![]()
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၂၅ ဦးကို အကြမ်းဖက်သမားများအဖြစ် ကြေညာလိုက်သည်။
၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းချိန်မှစ၍ ၂၀၂၅ ဇူလိုင်လ ၃၁ ရက်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ပေးဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့အဆက်ဆက်၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်လည်း အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည်ဟု သတ်မှတ်ကြောင်း ယနေ့တွင် ကြေညာခြင်းဖြစ်သည်။
NUG ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အနေဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်များက အာဏာသိမ်းပြီးနောက် မူလပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို ချက်ချင်းဖျက်သိမ်းကာ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့ဝင်များကို NUG က အကြမ်းဖက်သမားများအဖြစ် ယခု ကြေညာလိုက်ခြင်းဖြစ်သည်။
အဆိုပါ ပြန်လည်ဖွဲ့စည်းထားသော UEC ကို ၂၀၂၃၊ ဧပြီလ ၄ ရက်တွင် NUG က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့သေးသည်။
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကို စတင်ကျင်းပရန် ကြေညာထားပြီး လုံခြုံရေးအခြေအနေပေါ်မူတည်ကာ မြို့နယ်များကို အပိုင်းလိုက် ခွဲ၍ ကျင်းပသွားမည်ဟု ဆိုထားသည်။
