• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»AA အောင်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်မူဝါဒ ပြောင်းလဲလာမလား. . . .?
ဆောင်းပါး

AA အောင်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်မူဝါဒ ပြောင်းလဲလာမလား. . . .?

thanlwinkhetBy thanlwinkhetMarch 5, 2024No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

AA အောင်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်မူဝါဒ ပြောင်းလဲလာမလား. . . .?
*********************

ကောင်းချစ်အောင်
မတ် ၆၊ ၂၀၂၄။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်မှာ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLAနဲ့ ရက္ခိုင့်တပ်တော်- AA တို့ပါဝင်တဲ့ ညီနော င်မဟာမိတ်သုံးဖွဲ့က မြန်မာစစ်တပ်အပေါ် ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကာလရှည်ကြာ သက်ဆိုးရှည်နေတဲ့ မြန်မာ့ပြည်တွင်းစစ်ဟာ အချိုးအကွေ့တစ်ခုကို ကြုံတွေ့လာရပါပြီ။

အဲဒီအကျိုးဆက်ဟာ မြန်မာပြည်တွင်းမှာသာမကဘဲ ဘင်္ဂလားဒေ့ရှ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေအတွက်ပါ ဂယက်ရိုက်ခတ်မှုတွေဖြစ်စေပြီး ဒေသတွင်းလုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်အဖြစ် တဖြည်းဖြည်းအသွင်ဆောင်လာ နေပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြန်မာနိုင်ငံရဲ့နေရာအနှံ့က ခုခံတိုက်ခိုက်မှုတွေပြင်းထန်ခဲ့သလို ရခိုင်ဒေသအပါအဝင် ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ ရှုံးနိမ့်မှုသတင်းတွေဟာ နေ့တိုင်းလိုလို ဟိုးလေးတကျော်ဖြစ် ခဲ့ရပါတယ်။ ရခိုင်ပြည်နယ်ဟာ ရက္ခိုင့်တပ်တော် AA က ဆယ်စုနှစ်ကျော်ကြာ စစ်ဆင်ရေးလှုပ်ရှားဆောင်ရွက်နေ တဲ့ ဒေသဖြစ်တဲ့အပြင် ရိုဟင်ဂျာတွေအတွက်လည်း အသိုက်အမြုံတစ်ခုဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က လူမျိုးသုဥ်းသတ်ဖြတ်မှု (Genocide) ကျူး လွန်ပြီးတဲ့နောက်ပိုင်း သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္လလားဒေ့ရှ်ဘက်ကို ဒုက္ခသယ်အဖြစ်ပြောင်းရွှေ့ခဲ့ကြရပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား လက်နက်ကိုင်ပဋိပက္ခဟာ မြန်မာနိုင်ငံပိုင်နက်အတွင်းလောက်သာ ထိခိုက်စေတာမဟုတ်ဘဲ နှစ်နိုင်ငံနယ်စပ်မျဉ်းကိုကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို လက်နက်ကြီးမော်တာကျည် တွေ ကျရောက်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦး သေဆုံးခဲ့ပြီး နယ်စပ်တလျှောက် နေထိုင်သူတွေရဲ့ စိုးရိမ်မှုကလည်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း မြင့်တက်လာခဲ့ပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံလုံခြုံရေးတပ်ဖွဲ့ဝင် ၃၄၀ ထက်မနည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ – RAB ရဲ့ အကြီးအကဲဖြစ်သူက မြန်မာစစ်တပ်ဟာ ဘင်္ဂလားဒေ့ရှ်ကိုစစ်တိုက်ဖို့ ကြိုးစားနေတယ်လို့ ပြောဆိုထားပေမယ့် နှစ်နိုင်ငံစစ်ပွဲဟာ ဖြစ်နိုင်ခြေအတော်နည်းတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ထားကြပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီအနေနဲ့ ထိန်းချုပ်နိုင်စွမ်းသိသိသာသာလျော့ကျသွားပြီး တချို့နေရာတွေမှာ AA က ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရယူနိုင်တဲ့အထိ အလားအလာကောင်းတွေလည်း တွေ့မြင်နေရပြီဖြစ်ပါတယ်။ ဒါက မကြာခင်မှာ မြန်မာ့နိုင်ငံ ရေးခေတ်သစ်တစ်ခု ပေါ်ပေါက်လာတော့မယ်ဆိုတဲ့အဓိပ္ပါယ်ပါ။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်ရဲ့အောင်ပွဲတွေကြောင့် ရိုဟင်ဂျာတွေဟာ နောင်အနာဂတ်ကာလမှာ နေရပ်ပြန်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း တိုးလာပါတယ်။

ပထဝီဝင်အနေအထားအရ ဆက်စပ်နေမှုနဲ့ ပဋိပက္ခအတွင်း ပါဝင်ပတ်သတ်နေတဲ့အဖွဲ့အစည်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဟာ ရခိုင်ပဋိပက္ခအတွင်း အနှေးနဲ့အမြန် ပတ်သတ်လာရပါလိမ့်။ ဘူးသီးတောင်မြို့နယ်က တောင်ပြိုလက်ယာစခန်းကို AA က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ လက်တုံ့ပြန်မှုဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ တံခါးဝ ဆီ စစ်ပွဲကိုယူဆောင်လာနေပါတယ်။

အာရကန်လူမျိုးတွေရဲ့ အချုပ်ခြာအာဏာကို ပြန်လည်ရယူဖို့တိုက်ပွဲဝင်နေတဲ့ ရက္ခိုင့်တပ်တော်ကို ဗုဒ္ဓဘာသာဝင် အများစုနဲ့ ဖွဲ့စည်းထားတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံထဲက ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်ကို ရခိုင်ပြည်နယ် ကနေနှင်ထုတ်နိုင်ရင် သူတို့ရဲ့ အိုးအိမ်လူမှုဘဝ ပြန်လည်ထူထောင်နိုင်မယ့် “ဘေးကင်းရာဇုန်” (Free Zone) တစ်ခု ပေါ်ပေါက်လာမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရက္ခိုင့်တပ်တော်ထဲကို ဝင်ရောက်နေကြတယ်ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ်နေပါတယ်။

သို့သော် ရက္ခိုင့်တပ်တော်ဟာ ရိုဟင်ဂျာတွေရဲ့နိုင်ငံသားဖြစ်ခွင့်ကို အသိအမှတ်ပြုတာမျိုး မရှိသေးတဲ့အတွက် တကယ်လို့သာ AA က အောင်ပွဲရခဲ့မယ်ဆိုရင်တောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရ တဲ့ ရိုဟင်ဂျာတွေဟာ သူတို့အနာဂတ်အတွက် သံသယမကင်းဖြစ်နေကြတာကလည်း အမှန်ပါပဲ။

တကယ်တော့ ရခိုင်ဒေသတွင်းတိုက်ပွဲတွေဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြားက ပြဿနာတင်မက ဘဲ ဒေသတွင်းအင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ အကျိုးစီးပွားအခြေပြုစီမံကိန်းတွေအပေါ် လည်း အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။

မြန်မာစစ်ကောင်စီနဲ့ ကာလရှည်ကြာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးတည် ဆောက်ထားတဲ့ တရုတ်အစိုးရဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာလည်း စစ်ကောင်စီကို ဆက်လက်အားပေးထောက်ခံ ကူညီနေဆဲပါ။

ဘင်္ဂလားပင်လယ်အော်ထွက်ပေါက်ဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ်ကဆောက်လုပ်နေပြီး တရုတ်နိုင်ငံတောင်ပိုင်းပြည်နယ်တွေဆီ ဓာတ်ငွေ့ပိုက်လိုင်း၊ ရထားလမ်း၊ ကားလမ်းတွေနဲ့ ချိတ်ဆက်နိုင်ဖို့ ကြံရွယ်ထားပါတယ်။ အဲဒီစီမံကိန်းဟာ အမေရိကန်ဒေါ်လာ ၇ ဒဿမ ၃ ဘီလီယံဣဝန်းကျင်ကုန်ကျပြီး တရုတ်စီးပွားရေးစင်္ကြန် – BRI ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အိန္ဒိယနိုင်ငံက ကန်ဒေါ်လာ ၄၈၄ သန်းအကုန်ခံထားတဲ့ ကုလားတန်ဘက်စုံစီမံကိန်းကို အကောင်အထည် ဖော်နေပါတယ်။ ကုလားတန်ဘက်စုံစီမံကိန်းက ကာလကတ္တားကနေ စစ်တွေမြို့ကို ရေလမ်း ကြောင်းကနေတဆင့်ဆက်သွယ်ထားပြီး ရခိုင်နဲ့ ချင်းပြည်နယ်ကိုဖြတ်ကာ အိန္ဒိယနိုင်ငံ အရှေ့ဖျားကုန်းတွင်းပိုင်း ပြည်နယ်အထိ ချိတ်ဆက်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်ပါတယ်။

အဲဒီစီမံကိန်းရဲ့ အချက်အချာအကျဆုံးဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ဟာ အခုဆိုရင် ရက္ခိုင့်တပ်တော်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။

အိန္ဒိယအစိုးရရဲ့စီမံကိန်းဟာ စီးပွားရေးအကြောင်းပြချက်သာမဟုတ်ဘဲ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ဩဇာလွှမ်း မိုးမှုကို တန်ပြန်တဲ့ဗျူဟာတစ်ခုဖြစ်သလို အိန္ဒိယသမုဒ္ဒရာအတွင်း အင်အားချိန်ခွင်လျှာထိန်းညှိမှုလည်း ဖြစ်ပါ တယ်။

AA ရဲ့ ရခိုင်ဒေသအတွင်း တဟုန်ထိုးတိုးတက်လာမှုက အိန္ဒိယအစိုးရတွက် အလေးထားအာရုံစိုက်စရာ ကိစ္စတစ်ခု ဖြစ်လာနေပါတယ်။ အိန္ဒိယအစိုးရဟာ မီဇိုရမ်ပြည်နယ်တလျှောက်နေထိုင်ကြတဲ့ လူမျိုးစုတွေအကြား ဆက်နွှယ် မှုနဲ့ လူမှုရေးပြဿနာတွေနဲ့ ပတ်သတ်ပြီး ချင်းလက်နက်ကိုင်တွေနဲ့ စိန်ခေါ်မှုကို အရင်ကတည်းက ကြုံတွေ့နေရပြီးလည်း ဖြစ်ပါတယ်။

ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာတဲ့အတွက် ဒုက္ခသယ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အိန္ဒိယနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာကြပါတယ်။

ရက္ခိုင့်တပ်တော်ရဲ့ နောက်ကွယ်မှာ တရုတ်ထောက်ပံ့မှုပါဝင်နေပြီး တရုတ်အကျိုးစီးပွားတွေကို AA အနေနဲ့လည်း အကာအကွယ်ပေးမယ်လို့ ကတိက ဝတ်ပြုထားပေမယ့် အိန္ဒိယရင်းနှီးမြှပ်နှံမှုတွေအတွက်တော့ ကတိကဝတ် တစ်စုံတစ်ရာ မတွေ့ရသေးပါဘူး။

အိန္ဒိယအစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ – EOAs တွေကိုရှောင်လွှဲပြီး မြန်မာစစ်ကောင်စီကိုပဲ အလေးပေးဆက်ဆံနေချိန်မှာ တရုတ်နိုင်ငံကတော့ အဲဒီအဖွဲ့တွေနဲ့ နီးကပ်တဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက် ထားနိုင်ခဲ့ပါတယ်။ အဲဒါကြောင့် အခုအခြေအနေမှာ အိန္ဒိယဟာ မြန်မာစစ်တပ်ရဲ့ ရခိုင်ဒေသတွင်းစိုးမိုးမှု ပြန်လည် အားကောင်းလာတာကို မြင်တွေ့လိုပြီး ရက္ခိုင့်တပ်တော်ရဲ့ တိုးတက်လာမှုကိုလည်း စောင့်ကြည့်နေရပါတယ်။

ပြီးခဲ့တဲ့ ၃ လအတွင်း တိုင်းရင်းသားအဖွဲ့တွေဖော်ဆောင်ခဲ့တဲ့အောင်ပွဲတွေကြောင့် အောက်တိုဘာလမတိုင်မီ အခင်းအကျင်းကို ပြန်ရောက်ဖို့ဆိုတာ ရခိုင်ပြည်နယ်မှာသာမက ချင်းနဲ့ရှမ်းပြည်နယ်တို့မှာလည်း ဖြစ်မလာနိုင် တော့ပါဘူး။

တစ်စထက်တစ်စကျယ်ပြန့်လာတဲ့ ရခိုင်ဒေသတွင်း လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ရက္ခိုင့်တပ်တော်ရဲ့ တိုးတက် လာမှုတွေဟာ ဘင်္ဂလားဒေ့ရှ်အတွက်တော့ အလေးထားစရာရိုက်ခတ်မှုတွေ ဖြစ်လာမှာ သေချာသလောက် ဖြစ် နေပါတယ်။

နယ်စပ်ဒေသတွေအတွက်သာမကဘဲ ဘင်္ဂလားဒေ့ရဲ့နိုင်ငံခြားရေးမူဝါဒအပေါ်မှာလည်း သက်ရောက်မှုတွေ ဖြစ်စေ နိုင်ပါတယ်။ စစ်ကောင်စီကလည်း အနီးကပ်စောင့်ကြည့်နေမှာဖြစ်သလို ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ အကျိုးစီးပွား တွေအတွက် တရုတ်နဲ့ အိန္ဒိယတို့ကလည်း အာရုံစိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်မီးတောက်လောင်မှုဟာ ဒေသတွင်းလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေအထိ ဖြစ်ပေါ်စေနိုင်တဲ့ အတွက် အမေရိကန်ပြည်ထောင်စုကလည်း စိုးရိမ်ပူပန်နေပုံရပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ရဲ့ အကြီးတန်းညွှန်ကြားရေးမှူးဖြစ်သူ ဗိုလ်ချုပ်ကြီး Eileen Laubacher ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြီးခဲ့တဲ့ရက်ပိုင်းက လာရောက်လည်ပတ်ခဲ့မှုက ထင်ရှားတဲ့သက်သေတစ်ခုပါပဲ။ ဘင်္ဂလား ဒေ့ရှ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့တွေ့ဆုံမှုမှာ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ရွေးချယ်စရာနည်းလမ်းအများအပြားရှိနေပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့မူဝါဒကို ပြန် လည်ဆန်းစစ်ကာ ရက္ခိုင့်တပ်တော်ဆီချဉ်းကပ်တဲ့ပုံစံမျိုးရှာဖွေသင့်ပါတယ်။

လက်ရှိအခင်းအကျင်းအရ ဘင်္ဂလားဒေ့ရှ်မှာ ရွေးချယ်စရာ နည်းလမ်းသုံးသွယ်ရှိပါတယ်။ အဲဒါတွေကတော့ နံပါတ်တစ် လက်ရှိအခင်းအကျင်းကို ထိန်းသိမ်းခြင်း(စစ်ကောင်စီနဲ့ဆက်ဆံရေးကို ဆိုလိုပါတယ်)။ နံပါတ်နှစ် ရက္ခိုင့်တပ်တော်နဲ့ ပူးပေါင်းလက်တွဲခြင်း၊ နံပါတ်သုံး ရက္ခိုင့်တပ်တော်ရဲ့ တိုးတက်လာတဲ့အရှိန်အဟုန်ကို ပိတ်ပင်ခြင်းတို့ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ဘက်မလိုက်ဘဲ ပြတ်သားတဲ့ရပ်တည်ချက်ကိုပြသပြီး သူတို့ပိုင်နက်ထဲကို မြန်မာ စစ်တပ်က ကျူးကျော်ဝင်ရောက်တာကို ကန့်ကွက်ထားတာ တွေ့ရပါတယ်။ ရခိုင်နဲ့ တခြားဒေသတွေမှာ စစ်ရှုံးနေ ပေမယ့် မြန်မာစစ်တပ်ဟာ ပြိုလဲဖို့မလွယ်ကူနိုင်သေးတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ရဲ့ လက်ရှိမူဝါဒဟာ အထူး အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခြေအနေပိုဆိုးလာမယ်ဆိုရင် ရခိုင်ပြည်နယ်ဘက်ခြမ်းက ဒုက္ခသယ် အများအပြား ဘင်္ဂလားဒေ့ရှ်ဘက်ကို ထပ်မံဝင်ရောက်လာနိုင်ပါတယ်။ အဲဒီအချက်ကိုတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက သဘောကျပုံမရပါဘူး။ ဒုက္ခသယ်တွေဝင်ရောက်လာမှုကို တားဆီးဖို့ ခက်ခဲတဲ့အပြင် နှစ်နိုင်ငံနယ်စပ်အခြေအနေကို ပိုပြီးယိုယွင်းလာစေပါလိမ့်မယ်။

အဲဒါကြောင့် စစ်ကောင်စီနဲ့ လက်ရှိအနေအထားကို ဆက်ထိန်းထားဖို့ဆိုတာ လွယ်ကူတဲ့အခြေအနေမဟုတ်တော့ ပါဘူး။ ဒီနည်းလမ်းမှာ တရုတ်နဲ့ အိန္ဒိယတို့လို အင်အားကြီးနိုင်ငံတွေကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။ ဒီမူဝါဒ ကိုဆက်လက်ကျင့်သုံးရင် ရက္ခိုင့်တပ်တော်အနေနဲ့ ဘင်္လားဒေ့ရှ်က သူတို့ကိုလျစ်လျူရှုတယ်လို့ မြင်နိုင်ပြီး အကျိုးစီးပွားအတွက် လာမယ့်လပိုင်းမှာ ပြဿနာတွေ ပိုမိုကြီးထွားလာနိုင်ပါတယ်။

ဒုတိယနည်းလမ်းကတော့ တော်လှန်ရေးတပ်ဖွဲ့တွေကသာ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA လို ကိုယ်ပိုင်အုပ်ချုပ်ရေးတည်ထောင်နိုင်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရက္ခိုင့်တပ်တော်၊ အမျိုးသားညီညွတ် ရေးအစိုးရတို့နဲ့ အလွတ်သဘောဆက်သွယ်ပြီး ရင်းနှီးမှုတည်ဆောက်ထားသင့်ပါတယ်။ အဲဒါဆိုရင် AA နဲ့ သူ့ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA တို့ဟာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်လာမှာ အသေအချာပါပဲ။

AA နဲ့ ညှိနှိုင်းရေးလမ်းကြောင်းဟာ နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ဆက်ဆံရေး ကိုတော့ ထိခိုက်မှုရှိနိုင်ပါတယ်။ လုံခြုံရေးအခြေအနေကြောင့် အိမ်နီးချင်းတစ်နိုင်ငံရဲ့ ပြည်နယ်အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးပြုလုပ်တာဟာ လုံးဝမထင်ထားတဲ့ ခြေလှမ်းတစ်ခုတော့ မဟုတ်ပါဘူး။ AA နဲ့ ထိတွေ့ဆက်ဆံရေးမှာ ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာစစ်ကောင်စီဆီကသာမကဘဲ အိန္ဒိယရဲ့ တုံ့ပြန်မှုကိုလည်း ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။

AA ရဲ့ အောင်မြင်မှုအတွက် အိန္ဒိယကအားပေးကူညီမှုမပြုလုပ်ဘူးလို့ ယူဆမယ်ဆိုရင် အိန္ဒိယနဲ့ AA တို့အကြား ဆက်ဆံရေးမှာ ယုံကြည်ရတဲ့ သမိုင်း ကြောင်းခိုင်ခိုင်မာမာလည်းမရှိပါဘူး။ အဲဒါကြောင့် ဘင်္လားဒေ့ရှ်အစိုးရရဲ့ AA နဲ့ နီးကပ်ရေးကြိုးပမ်းမှုတွေဟာ တရုတ်နိုင်ငံနည်းတူ ကောင်းမွန်တဲ့အရွေ့တစ်ခုဖြစ်မယ်လို့ သုံးသပ်နိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကိုကိုင်တွယ်နိုင်ဖို့ မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲနေတယ်လို့ ဆိုနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ အိန္ဒိယရဲ့ အကျိုးစီးပွားအတွက် အရေးပေးလိုက်မယ်ဆို ရင် ရက္ခိုင့်တပ်တော်နဲ့ နီးကပ်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ အခွင့်အရေးတွေ ဆုံးရှုံးသွားရပါလိမ့်မယ်။ ဒါက မဝေးတော့တဲ့ အနာဂတ်တစ်ခုမှာ ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အနေနဲ့ အခက်ကြုံရ နိုင်ဖွယ်ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်အတွက် တတိယနည်းလမ်းက နယ်စပ်ဒေသအခြေအနေ ပိုမိုတင်းမာလာနိုင်တဲ့အတွက် ရက္ခိုင့်တပ် တော်ရဲ့ တိုးတက်လာမှုကို စစ်ကောင်စီနဲ့ ပိုမိုပူးပေါင်းထိန်းချုပ်မယ့် နည်းလမ်းဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ရက္ခိုင့်တပ်တော်အကြား ပွတ်တိုက်မှုတွေဖြစ်လာနိုင်ပြီး ပဋိပက္ခအတွင်း ရိုဟင်ဂျာတွေကို ထည့်သွင်းလာနိုင်ပါတယ်။ သုံးပွင့်ဆိုင်ပဋိပက္ခဟာ နယ်စပ်ဒေသတစ်ခုလုံးအထိ ကျယ်ပြန့်သွားနိုင်ပါတယ်။

ဒါဟာ အန္တာရယ်ကြီးမားတဲ့ လမ်းကြောင်းတစ်ခုဖြစ်သလို အိန္ဒိယ၊ တရုတ်နဲ့ အမေရိကန်တို့ကလည်း ဒီလိုအခြေအနေကို လိုလားမှာမဟုတ်ပါဘူး။
ရွေးချယ်စရာနည်းလမ်းသုံးခုရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ လက်ရှိပြောင်းလဲနေတဲ့အခြေအနေနဲ့ ပဋိပက္ခအတွင်း ပါဝင်ပတ်သတ်နေတဲ့ အဖွဲ့အစည်းတွေအပေါ် ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ အဲဒီလိုလုပ်ဆောင်ရာမှာ သူတို့ရဲ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားပြီး အမိအရစည်းရုံးဖို့လိုပါတယ်။ အခြေအနေတွေက မြန်မြန်ဆန်ဆန်ပဲ ပြောင်းလဲနေတဲ့အတွက် အချိန်မနှောင်းခင် လုပ်ဆောင်ဖို့တော့လိုအပ်ပါလိမ့်မယ်။

ဓာတ်ပုံ – သံလွင်ခက်
ပုံစာ – ပုဏ္ဏားကျွန်းမြို့နယ်ထဲက မူဆလင်ကျေးရွာ။

The Diplomat တွင်ဖော်ပြထားသော ဆောင်းပါးရှင် Ali Riaz ၏ Should Bangladesh Recalibrate Its Myanmar Policy, Especially Toward the Arakan Army? ကို ဆီလျော်အောင်ရေးသားသည်။

ဆောင်းပါးရှင် Ali Riaz သည် Illinois State University က ထင်ရှားသော နိုင်ငံရေးသိပ္ပံ ပါမောက္ခတစ်ဦးဖြစ် သည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမရာဒေသရှိ ချင်းတော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းကြားက အက်ကြောင်းများ
Next Article အားကိုးရာမဲ့နေဆဲ ခေတ်သစ်မြန်မာရွှေ့ပြောင်းတို့ ဘဝ
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.