• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး
  • သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ
  • စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ
  • UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ
  • စစ်ကောင်စီတပ်သား ၁၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံ
  • ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦးကို နေရပ်ပြန်ပို့
  • Adidas ချုပ်သည့် စက်ရုံမှ ဆန္ဒပြအလုပ်သမားများ ခြိမ်းခြောက်ခံနေရ
  • စစ်ကောင်စီတိုက်လေယာဉ် နယ်စပ်ကပ်လာ၍ ထိုင်းဘက်က တိုက်လေယာဉ်နှစ်စီး စေလွှတ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»အရှုံးနဲ့ နိဂုံးချုပ်သွားတဲ့ စစ်ကောင်စီတပ်မမှူးတွေ
ဆောင်းပါး

အရှုံးနဲ့ နိဂုံးချုပ်သွားတဲ့ စစ်ကောင်စီတပ်မမှူးတွေ

thanlwinkhetBy thanlwinkhetMarch 30, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောင်းချစ်အောင်
မတ် ၃၁၊ ၂၀၂၄။
ဖက်ဆစ်ဂျပန်ကိုစတင်တွန်းလှန်တဲ့ တော်လှန်ရေးနေ့ဟာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်မှာ ၇၉ နှစ် ပြည့်ခဲ့ပါပြီ။ ဖက်ဆစ်တော်လှန်ရေးနေ့ကို အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း က ၁၉၅၅ ခုနှစ်မှာ တပ်မတော်နေ့လို့ ပြောင်းလဲခေါ်ဝေါ်စေခဲ့ ပြီး နှစ်တိုင်းလိုလို စစ်ရေးပြအခမ်းအနားတွေနဲ့ ခမ်းခမ်းနားနားကျင်းပလေ့ရှိပါတယ်။
ဒါပေမယ့်လည်း မြေပြင်လက်တွေ့မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက် မြန်မာစစ်တပ်ဟာ မထင်ထားတဲ့အချိုးအကွေ့တစ်ခုကို ရင်ဆိုင်နေရပါပြီ။ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အင်အားထောင်နဲ့ချီသေဆုံးမှုတွေ၊ လက်နက်ချအညံ့ခံမှုတွေနဲ့အတူ စစ်ကောင်စီကနယ်မြေတွေလည်း စွန့်လွှတ်ထားရပါတယ်။
စစ်ကောင်စီတပ်ဟာ ခြေမြန်တပ်မဌာနချုပ် ၁၀ ခု၊ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် အခု ၂၀ နဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ၆ ခုကို နိုင်ငံတဝန်းဖြန့်ကျက်ထားပါတယ်။
ခြေမြန်တပ်မဌာနချုပ်ဦးဆောင်သူတွေကို တပ်မမှူး၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို စကခမှူးနဲ့ ဒေသကွပ်ကဲ မှုစစ်ဌာနချုပ်မှူးကို ဒကစမှုးလို့ အတို ကောက်ခေါ်ဝေါပြီး အကုန်လုံးဟာ ဗိုလ်မှူးချုပ်အဆင့်ရှိသူတွေဖြစ်ပါတယ်။
ဗိုလ်မှူးချုပ်အဆင့် တပ်မမှူးရာထူးဟာ စစ်ရေးအရ တိုင်းမှူးပြီးရင်အရေးပါတဲ့ရာထူးတစ်ခုဖြစ်ပြီး ဗိုလ်ချုပ်အဆင့်ရှိတဲ့ တိုင်းမှူးအများစုဟာ တပ်မမှူးတာဝန်ကို ဖြတ်သန်းပြီးမှ ရာထူးတိုးမြှင့်ခန့်အပ်ထားခံရတာ ဖြစ်ပါ တယ်။
အဲဒါကြောင့် စစ်ကောင်စီဖွဲ့စည်းပုံမှာ ဗိုလ်မှုးချုပ်အဆင့်ရှိသူ ၃၀ ဦးထက်မနည်းရှိတယ်လို့ ဆိုနိုင်ပါတယ်။ သူတို့အများစုဟာ တပ်ရင်း ၁၀ ရင်းကိုကွပ်ကဲရလေ့ရှိပြီး နေပြည်တော်မှာရှိတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရဲ့ တိုက်ရိုက်အမိန့်ခံယူရတာလည်း ဖြစ်ပါတယ်။
ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၁ ဦး ကျဖို့ဆိုတာဟာ နှစ် ၈၀ နီးပါးသမိုင်းကြောင်းမှာ ဖြစ်တောင့်ဖြစ်ခဲကိစ္စဆိုပေမယ့် အာဏာသိမ်းမှုအလွန်ကာလ ၃ နှစ်အတွင်းမှာပဲ တပ်မမှူးအဆင့်ရှိတဲ့ စစ်တပ်အရာရှိကြီး ၁၁ ဦးဟာ စစ်အာဏာရှင်ခုခံတွန်းလှန်စစ်မှာ အရှုံးနဲ့ နိဂုံးချုပ်သွားရပြီပဲဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကိုလက်မခံကြတဲ့လူငယ်တွေဟာ အာဏာရှင်ခေါင်းဆောင်တွေလက်အောက်က စစ်တပ်ကို ရရာလက်နက်နဲ့တွန်းလှန်နေခဲ့တာ ၃ နှစ်နီးပါးရှိနေပါပြီ။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့အဆိုအရ ၂ နှစ်ခွဲကျော်အတွင်းမှာပဲ စစ်ကောင်စီတပ်သား ၃၀,၀၀၀ ကျော်ချေမှုန်းနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်မှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့က “၁၀၂၇ စစ် ဆင်ရေး” စတင်ပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့အပြားမှာ ခုခံတွန်းလှန်မှုထိုးစစ်တွေ အရှိန်အမြင့်ဆုံးကာလတစ်ခုကိုရောက်ရှိလာပါတယ်။
စစ်ဆင်ရေးစတင်ပြီး ၁၀ ရက်အကြာမှာပဲ စစ်တက္ကသိုလ်အပတ်စဉ် ၄၁ ဆင်း အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်လွင် စတင်သေဆုံးခဲ့ပါတယ်။ တပ်မ ၉၉ ဟာ မိတ္ထီလာမြို့အခြေစိုက်ဖြစ်ပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းကို စစ်ဆင်ရေးဝင်နေကျဖြစ်ပြီး စစ်ခေါင်းဆောင်တွေအားထားရတဲ့ တပ်မတစ်ခုဖြစ်ပါတယ်။
နိုဝင်ဘာ ၅ ရက် မနက်ပိုင်းမှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့အတူ ရက္ခိုင့်တပ်တော် – AA တပ်ဖွဲ့ဝင်တွေက မုံကိုးဒေသက ဗျူဟာကုန်းတွေကို စတင်ထိုးစစ်ဆင်ခဲ့ပါတယ်။
ဒရုန်းပစ်ခတ်မှုအတွင်း လက်နက်ခဲယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် တပ်မမှူး သေဆုံးခဲ့တာလို့ MNDAA က ထုတ်ပြန်ထားပါတယ်။ တပ်မမှူးကျဆုံးအပြီး မြို့တွင်းစစ်ဆင်ရေးတွေဆက်လက်ဆင်နွှဲခဲ့ရာမှာ မုံကိုးမြို့ကို နိုဝင်ဘာ ၈ ရက်မှာသိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒီဇင်ဘာ ၁၅ ရက်မှာ နမ့်ဆန်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် မတော် – TNLA က သိမ်းပိုက်ရရှိခဲ့ပြီး မြို့တွင်းမှာ လက်ရှိအခြေချထားတဲ့ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူးဖြစ်သူကို အရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တပ်မမှူးက စစ်တက္ကသိုလ် အပတ်စဉ် ၄၀ သင်တန်းဆင်း ဗိုလ်မှူးချုပ် မင်းမင်းထွန်း ဖြစ်ပါတယ်။
သူ့ရဲ့လက်အောက်ငယ်သားတချို့နဲ့ စခန်းကနေစွန့်ခွာထွက်ပြေးခဲ့ပေမယ့် TNLA က လိုက်လံဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၀ ရက် TNLA ကထုတ်ပြန်တဲ့ဗီဒီယိုမှာတော့ အချိန်တိုအတွင်းတိုးတက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးစွမ်းရည်ကို အံ့ဩမိကြောင်း၊ အရှုံးကိုမျှော်လင့်မထားမိကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။
ဇန်နဝါရီ ၄ ရက်ညပိုင်းမှာ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တစ်ခုလုံးအပါအဝင် မြို့တဝိုက်ကစစ်ကောင်စီတပ်တွေအားလုံး လက်နက်ချခဲ့တာကြောင့် မြို့ပေါ်တိုက်ပွဲအပြင်းအထန်မဆင်နွှဲလိုက်ရဘဲ လောက်ကိုင်ကို MNDAA က ရရှိခဲ့ပါတယ်။
လက်နက်ချခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ ဒစက (လောက်ကိုင်) ကိုစစ်ကူပေးဖို့ ရောက်ရှိလာခဲ့တဲ့ မြန်မာနိုင်ငံအနှံ့က တပ်မ၊ တပ်ရင်းတွေထဲက အားလုံးပါဝင်ခဲ့ပြီး အရာရှိ ၂၂၈ ဦး၊ ဗိုလ်မှူးချုပ် အဆင့်ရှိသူ ၆ ဦး၊ ရဲဘော်အဆင့် ၁,၈၉၅ ဦးနဲ့ နမ်ထင်းမိန်ရှန်းတောင်ကုန်းက ၂၆၆ ဦးအပါအဝင် စုစုပေါင်း ၂,၃၈၉ ဦး ဖြစ်တယ်လို့ သိရပါတယ်။
လက်နက်ချခဲ့သူတွေထဲမှာ လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ကိုးကန့်စစ်ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှုး ချုပ်ထွန်းထွန်းမြင့်၊ စကခ ၁၂ တပ်မမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ စကခ ၁၄ တပ်မမှူး ဗိုလ်မှူးချုပ်‌အေးမင်းဦး တို့လို အရာရှိကြီးတွေလည်း ပါဝင်ခဲ့ပါတယ်။
သူတို့အားလုံးကို လားရှိုးမြို့အထိ ရဟတ်ယာဉ်နဲ့ခေါ်ဆောင်သွားပြီး စစ်ခုံရုံးတင်ကာ စစ်ဆေးမှုတွေ ချက်ချင်းလုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သေဒဏ်ချမှတ်ခံထားကြရပြီး အင်းစိန်ထောင်မှာချုပ်နှောင်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဇန်နဝါရီ ၁၁ ရက် ညပိုင်းမှာလည်း ပလက်ဝမြို့မှာ စစ်ဆင်ရေးဝင်ရောက်နေတဲ့ အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ရဲ့ ရှေ့တန်းစခန်းကို AA ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စကခမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ထွက်ပြေးသွားခဲ့ပေမယ့် ဇန်နဝါရီ ၁၂ ရက်မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်အခြေချ စစ်ဗျူဟာမှူးဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ် အတွင်း စကခ ၁၉ စကခမှူး ဖြစ်လာခဲ့တာပါ။ စစ်တပ်ထဲကို ၁၉၉၃ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး အလုပ်သင်ဗိုလ် အပတ်စဉ် ၂၃ သင်တန်းဆင်းဖြစ်ကာ မိခင်တပ်ရင်းကတော့ အမှတ် ၁၈ ခြေမြန်တပ်ရင်း ဖြစ်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၈ရက် မြောက်ဦးမြို့အခြေစိုက် ခမရ ၃၇၇ ကို သိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲအတွင်း အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ် ယာယီတပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းကို အသေဖမ်းဆီးနိုင်ခဲ့တယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။
AA ရဲ့ ၁ လတာထိုးစစ်အတွင်း ကျောက်တော်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ တပ်ရင်း ၁၀ ရင်းစလုံး ချေမှုန်းခံလိုက်ရပါတယ်။
ကျောက်တော်မြို့ကနေ အသက်လုထွက်ပြေးခဲ့တဲ့ စကခ ၉ တပ်မမှူး ဗိုလ်မှုးချုပ် ဇော်မင်းထွန်း ကို သူ့ လက်အောက်ငယ်သားတချို့နဲ့အတူ အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ကောင်းမွန်စွာပြုစုစောင့်ရှောက်ထားတယ်လို့AA က ဆိုပါတယ်။
စစ်ချီစစ်တက်ပြုလုပ်ရာမှာ အဓိကတာဝန်ပေးအပ်ခံထားရတဲ့ တပ်မမှူးအဆင့်ဗိုလ်မှူးချုပ် ၁၁ ယောက်ဟာ တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်တွေအောက်မှာ အရှုံးကို ပထမဆုံးအကြိမ်ရင်ဆိုင်ခဲ့ရပါတယ်။
မြေပြင်မှာ ရှုံးနိမ့်မှုတွေဆက်တိုက်ကြုံနေရပေမယ့် အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေကတော့ နေပြည်တော်မှာ ၇၉ ကြိမ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ဟန်ဆောင်ပန်ဆောင်ကျင်းပခဲ့ပါတယ်။
စစ်ရေးပြအခမ်းအနားမှာပါဝင်ဖို့လာရောက်ကြတဲ့ စစ်သည်တော်တွေကို မာရဝိဇယဘုရားဖူးခရီး ပို့ဆောင်ပေးခဲ့ပေမယ့် မြန်မာနိုင်ငံတဝန်းက စစ်ကောင်စီတပ်သားတွေမှာတော့ အိမ်ပြန်ခရီးဆီခြေမလှမ်းနိုင်တော့ဘဲ သေခြင်းတရားနဲ့သာ နေ့စဉ်ရက်ဆက်ကြုံတွေ့နေရပါတော့တယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကျိုက်မရောမြို့နယ် ဓမ္မသနှင့် သံကလောင်ရွာကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွား
Next Article ၄ လအတွင်း ကော့ကရိတ်မြို့တွင် နေအိမ် ၅၀၀ ကျော် မီးလောင်ပျက်စီး
thanlwinkhet
  • Website

Related Posts

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

တရုတ်လိုလားတဲ့ရှမ်းမြောက်နဲ့ TNLA စစ်ရေးအပြောင်းအလဲ

May 11, 2025

မြန်မာ့အရေး ပိုပြီးရှင်းလင်းတဲ့မူဝါဒလိုအပ်

May 11, 2025

Leave A Reply Cancel Reply

Recent Posts

  • အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး
  • သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ
  • စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ
  • UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ
  • စစ်ကောင်စီတပ်သား ၁၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ

UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး

May 19, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ

May 17, 2025

UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ

May 17, 2025

စစ်ကောင်စီတပ်သား ၁၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံ

May 17, 2025

ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦးကို နေရပ်ပြန်ပို့

May 16, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.