• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
  • မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်
  • တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်
  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး
  • ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို
  • နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နိုင်ငံတကာသတင်း»မြန်မာစစ်ဘေးရှောင်များအတွက်အကူအညီများ မတ်လဆန်းတွင်စတင်နိုင်မည်ဟု ထိုင်းနိုင်ငံမျှော်လင့်
နိုင်ငံတကာသတင်း

မြန်မာစစ်ဘေးရှောင်များအတွက်အကူအညီများ မတ်လဆန်းတွင်စတင်နိုင်မည်ဟု ထိုင်းနိုင်ငံမျှော်လင့်

thanlwinkhetBy thanlwinkhetFebruary 26, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မြန်မာစစ်ဘေးရှောင်များအတွက်အကူအညီများ မတ်လဆန်းတွင်စတင်နိုင်မည်ဟု ထိုင်းနိုင်ငံမျှော်လင့်

************************

သံလွင်ခက်

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄။

မြန်မာနိုင်ငံတွင်းရှိ စစ်ဘေးရှောင်ရွှေ့ပြောင်းဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများပေးအပ်ခြင်းကို လာမည့်မတ်လ ပထမပတ်တွင်စတင်နိုင်ရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟစ်ဒ် ဒါ-နျူကာရာ က မျှော်လင့်ထားပြီး မြဝတီ – မဲဆောက်နယ်စပ်ဖြစ်သည့် တာ့ခ်ခရိုင်ကိုအသုံးပြုကာ အကူအညီများ ပေးအပ်သွားမည်ဟု သိရသည်။

မကြာသေးမီကပြုလုပ်ခဲ့သည့် ထိုင်းသတင်းဌာန Thai PBS World နှင့်တွေ့ဆုံမေးမြန်းမှုတွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံအနှံ့ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့်လူအားလုံးကို အုပ်စုခွဲခြားခြင်းမပြုဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်နိုင်ရေး ကြိုးပမ်းသွားမည် ဟု မစ္စတာ ပန်ပရီ က ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်ဘေးရှောင်များအတွက် အကူအညီများပေးအပ်ရာတွင် ကနဦး၌ အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ ပါဝင်မည်ဖြစ်ပြီး ထိုင်းနှင့် မြန်မာနိုင်ငံရှိ ကြက်ခြေနီအသင်းများကကြီးကြပ်သွားမည်ဟု ၎င်းကဆိုသည်။

ထိုင်းကပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီကို မြန်မာစစ်ကောင်စီက အပြည့်အဝ ထောက်ခံကြောင်းပြောဆိုထားပြီး မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပြင် အမျိုးသားညီညွတ်ရေးအစိုးရ – NUG နှင့်ပါ ဆွေးနွေးမှုများပြုလုပ်နေကြောင်း ၎င်းကပြောသည်။

မြန်မာစစ်ဘေးရှောင်များအတွက် အကူအညီများပေးအပ်ရာတွင် တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုများအပေါ် စိုးရိမ်မိသည်ဟုလည်း ပန်ပရီ ကဝန်ခံထားပြီး အကူအညီများပေးအပ်ရန်သတ်မှတ်ထားသည့် မြန်မာပြည်သူလူထု ထံ အမှန်တကယ်အကူအညီများရောက်၊ မရောက်ကိုလည်း အာဆီယံအကူအညီပေးရေးစင်တာ – AHA ကစောင့် ကြည့်နေမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောသည်။

နောက်ပိုင်းတွင်ပေးအပ်မည့် အကူအညီပေးရေးအစီအစဥ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ – ICRC လည်းပါဝင်လာမည်ဖြစ်သောကြောင့် ယင်းအစီအစဥ်ကိုလည်းကြိုဆိုကြောင်း သူကပြောသည်။

“ICRC က အနောက်နိုင်ငံတွေကိုကိုယ်စားပြုတယ်ဆိုတဲ့အမြင်မျိုး ရှိကောင်းရှိနိုင်ပါတယ်။ ဒါကြောင့်လည်း အကူ အညီပေးအပ်ရာမှာ ဘယ်အဖွဲ့အစည်းမျိုးကိုတော့ ပိုပြီးမျက်နှာသားပေးတယ်ဆိုတဲ့ သံသယမျိုးမဖြစ်ရလေအောင် အစကတည်းက သေသေချာချာလုပ်ဆောင်စေချင်တယ်” ဟု ပန်ပရီ ကပြောသည်။

မြန်မာနိုင်ငံရှိစစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ခြင်းသည် ထိုင်းနိုင်ငံတစ်နိုင်ငံတည်း၏ကြိုးပမ်းမှုမဟုတ်ဘဲ ပြီးခဲ့သည့်လက လာအိုနိုင်ငံတွင်ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအားလုံးက အပြည့်အဝထောက်ခံခဲ့ခြင်းလည်းဖြစ်သည်ဟု သူကဆိုသည်။

ထိုင်းနိုင်ငံကပေးအပ်မည့် မြန်မာစစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ များကို အမေရိကန်၊ အီးယူ (ဥရောပသမဂ္ဂ)နှင့် တရုတ်နိုင်ငံတို့ကပါထောက်ခံကြောင်း သူကပြောသည်။

ယခုလအစောပိုင်းတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ဝါရှင်တန်ဒီစီခရီးစဥ်သွားရောက်ခဲ့ပြီး အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် နှင့်တွေ့ဆုံခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံကချမှတ်ခဲ့သည့် ဘုံသဘောတူညီချက် ၅ ရပ်အကောင်အထည်ဖော်ရာ တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီကို ပထမခြေလှမ်းအဖြစ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရှု မြင်ထားပြီး ယခုအစီအစဥ်များကပင် မြန်မာနိုင်ငံပဋိပက္ခတွင်းပါဝင်နေကြသည့် သက်ဆိုင်ရာအဖွဲ့အစည်းအသီး သီးများကြား ယုံကြည်မှုများယူဆောင်ပေးလိမ့်မည်ဟုမျှော်လင့်ထားကြောင်း သူကပြောသည်။

တဆက်တည်းမှာပင် သူက “အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ပေးတဲ့အကူအညီတွေက ကျွန်တော်တို့ရည် ရွယ်ထားတဲ့လူအုပ်စုတွေဆီရောက်သွားနိုင်ဖို့ပါပဲ” ဟုပြောသည်။

မြန်မာစစ်ဘေးရှောင်များအတွက်ပေးအပ်မည့် ထိုင်းနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ များ သက်ဆိုင်ရာလူအုပ်စုများထံမရောက်လာမည်ကိုလည်း မြန်မာပြည်သူများက စိုးရိမ်နေကြသည်။

Ref: Thai PBS World

ဓာတ်ပုံ – MFA

ပုံစာ – ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီးတို့အား ၈ ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်တွေ့ရစဥ်။ (၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်)

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3532

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=7922

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ရှုံးနေသည့်စစ်ကောင်စီကို အရှုံးသမားကောင်း ပီသရန် AA စစ်ဦးစီးချုပ်သတိပေး
Next Article ဘားအံ – မြဝတီအာရှလမ်းနှင့် ကော့ကရိတ်မြို့ပေါ် ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်များထိန်းချုပ်ထား
thanlwinkhet
  • Website

Related Posts

အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်

May 21, 2025

အမေရိကန်ကာဒီနယ်ကို ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်

May 9, 2025

အိန္ဒိယက ပါကစ္စတန်ကို ဒုံးကျည်တွေနဲ့ စတင်တိုက်ခိုက်

May 7, 2025

Leave A Reply Cancel Reply

Recent Posts

  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
  • မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်
  • တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်
  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်

Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ

မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်

May 23, 2025

Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ

May 23, 2025

မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်

May 23, 2025

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

May 23, 2025

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

May 22, 2025

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

May 22, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.