• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ
  • လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်
  • နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြန်မာနယ်စပ်အနီး အိန္ဒိယစစ်တပ်ကင်းလှည့်
  • ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်
  • သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး
  • ဖားကန့်ဗျူဟာမှူးကို လာခေါ်သည့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ခတ်ခံရ
  • အပစ်ရပ်ဆိုပြီး တစ်လအတွင်း TNLA ထိန်းချုပ် နေရာ ၁၃ ခုထက်မနည်းကို စစ်ကောင်စီ တိုက်ခိုက်
  • မြန်မာအပါ ၁၂ နိုင်ငံကို အမေရိကန်ပြည်ဝင်ခွင့်တားမြစ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»စစ်ကောင်စီအခက် ဖထီးတို့အချက် သို့မဟုတ် အထီးကျန်မြဝတီ
ဆောင်းပါး

စစ်ကောင်စီအခက် ဖထီးတို့အချက် သို့မဟုတ် အထီးကျန်မြဝတီ

thanlwinkhetBy thanlwinkhetApril 9, 2024No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောင်းချစ်အောင်
ဧပြီ ၉၊ ၂၀၂၄။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဆင်မှုကြောင့် နှစ်ပေါင်း ၅၀ ကြာ စတင်အခြေချတပ်စွဲထားခဲ့တဲ့ သင်္ကန်းညီနောင်အခြေချစစ်ဗျူဟာတစ်ခုလုံးကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီ ၅ ရက်မှာ ဆုံးရှုံးလိုက်ရပါတယ်။
ခမရ-၃၅၅၊ ၃၅၆၊ ၃၅၇ တပ်ရင်း ၃ ရင်းပါဝင်တဲ့ စခန်းကုန်းတွေကို တော်လှန် ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး ဗျူဟာမှူးအပါအဝင် အရာရှိအဆင့် ၆၇ ဦး၊ အခြားအဆင့် ၄၁၀ ဦး၊ ရဲမေ ၅၉ ဦးနဲ့ တပ်မိသားစုဝင် ၈၁ ဦး စုစုပေါင်း ၆၁၇ ဦး လက်နက်ချအလင်းဝင်လာခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU ဗဟိုကထုတ်ပြန်ထားပါတယ်။
လက်နက်ရာချီနဲ့ ရိက္ခာဂိုဒေါင်တွေထဲက ဆန်အိတ်တွေအများအပြားကို ပူး ပေါင်းတပ်တွေက သိမ်းဆည်းရရှိခဲ့ပြီး လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်နက်ချမှုပြီးရင် ဒုတိယအများဆုံး အုံလိုက်ကျင်းလိုက် လက်နက်ချမှု ဖြစ်လာခဲ့ပါတယ်။
၂၀၂၃ နှစ်ဆန်းပိုင်းကစလို့ KNU/KNLA ရဲ့ ကွပ်ကဲမှုအောက်မှာ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် – PDF တပ်ဖွဲ့ တွေ၊ စစ်ကြောင်းဖွဲ့စည်းမှုတွေ ပိုမိုအား ကောင်းလာခဲ့ပြီး တစ်ဖက်မှာလည်း စစ်ကောင်စီဟာ မြဝတီဒေသတဝိုက် မှာ ထိန်းချုပ်မှုအားလျော့သွားစေမယ့် အကြောင်းတရားတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
လက်ခတ်တောင်သိမ်းပိုက်ခံရမှု
*****
လက်ခတ်တောင်ဟာ သင်္ကန်းညီနောင် – မြဝတီအကြား အာရှလမ်းမ၊ မြဝတီမြို့နဲ့ ငြိမ်းချမ်းရေးမြို့တော် လေးကေ့ ကော်မြို့သစ်တို့ကို အပေါ်စီးကနေ စိုးမိုးမြင်နိုင်တာကြောင့် ဗျူဟာအရ အချက်အချာကျတဲ့နေရာတစ်ခုဖြစ်ပါတယ်။
ဒါကြောင့်လည်း စစ်ကောင်စီဟာ ခမရ – ၁၁၈ကို တပ်စွဲထားစေပြီး ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အထိုင်ချထား ကာ ကတုတ်ကျင်း၊ ဘန်ကာကျင်း အခိုင် အမာနဲ့ စခန်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။
KNLA တပ်မဟာ ၆၊ ကော်ဘရာစစ်ကြောင်း၊ Federal Wingsနဲ့ NUG တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကျားသစ်နက်အဖွဲ့တွေက ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက် မနက်အစောပိုင်းကနေ စတင်ထိုးစစ်ဆင်ခဲ့ပြီး ၁ ရက်အကြာမှာ လက် ခတ်တောင်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စခန်းပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီက တပ်မ ၄၄ ကွပ်ကဲမှုအောက်က တပ်ရင်းတွေအသုံးပြုပြီး ထိုးစစ်ဆင်ခဲ့ပါသေးတယ်။ သြဂုတ် ၁၃ ရက်အထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုပေါင်း ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီး ၂ ဦး အပါအဝင် ၁၇ ဦး သေဆုံးကာ ၃၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ လက်ခတ်တောင်စခန်းပြန်ရရေး အိပ်မက်က အရည်ပျော်ကျသွားခဲ့ပါတော့တယ်။ ဇန်နဝါရီ ၁၆ ရက်မှာ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး အလစ်အငိုက်ကြဲချခဲ့ပေမယ့် အသေ အဆုံးမရှိဘူးလို့ KNU ဘက်က ထုတ်ပြန်ထားပါတယ်။
မြဝတီမြို့ပေါ်တိုက်ပွဲများ
*****
ပြီးခဲ့တဲ့ စက်တင်ဘာ၃ ရက် ညနေ ၆ နာရီခွဲမှာ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို Federal Wings အဖွဲ့က ဒရုန်းဗုံးသီး ၂ လုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်။
နယ်မြေလုံခြုံရေးအစည်းအဝေးဆောင်ရွက်နေချိန် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီ ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး ယာယီတပ်ရင်းမှူး ၁ ဦးနဲ့ ယာဉ်ထိန်းရဲအုပ် ၁ ဦးတို့လည်း ဆေးကုသမှုခံယူနေရင်း သေဆုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၇ ရက် ညပိုင်းမှာလည်း မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးဌာန စုပေါင်းရုံး၊ ယာဉ်ထိန်းရဲရုံးအနီးဝန်း ကျင်တွေကို ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပါသေးတယ်။
ဇန်နဝါရီ ၂၉ ရက်မှာ တပ်မ – ၄၄ တပ်မမှူးအသစ်ကို သင်္ကန်းညီနောင် ခမရ – ၃၅၆ တပ်ရင်းဆီ လာရောက်ပို့ ဆောင်တဲ့ ရဟတ်ယာဉ်ကို ကော်ဘရာစစ် ကြောင်းက စောင့်ကြိုပစ်ခတ်ခဲ့ပါတယ်။
အရင်တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းနောင်စိုး ကို ထိုင်းနိုင်ငံဆိုင်ရာ စစ်သံမှူးအဖြစ် ဇန်နဝါရီပထမအပတ်မှာ ခန့်အပ်ခဲ့ပြီး လစ်လပ်သွားတဲ့နေရာမှာ ဗိုလ်မှူးကြီး အေးမင်းနောင် ကို အစားထိုးခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
တပ်မမှူးအပြောင်းအလဲလုပ်ဖို့ မော်လမြိုင်မြို့ကနေ ခမရ – ၃၅၆ ကို မဆင်းသက်ခင်မှာပဲ တော်လှန်ရေးတပ်ဖွဲ့ တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရဟတ်ယာဥ်ပျက်ကျခဲ့ပြီး ဗိုလ်မှူးကြီး အေးမင်းနောင် အပါအဝင် ၅ ဦးသေဆုံးခဲ့ပါတယ်။
အင်အားချိန်ခွင်လျှာပြောင်းသွားစေတဲ့ BGF ခွဲထွက်မှု
*****
ဗိုလ်မှူးချုပ် စောချစ်သူ ဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် – BGF ဟာ စစ်တပ်လက်အောက်ခံအဖြစ်ကနေ နုတ်ထွက်သွားတယ်လို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Thai PBS က ဇန်နဝါရီ ၂၂ ရက်မှာ သတင်းဖော်ပြလာပါတယ်။
ဌာနချုပ်တည်ရှိရာ ရွှေကုက္ကိုလ်ဒေသနဲ့ မြဝတီမြို့နယ်အတွင်းက စခန်းတွေမှာ တပ်တွေပြန်လည်စုဖွဲ့ထားပြီး တိုက်ခိုက်မှုတွေရှိလာရင် ခုခံဖို့ပြင်ဆင်နေတယ်လို့လည်း ရေးသားထားပါတယ်။ BGF အနေနဲ့ စစ်ကောင်စီဆီက လစာ၊ ရိက္ခာ မယူတော့ဘဲ သီးခြားအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်သွားမယ်လို့ဆိုပြီး ဘားအံနဲ့ လှိုင်းဘွဲ့မြို့က တပ်တွေကို ချက်ချင်းရုတ်သိမ်းပစ်ခဲ့ပါတယ်။
နှစ် ၃၀ ကျော်ကြာ စစ်ကောင်စီနဲ့ လက်တွဲလာခဲ့တဲ့ BGF ဟာ တပ်နယ် ၄ ခု၊ တပ်ရင်း ၁၃ ရင်းနဲ့ အင်အား ၅,၀၀၀ အထက်ရှိမယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ BGF က ထိုင်း – မြန်မာနယ်စပ်တလျှောက် နဲ့ မြဝတီ၊ လှိုင်းဘွဲ့၊ ဘားအံ စတဲ့မြို့ကြီးတွေရဲ့ လုံခြုံရေးကို အဓိကတာဝန်ယူထားတာလည်း ဖြစ်ပါတယ်။
အဲဒါကြောင့် ဒေသတွင်းအင်အားချိန်ခွင်လျှာကို ထိခိုက်စေခဲ့တဲ့ BGF ခွဲထွက်မှုအပေါ် စစ်ကောင်စီ ဒုတိယခေါင်း ဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် ဘားအံမြို့ကို ချက်ချင်းလာရောက်ပြီး BGF တာဝန်ရှိသူတွေနဲ့ လာရောက်ဆွေးနွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဗိုလ်မှူးချုပ် စောချစ်သူ ကတော့ ကရင်အချင်းချင်းစစ်မတိုက်လိုတဲ့အပြင် လက်အောက်ငယ်သားတွေကလည်း စစ်ကောင်စီရဲ့ထောက်ပံ့မှုကို မယူလိုတော့တဲ့အတွက် အခုလို သီးခြားရပ်တည်ရတာဖြစ်တယ်လို့ BBC မြန်မာပိုင်း နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်မှာတော့ ကရင်နယ်ခြားစောင့်တပ် BGF ကနေ ကရင်အမျိုးသားတပ်မတော် KNA လို့ ပြောင်းလဲခဲ့ပါတယ်။
ပိတ်ဆို့ခံထားရတဲ့ အထီးကျန်မြဝတီ
*****
မြဝတီမြို့ကို နာရီပိုင်းအတွင်းစစ်ကူပေးနိုင်ဖို့အတွက်ဆိုရင် ကော့ကရိတ်အခြေစိုက် အမှတ် ၁၂ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ – ၁၂ နဲ့ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်- ရတခ တို့ရှိပါတယ်။
ဒါပေမယ့် စကခ ၁၂ ရှိရာ ကော့ကရိတ်မြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာကတည်းက တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။ ကော့ကရိတ်မြို့ကို ၇၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်နေပြီလို့ ကျားဖြူစစ် ကြောင်းက ဧပြီလ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ကော့ကရိတ်နဲ့ မြဝတီမြို့အကြား အာရှလမ်းမကြီးကိုလည်း တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပြီး မြေပြင်စစ်ကူတွေမရောက်နိုင်အောင် ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။
မတ်လဒုတိယအပတ်မှာ စတင်ခဲ့တဲ့ မြဝတီမြို့စစ်ဆင်ရေးနဲ့အတူ မော်လမြိုင်မြို့ကနေ မိုင်၅၀ ကျော်သာဝေးတဲ့ ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးတပ်တွေက မတ်လ ၂၅ ရက်မှာ ဟန်ချက်ညီညီထိုးစစ်ဆင်နိုင်ခဲ့ပါတယ်။ အလစ်ငိုက်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲစခန်းကို သိမ်းနိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။
နီးကပ်လာတဲ့တိုက်ပွဲတွေကြောင့် မော်လမြိုင် – ဘားအံလမ်းမကြီးကို စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထား ရသလို တော်လှန်ရေးတပ်တွေ ဝင်ရောက်လာနိုင်ချေများတဲ့ ရမ္မာဝတီကားလမ်းဘေးက ဓမ္မသရွာကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
အဲဒါကြောင့် မြဝတီဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေ အတိုက်အခိုက်ခံနေရပေမယ့် မြေပြင်စစ်ကူမစေလွှတ် နိုင်ဘဲ လေကြောင်းပစ်ကူကိုသာ အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
မြို့သိမ်းစစ်ဆင်ရေး
*****
မတ်လ ၇ ရက် မနက်ပိုင်းမှာ ကရင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးစတင်ခဲ့ပါတယ်။ တနေကုန် တိုက်ပွဲ ဆင်နွှဲအပြီး ညနေပိုင်းမှာတော့ ခမရ ၃၅၅ တပ်ရင်းကိုသိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ငယ် ၁၂၀ ကျော်၊ စိန်ပြောင်း ၁၀ လက်ကျော်နဲ့ ခဲယမ်းအများအပြားရရှိခဲ့ပါတယ်။
မတ်လ ၁၁ ရက်မှာလည်း ထိုင်း – မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးမှာရှိတဲ့ ဖလူးကြီးတပ်စခန်းကို ၃၅ နှစ် အကြာမှာ ပြန်လည်ရရှိခဲ့တယ်လို့ KNU ဘက်က ထုတ်ပြန်လာပါတယ်။
မဲကနယ်ရွာအနီးမှာတည်ရှိတဲ့ ခမရ ၃၅၆ ကိုလည်း မတ်လ ၁၅ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး ကျည်ဖူးတွေ အများအပြားသိမ်းဆည်းရရှိခဲ့ပါတယ်။
နောက်ဆုံးကျန်နေတဲ့ သင်္ကန်းညီနောင်ဗျူဟာကုန်းနဲ့ ခမရ ၃၇၇ ကိုတော့ ဧပြီ ၅ ရက် နေ့လယ်ပိုင်းမှာ သိမ်းပိုက် နိုင်ခဲ့ပြီး ဗျူဟာတစ်ခုလုံး ကျရှုံးသွားပါတော့တယ်။
ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ် အပါအဝင် အရာရှိအဆင့် ၆၇ ဦး၊ အခြားအဆင့် ၄၁၀ ဦး၊ ရဲမေ ၅၉ ဦးနဲ့ တပ်မိသားစုဝင် ၈၁ ဦး စုစုပေါင်း ၆၁၇ ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။
ဗိုလ်မှူးကြီး ထွန်းထွန်းလတ် ကတော့ လက်နက်ချအညံ့ခံမှုကို အထက်ကိုမတင်ပြဘဲ ကိုယ့်ဘာသာဆုံးဖြတ်ချခဲ့ တာဖြစ်တယ်လို့ ကရင်မီဒီယာဖြစ်တဲ့ KIC နဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။
လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မဲဆောက်မြို့ကနေတဆင့် လေယာဉ်နဲ့ပြန်သယ်ဆောင်ဖို့ စစ်ကောင်စီဘက်က လုပ်ဆောင်ခဲ့ပါတယ်။ ဘန်ကောက်မြို့သံရုံးကနေတဆင့် ဧပြီ ၇၊ ၈၊ ၉ သုံးရက်ကြာ မဲဆောက်လေဆိပ်မှာ လေယာဉ်ဆိုက်ကပ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဧပြီ ၇ ရက်ညအစောပိုင်းမှာ ပထမဆုံးလေယာဉ်ရောက်ရှိလာခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNU ဘက် က ပြန်မလွှတ်တဲ့အတွက် ပစ္စည်းတွေကိုသာ သယ်ဆောင်ပြီးပြန်သွားခဲ့ရပါတယ်။ ၈ ရက်မှာတော့ လေကြောင်းကနေပြန်လည်သယ်ယူမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ ထိုင်းမီဒီယာတွေက ရေးသားဖော်ပြ ကြပါတယ်။
ထိုင်း – မြန်မာကုန်သွယ်ရေးရဲ့ အချက်အချာမြို့ဖြစ်တဲ့ မြဝတီမြို့မှာ ဒေသခံတွေက မြို့စောင့်တပ်လို့ခေါ်ကြတဲ့ ခလရ ၂၇၅ ရဲ့ တပ်ဖွဲဝင်တချို့သာကျန်တော့ပြီး မကြာခင်မှာပဲ မြဝတီမြို့ကိုသိမ်းပိုက်နိုင်တော့မယ့် အခြေအနေရှိနေပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြဝတီကို စစ်ရှောင်လာသူများ ထပ်မံရွှေ့ပြောင်းရန်ခက်ခဲနေ
Next Article လောင်းလုံး လဝက အနီးရှိ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ
thanlwinkhet
  • Website

Related Posts

တရုတ်အမြတ်ထွက်တဲ့ စစ်ကောင်စီရွေးကောက်ပွဲ

May 25, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

တရုတ်လိုလားတဲ့ရှမ်းမြောက်နဲ့ TNLA စစ်ရေးအပြောင်းအလဲ

May 11, 2025

Leave A Reply Cancel Reply

Recent Posts

  • ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ
  • လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်
  • နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြန်မာနယ်စပ်အနီး အိန္ဒိယစစ်တပ်ကင်းလှည့်
  • ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်
  • သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ

လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်

နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြန်မာနယ်စပ်အနီး အိန္ဒိယစစ်တပ်ကင်းလှည့်

ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ

June 7, 2025

လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်

June 6, 2025

နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြန်မာနယ်စပ်အနီး အိန္ဒိယစစ်တပ်ကင်းလှည့်

June 6, 2025

ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်

June 6, 2025

သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး

June 5, 2025

ဖားကန့်ဗျူဟာမှူးကို လာခေါ်သည့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ခတ်ခံရ

June 5, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.