ကျောင်းထိုင်ဆရာတော် ထိုင်းဘုန်းကြီးကို သတ်ဖြတ်သူ မြန်မာတစ်ဦး ဖမ်းဆီးခံရ
**************
သံလွင်ခက်
မတ် ၅၊ ၂၀၂၄။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ကု(တောင်)ရပ်ကွက်ရှိ ဝပ်မူစူဝမ်းထိုင်းဘုန်တော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ကို အုတ်ခဲဖြင့် ထုကာသတ်ဖြတ်သွားသော မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးက မတ်လ ၄ ရက်ညပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်တွင် မတ်လ ၁ ရက်တွင် အသက် ၃၂ အရွယ် ဝင်းကျော်ဗိုလ်ဆိုသူက ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ လာရောက်ခဲ့ပြီးနောက် ထိုင်းဘုန်းတော်ကြီးထံမှ ထိုင်းဘတ်ငွေ ၇၀၀တောင်းယူခဲ့သည်။
ဘုန်းတော်ကြီးက ငြင်းဆန်ခဲ့သဖြင့် ကျူးလွန်သူမှာ ရေချိုးခန်းတွင် သွားရောက်ရေချိုးခဲ့ပြီးနောက် ထိုင်ခုံတွင် ဖုန်းအသုံးပြုနေသော ဘုန်းတော်ကြီးအား အုတ်ခဲဖြင့် ၁ ချက် ထုနှက်ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။
၎င်းနောက် ကြမ်းပြင်သို့လဲကျသွားစဉ် ၄ ချက် ထပ်မံထုနှက်ခဲ့ပြီးနောက် ထိုင်းဘတ်ငွေ ၃၅၀၀နှင့် ဆင်းတုတော် ၁၂ ဆူအား ယူဆောင်ကာ မဲဆောက်မြို့အတွင်းသို့ တိမ်းရှောင်နေစဉ် အာဏာပိုင်များက ရှာဖွေဖမ်းဆီးခဲ့သည်ဟု သိရသည်။
ပျံလွန်တော်မူခဲ့သည့် ထိုင်းဘုန်းတော်ကြီးမှာ သက်တော် ၆၂ ဝါနှင့် ဝါတော်အားဖြင့် ၂၀ ရှိသည်။
မတ်လ ၅ ရက် နံနက်ပိုင်းတွင် အာဏာပိုင်များက ကျူးလွန်သူအား အခင်းဖြစ်ပွားရာနေရာသို့ ခေါ်ယူစစ်ဆေးကာ သရုပ်ပြမေးမြန်းစဉ်တွင် ဒေသခံများမှ ဝင်ရောက်လုံးထွေးခဲ့သဖြင့် အာဏာပိုင်များက အကာအကွယ်ပြုလုပ်လုပ်ကာ အမြန်ခေါ်ထုတ်ခဲ့ရသည်ဟု သိရသည်။
ဓါတ်ပုံ – เอก เกียรติศักดิ์ แม่สอด
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3627
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8114