• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်
  • ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့
  • လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ
  • “အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်
  • ရခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခ ၅ ဆခန့် မြင့်တက်လာ
  • ဖားအံထောင်မှ အကျဉ်းသား ၃၈ ဦးကို KNU လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်
  • နတ်မောက်အရှေ့ခြမ်း တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၈ ဦး သေဆုံး
  • မတ်လအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အမျိုးသမီး ၁၄၀ ကျော်ထိခိုက်သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)
ဆောင်းပါး

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

thanlwinkhetBy thanlwinkhetDecember 26, 2025No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

နန်းဆုပန်ခန့်
ပြောင်းခင်းများ၊ လယ်ကွင်းများနှင့် ပုံဖော်သကဲ့ဖြစ်နေသို့ ဒေါနတောင်ခြေအစပ်ရှိ ဧက ၂၀ ခန့် ကျယ်ဝန်းသော နေရာသည် ယခုအခါ ဆောက်လက်စ အဆောက်အအုံအချို့ဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
အဆိုပါနေရာသည် ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်ကမ်းရှိ ဖလူးကျေးရွာအနီးတွင်ရှိသော ဒေသအခေါ်ကျွန်းတောဒေသဖြစ်သည်။
ထိုဆောက်လက်စ အဆောက်အအုံများကို တရုတ်ဆိုက်ဟု ဒေသခံများက ပြောဆိုလေ့ရှိသည်။ အချို့ကလည်း အဆိုပါ လုပ်ငန်းခွင်များကို ကျားဖြန့်စီမံကိန်းအသစ်ဟု ပြောဆိုကြသည်။
အဆိုပါ ဘေးဘက်များကို အုတ်နံရံဖြင့် ကာရံထားပြီး အရှေ့ဘက်တွင် လုံခြုံရေးဂိတ်ချထားသည့် ဝင်းအတွင်း၌ ဆောက်လုပ်ပြီးစီးသွားသော အဆောက်အအုံအချို့တွင် အမျိုးသမီး ၅ ဦး၊ ၆ ဦးတစ်စုထိုင်ကာ ဖုန်းဖြင့် အလုပ်လုပ်နေသည်ကို တွေ့ရသည်။ ညဘက်တွင်လည်း ၎င်းတို့အတွက် သီးသန့်ဆောက်လုပ်ထားသည့် အဆောင်ရှေ့၌ ဖုန်းသုံးစွဲနေသည်ကို တွေ့မြင်ရသည်။
ထိုနေရာအနီးအနားတစ်ဝိုက်တွင် ကျင်လည်နေထိုင်သည့် ဒေသခံတစ်ဦးကလည်း “ဒါက ကျားဖြန့်အဆောက်အအုံအသစ်ကို ဆောက်တာ” ဟု အဆိုပါ အဆောက်အအုံ၏ နောက်ကျောဘက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ငေးကြည့်ရင်း ပြောသည်။
အဆိုပါ အဆောက်အအုံများကို ဦးစီးဆောက်လုပ်သူမှာ တရုတ်လူမျိုးများဖြစ်သည်ကို မင်းလက်ပံ-ဝေါလေလမ်းပိုင်းကို ဖြတ်သန်းသွားလာသူ အများစု မြင်တွေ့နေရသည်။ အောက်ခြေ ဆောက်လုပ်ရေးလုပ်သားများ၊ ဆောက်လုပ်ရေးပစ္စည်းထားသည့် ဂိုဒေါင်များကို တာဝန်ယူထားသူများမှာမူ မြန်မာလူမျိုးများဖြစ်သည်ဟု အဆိုပါဒေသရှိ တရုတ်ဆိုက်အတွင်း လုပ်ကိုင်သူ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ အဆောက်အအုံအသစ်များသည် လယ်ကွက်နေရာများဖြစ်ပြီး အဆောက်အအုံ ဆောက်လုပ်လိုပါက နေပြည်တော်၌ ဥယျာဉ်ခြံမြေအဖြစ် ပြောင်းလဲပြီးမှသာ ဂရန်ကျအောင် လျှောက်ထားရမည့် အဆင့်ဆင့်သော လုပ်ငန်းစဉ်များ ရှိနေကြောင်း ဥပဒေနားလည်သူတစ်ဦးက ရှင်းပြသည်။
၎င်းက “လယ်မြေတွေဆိုရင် နိုင်ငံတော်အစိုးရက တခြားမြေအဖြစ် အသုံးပြုခွင့်မပေးဘူး။ နိုင်ငံတော်လယ်တွေ ဆုံးရှုံးမှာကြောက်လို့။ အဲဒါကြောင့် ဒီကိစ္စကို ပြည်ထောင်စုက ကိုင်ထားတာ။ ပြည်နယ်အစိုးရနဲ့ ဆုံးဖြတ်လို့မရဘူး။ ပြည်ထောင်စုကို တင်ရတာ။ နေပြည်တော်ကို တိုက်ရိုက်တင်ရတာ။ ဒီမြေကွက်တွေဟာ အိမ်ဆောက်လို့မရတဲ့ မြေကွက်တွေ။ အဆောက်အအုံ ဆောက်မရဘူး။ လယ်ကိုသွားလုပ် (အဆောက်အအုံဆောက်) လို့ရှိရင် လယ်ပျက်ဆိုပြီး နိုင်ငံတော်ပိုင် သိမ်းပစ်တာ” ဟု ပြောသည်။
🟩မင်းလက်ပံရွာက Shunda Park ငွေလိမ်ခြံ၀င်း
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်တွင် မင်းလက်ပံရွာထိပ်သို့ စစ်တပ်ဘက်က ထိုးစစ်ဆင်လာခဲ့သည်။ ထိုကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
၎င်းအချိန်တွင် Shunda Park ငွေလိမ်ခြံ၀င်းအတွင်းမှ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ်မှူး နိုင်လွင် (ခေါ်) သခွားသီးက KNLA တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သောကြောင့် DKBA တပ်ဖွဲ့ဝင်ထံမှ လက်နက် ၂၃၀ ကို ထိန်းသိမ်းခဲ့သည်။
ယင်းနောက်ပိုင်းတွင် ၎င်းတို့အား DKBA ထံပြန်လည်လွှဲပြောင်းပေးပြီးနောက် KNLA က မင်းလက်ပံကျေးရွာ ကမ်းစပ်ရှိ Shunda Park ကျားဖြန့်လုပ်ငန်းကို အမှတ်မထင် ဝင်ရောက်ထိန်းချုပ်လိုက်နိုင်ခဲ့သည်။
နိုဝင်ဘာလ ၂၅ ရက်တွင် အခြားမြို့မှ လာရောက်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများကို ပြန်ခွင့်ပြုလိုက်သည်ဟု တော်လှန်ရေးတပ်သားတစ်ဦးက ထပ်ပြောသည်။
“ကျွန်တော်တို့က ပြန်ခိုင်းလိုက်တယ်။ ဒါပေမဲ့ သူတို့ မင်းလက်ပံထိပ်ပဲ ရောက်သေးတယ်။ စကစ ပစ်လို့ ၂ ယောက် သေသွားတယ်။ တရုတ်နိုင်ငံသားတွေကိုလည်း ထိုင်းဘက်ကို ပို့တာရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။
KNU ၏ ထုတ်ပြန်ချက်အရ အဆိုပါ မင်းလက်ပံ ကျားဖြန့်လုပ်ငန်းအတွင်းမှ လက်ကိုင်ဖုန်း အလုံးရေ ၁၀,၀၀၀ ကျော်နှင့် ကွန်ပျူတာ အလုံးရေ ၂,၀၀၀ ခန့် သိမ်းဆည်းရမိခဲ့သည်။ မင်းလက်ပံဝင်းအတွင်း ပိတ်မိနေသူ နိုင်ငံခြားသား၂,၀၀၀ ခန့်ရှိပြီး ၎င်းတို့သည် အီသီယိုးပီးယား၊ ရဝမ်ဒါ၊ အီဂျစ်၊ ထိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်ဝမ်နှင့် ဟောင်ကောင်နိုင်ငံသားများ ဖြစ်ကြသည်။
KNU အနေဖြင့် ထိုင်းအာဏာပိုင်များနှင့် ချိတ်ဆက်ကာ နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၈ ရက်အတွင်း ချိတ်ဆက်လွှဲပြောင်းပေးခဲ့ပြီးနောက် အချို့မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ သောင်ရင်းမြစ်ကို ဖြတ်သန်းကာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ သောင်ရင်းမြစ်ကို ဖြတ်သန်းဝင်ရောက်သွားခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် KNU တာဝန်ရှိသူများကလည်း အဆိုပါ ကျားဖြန့်ရုံရှိ အချက်အလက်များကို မှတ်တမ်းတင်ထားပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ကြောင်း KNU ထုတ်ပြန်ချက်များတွင် တွေ့ရသည်။ ဒီဇင်ဘာ ၁၇ ရက်တွင် Shunda Parkခြံဝင်းကို KNUက ချိတ်ပိတ်သိမ်းဆည်းလိုက်ပြီးနောက် အများပြည်သူအကျိုးစီးပွားအတွက် ပြန်လည်အသုံးပြုသွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
(ဓာတ်ပုံ – KNU) (ပုံစာ – KNU မှ လူစိစစ်စဉ် မြင်တွေ့နေရသော မြင်ကွင်း)
🟩နေ့မနား ညမနားကြီးထွားလာသော တရုတ်ဆိုက်များ
မင်းလက်ပံရွာရှိ ကျားဖြန့်အဆောက်အအုံ (ဒေသအခေါ် – တရုတ်ဆိုက်)၊ ဖလူးရွာထဲရှိ တရုတ်ဆိုက်နှင့် ရွာအပြင်ဘက်ရှိ ဆောက်လက်စ အဆောက်အအုံ (တရုတ်ဆိုက်) များသည် ယခုနှစ် အစပိုင်း၌ စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
လမ်းဘေးရှိ ဂိတ်တဲရှေ့တွင် ကပ်ထားသော ဗီနိုင်းတွင် ဖလူးမြို့သစ်စီမံကိန်းဟု ရေးသားထားသည်ကို မြင်တွေ့ရသည်။
လူအင်အား၊ ငွေအင်အားနှင့် ဆောက်လုပ်ရေးပစ္စည်းများဖြစ်သည့် ဘိလပ်မြေဖျော်စက်များ၊ Sany – Excavator SY215C လို အဝါရောင် မြေတူးစက်များဖြင့် နေ့ရောညပါ အသည်းအသန် ဆောက်လုပ်ခဲ့ကြသည်။ ထို့ကြောင့် ဒီနှစ်စ ဖေဖော်ဝါရီလတွင် သောင်ရင်းမြစ်ကမ်းဘေး မင်းလက်ပံရှိ အဆောက်အအုံနှင့် ဖလူးရွာထဲတွင် ဆောက်နေသည့် အဆောက်အအုံသည် ၂၀၂၅ နှစ်လယ်ပိုင်းတွင် ပြီးစီးသွားသည်ကို တွေ့ရသည်။ အဆိုပါ အဆောက်အအုံများသည် ၅ ထပ်တိုက်၊ ၆ ထပ်တိုက်များအပြင် တန်းလျားပုံစံ အခန်းဆက်များလည်း ပါဝင်ပါသည်။
ယင်းနောက်ပိုင်း ဇွန်လအစပိုင်းတွင် ဖလူးကျေးရွာအကျော် ကျွန်းတောရှိ ဧက ၂၀ ခန့်ရှိသော လယ်မြေနေရာတွင် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်လာခြင်း ဖြစ်သည်။
ဖလူးအကျော်တွင် ဆောက်လုပ်နေသည့် အဆောက်အအုံသည် ၆ လနီးပါးသာ ရှိသေးသည်။ သို့သော် သံတိုင်ထောင်ခြင်း၊ အောက်ခြေ ဘိလပ်မြေခင်းခြင်း၊ အမိုးမိုးခြင်းနှင့် အကာအရံကာခြင်းများကို ဆက်တိုက်လုပ်ဆောင်သည်။ အချိန်တိုအတွင်းမှာပင် ၂ ထပ်တိုက် အဆောက်အအုံ ၅ လုံးခန့် ပြီးစီးသွားပြီး၊ တစ်ပြိုင်နက်တည်းမှာပင် ကျန်သည့်နေရာများ၌ပါ ဘိလပ်မြေခင်းပြီးသည်အထိ ပြီးစီးအောင် လုပ်ဆောင်နိုင်သည်။
အောက်ခြေ သန့်ရှင်းရေးလုပ်သူနှင့် လုံခြုံရေးစောင့်သူများသည် တစ်လလျှင် ထိုင်းဘတ်ငွေ ၄,၀၀၀ မှ စတင်ရရှိသည်။ ၆,၅၀၀ အထိ ရရှိသူသည် ရငွေအများဆုံးဖြစ်သည်။ ဂိုဒေါင်စောင့်သူ၊ လုံခြုံရေးခေါင်းဆောင်နှင့် ဆောက်လုပ်ရေးခေါင်းဆောင် စသည့် ရာထူးရှိသူများ၏ လစာမှာ ပိုများ၏။ ၎င်းတို့သည် တစ်လလျှင် ထိုင်းဘတ်ငွေ ၈,၅၀၀ မှ ၂၀,၀၀၀ အထိ ရရှိသည်ဟု သိရှိရသည်။
🟩အမှောင်ချထားသော အဖြစ်မှန်များ
တရုတ်ဆိုက်အများစုတွင် သန့်ရှင်းရေး၊ လုံခြုံရေးနှင့် ထမင်းချက်ကဲ့သို့ အောက်ခြေအလုပ်များ လုပ်ကိုင်နေသူများသည် အလုပ်လုပ်နေချိန်တွင် ၎င်းတို့၏ လက်ကိုင်ဖုန်းကို ကိုင်ဆောင်ခွင့် မရှိပေ။
တစ်ခါတစ်ရံ ထိုဆိုက်ထဲတွင် အမှားလုပ်မိသူများကို အပြစ်ပေးလေ့ရှိသည် အဆိုပါ ဝင်းအတွင်း အောက်ခြေဝန်ထမ်းတစ်ဦးက ပြောသည်။
၎င်းက “ကျွန်တော်တို့ အလုပ်လုပ်ချိန်ဆို ဖုန်းကိုင်ခွင့်မရှိဘူး။ ဖုန်းကို အပ်ထားရတယ်။ အဲဒီဝင်းထဲမှာ အချို့ကိုကြတော့ သူတို့နေပူလှန်းတယ်။ ရိုက်တာတွေ တွေ့ရတယ်” ဟု ပြောသည်။
KNU ကထိန်းသိမ်းနိုင်ခဲ့သော Shunda Park တွင် ထိုင်ခုံတစ်လုံးသာချထားသော အခန်းငယ်များကို တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
“ဒီဝင်းထဲမှာတော့ ရှိရင်လည်း ရှိမှာပေါ့။ အဆောက်အဦးထဲကို ကျွန်တော်တို့မှ မမြင်ရတာ။ ဒါပေမဲ့ တချို့က အာခေါင်ခြစ် အော်သံတွေ၊ နာလို့ အော်သလို အသံတွေက ခဏခဏ ကြားရတယ်” ဟု အဆိုပါဝန်ထမ်းက ပြောသည်။
အဆိုပါဆိုက်ထဲတွင် လုပ်ကိုင်နေသူနှင့် လမ်းတွင်တွေ့၍ အမေးအဖြေ အနည်းငယ် လုပ်လျှင်ပင် ကြောက်ရွံ့သည့် မျက်လုံးများကို အထင်းသား မြင်တွေ့နေရသည်။
ဖုန်းကိုင်ခွင့်မပေးခြင်းသည် ဖြစ်စဉ်များကို အမှောင်ချခြင်းပင် ဖြစ်သည်ဟု ကျားဖြန့်ကိစ္စ လေ့လာသူတစ်ဦးက ပြောသည်။
“ဒါက သူတို့ အဖြစ်အပျက်တွေကို အမှောင်ချတာပဲလေ။ ကျားဖြန့်က လွတ်မြောက်လာတဲ့သူတွေ ပြောတဲ့စကားကို သတင်းမီဒီယာတွေက တင်တဲ့အခါ၊ အွန်လိုင်းကနေ video clip တွေ တက်လာတဲ့အခါ အဲဒီအောက်ခြေကလူတွေ မသိရလေအောင်၊ မမြင်ရလေအောင် ပိတ်ပင်တာပါ။ အဓိကကတော့ သူတို့ဘာလုပ်လဲဆိုတာ ဘယ်သူမှ မသိအောင်ပါ” ဟု သုံးသပ်ပြောဆိုသည်။
🟩အာဏာသိမ်းစစ်တပ်နှင့် လက်ဝါးချင်းရိုက် ကျားဖြန့်ပြသနာ
ကျားဖြန့်နှိမ်နှင်းရေးအတွက် နိုင်ငံတကာဖိအားများ ပြင်းထန်လာချိန်တွင် စစ်အုပ်စုက KK Park နှင့် ရွှေကုက္ကိုလ်ဒေသရှိ ကျားဖြန့်အဆောက်အအုံပေါင်း ၁၅၀ မှ ၁၈၀ဝန်းကျင်ကို ဖြိုချဖျက်ဆီးခဲ့သည်ဟု ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများတွင် သတင်းထုတ်ပြန်ခဲ့သည်။
ကျားဖြန့်လုပ်ငန်းခွင်များမှ သိမ်းဆည်းရမိသည်ဟုဆိုကာ ကွန်ပျူတာ ၂,၈၉၃လုံး၊ မိုဘိုင်းဖုန်း ၂၁,၇၅၀ လုံးနှင့် Starlink စက် ၁၀၁ စုံတို့ကို လမ်းကြိတ်စက်ဖြင့် ကြိတ်ကာ ကျားဖြန့်နှိမ်နှင်ရေးလုပ်ဆောင်သည်ဟု ပြောဆိုခဲ့သည်။ သို့သော် သံလွင်ခက်၏ ဆက်သွယ်မေးမြန်းခွင့်ရသည့် အခြေအနေတွင် ဖမ်းဆီးရမိသူများမှာ ဝန်ထမ်းများသာဖြစ်ပြီး လုပ်ငန်းတွင်း ဦးဆောင်သူများ၊ ခေါင်းဆောင်များမှာ ကြိုတင်တိမ်းရှောင်လွတ်မြောက်သွားခဲ့ကြသည်။
အဆိုပါ စစ်အုပ်စု၏ လုပ်ရပ်သည် သက်သေအထောက်အထားများကို ဖျောက်ဖျက်သည့် သဘောဆောင်နေပြီး နိုင်ငံတကာ၏ အရေးယူမှုကို ရှောင်လွှဲရန် “ပြပွဲ” သက်သက်သာဖြစ်သည်ဟု လေ့လာသူများနှင့် KNU က ဝေဖန်ထောက်ပြထားသည်။
KNU/KNLA က မင်းလက်ပံ ကျားဖြန့်စခန်းကို ဝင်ရောက်စီးနင်းစဉ်က ရရှိခဲ့သော သက်သေခံပစ္စည်းများ (ဖုန်း၊ ကွန်ပျူတာ၊ ဘဏ်ကတ်များ) ကို နိုင်ငံတကာမှုခင်းစစ်ဆေးသူများထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သော်လည်း စစ်အုပ်စုကမူ ဒီဂျစ်တယ်မှုခင်းဆိုင်ရာ သက်သေအထောက်အထားများကို စစ်ဆေးခြင်းမပြုဘဲ လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးပစ်ခဲ့ခြင်းသည် တရားခံအစစ်များကို ဖုံးကွယ်ပေးလိုသောကြောင့်ဖြစ်သည်ဟု သုံးသပ်ကြသည်။
ယင်းဖြစ်စဉ်များနောက်ပိုင်းတွင် စစ်အုပ်စုချယ်လှယ်နေသော ရန်ကုန်မြို့ရှိ အဆင့်မြင့်အိမ်ရာများတွင် တရုတ်လူမျိုးများ ပိုမိုအခြေချနေထိုင်လာကြသည်ကို မြို့နေလူထုက ပြောဆိုလာခဲ့ကြသည်။
🟩လူထုသိက္ခာထိပါးလာသော တရုတ်ဆိုက်တွေအရေး ဘယ်လိုအဖြေရှာမလဲ
“ပြည်နယ်တွင်းမှာ လက်နက်ကိုင်အဖွဲ့တွေရှိတယ်။ အဲဒီအခြေအနေကြားမှာ တရုတ်ဆိုက်တွေက ကိုဗစ်ကနေ ဒီနေ့အထိ ဆက်တိုက်များလာတယ်။ ခုကြတော့ ပြည်နယ်သိက္ခာကို ထိလာတယ်။ လူထုက မပြောရဲဘူး။ စစ်တပ်က ခုမှ သိတာပါဆိုတဲ့ပုံစံနဲ့ နာမည်ကောင်းယူပြီး ဖျက်ပြနေတာ။ ပိုဆိုးတာကတော့ မျိုးနွယ်စုအမည်နဲ့ပါ တွဲပြီး သိက္ခာချခံနေရတာဆိုတော့ စစ်တပ်လုပ်ရပ်ကို နယ်မြေခံအဖွဲ့တွေ သဘောပေါက်သင့်နေပြီ။ တခြားဟာ မညီညွတ်ရင်တောင် ကျားဖြန့်နှိမ်နှင်းရေးမှာ လူထုနဲ့ သူတို့အဖွဲ့တွေ ညီညွတ်သင့်နေပြီ”ဟု ပညာရေးလုပ်ဆောင်နေသူတစ်ဦးက ပြောဆိုသည်။
ဓါတ်ပုံ – နန်းဆုပန်ခန့်/သံလွင်ခက်

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleသံတွဲ စစ်ရှောင် ၇၀၀၀ ကျော် စားဝတ်နေရေး အခက်အခဲ ရင်ဆိုင်နေရ
Next Article တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် မွန်တပ်ဖွဲ့ဝင် နှစ်ဦး စျာပန
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်ပြောပြီး အရပ်သားပစ်မှတ်ကို နေ့စဉ်ဗုံးကြဲနေတဲ့ စစ်အုပ်စု(ဆောင်းပါး)

December 13, 2025

လူ့အခွင့်အရေးနေ့ညက သွေးစွန်းခဲ့သော မြောက်ဦးဆေးရုံ (ဆောင်းပါး)

December 12, 2025

Leave A Reply Cancel Reply

Recent Posts

  • ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်
  • ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့
  • လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ
  • “အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်
  • ရခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခ ၅ ဆခန့် မြင့်တက်လာ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်

ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့

လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ

“အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်

ယခင်သတင်းများ

  • April 2026
  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • သရော်စာ
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်

April 10, 2026

ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့

April 10, 2026

လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ

April 10, 2026

“အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်

April 10, 2026

ရခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခ ၅ ဆခန့် မြင့်တက်လာ

April 9, 2026

ဖားအံထောင်မှ အကျဉ်းသား ၃၈ ဦးကို KNU လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်

April 9, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.