ကောင်စီရဲ့အားနည်းလာမှုကြောင့်လည်းဖြစ်သလို တရုတ်အာဏာပိုင်တွေရဲ့ ပြင်းထန်လွန်းတဲ့ ရာဇသံဆန်ဆန် ဖိအားပေးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တရုတ်နိုင်ငံရဲ့ဖိအားပေးမှုကြောင့် အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေဟာ ရှမ်းပြည် နယ်မြောက်ပိုင်းမှာ အခြေစိုက်ထားတဲ့ လုပ်ငန်းတွေပိတ်ထားရပြီး ကရင်ပြည် နယ်ဘက်ကိုပြောင်းရွှေ့ဖို့ အခြေအနေဖန်လာခဲ့ပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင်တွေအပါအဝင် ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ ၄၅,၀၀၀ ဝန်းကျင်ကို ဖမ်းဆီးနိုင်ခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့စုံစမ်းထောက် လှမ်းမှုအသစ်တွေအရ အဲဒီလုပ်ငန်းတွေမှာ မြန်မာစစ်ကောင်စီရဲ့ အကျိုးစီးပွားတွေလည်း ပါဝင်ပတ်သက်နေတာတွေ့ရပါတယ်။

အဲဒါကြောင့်လည်း စစ်ကောင်စီအကြီးပိုင်းအရာရှိတွေကို ဖမ်းဆီးပေးဖို့ တရုတ်အစိုးရကတောင်းဆိုလာတာဟာ စစ်ကောင်စီအတွက် အရှက်ရစရာဖြစ်သလို အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအပေါ် ကာကွယ်နိုင်စွမ်းကင်းမဲ့လာတာကိုလည်း တွေ့ရပါတယ်။

ကိုးကန့်ဒေသကအွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ဖြိုခွဲခံရမှုနဲ့အတူ တချို့တွေက တော့ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေဆီ ပြောင်းရွှေ့သွားသလို ကျန်တဲ့သူတွေကတော့ မြန်မာပြည်တွင်းမှာပဲ ပြန်လည်လည်ပတ်ဖို့ လုပ်ဆောင်လာပါတယ်။

ငွေလိမ်လုပ်ငန်းတချို့ဟာ တာချီလိတ်မြို့တဝိုက်၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA ထိန်းချုပ်ရာနယ်မြေတွေနဲ့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် – NDAA ထိန်းချုပ်ထားတဲ့ မိုင်းလားဒေသတွေမှာ ဆက် လက်လည်ပတ်နေနိုင်ပါသေးတယ်။

တကယ်တမ်းတော့ အွန်လိုင်းငွေလိမ်ဂိုဏ်းအများစုဟာ ထိုင်းနယ်စပ်၊ ကရင် ပြည်နယ်ထဲက သီးခြားနယ်မြေတွေ ထဲမှာလည်း ရှိနေပါတယ်။ ကရင်လက် နက်ကိုင်အဖွဲ့အစည်းတွေဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့လုံခြုံရေးအတွက် တာဝန်ယူထားတဲ့အတွက် စစ်ကောင်စီဆီကနေပါ အကာအကွယ်ပေးထားပါတယ်။

တရုတ်နဲ့ထိုင်းအာဏာပိုင်တွေရဲ့ ဖိအားပေးမှုတွေ ဆက်တိုက်တိုးမြှင့်လာပေမယ့် ကရင်လက်နက်ကိုင်အဖွဲ့တွေကတော့‌ တရုတ်ရာဇဝတ်ဂိုဏ်းတွေကို သိသိသာသာကာကွယ်ပေးနေဆဲပါပဲ။

တစ်ဖက်မှာလည်း အမေရိကန်နိုင်ငံသားတွေပါ ငွေလိမ်ဂိုဏ်းတွေကြောင့် နစ်နာရမှုတွေ ပိုမိုများလာခဲ့ပါတယ်။ အမေရိကန်အစိုးရအနေနဲ့လည်း ကရင်နယ်မြေထဲက ရာဇဝတ်မှုကွန်ရက်ကိုအမြစ်ဖြတ်နိုင်ဖို့ မြန်မာရဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ပူးပေါင်းပြီး လက်တွဲဆောင်ရွက်သွားရမယ့် အချိန်တစ်ခုကိုရောက်လာပါပြီ။

တရုတ်ရဲ့ ရှမ်းမြောက်ကျားဖြန့်ဂိုဏ်းတွေကို ချေမှုန်းမှု
*****
၂၀၂၃ ခုနှစ် မေလကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ တရုတ်နိုင်ငံဟာ သူတို့နဲ့နယ်နမိတ်ချင်းထိစပ်နေတဲ့နယ်စပ်ဒေသက အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေအပေါ် အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကိုးကန့်၊ မိုင်းလားနဲ့ ‘ဝ’ နယ်မြေတွေမှာ ဖြစ်ပါတယ်။

ငွေလိမ်လုပ်ငန်းတွေကိုအမြစ်ဖြတ်နိုင်ဖို့နဲ့ အတင်းအကြပ်စေခိုင်းခံနေရတဲ့ တရုတ်နိုင်ငံသားတွေကို ပြန်လွှတ်ပေးဖို့အတွက် ပြည်တွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် – BGF တို့ကို တရုတ်အစိုးရက ဖိအားပေးလာပါတယ်။
တရုတ်ရဲ့ အွန်လိုင်းငွေလိမ်(ကျားဖြန့်)ဂိုဏ်းတွေကိုနှိမ်နင်းတဲ့စစ်ဆင်ရေးဟာ မြန်မာပြည်တွင်း ပဋိပက္ခအပေါ်မှာလည်း တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနေပါတယ်။ ထင်ရှားတဲ့သာဓကအနေနဲ့ဆိုရင် ကျားဖြန့်လုပ်ငန်းတွေကို လက်ခံပေးထားတဲ့ ကိုးကန့်နယ်ခြားစောင့်တပ်ကို MNDAA က အမြစ်ပြတ်တိုက်ထုတ်နိုင်ခဲ့တာပါ။

တရုတ်ရဲ့ကျောထောက်နောက်ခံပံ့ပိုးမှုပါဝင်တဲ့ MNDAA ရဲ့အောင်ပွဲဟာ မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကိုသိမ်းပိုက်ဖို့အတွက် လမ်းစတစ်ခုဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးတပ်တွေဟာ နိုင်ငံအနှံ့က ရာနဲ့ချီတဲ့စစ်စခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီး အနောက်ဘက်မှာဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်၊ အရှေ့ဘက်နဲ့ မြောက်ဘက်တွေမှာ တရုတ်နဲ့ ထိုင်းနယ်စပ်ဒေသအတော်များ များကို ထိန်းချုပ်ထားနိုင်နေပြီပဲ ဖြစ်ပါတယ်။

ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်တွေရဲ့ထွက်ဆိုချက်တွေအရ ကျားဖြန့်လုပ်ငန်းတွေမှာ စစ်ကောင်စီ အကြီးပိုင်းအရာရှိတွေ ပါဝင်နေတယ်ဆိုတာ မကြာသေးမီကပဲ တရုတ်အစိုးရက သိလာခဲ့ပါတယ်။ အဲဒီသူတွေကို အရေးယူပေးဖို့ စစ်ကောင်စီကို တရုတ်က ပြင်းပြင်းထန်ထန် ဖိအားပေးလာတာလည်း တွေ့ရပါတယ်။

ကရင်ပြည်နယ်ဘက်မှာလည်း တရုတ်အစိုးရဟာ စစ်ကောင်စီအပြင် ထိုင်းအာဏာပိုင်တွေနဲ့ လက်တွဲပြီး ကျားဖြန့် လုပ်ငန်းတွေမှာ အတင်းစေခိုင်းခံထားရတဲ့ တရုတ်နိုင်ငံသား ၉၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင်တွေနဲ့ သူတို့ကို ကာကွယ်ပေးထားတဲ့ ကရင်နယ်ခြားစောင့်တပ် – BGF ခေါင်းဆောင်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းကလူတွေလို အရေးယူခံရတာတွေတော့ မရှိသေးပါဘူး။

ကရင်ပြည်နယ်က ရာဇဝတ်မှုသပွတ်အူ
*****
တရုတ် – မြန်မာနယ်စပ်မှာရှိတဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ ဖြိုခွင်းခံရပြီးတဲ့နောက်ပိုင်းမှာ တရုတ်ရာဇဝတ်ဂိုဏ်းတွေဦးဆောင်တဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ ကရင်ပြည်နယ်ဘက်မှာ သိသိသာသာကြီးထွားလာပါတယ်။

ကိုးကန့်ဒေသမှာ တရုတ်အစိုးရရဲ့ဖိအားပေးမှုကို မလွန်ဆန်နိုင်ခဲ့တဲ့ စစ်ကောင် စီဟာ ကျားဖြန့်လုပ်ငန်းတွေဖြို ခွင်းရာမှာ အရေးယူဆောင်ရွက်ပေးခဲ့ရတာတွေ ရှိပါတယ်။ အဲဒါကြောင့်ပဲ စစ်ကောင်စီအောက်ကနေခွဲထွက်ပြီး ဗိုလ်မှူးကြီးစောချစ်သူခေါင်းဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် – BGF ဟာ ပြန်လည်စုဖွဲ့မှု လုပ်ဆောင်ခဲ့ပါ တယ်။ စောချစ်သူ ဟာ တရုတ်ရာဇဝတ်ဂိုဏ်းတွေလုပ်ဆောင်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို ကာကွယ်ပေးထားတဲ့ BGF အဓိကခေါင်း ဆောင် ၃ ဦးထဲမှာ အပါအဝင်ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မှာ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် – DKBA တပ်ဖွဲ့တချို့ဟာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် – BGF အဖြစ် စတင်ကူးပြောင်းသွားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် အစောပိုင်းကာလအထိ စစ်ကောင်စီဘက်ကနေ ခိုင်ခိုင်မာမာရပ်တည်ခဲ့ပါတယ်။

ခုလက်ရှိမှာတော့ BGF ဟာ ကရင်အမျိုးသားတပ်မတော် – KNA အဖြစ် နာ မည်ပြောင်းလိုက်ပြီး ပြည်တွင်းစစ်မှာ ကြားနေအဖြစ်ရပ်တည်တော့မယ်လို့ ကြေညာထားပါတယ်။

ထိုင်းအစိုးရက မတ်လနှောင်းပိုင်းမှာပေးအပ်ခဲ့တဲ့ နယ်စပ်ဖြတ်ကျော်အကူအညီပေးရာမှာလည်း BGF က အဓိကပါဝင်ခဲ့သလို စစ်ကောင်စီနဲ့ ဆက်နွှယ်မှုတချို့ကိုလည်း ဆက်လက်ထိန်းသိမ်းထားဆဲပါပဲ။

စစ်ကောင်စီရဲ့အင်အားချည့်နဲ့နေမှုကို အခွင့်ကောင်းယူပြီး ကရင်အမျိုးသားအစည်းအရုံး – KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA တပ်တွေက ဧပြီလဆန်းပိုင်းမှာ မြဝတီမြို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

ဧပြီလလယ်ပိုင်းမှာတော့ မြဝတီဒေသက အဓိကစစ်ကောင်စီစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ နယ်စပ်ဒေသကိစ္စစီခံခန့်ခွဲရေး အစီ အစဉ်တွေကို ဧပြီ ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။

မြဝတီတိုက်ပွဲမှာ KNA ဟာ စစ်ကောင်စီအတွက် နည်းဗျူဟာအကူအညီနဲ့ ထောက်ပို့ရေးကိစ္စတွေ မဆောင်ရွက်ခဲ့ဘဲ တိုက်ရိုက်ပါဝင်ပတ်သတ်တာမျိုးမရှိတာ တွေ့ရပါတယ်။ အဲဒါကြောင့်ပဲ စစ်ကောင်စီက သူတို့လုပ်နေကျအတိုင်း လေကြောင်းကနေ ဗုံးကြဲတာမျိုးနဲ့ပဲ မြို့ မကျဆုံးရေးအတွက် ခံစစ်ဆင်နေရပါတယ်။

KNA ဟာ စစ်ရှောင်ပြည်သူတွေနေရာချထားရေးကို အတိုင်းအတာတစ်ခုအထိကူညီပေးခဲ့ပြီး KNLA ကဖမ်းဆီးထားတဲ့ စစ်ကောင်စီစစ်သုံ့ပန်းတွေ လွှဲပြောင်းရေးကိုလည်း လုပ်ဆောင်ပေးခဲ့ပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ကြားထဲမှာ စောချစ်သူဟာ သူ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ ရာဇဝတ်လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ရေးအတွက်ကိုလည်း အားစိုက်ခဲ့ပါတယ်။ ဆက်သွယ်ရေးလိုင်း၊ လျှပ်စစ်မီး မပြတ်တောက်ရေးကိုဦးစားပေးခဲ့ပြီး လုံခြုံရေးကိုလည်း တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။

မြဝတီဒေသမှာ စစ်ကောင်စီရဲ့ထိန်းချုပ်နိုင်စွမ်းအားနည်းလာတဲ့အတွက် တရုတ်နဲ့ ထိုင်းအာဏာပိုင်တွေဟာ စောချစ်သူ နဲ့ BGF ခေါင်းဆောင်တွေကို ထိထိရောက်ရောက်အရေးယူနိုင်ဖို့ အလှမ်းဝေးနေဆဲဆိုတာတွေ့ရပါတယ်။

ကရင်ပြည်နယ်မှာရှိတဲ့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေရဲ့အခြေအနေက တရုတ်နယ်စပ် ရှမ်း/မြောက်ထက် အကျိုးစီးပွားဆိုင်ရာရှုပ်ထွေးမှုတွေ ပိုများနေပါတယ်။ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝင်ရောက်စွက်ဖက်နေတဲ့အတွက် ဥပဒေစိုးမိုးမှု ပိုမိုကင်းမဲ့နေရတာလည်းဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ ကရင်ပြည်နယ်ဟာ တရုတ်ရာဇဝတ်ဂိုဏ်းတွေအတွက် လွတ်လွတ်လပ်လပ် ကျက်စားရာဒေသတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

အဓိကလက်သည် BGF ခေါင်းဆောင်များ
*****
ဗိုလ်မှူးကြီးစောချစ်သူ၊ ဒု – ဗိုလ်မှူးကြီး စောမုတ်သုန်နဲ့ ဗိုလ်မှူး တင်ဝင်း တို့ဟာ တရုတ်ရာဇဝတ်ဂိုဏ်းတွေကိုလက်ခံထားတဲ့ အဓိကတာဝန်ရှိသူတွေဖြစ်ပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံဘက်ခြမ်းက အင်တာနက်နဲ့ လျှပ်စစ်မီးရရေးအတွက်ပါ လုပ်ဆောင်ပေးထားပါတယ်။
စောချစ်သူနဲ့ ဗိုလ်တင်ဝင်းတို့ဟာ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မြို့သစ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဆီက အမြတ်ငွေတွေ ရရှိနေပါတယ်။ အဲဒီလုပ်ငန်းတွေကိုတော့ ကိုးကန့်နယ်ခြားစောင့်တပ် နောက်ကွယ်ကပါဝင်နေတဲ့ ဖူလီလိုက် – Fully Light အုပ်စုရဲ့ Jinxin၊ Hengsheng၊ Dongfanghui ကုမ္ပဏီတွေက လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်လည်နေတဲ့ KK Park စီမံကိန်းနယ်မြေထဲက ငွေလိမ်ဂိုဏ်းတွေလည်း ရှိနေပါတယ်။ ဗိုလ်မှူး တင်ဝင်းဟာ Huanya အမည်ရ စီမံကိန်းမှာလည်း KNLA တပ်မဟာ ၇ က ရော်ဂျာခင်နဲ့အတူ အကျိုးအမြတ်တွေ ခံစားခွင့်ရနေပါတယ်။ ရာဇဝတ်ဂိုဏ်းတွေဟာ အဆိုးဝါးဆုံး လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတုန်းပါပဲ။

စောချစ်သူနဲ့အတူ BGF ကို ပူးတွဲတည်ထောင်ခဲ့တဲ့ ဗိုလ်မုတ်သုန် ဟာ လက်ရှိမှာ KNA အသွင်ပြောင်းထားတဲ့ BGF ရဲ့ ဒုတိယအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ ရာထူးအရ,သာ စောချစ်သူ အောက်မှာရှိပေမယ့် မြဝတီမြို့နယ်တောင်ပိုင်းမှာ သူတို့ ၂ ဦးရဲ့ ဩဇာအာဏာက ညီတူညီမျှရှိနေပါတယ်။

သူ့ရဲ့လက်အောက်မှာ Wan Kuok Koi၊ Dongmei စက်မှုဇုန်တို့ရှိနေပါတယ်။ KK Park စီမံကိန်းမှာလည်း စောမုတ်သုန် ပါဝင်နေပါတယ်။

ကျားဖြန့်ကွန်ရက်ထဲ DKBA ပါဝင်မှု
*****
စောချစ်သူ ဦးဆောင်တဲ့ DKBA တပ်ဖွဲ့ဝင်တချို့ဟာ ၂၀၁၀ မှာ BGF အဖြစ်ပြောင်းလဲဖွဲ့စည်းသွားခဲ့ပေမယ့် ကျန်နေသေးတဲ့ DKBA တပ်ဖွဲ့တွေကတော့ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရှမ်း ပြည်နယ်မြောက်ပိုင်းကနေ ကရင်ပြည်နယ်ကို ပြောင်းရွှေ့လာတဲ့ စောကျော်လှ ဟာ ၂၀၁၀ ပြည့်နှစ် ကာလတွေမှာ DKBA ရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာတော့ သူဟာ မဲဆောက်ကို လာရောက်တိမ်းရှောင်နေရတဲ့ တရုတ်မာဖီးယားဂိုဏ်း TransAsia International ကုမ္ပဏီနဲ့ပူးပေါင်းပြီး Taichang Zone စီမံကိန်း(ကျောက်ခတ်ကာစီနို)ကို လုပ်ဆောင်ခဲ့ပါတယ်။

သောင်ရင်းမြစ်ကမ်းဘေးမှာတည်ရှိတဲ့ အဲဒီစီမံကိန်းဟာ ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ ပိုမိုကြီးထွားလာခဲ့ပြီး ကိုးကန့်ဒေသ ကျားဖြန့်ဂိုဏ်းတွေရှင်းလင်းခံရပြီးနောက်ပိုင်းမှာတော့ တရုတ်မာဖီးယားတွေအတွက် အဓိကအားထားရာဖြစ် လာခဲ့ပါတယ်။ ဝေါလေမြို့ရဲ့ တောင်ဘက်မှာရှိတဲ့ DKBA ထိန်းချုပ်နယ်မြေထဲမှာလည်း စီမံကိန်းအသစ်တစ်ခုရှိတယ်လို့သိရပြီး အဲဒီအကြောင်းအရာအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

DKBA ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေနဲ့ဆက်ဆံရာမှာ ကြားနေအဖြစ်သာ ရပ်တည်နေခဲ့ပါတယ်။

ကျားဖြန့်နဲ့ဆက်နွှယ်နေတဲ့ KNU တပ်မဟာ ၇ အကြီးအကဲ
*****
KNU တပ်မဟာ ၇ အကြီးပိုင်းအရာရှိ ၁ ဦးဖြစ်တဲ့ ရော်ဂျာခင် ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Huanya စီမံကိန်းမှာ အဓိကပါဝင်ပတ်သက်နေသူ ဖြစ်ပါတယ်။ BGF ခေါင်းဆောင် ၁ ဦးဖြစ်တဲ့ ဗိုလ်မှူးတင်ဝင်းဟာလည်း ဒီစီမံကိန်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ KK Park စီမံကိန်းမှာလည်း ရော်ဂျာခင် ပါဝင်နေတယ်လို့ သိရပေမယ့် ခိုင်လုံတဲ့သက်သေအထောက်အထားတော့ မတွေ့ရသေးပါဘူး။
ဒါ့အပြင် DKBA နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ တရုတ်မာဖီးယား TransAsia International ကုမ္ပဏီနဲ့လည်း အကျိုးစီးပွားတွေပတ်သတ်နေပါတယ်။

ကျန်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ယှဉ်ရင်တော့ KNU ဟာ တရုတ်ရာဇဝတ်ဂိုဏ်းတွေ၊ အွန်လိုင်းငွေလိမ်ကွန်ရက်နဲ့ အကင်းဝေးဆုံးအဖွဲ့အစည်းတစ်ခုအနေနဲ့ ရပ်တည်နေပါတယ်။ ကာစီနို၊ မူးယစ်ဆေးဝါးနဲ့ တရားမဝင်လုပ် ငန်းတွေအပေါ်ထားရှိတဲ့ KNU ရဲ့ မူဝါဒဟာ ခုထိမပြောင်းမလဲဘဲ ရှိနေပါသေးတယ်။

‘USIP’ တွင်ဖော်ပြထားသော ‘Jason Tower’ ၏ “China Forces Myanmar Scam Syndicates to Move to Thai Border” ဆောင်းပါးကို ဆီလျော်အောင်ရေးသားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleတပ်မဟာ ၅ နယ်မြေတွင် ၁၅ ရက်အတွင်း တိုက်ပွဲ ၈၃ ကြိမ်ဖြစ်ပွား
Next Article မပေါက်ကွဲသေးသည့်လက်နက်အကြွင်းအကျန်များ KNA ရှင်းလင်း
thanlwinkhet
  • Website

Related Posts

ယူကရိန်းသမ္မတလိုခေါင်းဆောင်မျိုးလိုအပ်နေတဲ့ နွေဦးတော်လှန်ရေး

July 9, 2025

ကျောက်မဲကို တစ်လထဲ သုံးကြိမ်မြောက် ဗုံးကြဲ၊ ဒေသခံများ ထိခိုက်မှုရှိ

June 29, 2025

စစ်ဝါဒီတွေစိုးမိုးဗိုလ်ကျရာ အရှေ့တောင်အာရှ

June 29, 2025

Leave A Reply Cancel Reply

Recent Posts

  • ကရင်နီလေကြောင်းတိုက်ခိုက်မှု အမျိုးသမီး ငါးဦး သေဆုံး
  • စစ်တပ် ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦး KNU ထံ ဘက်ပြောင်းခိုလှုံ
  • မိုးကုတ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များအပါ ထိခိုက်သူများရှိ
  • ကျောက်ဖြူ (၃၂) ရဲတပ်ရင်းကို အေအေ ထိုးစစ်ဆင်
  • သက်ရှိစည်းရိုး ဥကရစ်ထစခန်းကို ပူးပေါင်းတပ်များ သိမ်ပိုက်နိုင်ပြီ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကရင်နီလေကြောင်းတိုက်ခိုက်မှု အမျိုးသမီး ငါးဦး သေဆုံး

စစ်တပ် ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦး KNU ထံ ဘက်ပြောင်းခိုလှုံ

မိုးကုတ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များအပါ ထိခိုက်သူများရှိ

ကျောက်ဖြူ (၃၂) ရဲတပ်ရင်းကို အေအေ ထိုးစစ်ဆင်

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကရင်နီလေကြောင်းတိုက်ခိုက်မှု အမျိုးသမီး ငါးဦး သေဆုံး

July 14, 2025

စစ်တပ် ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦး KNU ထံ ဘက်ပြောင်းခိုလှုံ

July 14, 2025

မိုးကုတ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များအပါ ထိခိုက်သူများရှိ

July 14, 2025

ကျောက်ဖြူ (၃၂) ရဲတပ်ရင်းကို အေအေ ထိုးစစ်ဆင်

July 12, 2025

သက်ရှိစည်းရိုး ဥကရစ်ထစခန်းကို ပူးပေါင်းတပ်များ သိမ်ပိုက်နိုင်ပြီ

July 12, 2025

အိန္ဒိယလေယာဉ်ပျက်ကျမှု အင်ဂျင်များသို့ လောင်စာဆီ ဖြတ်တောက်ခဲ့ဟု ကနဦးအစီရင်ခံစာထုတ်ပြန်

July 12, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.