အားကိုးရာမဲ့နေဆဲ ခေတ်သစ်မြန်မာရွှေ့ပြောင်းတို့ ဘဝ
************
သံလွင်ခက် မတ် ၆၊ ၂၀၂၄။
မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ပြည်သူတွေ နယ်စပ် တစ်ဖက် ထိုင်းနိုင်ငံဘက်ကို ယိုစီးလာတဲ့ အခြေအနေကို အခုရက်ပိုင်းမှာ ပိုမို ရင်ဆိုင်နေကြရပါတယ်။ ရွှေ့ပြောင်းလာသူတွေ များလာတဲ့ နောက်ဆက်တွဲအနေနဲ့ သူတို့ အခြေချ နေထိုင်ရာ သောင်ရင်းတစ်ဖက်ကမ်း မဲဆောက်နယ်စပ်မြို့မှာတော့ အပြောင်းအလဲတွေနဲ့ အတူ အခက်အခဲတွေပါ ရင်ဆိုင်နေကြရပါတယ်။
ဓါတ်ပုံ – မြန်မာရွှေ့ပြောင်း အများစု ဝင်ရောက်ရာ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် (၁)- သံလွင်ခက်