• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ပလက်ဝတွင် စစ်တပ် ဗုံးကြဲ၍ ဒေသခံ ၆ ဦး သေဆုံး
  • တိုက်ပွဲကာလအတွင်း ကိုးကန့်တပ်က နမ့်ဖတ်ကာရှိ အရပ်သားနေအိမ်များကို လုယက်ဖျက်ဆီးခဲ့
  • သွေးသစ်ကျောင်း ၅ ကြိမ်မြောက် အောင်လက်မှတ်အပ်နှင်းပွဲ
  • ငလျင် အပျက်အစီးနှင့် အကျပ်အတည်းများကြား ရုန်းထွက်နေရဆဲ ပြည်သူများ
  • နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ
  • ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး
  • တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»လေကြောင်း၊ လက်နက်ကြီးများကြောင့် ဝှေ့ရှမ်းကျေးရွာက နေအိမ်နှင့် ဆိုင်များပျက်စီး
တိုက်ပွဲသတင်း

လေကြောင်း၊ လက်နက်ကြီးများကြောင့် ဝှေ့ရှမ်းကျေးရွာက နေအိမ်နှင့် ဆိုင်များပျက်စီး

thanlwinkhetBy thanlwinkhetMarch 29, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

လေကြောင်း၊ လက်နက်ကြီးများကြောင့် ဝှေ့ရှမ်းကျေးရွာက နေအိမ်နှင့် ဆိုင်များပျက်စီး

****

နန်းဆုပန်ခန့်

မတ် ၂၉၊ ၂၀၂၄။

ကရင်ပြည်နယ်၊ မြဝတီမြို့ကုန်သွယ်ရေးဇုန်အနီးရှိ ဝှေ့ရှမ်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းတို့ကြောင့် ဆိုင်နှင့် လူနေအိမ်များ ပျက်စီးခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။

မတ်လ ၂၈ ရက် ညနေ ၆ နာရီခွဲကစတင်၍ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး ဝှေ့ရှမ်း ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့သည့် အတွက် ဆိုင်ခန်း ၁ ခန်းနှင့် လူနေအိမ်များပျက်စီးခဲ့ရသည်ဟု ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင် ကိုဘောင်း က ပြောသည်။

၎င်းက “ ၆ နာရီခွဲလောက်ကစပြီး ပစ်တာ။ ကျွန်တော့်ဆိုင်ကို လက်နက်ကြီး ၂ လုံးကျတယ်။ လူတွေတော့ မထိခိုက်ဘူး။ ဆိုင်ပတ်ပတ်လည်း ၄ လုံးလောက်လည်း ပျက်စီးသွားတယ်” ဟု ဆိုသည်။

ယမန်နေ့ ည ၁၁ နာရီခန့်တွင်လည်း စစ်ကောင်စီတပ်က Y – 12 ထောက်ပို့လေ ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများထံကသိရသည်။

ဒေသခံ ၁ ဦးက  “  မနေ့ကည  ၁၁ နာရီလောက်က လေယာဉ်ပျံ Y – 12 နဲ့ လာပစ်တယ်။ ရွာထဲတော့ မကြဲဘူး။ ရွာအပြင်မှာကြဲတာ ၈ လုံးလောက်ရှိမယ်။  လက်နက်ကြီးပဲရွာထဲမှာကျတာ” ဟု ဆိုသည်။

ယခု မတ်လ ၇ ရက်ကစပြီး သင်္ဃန်းညီနောင်ဒေသရှိ ခမရ – ၃၅၅ ကို စတင်တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်က အနီးဝန်းကျင်ရှိကျေးရွာများကို နေ့စဉ်နီးပါး လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်နေသည်ဟု ကာကွယ်ရေးရဲဘော်များထံက သိရသည်။

မည်သည့်အဖွဲ့အစည်းက လက်နက်ကြီးဖြင့်ပစ်ခတ်သည်ဟု ဒေသခံများအတိအကျမသိရှိသော်လည်း မြဝတီမြို့ တွင်တာဝန်ထမ်းဆောင်နေသော BGF ဘက်တံဆိပ်ပြောင်းထားသည့် ကရင်အမျိုးသားတပ်မတော် – KNA တပ်ဖွဲ့ ဝင် ၁ ဦးကတော့ စစ်ကောင်စီတပ်သားများက လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောသည်။

“ ညီနောင်၊ ရွာသစ်၊ မြို့သစ် က လူနေအိမ်တွေမှန်သမျှကို စစ်တပ်ဘက်က အကုန်လိုက်ပြီး လေယာဉ်နဲ့ နေ့တိုင်းလိုက်ပစ်တာ၊ အခုလည်း သူတို့မပစ်ရင် ဘယ်သူပစ်မလဲ” ဟု ဆိုသည်။

ဝှေ့ရှမ်းတွင် အိမ်ထောင်စု ၁,၀၀၀ ကျော်ရှိသည်ဟု ၂၀၁၄ သန်းခေါင်စာရင်းအရသိရပြီး လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုများကြောင့် မတ်လအတွင်း နေအိမ်အလုံး ၂၀ ကျော်ပျက်စီးခဲ့ကာ ဒေသခံ ၃ ဦး သေဆုံးခဲ့ရသည်။

ထို့ပြင် မတ်လ ၂၆ ရက် ည ၈ နာရီကနေ နံနက် ၅ နာရီအထိ စစ်ကောင်စီတပ်က လက်ခတ်တောင်ဒေသကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၂၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဓါတ်ပုံ – ပေးပို့။

ပုံစာ – မတ်လ ၂၈ ရက်၊ ညပိုင်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပျက်ဆီးသွားသည့် ဆိုင်ကယ်ပြင်ဆိုင်။

************

Telegram– > https://t.me/newstlk/4059

YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d

Website – > https://thanlwinkhet.net/?p=8799

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီက ဓမ္မသရွာကို လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေ
Next Article အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွေ့ဆုံ
thanlwinkhet
  • Website

Related Posts

March 26, 2026

နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ

March 26, 2026

ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး

March 26, 2026

Leave A Reply Cancel Reply

Recent Posts

  • ပလက်ဝတွင် စစ်တပ် ဗုံးကြဲ၍ ဒေသခံ ၆ ဦး သေဆုံး
  • တိုက်ပွဲကာလအတွင်း ကိုးကန့်တပ်က နမ့်ဖတ်ကာရှိ အရပ်သားနေအိမ်များကို လုယက်ဖျက်ဆီးခဲ့
  • သွေးသစ်ကျောင်း ၅ ကြိမ်မြောက် အောင်လက်မှတ်အပ်နှင်းပွဲ
  • ငလျင် အပျက်အစီးနှင့် အကျပ်အတည်းများကြား ရုန်းထွက်နေရဆဲ ပြည်သူများ
  • (no title)

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ပလက်ဝတွင် စစ်တပ် ဗုံးကြဲ၍ ဒေသခံ ၆ ဦး သေဆုံး

တိုက်ပွဲကာလအတွင်း ကိုးကန့်တပ်က နမ့်ဖတ်ကာရှိ အရပ်သားနေအိမ်များကို လုယက်ဖျက်ဆီးခဲ့

သွေးသစ်ကျောင်း ၅ ကြိမ်မြောက် အောင်လက်မှတ်အပ်နှင်းပွဲ

ငလျင် အပျက်အစီးနှင့် အကျပ်အတည်းများကြား ရုန်းထွက်နေရဆဲ ပြည်သူများ

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ပလက်ဝတွင် စစ်တပ် ဗုံးကြဲ၍ ဒေသခံ ၆ ဦး သေဆုံး

March 30, 2026

တိုက်ပွဲကာလအတွင်း ကိုးကန့်တပ်က နမ့်ဖတ်ကာရှိ အရပ်သားနေအိမ်များကို လုယက်ဖျက်ဆီးခဲ့

March 30, 2026

သွေးသစ်ကျောင်း ၅ ကြိမ်မြောက် အောင်လက်မှတ်အပ်နှင်းပွဲ

March 30, 2026

ငလျင် အပျက်အစီးနှင့် အကျပ်အတည်းများကြား ရုန်းထွက်နေရဆဲ ပြည်သူများ

March 28, 2026

March 26, 2026

နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ

March 26, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.