• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • အမေရိကန် ဗီဇာပိတ်ပြီးနောက် မြန်မာစီးပွားရေးလုပ်ငန်းရှင်နဲ့ မိသားစုဝင်တွေအတွက် ရက်ရှည်ဗီဇာ တရုတ် ခွင့်ပြု
  • လက်သည်မပေါ်သော ဖားကန့်လက်နက်ကြီးပစ်ခတ်မှု ကလေးသုံးဦးအပါအဝင် ရှစ်ဦးသေဆုံး
  • ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ
  • ကိုးနှစ် ကလေးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူများကို ပြင်းထန်သည့် ပြစ်ဒဏ်ပေးရန် တောင်းဆို
  • ကျားဖြန့်ဂိုဏ်းမှ နိုင်ငံခြားသား ကိုးဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း
  • လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်
  • နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြန်မာနယ်စပ်အနီး အိန္ဒိယစစ်တပ်ကင်းလှည့်
  • ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»အာရှမှာ ရေကြောင့်ဖြစ်တဲ့စစ်ပွဲတွေ စတင်တော့မလား . . . ?
ဆောင်းပါး

အာရှမှာ ရေကြောင့်ဖြစ်တဲ့စစ်ပွဲတွေ စတင်တော့မလား . . . ?

thanlwinkhetBy thanlwinkhetMarch 14, 2024No Comments5 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်
မတ် ၁၄၊ ၂၀၂၄။
(ယခင်ကဖော်ပြခဲ့သည့်ဆောင်းပါးဟောင်းကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်)
သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ကမ္ဘာကြီးဟာ အရင်တုန်းကနဲ့မတူတဲ့ အပူချိန်၊ အအေး ဒဏ်အပြင် အခြားရာသီဥတုဖောက်ပြန်မှုတွေကို ကြုံနေရပါပြီ။ အာရှနိုင်ငံတွေလည်း ထိုနည်းတူ သဘာဝရာသီ ဥတု ဖောက်ပြန်မှုတွေနဲ့ ကြုံတွေ့နေရပြီး လာမယ့် ၂၀၆၀ ပြည့်လွန်နှစ်တွေမှာ ရေကြောင့်ဖြစ်တဲ့စစ်ပွဲတွေ ကြုံလာ နိုင်သလားလို့ ပညာရှင်တွေက ကြိုတင်ခန့်မှန်းနေကြပါတယ်။
ရေကြောင်းပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေလည်း အာရှမှာ မြင့်တက်လာနေပါတယ်။ တောင်တရုတ်ပင်လယ်လို ပိုင်နက်အငြင်းပွားမှုတွေက အာရုံစူးစိုက်ခံရမှု မြှင့်တက်နေပြီး ဒီအငြင်းပွားမှုတွေက ပင်လယ်ရေကြောင်းလုံခြုံရေး နဲ့ ရေကြောင်းသွားလာမှုဆိုင်ရာလွတ်လပ်ခွင့်တွေကိုလည်း ခြိမ်းခြောက်နေပါတယ်။ နိုင်ငံဖြတ်ကျော်ပြီး မျှဝေသုံးစွဲ နေရတဲ့ ရေချိုအရင်းအမြစ်တွေပေါ်မှာလည်း မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုတွေရှိနေပြီး သက်ရောက်မှုတွေက အဖြစ်ဆိုးတွေချည်းပါပဲ။
ပထဝီဝင်နိုင်ငံရေးအရလည်း သဘောထားကွဲလွဲမှုတွေ မြင့်မားနေချိန်မှာ နောက်ထပ်ပြင်းထန်လာဦးမယ့် ရေချို အရင်းအမြစ်ပိုင်ဆိုင်မှုတွေက အာရှရဲ့ ရေရှည်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဆက်ပြီးခြိမ်းခြောက်မှုတစ်ခု အဖြစ် ထွက်ပေါ်လာနိုင်ပါတယ်။ အလားတူ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အော်စတင်မြို့ တက္ကဆက်တက္ကသိုလ်၊ ပန်ဆဲလ်ဗေးနီးယားပြည်နယ် တက္ကသိုလ်နဲ့ ဆင်ဝှာတက္ကသိုလ်တွေက သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ရဲ့ လေ့လာမှုတစ် ခုကို Nature Climate Change – သဘာဝရာသီဥတုပြောင်းလဲမှု ဂျာနယ်မှာဖော်ပြထားပြီး လာမယ့် ၂၀၆၀ ခုနှစ် အတွင်း တရုတ်နိုင်ငံ ချင်းဟိုင်း – တိဘက် ကုန်းပြင်မြင့်မှာရှိတဲ့ စုစုပေါင်းရေသိုလှောင်မှု – TWS က သိသိသာသာ ဆက်ပြီးကျဆင်းနေမယ်လို့ ဖော်ပြထားပါတယ်။
ဒီလေ့လာမှုမှာ အမူဒါယာမြစ်၊ အိန္ဒုမြစ်၊ ဂင်္ဂါ-ဗြဟ္မပုတ္တမြစ်၊ သံလွင်-မဲခေါင်မြစ်၊ ယန်ဇီမြစ်နဲ့ မြစ်ဝါမြစ်တို့ရဲ့ မြစ်ဝှမ်း စနစ် ၇ ခုကိုလေ့လာခဲ့ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်ဆုံးရှုံးနေရမှုက “အာရှရဲ့ ရေမျှော်စင်” သို့မဟုတ် “ကမ္ဘာ့ခေါင်မိုးကြီး”လို့ လူသိများတဲ့ ချင်းဟိုင်း-တိဘက် ကုန်းပြင်မြင့်ပါ။ အခုကို ရေအရင်းအမြစ်အတွက် တိုက်ပွဲတွေဖြစ်နေပြီး အဓိကရန်လိုသူကတော့ တရုတ်ပါ။
တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့နယ်မြေစိုးမိုးဗိုလ်ကျမှုတစ်ခုက နိုင်ငံဖြတ်ကျော်သယံဇာတ ခိုးယူ မှုပါပဲ။ ချင်းဟိုင်း-တိဘက်ကုန်းပြင်မြင့်ရဲ့ ရေခဲမြစ်တွေ အရည်ပျော်ကျလာမှုနဲ့ တောင်စမ်းရေတွင်းတွေဟာ တရုတ် နိုင်ငံကနေ အာရှတိုက်မှာရှိတဲ့ မြစ်အောက်ပိုင်းနိုင်ငံ အများအပြားကို စီးဆင်းနေပါတယ်။
အာရှနိုင်ငံတွေရဲ့ လူတစ်ဦးချင်းဆီရရှိတဲ့ ရေချိုပမာဏက တခြားတိုက်ကြီးတွေထက်နည်းပါးနေပြီး MIT -Massachusetts Institute of Technology ရဲ့လေ့လာမှုတစ်ခုမှာတော့ လာမယ့် ၂၀၅၀ ခုနှစ်အတွင်း ပြင်းထန်တဲ့ ရေပြတ်တောက်ရှားပါးမှုနဲ့ ဆက်ပြီးကြုံနေရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အာရှတိုက်မှာကြုံနေရတဲ့ ရေ အရင်းအမြစ်စိန်ခေါ်မှုတွေဟာ ရေအရင်းအမြစ်စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် ဖြစ်လာရတယ်ဆိုပေမယ့် နောက်ထပ် ဖိအားတွေကလည်း ရှိနေပြန်သေးတဲ့အတွက် ပိုပြီးဆိုးရွားလာနေပါတယ်။
အဲဒီလိုဖိအားတွေထဲမှာ လူဦးရေးတိုးပွားမှုနှုန်း မြန်ဆန်လွန်းတာ၊ မြို့ပြစနစ် မြန်ဆန်ထွန်းကားလာတာနဲ့ ရေ လိုအပ်ချက်ကြီးမားလာပြီး သမိုင်းကြောင်းအရဆိုလျှင်လည်း မြစ်အထက်ပိုင်းနှင့် မြစ်အောက်ပိုင်းနိုင်ငံတွေ အကြားမှာဖြစ်ပွားလေ့ရှိတဲ့ ရေအရင်းအမြစ် ပဋိပက္ခများတွေနဲ့ပတ်သက်ပြီး ပထဝီနိုင်ငံရေး တင်းမာမှုတွေပေါ် ပေါက်လာတာပါပဲ။ “ရေကြောင့်ဖြစ်တဲ့စစ်ပွဲ” ဒါမှမဟုတ် “ရေဘေးအကြပ်အတည်း” ဖြစ်လာမယ့်စိုးရိမ်မှုတွေကို ရှောင်ရှားနိုင်ဖို့ အာရှအစိုးရတွေအနေနဲ့ သူတို့ရဲ့ ရေအရင်းအမြစ်တွေကို စီမံခန့်ခွဲမှုကောင်းကောင်း လုပ်ဆောင် ထားပြီး ရေအရင်းအမြစ်ဆိုင်ရာ လုံခြုံရေးတွေအတွက်နဲ့ပတ်သက်တဲ့ အစိုးရရဲ့ချဉ်းကပ်မှုတွေကို ပြန်ပြီးစဉ်းစားထားသင့်ပါတယ်။
ရာသီဥတုအပြောင်းအလဲ
********************
မကြာသေးတဲ့ ဆယ်စုနှစ်တွေကစပြီး ရာသီဥတုပြောင်းလဲမှုက (ရေမျက်နှာပြင်အထက်နဲ့ အောက်ရေသိုလှောင် မှု)ရဲ့ စုစုပေါင်းရေသိုလှောင်မှု(TWS)ကို ဆိုးဆိုးရွားရွား လျော့နည်းသွားစေခဲ့ပါတယ်။ ဒီအချက်က ရေရရှိနိုင်မှုကို ဆုံးဖြတ်ရာမှာ မရှိမဖြစ်လိုအပ်ပါတယ်။ ရေသိုလှောင်မှု အခြေအနေတွေက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သက်ရောက်မှုတွေ (ဥပမာ-ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုဖြစ်ရပ်တွေ ကြောင့်)နဲ့ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုတွေနဲ့ ထိခိုက်ဆက်စပ်နေပါတယ်။
Nature Paper စာရေးဆရာတွေရဲ့ ရေးသားဖော်ပြချက်အရ နှစ်စဉ်ဆုံးရှုံးနေရတဲ့ စုစုပေါင်းရေသိုလှောင်မှု- TWS ပမာဏက ကမ္ဘာ့အမြင့်ဆုံး ကုန်းမြင့်တောင်တန်းဒေသဖြစ်တဲ့ ဟိမဝန္တကုန်းပြင်မြင့်မှာရှိတဲ့ တိဘက်ကုန်းပြင်မြင့်ရဲ့ တချို့နေရာတွေမှာ ၁၅ ဒဿမ ၈ ဂစ်ဂါတန်ရှိနေပါတယ်။ ဒီဒေသတွေရဲ့ သီးခြားလက္ခဏာတွေက မြင့်မားလွန်းနေခြင်း ဖြစ်ပြီး ရေခဲတွေနဲ့အစဉ် ဖုံးလွှမ်းနေတဲ့ဖြစ်စဉ်ဖြစ်ပြီး ရာသီဥတုကလည်း အမြဲအေးခဲနေလေ့ ရှိပါတယ်။ ဒီအချက်အလက်တွေကို အခြေခံပြီး အလယ်အလတ်တန်းစား ကာဗွန်ထုတ်လွှတ်မှုအခြေအနေ အောက်မှာ ၂၀၅၀ ခုနှစ်အတွင်း ချင်းဟိုင်း – တိဘက်ကုန်းပြင်မြင့်ဒေသဟာ စုစုပေါင်းရေသိုလှောင်မှု – TWS ၂၃၀ ဂစ်ဂါတန်ခန့် အသားတင်ဆုံးရှုံးရနိုင်လိမ့်မည်လို့ ခန့်မှန်းထားကြပါတယ်။
မြစ်ဝှမ်းတစ်ချို့ရဲ့မြစ်အောက်ပိုင်းမှာရှိတဲ့ (ဂင်္ဂါ-ဗြဟ္မပုတ္တရ ၊ သံလွင်-မဲခေါင်၊ ယန်ဇီ)တို့မှာ ရေလိုအပ်ချက်ကို အခြားအချက်တွေနဲ့ ဖြည့်ဆည်းပေးနိုင်ပေမယ့် အမူဒါယာနဲ့ အိန္ဒုမြစ်ဝှမ်းတွေအတွက်တော့ အဲဒီလိုမဟုတ်ပါဘူး။ Pamir တောင်တွေမကနေ မြစ်ဖျားခံပြီး အာဖဂန်နစ္စတန်နဲ့ အာရှအလယ်ပိုင်းကို ရေပေးဝေနေတဲ့ အမူဒါယာမြစ်ဝှမ်းကနေ ရေပေးဝေနိုင်မှု ၁၁၉ ရာခိုင်နှုန်းကျော် ကျဆင်းသွားတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ အလားတူပဲ ချင်းဟိုင်း-တိဘက် ကုန်းပြင်မြင့်ကနေ မြစ်ဖျားခံလာတဲ့ အိန္ဒုမြစ်ဝှမ်းကလည်း အိန္ဒိယမြောက်ပိုင်းနဲ့ ပါကစ္စတန်ကို ရေပေးဝေနေရတဲ့အတွက် ရေပေးဝေနိုင်မှုရဲ့ ၇၉ ရာခိုင်နှုန်း လျှော့ကျသွားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
အထူးသဖြင့်ကတော့ အာရှမှာကမ္ဘာလုံးဆိုင်ရာ ရေလုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကို အလေးထားဖော်ပြလာပါ တယ်။ ကမ္ဘာလုံးဆိုင်ရာ ရေချိုဝယ်လိုအားက မသေချာမရေရာ ဖြစ်လာနေပါတယ်။ လက်ရှိ ခန့်မှန်းချက်တွေအရ ကမ္ဘာတစ်ဝှမ်းလုံးမှာ လူပေါင်းသုံးယောက်မှာ တစ်ယောက်နှုန်းက(တစ်ဘီလီယံကျော်)က သန့်ရှင်းတဲ့ သောက်သုံးရေသုံးစွဲခွင့် မရသေးပါဘူး။ ဒါ့အပြင် တစ်ကမ္ဘာလုံးမှာရှိတဲ့ လူပေါင်း ၂ ဒဿမ ၂ ဘီလီယံဟာ လုံခြုံစိတ်ချစွာနဲ့ စီမံခန့်ခွဲထားတဲ့ သောက်သုံးရေသန့် ဝန်ဆောင်မှုတွေ မရရှိကြပါဘူး။
ကုလသမဂ္ဂရဲ့အဆိုအရ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ နိုင်ငံထက်ဝက်လောက်ဟာ ၂၀၂၅ ခုနှစ်မှာ ရေပြတ်လပ်မှု ဒါမှမဟုတ် ဖိစီးမှုကြုံတွေ့ရပါလိမ့်မယ်။ အဲလိုအချိန်ရောက်လာခဲ့ရင်တော့ လူပေါင်း ၁ ဒဿမ ၈ ဘီလီယံနီးပါးဟာ လုံးဝရေရှားပါတဲ့ဒေသတွေမှာ နေထိုင်နေကြရပါလိမ့်မယ်။ ကမ္ဘာ့လူဦးရေရဲ့သုံးပုံနှစ်ပုံကလည်း ရေအကြပ် အတည်းနဲ့ ရင်ဆိုင်ရနိုင်ဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ၂၀၅၀ မှာ ကမ္ဘာ့လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းအထိ ရေရှားပါးမှု ဒဏ်ကို ခံရနိုင်ပါတယ်။ ဥပမာအနေနဲ့-၂၀၅၀ ခုနှစ် အရောက်မှာတော့ လူဦးရေ ၄ ဒဿမ ၈ ကနေ ၅ ဒဿမ ၇ ဘီလီယံကြားမှဦရှိတဲ့ ရေရှားပါးတဲ့ ဒေသတွေမှာ နေထိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
အာရှနိုင်ငံတွေမှာတော့ ရေနဲ့ပတ်သက်တဲ့စိန်ခေါ်မှုတွေက သိသာပြင်းထန်လာပါတယ်။ အာရှဟာ ကမ္ဘာ့လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်နေထိုင်ပေမယ့် အန္တာတိကတိုက်ကလွဲပြီး တခြားတိုက်ကြီးတွေထက် တစ်နှစ်မှာရေချို ၃၉၂၀ ကုဗမီတာလျော့နည်းပါတယ်။
ချင်းဟိုင်း-တိဘက်ကုန်းပြင်မြင့်ကိစ္စကြောင့် အဲဒီဒေသတွေမှာတော့ ရေအရင်းအမြစ်ပေါများပြီး သုံးစွဲမှုနှုန်း နည်းပါးပါတယ်။ အာရှတိုက်ရဲ့ မြစ်ဝှမ်းဒေသတွေကို ဖြည့်ဆည်းပေးတဲ့ အဓိကမြစ်ကြီး ၁၀ မြစ်က စီးဆင်းလာတဲ့ရေတွေက ကမ္ဘာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ ၁ ဒဿမ ၃၅ ဘီလီယံကျော်ဟာ တရုတ်နိုင်ငံ ချင်းဟိုင်း-တိဘက် ကုန်းပြင်မြင့်ကနေ မြစ်ဖျားခံလာတဲ့မြစ်တွေပေါ်မှာ မှီခိုနေရပါတယ်။ ဒါပေမယ့် ချင်းဟိုင်း-တိဘက် ကုန်းပြင်မြင့်ဟာ ရာသီဥတုပြောင်းလဲမှုကြောင့် သိသာတဲ့သက်ရောက်မှုရှိပါတယ်။ ၁၉၆၁ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း ဆယ်စုနှစ်တစ်ခုမှာ နှစ်စဉ်လေထုအပူချိန် ၀ ဒဿမ ၃၂ ဒီဂရီစင်တီဂရိတ် တိုးလာခြင်းနဲ့ မြေအောက်ရေတွေ သိသာထင်ရှားစွာပဲ လျော့နည်းလာခဲ့ပါတယ်။ ဒေသရဲ့ ရေခဲမြစ်အရွယ်အစား သိသိသာသာ လျော့ကျလာတဲ့အတွက် TWS ကျဆင်းမှုက ပိုပြီးတော့တောင် သက်ဆိုင်လာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အာရှဟာ နောက်ထပ်ဖိအားတွေ အများကြီးရဲ့ စိန်ခေါ်မှုကိုလည်း ရင်ဆိုင်နေရပါတယ်။ ကမ္ဘာ့လူဦးရေတိုးပွားမှုရဲ့ သုံးပုံနှစ်ပုံနီးပါးဟာ အာရှမှာဖြစ်ပေါ်နေပါတယ်။ ၂၀၅၀ ခုနှစ်မှာတော့ တိုက်ကြီးရဲ့ လူဦးရေက ၅ ဒဿမ ၂၆ ဘီလီယံအထိ တိုးလာမယ်လို့ခန့်မှန်းထားပါတယ်။ အာရှမှာရှိတဲ့ ကျေးလက်လူဦးရေဟာ အခုချိန်ကစပြီး ၂၀၂၅ ခုနှစ်အတွင်း အတူတူပဲဖြစ်နေမှာ ဆိုပေမယ့် မြို့ပြလူဦးရေကလည်း အလားတူ တိုးပွားလာပါလိမ့်ဦးမယ်။ မြို့ပြလူဦးရေ ၆၀ ရာခိုင်နှုန်း တိုးလာပါမယ်။ လူဦးရေတိုးပွားနှုန်းမြန်ဆန်မှုနဲ့ မြို့ပြအသွင်ကူးပြောင်းမှုနဲ့အတူ တပြိုင်နက် ရေလိုအပ်မှုနဲ့အတူ အာရှရဲ့ ရေအရင်းအမြစ်တွေအပါ် ပိုပြီးဖိအားပေးလာမှာကတော့ မလွဲဧကန်ပါပဲ။
ရေနဲ့ ပထဝီနိုင်ငံရေး အဆက်အစပ်
*********************
တရုတ်နိုင်ငံရဲ့ ရေအရင်းအမြစ် လုံခြုံရေးပြဿနာတွေက ပိုပြီးရှုပ်ထွေးပါတယ်။ အာရှရဲ့ အရှည်လျားဆုံးနဲ့ အရေး အပါဆုံးမြစ်တွေဟာ ဒေသတွင်းရေအားလျှပ်စစ်အရင်းအနှီးတွေရဲ့ စူပါပါဝါတွေဆီ ဦးတည်နေကြပေမယ့် လွတ်လပ်တဲ့ရေကြောင်းနယ်နိမိတ် ဖြတ်ကျော်မှုဆိုင်ရာ မူဝါဒတွေမရှိပါဘူး။ အဲဒီအစား နိုင်ငံဖြတ်ကျော် ရေအရင်းအမြစ် စီမံခန့်ခွဲမှုတွေက မြစ်အောက်ပိုင်းနိုင်ငံအများစုနဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဆက်ဆံရေးရဲ့ ပိုပြီးကျယ်ပြန့်တဲ့မူဘောင်အောက်ကို ကျရောက်နေပါတယ်။
နိုင်ငံတကာအငြင်းပွားမှုများကို ဖြေရှင်းဖို့ ဘက်စုံမူဘောင်များကိုလည်း တရုတ်နိုင်ငံက မယုံကြည်တဲ့အတွက် ဘေကျင်းအနေနဲ့ အိမ်နီးချင်းတွေနဲ့ ရေအရင်းအမြစ်ခွဲဝေရေး သဘောတူညီချက်စာချုပ် ဒါမှမဟုတ် နိုင်ငံတကာကထိန်းချုပ်ထားတဲ့ ရေပြင်နယ်နိမိတ် သဘောတူစာချုပ်ကိုလည်း လက်မှတ်ထိုးခြင်းမရှိဘဲ မြစ်အောက်ပိုင်းဒေသတွေမှာ ရေအရင်းအမြစ် မျှဝေသုံးစွဲခွင့်နဲ့ ထိန်းချုပ်ခွင့်ဆိုင်ရာ ပဋိပက္ခဖြစ်နိုင်ခြေအပေါ် စိုးရိမ်စရာအခြေအနေတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ တရုတ်ရဲ့ အိမ်နီးချင်းတချို့ကလည်း သဘောတူညီချက်ကို လက်မှတ်မထိုးခဲ့ကြပါဘူး။
ရှုပ်ထွေးတဲ့ကိစ္စတွေနဲ့အတူ ရေအရင်းအမြစ်စိန်ခေါ်မှုတွေအတွက် တရုတ်ရဲ့ အဓိကချဉ်းကပ်မှုက ရေအားလျှပ်စစ်ဆည်ကြီးတွေလို ကြီးမားတဲ့ရေအားလျှပ်စစ် အခြေခံအဆောက်အဦတွေ ဆောက်လုပ်တာပါပဲ။ ရေအားလျှပ်စစ်ဆည်တွေဟာ မြစ်အောက်ပိုင်းဒေသဆီ မြစ်ရေစီးဆင်းမှုကို ထိခိုက်စေတဲ့အတွက် ရေပေးဝေမှုအပေါ် ကြီးမားတဲ့သက်ရောက်မှုရှိနိုင်ပါတယ်။ ရပ်ဝန်းနဲ့ ပိုးလမ်းမ(BRI) တစ်စိတ်တစ်ပိုင်းအနေနဲ့ တရုတ်နိုင်ငံဟာ တရုတ်ပိုင်နက်နဲ့ မြစ်အောက်ပိုင်းမှာရှိတဲ့ နိုင်ငံဖြတ်ကျော်မြစ်တွေမှာ ရေအားလျှပ်စစ် ဆည်များစွာကို တည်ဆောက်နေခဲ့ပါတယ်။
ဒါပေမယ့်လည်း ဗြဟ္မပုတ္တရ၊ မဲခေါင်နဲ့ သံလွင်မြစ်တွေအပါအဝင် နိုင်ငံတကာက အရေးကြီးမြစ်တွေမှာ နယ်နိမိတ် ဖြတ်ကျော်ပြီး မြစ်အထက်ပိုင်းရေကာတာတွေ တည်ဆောက်နေတာက မြစ်အောက်ပိုင်းဒေသမှာရှိတဲ့ ဂေဟစနစ်၊ လူမှုစီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေအတွက် သိသာထင်ရှားတဲ့ စိုးရိမ်ပူပန်မှုတွေကိုဖြစ်ပေါ်စေခဲ့ ပါတယ်။ ဒီအချက်က ဘူးလေးရာဖရုံဆင့်တာပါပဲ။
ဥပမာအနေနဲ့ Stimson Center ရဲ့ ၂၀၂၀ အစီရင်ခံစာမှာ မဲခေါင်မြစ်အထက်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ ရေကာတာစီမံကိန်းက မြစ်အောက်ပိုင်းမှာရှိတဲ့ ရေပမာဏကို သိသာထင်ရှားစွာ ပြောင်းလဲချိတ်ဆက်နေပါတယ်။ အစီရင်ခံစာအရ ရေအားလျှပ်စစ်တမံတွေဟာ ၂၀၁၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံ၊ ချင်းဆန်မှာ နှစ်စဉ်မုတ်သုံလေမြင့်တက်မှုကို တားဆီးနိုင်ခဲ့တဲ့အထိ ရေအားပြန်လည် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အခုတစ်ကြိမ်ကတော့ ခေတ်သစ်မှတ်တမ်းတွေ ထူထောင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ရေအားလျှပ်စစ်ဆည်တွေ တိုးလာခြင်းလာကြောင့် တရုတ်နဲ့ မြစ်အောက်ပိုင်းနိုင်ငံ အသီးသီးကြားမှာ တင်းမာမှုတွေ တိုးလာခဲ့ပါတယ်။ မြစ်အောက်ပိုင်းဒေသဟာ ရေအားလျှပ်စစ်ဆည်တွေကို အသုံးပြုပြီး အိမ်နီးချင်းနိုင်ငံတွေကို လုံလောက်တဲ့ရေပေးဝေမှုမရှိဘဲ ထွက်ခွာသွားတာမျိုး ဒါမှမဟုတ် အငြင်းပွားစရာ ပဋိပက္ခတစ်စုံတစ်ရာဖြစ်လာခဲ့ရင် မြစ်အောက်ပိုင်းက ပိုက်တွေပိတ်ပြီး ရေအားလျှပ်စစ်စီမံကိန်းတွေကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ခြေရှိလာမှာကို ပိုပြီးစိုးရိမ်လာနေရပါတယ်။ ဒီလိုမျိုးကြီးထွားလာနေတဲ့ စိုးရိမ်မှုတွေနဲ့အတူ တရုတ်နိုင်ငံက အဆိုပြုထားတဲ့ ၆၀ ဂစ်ဂါဝပ် စူပါရေကာတာရဲ့ခြိမ်းခြောက်မှုကို တုန့်ပြန်တဲ့အနေနဲ့ အိန္ဒိယကလည်း ဝေးလံခေါင်သီတဲ့ အရှေ့ပိုင်းပြည်နယ်မှာ နိုင်ငံပိုင် ၁၀ ဂစ်ဂါဝပ် ရေအားလျှပ်စစ်ဆည် တည်ဆောက်ဖို့စဉ်းစားနေတယ်လို့ ကြေညာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ မြစ်ဆုံစီမံကိန်းအဆိုပြုချက်တွေ ကလည်း မြစ်အောက်ပိုင်းဒေသအတွက် အချက်ပေးသံအဖြစ် ထွက်ပေါ်လာပါတယ်။ စီမံကိန်းအဆိုပြုချက် တစ်ခုကတော့ အထူးသဖြင့် အလံနီမြစ် အယူအဆဖြစ်ပြီး အဲဒီအယူအဆက ဂေဟစနစ်ကိုပျက်စီးလွယ်တဲ့ ချင်းဟိုင်း-တိဘက် ကုန်းပြင်မြင့်မှာရှိတဲ့ အဓိကမြစ်ကြီးတွေက နှစ်စဉ်ကုဗမီတာ ၆၀ ဘီလီယံကုဗမီတာကို ရေရှားပါးတဲ့ ရှင်းကျန်းနဲ့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ တခြားဒေသတွေကို လမ်းကြောင်းလွှဲပေးဖို့ရည်မှန်းထားပါတယ်။ ဒါကြောင့် နိုင်ငံဖြတ်ကျော်မြစ် သုံးစင်းဖြစ်တဲ့ (ဗြဟ္မပုတ္တရ၊ မဲခေါင်၊ သံလွင်) တို့ကို သက်ရောက်မှုရှိပါလိမ့်မယ်။ ချင်းဟိုင်း – တိဘက် ကုန်းပြင်မြင့်က ရေအရင်းအမြစ်တွေဟာ ၁၉၆၀ ခုနှစ်ကတည်းက ပမာဏအများကြီး လျော့နည်းသွားခဲ့ပေမယ့် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဒေသရဲ့ဖွံ့ ဖြိုးတိုးတက်မှုကို အားပေးနိုင်မယ်လို့ တရုတ်ပညာရှင်တွေက ယုံကြည်နေကြပါတယ်။
“ရေကြောင့်ဖြစ်တဲ့စစ်ပွဲတွေ”အတွက် အစီအစဉ်တွေရှိနေပြီလား
**********************
မီဒီယာတွေရဲ့ ထင်ကြေးတချို့နဲ့ စိတ်ကူးယဉ်ဆန်တဲ့ ခေါင်းစီးသတင်းတွေကြောင့် ရေကြောင့်ဖြစ်တဲ့စစ်ပွဲအပေါ် တစ်စုံတစ်ရာ ထင်ကြေးပေးမှုတွေကတော့ ရှိနေပါတယ်။ ရေနဲ့ပဋိပက္ခ ဆက်နွယ်နေပုံကို နိုင်ငံရေးသမား အမျိုးမျိူးနဲ့ နိုင်ငံတကာထိပ်တန်းအဖွဲ့အစည်းတွေက အဆင့်မြင့်အရာရှိတွေဖြစ်တဲ့ ကုလအတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန်၊ ဘန်ကီမွန်းနဲ့ ဘူထရိုစ့် ဘူထရိုစ့် ဂါလီတို့ကလည်း ရေကြောင့်ဖြစ်မယ့် စစ်ပွဲတွေအကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တတ်သိပညာရှင်တွေနဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေကလည်း နိုင်ငံရေးနဲ့လူမှုစီးပွားရေး မတည်ငြိမ်မှုတွေ အထူးသဖြင့် နယ်နိမိတ်ဖြတ်ကျော် ရေအရင်းအမြစ်အကြပ်အတည်း တွေ နဲ့ ဆက်စပ်နေတဲ့အန္တရာယ်တွေကို ဖော်ထုတ်ခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် – WEF ရဲ့ ၁၀ ကြိမ် မြောက်ကမ္ဘာလုံးဆိုင်ရာ အန္တေရာယ်အစီရင်ခံစာမှာလည်း ရေအရင်းအမြစ်အကျပ်အတည်းကို ကမ္ဘာ့ အန္တရာယ်အများဆုံး ပထမအဆင့်ထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
မကြာသေးတဲ့ ၂၀၂၀ ဇူလိုင်လတုန်းကလည်း လာမယ့် နှစ်ပေါင်း ၃၀ အတွင်း ကမ္ဘာလုံးဆိုင်ရာ ရေလုံခြုံရေးကို စစ်ဆေးခဲ့ပါတယ်။ ရေအလုံအလောက်မရခဲ့ရင်တော့ အဲဒီနိုင်ငံတွေဟာ လူမှုစီးပွားရေး၊ နိုင်ငံရေးနဲ့ ပြည်သူ့ ကျန်းမာရေးတို့အပြင် ရာသီဥတုဖောက်ပြန်မှု သက်ရောက်မှုတွေကြောင့် ပြည်တွင်းအသားတင်ထုတ်လုပ်မှု ကျဆင်း သွားမယ်လို့ မှတ်သားထားပါတယ်။ U.S.NIC Global Trends 20025 အစီရင်ခံစာမှာလည်း “ပြောင်းလဲနေတဲ့ ရေအရင်းအမြစ်တွေကို စီမံခန့်ခွဲဖို့ ပူးပေါင်းဆောင်ရွက်ရာမှာ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေအတွက် ပိုပြီးခက်ခဲလာနိုင်ဖွယ်ရှိတယ်”လို့လည်း ခန့်မှန်းထားပါတယ်။ တချို့ကတော့လည်း ရေကြောင့်ဖြစ်တဲ့စစ်ပွဲကို ငြင်းဆိုထားပါတယ်။ စစ်ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းက ရေကြောင့်မဟုတ်ဘူးလို့ ပညာရှင်အများအပြားကလည်း ထောက်ပြ ပြောဆိုကြပါတယ်။ တချို့သော ပညာရှင်များကလည်း ရေပဋိပက္ခဆိုတာ မတူညီတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အတိုင်းအတာအမျိုးမျိုးမှာ အတူယှဉ်တွဲ နေထိုင်နိုင်ကြောင်း မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။
နိုင်ငံများအနေဖြင့် ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နဲ့ ရေအရင်းအမြစ်လုံခြုံရေးအတွက် ချဉ်းကပ် နည်းတွေကို ပြန်လည်စဉ်းစားသင့်ပြီး ရေအကျပ်အတည်းအတွက် နောက်ထပ်စိုးရိမ်စရာတွေကို ရှောင်ရှားသင့်ပါတယ်။ အထူးသဖြင့်ကတော့ ရေလိုအပ်ချက်ကို လျှော့ချဖို့သာမက ရေအရည်အသွေး မြှင့်တင်ဖို့ ရေစီမံခန့်ခွဲမှုအလေ့အကျင့်တွေ မြှင့်တင်ပေးဖို့ အစိုးရကဆောင်ရွက်ရပါမယ်။
အာရှမှာတော့ ရေနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေက နောက်လာမယ့်ဆယ်စုနှစ်အတွင်း တိုးလာနိုင်ပါတယ်။ အာရှမှာ ရေမလုံခြုံမှုနဲ့ ရေစီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့စိန်ခေါ်မှုတွေဟာ ရာသီဥတုဖောက်ပြန်ခြင်းရဲ့ သက်ရောက်မှုတွေကြောင့် ဆက်ပြီးဆိုးရွားနေပါဦးမယ်။ မြစ်အောက်ပိုင်းဒေသအတွက် တရုတ်နိုင်ငံရဲ့ ဆည်တည်ဆောက်ရေး အစီအစဉ်တွေကြောင့် ပိုပြီးဆိုးရွားသွားတဲ့ ရေစီမံခန့်ခွဲမှုနဲ့ ရေရရှိနိုင်မှုဆိုင်ရာ လက်ရှိစိုးရိမ်မှုတွေမှာ နောက်ထပ်စိန်ခေါ်မှု အသစ်တစ်ရပ် ထပ်တိုးလာစေခဲ့ပါတယ်။
“ရေကြောင့်ဖြစ်တဲ့စစ်ပွဲ”က သမိုင်းဆိုင်ရာ အထောက်အထား ကင်းမဲ့နေပေမယ့် လူဦးရေမြန်မြန်ဆန်ဆန် တိုးတက်လာနေမှုနဲ့ မြို့ပြဖြစ်တည်မှုရဲ့ ဆက်စပ်နေတဲ့ စိုးရိမ်ပူပန်မှုတွေကို တိုးပွားလာစေမယ့် ရေလိုအပ်ချက်တွေကိုပေါင်းစည်းပြီး နိုင်ငံတွေရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းနေတာကိုတော့ ငြင်းမရပါဘူး။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးသက်ရောက်မှုတွေကလည်း ဒီသိသာထင်ရှားတဲ့ စိုးရိမ်မှုတွေကို ပိုပြီးဆိုးရွားစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာတော့ “ရေစစ်ပွဲ” ဒါမှမဟုတ် “ရေအကျပ်အတည်း”ကို ဖယ်ရှားကြည့်လို့တော့ မရနိုင်ပါဘူး။ နောက်ဆက်တွဲဖြစ်လာမယ့် ရေအခက်အခဲနဲ့ ရေလုံခြုံရေးကိစ္စတွေ သေချာအောင် နိုင်ငံတွေအနေနဲ့ ရေလိုအပ်ချက် စီမံခန့်ခွဲမှုနည်းလမ်းတွေကို အကောင်အထည်ဖော်ခြင်းဖြင့် ရေစီမံခန့်ခွဲမှုကို မြှင့်တင်ရပါတော့မယ်။
ဓာတ်ပုံ – Adobe Stock
“The Diplomat”တွင် ဖော်ပြထားသော ဆောင်းပါးရှင် “Genevieve Donnellon-May” ၏ “Are ‘Water War’ Coming to Asia?”ကို ဆီလျော်အောင်ရေးသားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleတွံတေးမြို့နယ်တွင် သတ်မှတ်ချိန်ထက်စော၍ စစ်မှုထမ်းရန်မဲနှိုက်ခိုင်း
Next Article ပခုက္ကူမြို့နယ်ရှိစာသင်ကျောင်းကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ ကျောင်းဆရာ ၁ ဦး သေဆုံး
thanlwinkhet
  • Website

Related Posts

တရုတ်အမြတ်ထွက်တဲ့ စစ်ကောင်စီရွေးကောက်ပွဲ

May 25, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

တရုတ်လိုလားတဲ့ရှမ်းမြောက်နဲ့ TNLA စစ်ရေးအပြောင်းအလဲ

May 11, 2025

Leave A Reply Cancel Reply

Recent Posts

  • အမေရိကန် ဗီဇာပိတ်ပြီးနောက် မြန်မာစီးပွားရေးလုပ်ငန်းရှင်နဲ့ မိသားစုဝင်တွေအတွက် ရက်ရှည်ဗီဇာ တရုတ် ခွင့်ပြု
  • လက်သည်မပေါ်သော ဖားကန့်လက်နက်ကြီးပစ်ခတ်မှု ကလေးသုံးဦးအပါအဝင် ရှစ်ဦးသေဆုံး
  • ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ
  • ကိုးနှစ် ကလေးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူများကို ပြင်းထန်သည့် ပြစ်ဒဏ်ပေးရန် တောင်းဆို
  • ကျားဖြန့်ဂိုဏ်းမှ နိုင်ငံခြားသား ကိုးဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

အမေရိကန် ဗီဇာပိတ်ပြီးနောက် မြန်မာစီးပွားရေးလုပ်ငန်းရှင်နဲ့ မိသားစုဝင်တွေအတွက် ရက်ရှည်ဗီဇာ တရုတ် ခွင့်ပြု

လက်သည်မပေါ်သော ဖားကန့်လက်နက်ကြီးပစ်ခတ်မှု ကလေးသုံးဦးအပါအဝင် ရှစ်ဦးသေဆုံး

ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ

ကိုးနှစ် ကလေးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူများကို ပြင်းထန်သည့် ပြစ်ဒဏ်ပေးရန် တောင်းဆို

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

အမေရိကန် ဗီဇာပိတ်ပြီးနောက် မြန်မာစီးပွားရေးလုပ်ငန်းရှင်နဲ့ မိသားစုဝင်တွေအတွက် ရက်ရှည်ဗီဇာ တရုတ် ခွင့်ပြု

June 7, 2025

လက်သည်မပေါ်သော ဖားကန့်လက်နက်ကြီးပစ်ခတ်မှု ကလေးသုံးဦးအပါအဝင် ရှစ်ဦးသေဆုံး

June 7, 2025

ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ

June 7, 2025

ကိုးနှစ် ကလေးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူများကို ပြင်းထန်သည့် ပြစ်ဒဏ်ပေးရန် တောင်းဆို

June 6, 2025

ကျားဖြန့်ဂိုဏ်းမှ နိုင်ငံခြားသား ကိုးဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း

June 6, 2025

လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်

June 6, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.