![]()
ကရင်ပြည်နယ်၊ ထိုင်းမြန်မာနယ်စပ်၊ မင်းလက်ပံရှိ ကာစီနိုဝင်းများတွင် ကျားဖြန့်အလုပ်များ လုပ်ကိုင်ခဲ့သည်ဟု ယူဆရသော လုပ်သားများသည် သောင်ရင်းမြစ်တဖက်ကမ်းရှိ ထိုင်းနိုင်ငံ၊ မဲ့ကိုကင်းရွာသို့ ကူးရန် စောင့်ဆိုင်းနေသည်ဟု သံလွင်ခက်၏ နယ်မြေခံသတင်းထောက်က သတင်းပေးပို့သည်။
DKBA ၏ အကာအကွယ်အောက်တွင်ရှိသော အဆိုပါ ကျားဖြန့်လုပ်ငန်းခွင်များကို ကရင်အမျိုးသားအစည်းအရုံး(KNU)က ဝင်ရောက်စိစစ်နိုင်ခဲ့ပြီးနောက် အဆောက်အဦးများပေါ်တွင် အွန်လိုင်ငွေလိမ်(ကျားဖြန့်)လုပ်သားများကို လုပ်ငန်းခွင်သုံးပစ္စည်းများနှင့်အတူ တွေ့ရှိခဲ့သည်ဟု ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ သတင်းထုတ်ပြန်သည့် နိုဝင်ဘာလ ၂၅ ရက် ည ၁၀ နာရီခန့်တွင် တရုတ်နိုင်ငံသား ၆၅၆ ဦး၊ ဗီယက်နမ်နိုင်ငံသား ၂၆ ဦး၊ လာအိုနိုင်ငံသား ၁၃ ဦး၊ စုစုပေါင်း အမျိုးသား ၆၄၉ ဦး၊ အမျိုးသမီး ၄၆ ဦးတို့မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ သောင်ရင်းမြစ်ကို ဖြတ်ကာ ထွက်ခွာလာခဲ့ကြသည်။
ယနေ့ နံနက်ပိုင်းတွင် မင်းလက်ပံရွာထိပ်သို့ စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျားဖြန့်လုပ်သားအများစုမှာ လက်ရှိအချိန် ညနေ ၄ နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထပ်မံပြေးလွှားရန် စုရုန်းရောက်ရှိနေခဲ့သည်ဟု ကနဦးသိရှိရသည်။
ဓါတ်ပုံ- သောင်ရင်းမြစ်ကမ်းအနီးတွင် စောင့်ဆိုင်းနေသော ကျားဖြန့်လုပ်သားများ(ပေးပို့)
