ထိုင်း – မြန်မာနယ်စပ်တွင် တံတားနီနေ့အထိမ်းအမှတ်ကျင်းပ
**********************************
ယမင်းဖူးပွင့်အောင်
မတ် ၁၆၊ ၂၀၂၄။
တံတားနီနေ့အခမ်းအနားကို ထိုင်း – မြန်မာနယ်စပ်တစ်နေရာ၌ “ထမင်းတစ်နပ် ၁၅ ဘတ်အဖွဲ့”က ဦးဆောင်၍ ယနေ့ ညနေ ၃ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအတွက် အသက်ပေးဆပ်စွန့်လွှတ်အနစ်နာခံခဲ့ကြသည့် သူရဲ
ကောင်းများကို နောက်လာနောက်သားတို့ အစဉ်အောက် မေ့စေရန်ရည်ရွယ်ချက်ဖြင့် ၃၆ ကြိမ်မြောက် တံတားနီနေ့အထိမ်းအမှတ်ကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားတွင် ကြွရောက်လာသောဧည့်သည်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ၈၈မျိုးဆက် ဗကသကျောင်းသားများက ကဗျာရွတ်ဖတ်ခြင်း၊ မိန့်ခွန်းပြောကြားခြင်းနှင့် အမှတ်တရစကားပြောကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။
၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်တွင် အင်းလျားကန်ပတ်လမ်း တံတားဖြူမှတ်တိုင်အနီးတွင် ရာနှင့်ချီသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို လုံထိန်းရဲများက ရိုက်နှက်၊ ပစ်ခတ်၊ ဖမ်းဆီးမှုကြောင့် ကျောင်းသား၊ ကျောင်းသူတို့၏ သွေးမြေကျခဲ့ရသည်။
လုံထိန်းများ၏ပစ်ခတ်မှုကြောင့် ရန်ကုန် စက်မှုတက္က သိုလ်ကျောင်းသားများဖြစ်သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်တွင် ကျဆုံးခဲ့ရခြင်းကို အကြောင်းပြုကာ မတ်လ ၁၆ ရက်တွင် ရန်ကုန်တက္က သိုလ်ကျောင်းသားများက လှိုင်နယ်မြေ ကျောင်းသူ ကျောင်းသားများနှင့် ပူးပေါင်းကာ ရန်ကုန်စက်မှုတက္က သိုလ်ဆီချီတက်စဉ် တံတားဖြူအလွန်တွင် နှစ်ဖက်ပိတ် ဆို့ ရိုက်နှက်ပစ်ခတ်ခံခဲ့ရသည်။
စစ်အာဏာရှင်များ၏ အကြမ်းဖက်နှိမ်နှင်းခြင်းကိုခံခဲ့ရ ကာ ကျောင်းသားထုကြီး သွေးမြေကျခဲ့ရသည့် အထိမ်း အမှတ်အဖြစ် “တံတားဖြူ” အား “တံတားနီ”ဟု ခေါ်ဆိုကာ အောက်မေ့ဖွယ်အခမ်းအနားများ နှစ်စဉ်ကျင်းပကြခြင်းဖြစ်သည်။
“တော်လှန်ရေးထဲမှာ လုပ်နေရင်းနဲ့မှ စိတ်ပျက်လာတာ။ စိတ်အားလျော့လာတာမျိုးမဖြစ်အောင် ပေးဆပ်အနစ် နာခံခဲ့ရတဲ့သူတွေ၊ အဖြစ်အပျက်တွေ မှတ်တမ်းတွေကိုပြပြီး သူတို့လိုချင်တဲ့ပန်းတိုင်ရောက်အောင် ကျန်ခဲ့တဲ့သူတွေ ဆက်ပြီးကြိုးစားရမယ့် တာဝန်ဖြစ်ပါတယ်”ဟု ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည့်တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ် ကဆိုသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3798
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8404