• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နမ့်ဆန်မြို့နယ် အုမ်းစွမ်းရွာကို ဗုံးကြဲခံရ၍ အမျိုးသမီး တစ်ဦး သေဆုံး
  • NUG မှ ပြည်သူများအား လေးနှစ်ကျော်အတွင်း ကျပ် ၂၆ ဒဿမ ၇ ဘီလီယံထောက်ပံ့ထား
  • ကျောက်ဖြူတွင် လက်နက်ကြီးကျ၍ ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရ
  • စစ်တပ်ကြောင့် စက်တင်ဘာလ တစ်လတည်းတွင် အမျိုးသမီး ၅၀ နီးပါးခန့် သေဆုံး
  • ကြသောင်းဆိပ်ကျေးရွာအုပ်စုအား ဗုံးကြဲခံရ၍ ကလေး ၅ ဦး သေဆုံး
  • တောင်ကုတ်မှ ပြည်မသို့ ထွက်ခွာသည့် လူငယ် ၅၀ ခန့်ကို စစ်ကော်မရှင် ဖမ်းဆီး
  • ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ကျဉ်းများအား ဖိနှိပ်မှုများ ဆက်တိုက် လုပ်ဆောင်နေ
  • စစ်တပ်မှ AA ထိန်းချုပ်ထားသည့် နေရာများသို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နိုင်ငံတကာသတင်း»မြန်မာ့အရေးဖြေရှင်းနိုင်ရန် ထိုင်းအစိုးရကို အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီက အစီရင်ခံစာတင်သွင်း
နိုင်ငံတကာသတင်း

မြန်မာ့အရေးဖြေရှင်းနိုင်ရန် ထိုင်းအစိုးရကို အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီက အစီရင်ခံစာတင်သွင်း

thanlwinkhetBy thanlwinkhetMarch 18, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မြန်မာ့အရေးဖြေရှင်းနိုင်ရန် ထိုင်းအစိုးရကို အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီက အစီရင်ခံစာတင်သွင်း

**********

သံလွင်ခက်

မတ် ၁၈၊ ၂၀၂၄။

မြန်မာပြည်သူများရင်ဆိုင်နေရသည့် အကြပ်အတည်းများအားဖြေရှင်းကူညီနိုင်ရန် ထိုင်းအောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက မဟာဗျူဟာအစီအစဥ် ၄ ရပ်ချမှတ်ထားပြီး ယင်းအစီရင်ခံစာကိုလည်း ထိုင်းအစိုးရထံ တင်သွင်းထားသည်ဟု ယနေ့ထုတ်  Bangkok Post ဖော်ပြချက်အရသိရသည်။

အဆိုပါကော်မတီ၏ ဥက္ကဋ္ဌဖြစ်သလို ဖွေထိုင်းပါတီ၏လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သော နိုပဒွန် ပတ္တမ က မိမိတို့ကော်မတီသည် မြန်မာနိုင်ငံတွင်းက အခြေအနေများကိုစောင့်ကြည့်နေပြီး အကြပ်အတည်းအား အဆုံးသတ်စေမည့် ကြိုးပမ်းမှုမှန်သမျှအားလုံးကို ထောက်ခံသည်ဟု ပြောကြားခဲ့သည်။

အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီအနေဖြင့်လည်း မြန်မာ့အကြပ်အတည်းဖြေရှင်းရာတွင် အထောက် အကူဖြစ်စေမည့် အချက် ၄ ချက်ပါမဟာဗျူဟာတစ်ရပ်ကို ထိုင်းအစိုးရထံတင်သွင်းထားသည်ဟုဆိုသည်။

ပထမအချက်တွင် ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေသောအခြေအနေများကိုစောင့်ကြည့်ပြီး ကျယ်ကျယ်ပြန့်ပြန့်တုံ့ပြန်ဆောင်ရွက်နိုင်ရန် လုံခြုံရေးနှင့် နိုင်ငံခြားရေးဌာနကအရာရှိများပါဝင်သည့် အထူးကော် မတီတစ်ရပ်ဖွဲ့စည်းသင့်သည်ဟု ပါဝင်သည်။

ဒုတိယအချက်မှာတော့ မြန်မာနိုင်ငံတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် နယ်စပ်ဒေသများတွင်ခိုလှုံရန် နောက်ထပ်ရောက်ရှိလာနိုင်ဦးမည့် မြန်မာပြည်သူများနှင့်ပတ်သက်သော အရေးပေါ်အစီအစဥ်တစ်ရပ်ချမှတ်ထား သင့်သည်ဟုပါဝင်သည်။

လာမည့်ဧပြီလတွင်စတင်မည့် စစ်မှုမထမ်းမနေရဥပဒေကြောင့် မြန်မာနိုင်ငံတွင် တိုက်ပွဲများပိုပြီးပြင်းထန်လာလိမ့်မည်ဟု နိုပဒွန် ကဆိုသည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံမှထွက်ပြေးလာကြသည့် ဒုက္ခသည် ၁၀,၀၀၀ အား ရွာ ၃ ရွာတွင် နေရာချထား ပေးမည်ဟု ပြောဆိုထားသဖြင့် ယင်းအစား ဒေသအသီးသီးကိုရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအားလုံး အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများရောက်ရှိအောင် ဖြန့်ဝေပေးသင့်သည်ဟု တတိယအချက်တွင်ဖော်ပြထားသည်။

ယင်းသို့အကူအညီများဖြန့်ဝေရာတွင် အာဆီယံအနေဖြင့်လည်း ပါဝင်ကူညီသင့်သည်ဟု ၎င်းကပြောသည်။

“မြန်မာ့အကြပ်အတည်းကိုဖြေရှင်းတဲ့နေရာမှာ ထိုင်းနိုင်ငံက ဦးဆောင်ကဏ္ဍကနေ ပါဝင်သင့်တယ်”ဟုလည်း သူ က ပြောသည်။

နောက်ဆုံးအချက်မှာတော့ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးရရှိရန် ထိုင်းကိုယ်စားလှယ်၊ အာဆီယံဥက္ကဋ္ဌ၊ တရုတ်နှင့် အိန္ဒိယတို့ပါဝင်သည့် “မြန်မာ့အရေး သုံးပွင့်ဆိုင်အဖွဲ့”ဖွဲ့စည်ပြီးဆောင်ရွက်သင့်သည် ဟုပါဝင်သည်။

အဆိုပါမဟာဗျူဟာ ၄ ရပ်သည် အာဆီယံကချမှတ်ထားသည် 5 PC နှင့်လည်းကိုက်ညီမှုရှိသည်ဟု သူကဆိုသည်။

ဆက်လက်ပြီး ၎င်းက “မြန်မာ့ပဋိပက္ခတွေကရှုပ်ထွေးတယ်ဆိုပေမယ့် အာဆီယံနဲ့ ထိုင်းအတွက်တော့ ခက်ခဲလွန်း တဲ့ကိစ္စတော့လည်းမဟုတ်ပါဘူး” ဟုပြောသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ မတ်လအတွင်း ပေး အပ်မည်ဟုပြောဆိုထားပြီး လာမည့် မတ်လ ၂၅ ရက်တွင် အကူအညီပေးရေးပထမဆုံးယာဥ်တန်းသည် တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ တံတားအမှတ် ၂ ကတဆင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည်ဖြစ်သည်။

Ref: Bangkok Post

ဓာတ်ပုံ – သံလွင်ခက်

ပုံစာ – စစ်ရှောင်ပြည်သူများ။

************

Telegram– >  https://t.me/newstlk/3809

YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d

Website – >   https://thanlwinkhet.net/?p=8420

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရသေ့တောင်မြို့ကို AA အပြည့်အဝသိမ်းပိုက်
Next Article တပ်သားသစ်အပ်နှံရန် လုပ်ဆောင်နေသည့် အုပ်ချုပ်ရေးမှူးများကို ရေဘီလူးတပ်အရေးယူမည်
thanlwinkhet
  • Website

Related Posts

ချင်ပန်ဇီအကြောင်း အထူးပြုလေ့လာသူ ကွယ်လွန်

October 2, 2025

ဖိလစ်ပိုင်ငလျင် အနည်းဆုံး လူ ၆၉ ဦး သေဆုံး၊ အများအပြား ပျောက်ဆုံးနေ

October 1, 2025

မြောက်ကိုရီးယားအတွက် ငွေရှာပေးသည့် မြန်မာလက်နက်ကွန်ရက်ကို အမေရိကန် ဒဏ်ခတ်

September 29, 2025

Leave A Reply Cancel Reply

Recent Posts

  • နမ့်ဆန်မြို့နယ် အုမ်းစွမ်းရွာကို ဗုံးကြဲခံရ၍ အမျိုးသမီး တစ်ဦး သေဆုံး
  • NUG မှ ပြည်သူများအား လေးနှစ်ကျော်အတွင်း ကျပ် ၂၆ ဒဿမ ၇ ဘီလီယံထောက်ပံ့ထား
  • ကျောက်ဖြူတွင် လက်နက်ကြီးကျ၍ ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရ
  • စစ်တပ်ကြောင့် စက်တင်ဘာလ တစ်လတည်းတွင် အမျိုးသမီး ၅၀ နီးပါးခန့် သေဆုံး
  • ကြသောင်းဆိပ်ကျေးရွာအုပ်စုအား ဗုံးကြဲခံရ၍ ကလေး ၅ ဦး သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နမ့်ဆန်မြို့နယ် အုမ်းစွမ်းရွာကို ဗုံးကြဲခံရ၍ အမျိုးသမီး တစ်ဦး သေဆုံး

NUG မှ ပြည်သူများအား လေးနှစ်ကျော်အတွင်း ကျပ် ၂၆ ဒဿမ ၇ ဘီလီယံထောက်ပံ့ထား

ကျောက်ဖြူတွင် လက်နက်ကြီးကျ၍ ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရ

စစ်တပ်ကြောင့် စက်တင်ဘာလ တစ်လတည်းတွင် အမျိုးသမီး ၅၀ နီးပါးခန့် သေဆုံး

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နမ့်ဆန်မြို့နယ် အုမ်းစွမ်းရွာကို ဗုံးကြဲခံရ၍ အမျိုးသမီး တစ်ဦး သေဆုံး

October 14, 2025

NUG မှ ပြည်သူများအား လေးနှစ်ကျော်အတွင်း ကျပ် ၂၆ ဒဿမ ၇ ဘီလီယံထောက်ပံ့ထား

October 13, 2025

ကျောက်ဖြူတွင် လက်နက်ကြီးကျ၍ ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရ

October 13, 2025

စစ်တပ်ကြောင့် စက်တင်ဘာလ တစ်လတည်းတွင် အမျိုးသမီး ၅၀ နီးပါးခန့် သေဆုံး

October 13, 2025

ကြသောင်းဆိပ်ကျေးရွာအုပ်စုအား ဗုံးကြဲခံရ၍ ကလေး ၅ ဦး သေဆုံး

October 11, 2025

တောင်ကုတ်မှ ပြည်မသို့ ထွက်ခွာသည့် လူငယ် ၅၀ ခန့်ကို စစ်ကော်မရှင် ဖမ်းဆီး

October 11, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.