မြန်မာရွှေ့ပြောင်းများနှင့်ပတ်သက်ပြီး စိုးရိမ်စရာမရှိသေးဟု ထိုင်းကာကွယ်ရေးဝန်ကြီးပြော
*******************************
သံလွင်ခက်
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄။
ထိုင်းနိုင်ငံကိုရောက်ရှိလာသော မြန်မာနိုင်ငံသားများ၏ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုကို ဂရုတစိုက်ကြပ် မတ်စောင့်ကြည့်နေပြီး ထိန်းသိမ်းဆောင်ရွက်နိုင်သောအခြေအနေမျိုုးတွင်ရှိနေသည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် ကလန်ဆန် က ပြီးခဲ့သောရက်ပိုင်းတွင်ပြောကြားခဲ့သည်။
ယင်းအပြင် ထိုင်းနိုင်ငံကိုရောက်ရှိလာသည့် အခြားသောမြန်မာရွှေ့ပြောင်းများနှင့် စစ်ကောင်စီဆန့်ကျင်ရေးတက် ကြွလှုပ်ရှားသူများကို ကွဲပြားစွာပြုမူဆက်ဆံသင့်သည်ဟုလည်း သူကဆိုသည်။
“လက်ရှိအချိန်ထိတော့ ဘာမှ စိတ်ပူစရာမရှိသေးပါဘူး” ဟု ၎င်းကပြောသည်။
တဆက်တည်းမှာပင် ထိုင်းကာကွယ်ရေးဝန်ကြီးက ထိုင်းနိုင်ငံကိုတိမ်းရှောင်လာသည့် မြန်မာရွှေ့ပြောင်းအရေ အတွက်က အလွန်အမင်းများပြားမှုမရှိသေးကြောင်းနှင့် မကြာမီ ၎င်းတို့နေရပ်ထံပြန်နိုင်လိမ့်မည်ဟုမျှော်လင့်ရ ကြောင်း မစ္စတာ ဆူတင် ကပြောသည်။
မြန်မာစစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် လူငယ်များ နိုင်ငံရပ်ခြားထွက် ခွာမှု ယခင်ကထက်များပြားလာခဲ့သည်။
သို့သော် ထိုင်းနိုင်ငံကိုဝင်ရောက်လာသည့်အရေအတွက်များမူ ထင်ထားသလောက်များပြားလာသည့် လက္ခဏာ မရှိသေးသလို ထိုင်းနိုင်ငံတွင်ရေရှည်နေထိုင်ကြသူများမှာလည်း ယခင်ကတည်းကနေထိုင်ခဲ့ကြသည့် မြန်မာနိုင်ငံ သားများသာဖြစ်ကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သောရက်ပိုင်းတွင် ထိုင်းကာကွယ်ရေးဝန်ကြီးသည် မြန်မာ – ထိုင်းနယ်စပ်ဖြစ်သည့် မဲဆောက်ခရိုင်ကိုလာ ရောက်ခဲ့ပြီး ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုင်းအစိုးရနှင့် ထိုင်းလုံခြုံရေးအာဏာပိုင်များအနေဖြင့် ထိုင်းမြေပေါ်က မြန်မာစစ်ကောင်စီဆန့်ကျင်ရေးအဖွဲ့ များ၏လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေပြီး လက်ရှိအချိန်ထိတော့ သိသာထင်ရှားသည့်ခြိမ်းခြောက်မှု သို့မဟုတ် စိုးရိမ်စရာရယ်လို့ မတွေ့မြင်မိသေးပါဟု ကာကွယ်ရေးဝန်ကြီးကပြောဆိုခဲ့သည်။
Ref: Bangkok Post
ဓာတ်ပုံ – Mr Ussawin (AEC)
ပုံစာ – ထိုင်းနိုင်ငံကာကွယ်ရေး၀န်ကြီး ထိုင်း – မြန်မာနယ်စပ်မဲဆောက်မြို့သို့လာရောက်ခဲ့စဥ်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3554
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7975