အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွေ့ဆုံ
*******
သံလွင်ခက်
မတ် ၃၀၊ ၂၀၂၄။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ် ချိုလက် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။
ဒဲရစ် နှင့်တွေ့ဆုံခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ သည် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရန် ကြိုးစားစွမ်းဆောင်နေကြသည့်အဖွဲ့များဖြစ်သည်ဟု ဒဲရစ် က သူ၏ X (ယခင် တွစ်တာ) တွင် မတ်လ ၂၉ ရက်က ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။
ဒဲရစ် သည် K3C မဟာမိတ်အဖွဲ့နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အဆိုပါတွေ့ဆုံမှုတွင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အကူအညီလိုအပ်နေသူများအား အကူ အညီများတိုးမြှင့်ပေးအပ်နိုင်ရေးနှင့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်သည့်အနာဂတ်ဖန်တီးနိုင်မည့် အခွင့်အလှမ်းများအရေး ဆွေးနွေးခဲ့သည်ဟု X တွင်ရေးသားထားသည်။
K3C မဟာမိတ်အဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး – KNU၊ ကချင်လွတ်မြောက်ရေးအဖွဲ့ – KIO၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ – KNPP နှင့် ချင်းအမျိုးသားတပ်ဦး – CNF တို့ပါဝင်သည်။
ပြီးခဲ့သော မတ်လ ၂၃ ကပဲ မြန်မာ့ဒီမိုကရေစီရေးအတွက်ပေးအပ်မည့် ဒေါ်လာ ၁၂၁ သန်းအကူအညီကို အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးကအတည်ပြုခဲ့ပြီး အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန် ကလည်း လက်မှတ်ရေးထိုးအတည်ပြုပေးခဲ့သည်။
Ref : Derek Chollet’s X
ဓာတ်ပုံ – Derek Chollet’s X
ပုံစာ – ဒဲရစ် ချိုလက်၊ အမေရိကန်သံတမန်များနှင့် NUG ကိုယ်စားလှယ်များ။
************
Telegram– > https://t.me/newstlk/4062
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8803