လောင်းလုံး လဝက အနီးရှိ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ
*****
သဇင်
ဧပြီ ၉၊ ၂၀၂၄။
တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံးအနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ – F.P.F ထံက သိရ သည်။
ယမန်နေ့ ဧပြီလ ၈ ရက် နေ့လယ် ၁၂ နာရီခန့်တွင် လောင်းလုံးမြို့နယ် လ၀က ရုံးအနီး ဘန်ကာတွင်တပ်စွဲထား သော အင်အား ၁၀ ဦးခန့်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖက်ဒရယ် ဓူဝံကြယ်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်လင်းယုန် က ပြောသည်။
၎င်းက “အလစ်ငိုက်တိုက်ဖို့ ကျွန်တော်တို့လည်းချောင်းနေတာကြာပြီ။ အခုဒီတစ်ခေါက်အခွင့်အရေးရလို့ မစ်ရှင် ဖော်လိုက်တာဖြစ်တယ်။ ဒီဂိတ်က ခရီးသွားပြည်သူတွေဆီကနေ ငွေညှစ်ငွေတောင်းတာတွေလုပ်နေတာ အတော် ကြာပြီ”ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၄၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ၄၀ မမ ၊ ၆၀ မမဖြင့် ပြန်လည်ပစ်ခတ်ခဲ့ သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲဘော် လင်းယုန်က ပြောသည်။
တိုက်ခိုက်မှုအား ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ လောင်းလုံး – ပကဖ၊ Modern Punk အဖွဲ့ နှင့် Student Revolutionary Force အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – ပေးပို့။
ပုံစာ – တိုက်ခိုက်မှုဆောင်ရွက်ခဲ့သည့် ပူးပေါင်းတပ်ဖွဲ့ဝင်များ။