• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ
  • ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန
  • အီရန်ထိပ်တန်းခေါင်းဆောင်ကိုသတ်မယ့် အစ္စ‌ရေးအစီအစဉ် ထရမ့် သဘောမတူ
  • ကျားဖြန့်လုပ်သား ၁၃၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း
  • ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ
  • ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ရာဂထောင်ချောက်က ရုန်းထွက်နိုင်ခဲ့တဲ့ မနှင်းနွေ
ဆောင်းပါး

ရာဂထောင်ချောက်က ရုန်းထွက်နိုင်ခဲ့တဲ့ မနှင်းနွေ

thanlwinkhetBy thanlwinkhetFebruary 23, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ရာဂထောင်ချောက်က ရုန်းထွက်နိုင်ခဲ့တဲ့ မနှင်းနွေ
***************************************
သဇင်
ဖေဖော်ဝါရီ ၂၃၊၂၀၂၄။

မဲဆောက်မြို့ကို ရောက်ပြီး မကြာမီမှာပဲ မနှင်းနွေ ( အမည်လွှဲ) ဟာ သူ့ရဲ့ ဖုန်းကို ပြင်ပေးဖို့အတွက် ယုံကြည်ရမယ်ထင်တဲ့ အိမ်နီးချင်း ၁ ဦးကို အကူအညီတောင်းခဲ့မိပါတယ်။

အဲဒီသူက မနှင်းနွေရဲ့ဖုန်းထဲက မနှင်းနွေရဲ့မိသားစုနဲ့သက်ဆိုင်တဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ အရေးကြီးအချက်အလက်တွေကို ကူးယူထားပြီးနောက်သူနဲ့ အတူနေဖို့ မနှင်းနွေကို ခြိမ်းခြောက်ပြောဆို လာပါ တော့တယ်။

“အဲဒီ recordက ကျွန်မဘဝအတွက် အရေးကြီးတယ်။ အဲဒါပျံ့သွားမှာကို သေအောင်ကြောက်တာ။မိသားစု ကိစ္စဆိုတော့ ကိုယ့်ကြောင့်ပျံ့သွားမှာအရမ်းကြောက်တဲ့အတွက်ကြောင့် သူပြောသလိုလိုက်လျောခဲ့ရတယ်” လို့ မနှင်းနွေကဆိုပါတယ်။

ဒီလို ကြုံတွေ့နေရချိန်မှာ မနှင်းနွေဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အသိမိတ်ဆွေကလည်း မရှိ၊ ပထမဦးဆုံး ရောက်ဖူးတာဖြစ်တဲ့အတွက် ကြောက်ရွံ့စိတ်နဲ့သာ ခြိမ်းခြောက်သူဆန္ဒအတိုင်း လိုက်လျောနေထိုင်ခဲ့ရပါတော့တယ်။

မနှင်းနွေဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ခဲ့ရင်း အာဏာသိမ်းစစ်တပ်ရဲ့ လိုက်လံဖမ်းဆီးခံရတာကြောင့် တော်လှန်ရေးအစောပိုင်းကာလကတည်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ထွက်ပြေးခိုလှုံခဲ့သူ ၁ ဦး ပါ။

မဲဆောက်မြို့မှာနေထိုင်စဉ် အခန်းဘေးကပ်လျက်နေထိုင်သူအမျိုးသား ၁ ဦးက သူ့အပေါ် ခုလိုပဲ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်စော်ကားမှု ကျူးလွန်ခဲ့တာလည်း ဖြစ်ပါတယ်။

“အစပိုင်းတော့သူက အစစအရာရာ ကူညီပေးတယ်။ ဘယ်ဟာလေးပဲဖြစ်ဖြစ် လိုက်ဝယ်ပေး၊ လိုက်ပို့ပေးတယ်ဆိုတော့ ကျွန်မကလည်း သူ့ကို ယုံကြည်ပြီးတော့မှ ပေါင်းသင်းဆက်ဆံတာတွေလုပ်ခဲ့တယ်”လို့ မနှင်းနွေက ဆိုပါတယ်။

တော်လှန်ရေးကာလအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ အကြောင်းမျိုးမျိုးသောဖိနှိပ်မှုတွေကြောင့် တိုင်းတပါးကို ထွက်ပြေးခိုလှုံလာရတဲ့ အမျိုးသမီးတွေဟာ ရာဂသားကောင်တွေရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုကို ခံစားနေကြရပါတယ်။

နိုင်ငံရပ်ခြားမှာ တရားမဝင်နေထိုင်ရသူအဖို့ ဒီလိုအခြေနေတွေကို တိုင်ကြားဖြေရှင်းဖို့နဲ့ ထိရောက်တဲ့ဖြေရှင်း မှုမျိုးနည်းပါးလွန်းတာကြောင့် ရေငုံနှုတ်ပိတ်နေရင်း အမျိုးသမီးအများစုဟာ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ကျူးလွန်သူတွေအတွက် ပစ်မှတ်ဖြစ်လာပါတော့တယ်။

တော်လှန်ရေးအကြောင်းပြ ကူညီချင်ယောင်ဆောင်ပြီး အမျိုးသမီးတွေအပေါ် လိင်အမြတ်ထုတ်ဖို့ကြံစည်မှုတွေက မြန်မာဒုက္ခသည်တွေရဲ့ နားခိုရာနယ်မြေလို့မှတ်ယူကြတဲ့ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကိစ္စတစ်ခုလိုတောင် ဖြစ်လာပါတယ်။

“စစရောက်ချင်းဆိုတော့ ရဲတအားကြောက်တယ်။ အဲ့လို ကြောက်ရတဲ့အခါကျတော့ဒီမှာရောက်နေတဲ့ ရှေ့က သူတွေပြောတဲ့စကားကို ယုံတယ်။ သူများ ဘာပြောပြော ယုံတာပဲ။အဲဒီချိန်မှာစပြီးတော့ သူပြောသလို မလုပ်ရင် ရဲတိုင်မယ် ဘာမယ်နဲ့ အရမ်းခြိမ်းခြောက်ခံရတယ်”လို့ မနှင်းနွယ်က ပြန်ပြောင်း ပြောပြပါတယ်။

သူမအပေါ်လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့ အမျိုးသားဟာ အသက် ၃၀ ကျော်အရွယ် သတ်လတ်ပိုင်း မြန်မာရွှေ့ပြောင်း အလုပ်သမား ၁ ဦးပါ။

အဲဒီလူဟာ မနှင်းနွေကိုသာမက အခြားအမျိုးသမီး ၃ ဦးကိုလည်း ဒီလိုလိင်ပိုင်းဆိုင်ရာခြိမ်းခြောက်စော်ကားမှု တွေပြုလုပ်ခဲ့ပြီး အတူနေခဲ့တဲ့ဖြစ်ရပ်ကို ရုပ်သံရိုက်ကူးထားခဲ့ပါတယ်။အဲဒီဗီဒီယိုဖိုင်တွေနဲ့ အမျိုးသမီးတွေကို ခြိမ်းခြောက် အကြပ်ကိုင်ထားခဲ့ပါတယ်။

မနှင်းနွေကိုလည်း ဒီနည်းအတိုင်း အကြပ်ကိုင်ခဲ့တာပါ။ဒီလိုအခြေအနေမှာ ၃ လလောက်ပိတ်မိနေခဲ့ပြီးနောက် အဲဒီ အမျိုးသားလက်ကလွတ်မြောက်ဖို့မနှင်းနွေ နည်း လမ်းမျိုးစုံသုံးပြီး စတင်ကြိုးပမ်းခဲ့ရာ လွတ်မြောက်ဖို့အတွက် ၁ နှစ်နဲ့ ၇ လတိတိကြာမြင့်ခဲ့ပါတယ်။

အဲဒီကာလတွေအတွင်း လမ်းမပေါ်မှာဆိုင်ကယ်စီးလာတဲ့ မနှင်းနွေကို အကျီလည်စကကိုင်ဆွဲပြီး ဆိုင်ကယ်ပေါ်က အတင်းဆွဲချတာ၊ လူမြင်ကွင်းနေရာတွေမှာ ကိုယ်ထိလက်ရောက်ကျူးလွန်တာစတာတွေအထိ ဆိုးဆိုးရွားရွား ဆက်ဆံခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကိုမှ မတိုင်ကြားနိုင်ခဲ့ဘူးလို့မနှင်းနွေက ဆိုပါတယ်။

“အားကိုးအားထားစရာ ကောင်းကောင်းမွန်မွန်မရှိတဲ့အတွက် ကျွန်မတို့ ဒီဘက်မှာ လာနေတဲ့အခါမှာတိုင်မယ်ဆိုရင်လည်း ကိုယ့်ဘက်က အရှုံးချည်းပဲ” လို့ သူက ဆိုပါတယ်။

တိုင်းတပါးရောက် မြန်မာအမျိုးသမီးအများစုဟာ အမျိုးမျိုးသောဖိနှိပ်ခံရမှုတွေကြားမှာ သူတို့ကိုအကာအကွယ်ပေးနိုင်မယ့်ဥပဒေကို မျှော်လင့်နေကြတယ်လို့ မနှင်းနွေက ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအတွက် ထိုင်းနိုင်ငံမှာလည်း တရားဝင်တိုင်ကြားနိုင်တယ်လို့ ဥပဒေအရေး ကျွမ်းကျင်သူ ၁ ဦးက ပြောပါတယ်။

“ထိုင်းဥပဒေမှာ လက်မှတ်ရှိသည် ဖြစ်စေ၊ မရှိဖြစ်စေ အားလုံးအတွက်ကို ဖွင့်ပေးပြီးသား။အားလုံးက အဲ့ဒီ လမ်းကြောင်းကို သုံးလို့ရတယ်။ အမျိုးသမီးနဲ့ပတ်သတ်တဲ့အခွင့်အရေးချိုးဖောက်ခံရတာဖြစ်ဖြစ်၊ လိင်ပိုင်း ဆိုင်ရာချိုးဖောက်တာဖြစ်ဖြစ်၊ သူ့နိုင်ငံရဲ့ဥပဒေမှာ
ကာကွယ်ပေးတဲ့နည်းလမ်းတွေ ထိုင်းဥပဒေမှာရှိပြီးသား ပဲ”လို့ သူက ဆိုပါတယ်။

လူ့အခွင့်အရေး ကျွမ်းကျင်သူတွေကလည်း လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေအတွက်သက်ဆိုင်ရာနိုင်ငံက လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့အကူအညီရယူပြီး ဥပဒေနဲ့အညီတိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးကြေညာစာတမ်း အပိုဒ် ၇ နဲ့ ၈ မှာ”လူအားလုံးတို့သည်ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ဥပဒေ၏ အကာအကွယ်ကို ခြားနားခြင်းမခံရစေဘဲတူညီစွာခံစားပိုင်ခွင့်ရှိသည်။ အခြေခံဥပဒေကသော်လည်းကောင်း၊အခြားဥပဒေကသော်လည်းကောင်း လူတိုင်းအတွက် ပေးထားသည့် အခြေခံအခွင့်အရေးများသည်ချိုးဖောက်ဖျက်ဆီးခြင်းခံခဲ့ရလျှင် ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူ သည်နိုင်ငံဆိုင်ရာအာဏာပိုင်တရားရုံးတွင် ထိရောက်စွာသက်သာခွင့် ရှိနိုင်စေရမည်”လို့ အတိအလင်းပြဋ္ဌာန်း ထားပါတယ်။

လူ့အခွင့်အရေးကြေညာစာတမ်းမှာ ဘယ်လိုပဲပြဋ္ဌာန်းထားထား ဥပဒေအကာအကွယ်မရှိ၊ပီပြင်တဲ့အစိုးရ၊ တရားစွဲပေးမယ့်အဖွဲ့အစည်းတွေ မရှိတဲ့အခြေအနေ ဖြစ်နေတာကြောင့်ပဲမနှင်းနွယ်ဟာ အမျိုးသမီးတွေ အပေါ် လိင်အမြတ်ထုတ်ချင်တဲ့ ကာမဘီလူးရဲ့ ထောက်ချောက်ထဲလုံးဝကျရောက်ခဲ့တာ လည်း ဖြစ်ပါတယ်။

ဆိုးရွားတဲ့အတွေ့အကြုံတွေ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရတာတွေကြောင့်လည်းကြောက် စိတ်က မနှင်းနွေနောက်ကို အရိပ်လို လိုက်နေခဲ့ပါတယ်။

“အပြင်ထွက်ဖို့ကို ဒီလူနဲ့တွေ့မှာ၊ ဒီလိုပတ်ဝန်းကျင်နဲ့တွေ့မှာဆိုတဲ့ ကြောက်စိတ်ကရင်ထဲတထိတ်ထိတ်ပဲ။ တော်တော်လေးကို ကြောက်ကြောက်လန့်လန့် ဖြစ်ခဲ့တယ်။စက်ဘီးစီးသွားရင်တောင် နောက်က ကားတွေ လာကြိတ်မှာကို မတွေးနိုင်ဘူး။ အဲ့ဒီ အိမ်ရှေ့ကနေမြန်မြန်ကျော်မိဖို့ပဲ တွေးမိနေခဲ့တာ” လို့ မနှင်းနွေက ပြောပြပါတယ်။

တရားမဝင်နေထိုင်နေရတဲ့အခြေအနေ၊ တော်လှန်ရေးကာလဖြစ်တဲ့အတွက် မိသားစုလုံခြုံရေးစတဲ့အချက် တွေကို အခွင့်ကောင်းယူပြီး ကာမဘီလူးတွေကလည်း လိင်အမြတ်ထုတ်နေခဲ့ကြတာဖြစ်ပါတယ်။

“ တကယ်လို့များ ကျွန်မတို့အတွက် အကာအကွယ်ရမယ့် ဥပဒေမျိုးရှိလာမယ်ဆိုရင်အရမ်းကောင်းတယ်။ ဖြစ် စေချင်တယ်။ NUG အစိုးရတို့ ဘာတို့က ဒီလိုကိစ္စမျိုးတွေကိုတတ်နိုင်သမျှ လုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ မနှင်းနွေက ဆိုပါတယ်။အမျိုးသားညီညွတ်ရေး အစိုးရ NUG ကတော့ ဒီဖြစ်ရပ်တွေကိုတိုင်ကြားနိုင်ဖို့အတွက် အစီအစဉ်တွေရှိတယ်လို့ ဆိုပါတယ်။

NUG ရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနအနေနဲ့က နစ်နာသူကတိုင်ကြားလာခဲ့ရင် ပြည်ထဲရေးဝန်ကြီးဌာနကို တဆင့်ပြန်ပို့ပေးသလို တိုက်ရိုက်တိုင်ကြားအမှုဖွင့်လိုရင်လည်း ချိတ်ဆက်ပေး တယ်လို့ ဆိုပါတယ်။

နစ်နာသူမိန်းကလေးရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိလာရင် counselling လုပ်ပေးတဲ့တိုင်ပင်ဖော်အစီအစဉ်နဲ့ ဥပဒေရှုထောင့်က တိုင်ပင်ချင်တယ်ဆို မျှတလမ်းညွှန်အစီအစဉ်တွေလည်းလုပ်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဒီလိုတိုင်ကြားနိုင်တယ်ဆိုတာတွေကို မနှင်းနွေတို့လို အမျိုးသမီးတွေသိရှိအောင်NUG ရဲ့ အသိပညာပေးမှုတွေက အားနည်းနေဆဲဖြစ်သလိုအခုအချိန်အထိဖြစ်ပွားခဲ့တဲ့အမှုတွေအပေါ် ဘယ်လိုအရေး ယူခဲ့တယ်ဆိုတဲ့ ထုတ်ပြန်မှုတွေလည်းပီပီပြင်ပြင် မရှိသေးဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။

နိုင်ငံရပ်ခြားမှာ တကိုယ်တည်းရောက်နေတဲ့ မနှင်းနွေလို အမျိုးသမီး ၁ ယောက်အနေနဲ့တော့ ဥပဒေအကြောင်းအချက်တွေကို နားမလည်ဘဲ အားကိုးရာမဲ့ဖြစ်နေရုံသာမက ပတ်ဝန်းကျင်ရဲ့ပြစ်တင်ရှုတ်ချမှုဒဏ် ကိုလည်း ပြင်းပြင်းထန်ထန်ခံရပါသေးတယ်။

“အဲဒီအချိန်မှာ ပတ်ဝန်းကျင်က အရမ်းလက်ညှိုး ထိုးတယ်။ ဖြစ်တုန်းကကျ ဖြစ်ခဲ့ပြီးတော့ဆိုတာမျိုးတွေပေါ့။ အဲ့ဒီတုန်းကလေ သတ်သေချင်စိတ် တကယ်ဖြစ်ခဲ့တယ်။ အဲ့လိုဗီဒီရိုတွေပျံ့သွားတော့ သတ်သေချင်စိတ် တကယ်ကိုဖြစ်တာ။ တကယ် လုပ်မိမလိုတောင် ဖြစ်ခဲ့တယ်” မနှင်းနွေက ဆိုပါတယ်။

မနှင်းနွေလို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုခံရတဲ့အမျိုးသမီးတွေအများစုဟာနောက်ဆက်တွဲဆိုးကျိုးတွေ အနေနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာတွေရကြပြီး လှုမှုပတ်ဝန်းကျင်ကအပျက်သဘောဆောင်တဲ့ လူမှုရေး သတ်မှတ်ချက်တွေနဲ့ ချိုးနှိမ်ဖယ်ကျဉ်ခံရတဲ့အထိ အလူးအလဲထိခိုက်ခံစားကြရတာပါ။

ဒီလို အပျက်သဘောဆောင်တဲ့အထင်အမြင်တွေလွှမ်းမိုးနေတဲ့ လူမှုပတ်ဝန်းကျင်ရှိခြင်းကလည်းအကြမ်းဖက် ခံရတဲ့ အမျိုးသမီးတွေအတွက် ထုတ်ဖော်ပြောဆိုဖို့နဲ့ တရားမျှတမှုရရေးတို့မှာအဟန့်အတားတွေ အများကြီး ရှိနေတယ်လို့ Sisters to Sisters ဦးဆောင်အဖွဲ့ဝင် မသဉ္ဇာရွှန်းလဲ့ရည်က ပြောဆိုထားပါတယ်။

“ဒီလိုဖြစ်ရပ်တွေကို ထုတ်ဖော်ပြောတဲ့အခါမှာ အမျိုးသမီးတွေဟာ သံသယဝင်ခံရတယ်။မေးခွန်းပေါင်းစုံ အထုတ်ခံလိုက်ရတယ်” လို့ သူက ဆိုပါတယ်။

ဒီလိုဖြစ်ရပ်တွေကို ထုတ်ဖော်ပြောဆိုဖို့ရာမှာ ယဉ်ကျေးမှုဘောင်တွေနဲ့ ကန့်သတ်နေတာကြောင့်ကျူးလွန်သူ တွေက ရှေ့ဆက်ကျူးလွန်နေကြတဲ့အချိန်မှာ ကျူးလွန်ခံရသူကဘာကိုမှဆက်လုပ်နိုင်စွမ်းမရှိတော့တဲ့ အခြေ အနေတွေကို  ကြုံတွေ့နေရတယ်လို့ သူကဆိုပါတယ်။

“ကျူးလွန်ခံရတာက ရှက်စရာမဟုတ်ဘူး၊ ကျူးလွန်တဲ့သူကရှက်စရာဆိုတဲ့ အသိပညာကိုများများမြှင့်တင်ပေး မယ်ဆိုရင်တော့ တရားမျှတမှုဘက်ကို ရောက်ရှိလာနိုင်တဲ့နည်းလမ်းတွေအများကြီးဖြစ်လာမှာပါ” လို့ မသဉ္ဇာ ရွှန်းလဲ့ရည် က မှတ်ချက်ပြုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဝေဖန်မှုတွေ၊ အရှက်ကွဲမှုတွေ၊ ကြောက်ရွံမှုတွေကို အန်တုဖက်ပြိုင်ရင်ဆိုင်ပြီးမနှင်းနွေ တစ်ယောက် အခုတော့လည်း ကာမဘီလူးရဲ့ ရာဂထောင်ချောက်ကနေရုန်းထွက်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုခံထားရတဲ့အမျိုးသမီးတွေကလည်းမနှင်းနွေလိုသတ္တိမျိုးမွေးမြူရမယ့် အချိန် ရောက်နေပါပြီ။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြို့လှရှိ ခမရ ၃၈၇ ဗျူဟာကုန်းကို KIA နှင့် K-PDF တို့ထိန်းချုပ်
Next Article လူထုအခြေပြု အစိုးရပေါ်ပေါက်ရေးအတွက် TNLA အဆင့်ဆင့်ဆောင်ရွက်သွားမည်
thanlwinkhet
  • Website

Related Posts

လားရှိုးကနေ MNDAA ဘာကြောင့် ဆုတ်ခွာခဲ့ရသလဲဆိုတာ

June 8, 2025

တရုတ်အမြတ်ထွက်တဲ့ စစ်ကောင်စီရွေးကောက်ပွဲ

May 25, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

Leave A Reply Cancel Reply

Recent Posts

  • ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ
  • ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန
  • အီရန်ထိပ်တန်းခေါင်းဆောင်ကိုသတ်မယ့် အစ္စ‌ရေးအစီအစဉ် ထရမ့် သဘောမတူ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ

ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်

June 18, 2025

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ

June 18, 2025

ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး

June 17, 2025

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန

June 17, 2025

အီရန်ထိပ်တန်းခေါင်းဆောင်ကိုသတ်မယ့် အစ္စ‌ရေးအစီအစဉ် ထရမ့် သဘောမတူ

June 17, 2025

ကျားဖြန့်လုပ်သား ၁၃၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း

June 17, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.