• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • CI စာအုပ်မှ PJ စာအုပ်ပြောင်းထားသူများ ပြည်ပနိုင်ငံ ထွက်ခွာခွင့် ကန့်သတ်ခံရ
  • လုပ်အားခများအား စက်ရုံဘက်မှ အမြန်ဆုံးထုတ်ပေးမည်ဟု သဘောတူ
  • လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်၏ ၁၂ ရာခိုင်နှုန်းသာ ရရှိထား
  • မောင်တောမြောက်ပိုင်းတွင် AA နှင့် ARSA တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
  • Chrome ဘရောက်ဇာ အသုံးပြုသူများ လုံခြုံရေးအန္တရာယ်ရှိနေ၊ ချက်ချင်း အပ်ဒိတ်လုပ်ရန် Google တိုက်တွန်း
  • လေးကေ့ကော်ဒေသ တိုက်ပွဲမှ လက်နက်ကြီးကျည်တစ်လုံး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်
  • ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းအထူးတပ်ဖွဲ့ လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူ
  • အမေရိကန်သမ္မတက Tylenol နှင့် Autism ဆက်နွယ်မှုအား အထောက်အထားမခိုင်လုံသော သတိပေးချက် ထုတ်ပြန်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ဝှက်ဖဲမဟုတ်တော့တဲ့ စစ်ကောင်စီရဲ့အားအထားဆုံး ဘာသာရေးလက်နက်
ဆောင်းပါး

ဝှက်ဖဲမဟုတ်တော့တဲ့ စစ်ကောင်စီရဲ့အားအထားဆုံး ဘာသာရေးလက်နက်

thanlwinkhetBy thanlwinkhetFebruary 19, 2024No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ယမင်းဖူးပွင့်အောင်
ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄။

မြန်မာပြည်အရှေ့မြောက်ဖျား ကိုးကန့်ဒေသကအစပြုခဲ့တဲ့ ”၁၀၂၇ စစ်ဆင်ရေး”သုံးလအလွန်ကာလမှာတော့ နိုင်ငံအနှံ့ကတိုင်းရင်းသားလူမျိုးပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့တွေ၊အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးတပ်ဖွဲ့ တွေရဲ့ ဘက်ပေါင်းစုံထိုးစစ်အောက်မှာစစ်ကောင်စီတပ်ဟာ အင်အားပြုန်းတီးမှုအများအပြားနဲ့ ရင်ဆိုင်နေရပါတယ်။

နောက်ဆက်တွဲ ရက္ခိုင့်တပ်တော် – AA ရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းထိုးစစ်မှာပါ စစ်ရေးအရလုံးဝအသာစီးမရ တော့တဲ့ စစ်ကောင်စီဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေအကြားသွေးခွဲမှိုင်းတိုက်တဲ့နည်းကို နောက်ထပ် လက် နက်တစ်ခုသဖွယ် တွင်တွင်ကျယ်ကျယ်အသုံးပြုလာခဲ့ပါတယ်။

လောက်ကိုင်မြို့အနီး ပွိုင့် ၂၂၀၂ တောင်ကုန်းပေါ်က စေတီတစ်ဆူကို ကိုးကန့်တပ်ဖွဲ့ – MNDAAတပ်သားတစ်ဦးက တူနဲ့ထုရိုက်ဖျက်ဆီးနေတဲ့ ရုပ်သံဖိုင်၊ နမ့်ခမ်းမြို့အနီးက စေတီတစ်ဆူကိုတအာင်းတပ်ဖွဲ့ – TNLA က ဖျက်ဆီး လိုက်တဲ့ကိစ္စတွေကို အခွင့် ကောင်းယူပြီး ဘာသာခြားတွေကဗုဒ္ဓဘာသာကို ဖျက်ဆီးနေတဲ့ပုံစံမျိုးနဲ့ စစ်ကောင်စီက ပြည်သူလူထုကို အာရုံပြောင်းဖို့ ကြိုးစားလာခဲ့ပါတော့တယ်။

ဒါက အထူးအဆန်းတော့မဟုတ်ပေမယ့် ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့သည်းခြေကြိုက်လက်နက်ဖြစ် တဲ့ ဘာသာရေးမှိုင်းတိုက်တဲ့နည်းလမ်းကိုအသုံးပြုပြီး ဘာသာခြားတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဗုဒ္ဓ ဘာသာဝင် ပြည်သူလူထုတွေကို သွေးခွဲဖို့ စတင်အကောင်အထည်ဖော်လာပါတော့တယ်။

စစ်ကောင်စီရဲ့ ဘာသာရေးအရ တန်ပြန်တိုက်ခိုက်မှု
*******************

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့ရဲ့အဖွဲ့တစ်ခုလုံး နေပြည်တော်မှာ ၇၆ နှစ်မြောက်လွတ်လပ် ရေးနေ့ ဂုဏ်ပြုညစာစားပွဲကျင်းပနေတဲ့ညမှာပဲ တိုက်တိုက်ဆိုင်ဆိုင်လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် အပါအဝင် လောက်ကိုင်ဒေသကစစ်ကောင်စီတပ်တွေအကုန်လုံး လက်နက်ချခဲ့ကြပါတယ်။

သမိုင်းကြောင်းတစ်လျှောက် စစ်ဌာနချုပ်တစ်ခုကျဆုံးခဲ့ရတဲ့ ဖြစ်စဉ်နောက်ပိုင်းမှာတော့ စစ်ကောင်စီဟာမြေပြင် အရတန်ပြန်ထိုးစစ်ဆင်ဖို့ဖြစ်မလာခဲ့ပေမယ့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုတော့ ဘာသာရေးအရတုံ့ပြန်ဖို့ အချိန်ကိုက် အကြောင်းဖန်လာပါတော့တယ်။

လောက်ကိုင်မြို့တစ်ခုလုံးကို အသာစီးကနေမြင်နိုင်တဲ့ ပွိုင့် ၂၂၀၂ တောင်ကုန်းပေါ်က စေတီတစ်ဆူကိုကိုးကန့် ယူနီဖောင်းဝတ်ဆင်ထားတဲ့ ရဲဘော်တစ်ဦးက သံတူနဲ့ထုရိုက်ဖျက်ဆီးနေတဲ့ရုပ်သံမှတ်တမ်းတစ်ခု ဇန်နဝါရီ ၈ ရက်မှာ We Chat လို့ခေါ်တဲ့ ဆိုရှယ်မီဒီယကနေတဆင့် လူထုကြားထဲပျံ့နှံ့လာခဲ့ပါတယ်။

ဒီကိစ္စကို စစ်ကောင်စီဘက်က ချက်ချင်းဆိုသလို တုံ့ပြန်ခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းက နယ်မြေ လုလာတဲ့အပြင် ဘာသာရေးကိုထိပါးလာတဲ့လက်နက်ကိုင်အဖွဲ့တွေကို အမြစ်ပြတ်ချေမှုန်းသွားဖို့လိုတယ်လို့ ဇန်နဝါရီ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့မြို့ကြီးတွေအပြင် စစ်ကောင်စီထောက်ခံအားပေးသူများတဲ့တပ်မြို့ကြီးတွေ မှာ အမျိုးသားရေးနဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေဦးဆောင်တဲ့ ကိုးကန့်ဆန့်ကျင်ရေး၊အမျိုးသားရေးနဲ့ ဘာသာရေး လှုပ်ရှားမှုတွေကို နှစ်ပတ်အတွင်း ဆက်တိုက်ပြုလုပ်ခဲ့ပါတော့တယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှု ကြီးငယ်ကိုမဆို စစ်ကောင်စီက ကျည်အစစ်နဲ့ပါ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

ဒါပေမယ့် အမျိုးသားရေးလှုပ်ရှားသူတွေကတော့ နေပြည်တော်လိုနေရာမျိုးမှာတောင် ဆန္ဒထုတ်ဖော်ခွင့်ရခဲ့ကြပါတယ်။

နေပြည်တော်မှာပြုလုပ်တဲ့ ဘာသာရေးလှုပ်ရှားမှုမှာတော့ အမျိုးသားရေးလှုပ်ရှားသူအသိုင်းအဝိုင်းမှာလူသိများတဲ့ မြန်မာ့အမျိုးသားရေးကွန်ရက်နဲ့ မြန်မာနေရှင်နယ်ပို့စ်သတင်းဌာနတည်ထောင်သူနောင်တော်လေးက ဦး ဆောင်ပြီး မျိုးချစ်သံဃာတော်များသမဂ္ဂက သံဃာတော်တွေလည်းပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့၊ တပ်မ ၈၈ ဌာနချုပ်တည်ရှိရာမကွေးမြို့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ကျိုင်းတုံမြို့၊အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တည်ရှိရာ

ပြည်မြို့စတဲ့ စစ်ကောင်စီတပ်အားကောင်းရာမြို့တွေမှာလည်း MNDAA ကို ရှုံ့ချတဲ့ဆန္ဒပြပွဲတွေဆက်တိုက်ပေါ်ပေါက်လာခဲ့ပါတယ်။

ဒါတွေကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီဟာ ဘာသာရေးလှုပ်ရှားမှုတွေကိုတိုက်ရိုက်ပုံစံမျိုးတော့မဟုတ်ပေမယ့် အမျိုးသားရေးလှုပ်ရှားသူတွေကို နောက်ကွယ်ကနေထောက်ပံ့ပြီးအကာကွယ်လည်းပေးခဲ့တယ်လို့ ကောက်ချက် ချလို့ ရနိုင်ပါတယ်။

တော်လှန်ရေးကို ဘာသာရေးနဲ့ ပုံဖျက်လေ့ရှိတဲ့ စစ်ကောင်စီ
*******************

MNDAA ကတော့ သူတို့လုပ်ရပ်နဲ့ပတ်သတ်ပြီး တစ်နိုင်ငံလုံးက ပြည်သူလူထုကို တောင်းပန်စာထုတ်ပြန်ခဲ့ပါတယ်။ ရုပ်သံဖိုင်မှာပါဝင်တဲ့ စေတီဖျက်ဆီးတဲ့ရဲဘော်ကို အမိန့်မနာခံမှုနဲ့အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ဗုဒ္ဓ ဘာသာကို စော်ကားဖျက်ဆီးလိုစိတ်မရှိကြောင်းကိုလည်းအတိအလင်းထုတ်ပြန်ခဲ့ပါတယ်။

အခုလိုလုပ်ရပ်အပေါ် MNDAA က တောင်းပန်စာထုတ်ပြန်ခြင်းကအလွန်ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ Burma Civil War Museum က သုတေသီ ၁ ဦးဖြစ်တဲ့ကိုရဲဟိန်းအောင်က သုံးသပ်ပါတယ်။

“သူပုန်တွေ၊ တော်လှန်ရေးသမားတွေသည် ဘာသာမဲ့တဲ့သူတွေ။ ဗုဒ္ဓဘာသာတည်ရှိမှုကိုခြိမ်းခြောက်နေတယ် ဆိုတာမျိုးကို သူ့ရဲ့စစ်တပ်ထဲမှာရော၊ သူ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ပြည်သူလူထုကိုရော ဝါဒဖြန့်ဖို့ ကြိုးစားတယ်။ MNDAA က အချိန်မီကြေညာချက်ထုတ်တာကကောင်းမွန်တဲ့လုပ်ရပ်ဖြစ်ပါတယ်” လို့ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စစ်ကောင်စီဟာ လေကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြုပြီးဘာသာ ရေးအဆောက်အအုံတော်တော်များများကို ဆက်တိုက်ဆိုသလို ထိခိုက်ပျက်စီးစေခဲ့ပေမယ့်အခုအခါမှာတော့ MNDAA တပ်သားတစ်ယောက်ရဲ့လုပ်ရပ်ကိုပဲ မီးမောင်းထိုးပြီး ကိုးကန့်တွေရဲ့လက်နက်ကိုင်တော်လှန်ရေးကို ဘာသာရေးအသွင်ပြောင်း ပုံဖျက်မှုတွေပြုလုပ်လာခဲ့ပါတယ်။

ကိုးကန့်တပ်သား၏လုပ်ရပ်အား ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် မျိုးချစ်များ။
ကိုးကန့်တပ်သား၏လုပ်ရပ်အား ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် မျိုးချစ်များ။

စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်တာကာလအတွင်း ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေအပါအဝင်ခရစ်ယာန်နဲ့ မူဆလင်ဘာသာရေးအဆောက်အအုံ ၂၀၀ နီးပါးဟာ စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့်ဖျက်ဆီးခံခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် – ICJ ရဲ့ အစီရင်ခံစာအရသိရပါတယ်။

နေပြည်တော်ကဆန္ဒပြပွဲမှာ မျိုးသာကီအရှင်ပုညဆရာတော်က”ကိုးကွယ်နေတဲ့ဘုရားကျောင်းဆောင်တွေ၊ ဘုရား ဆင်းတုတော်တွေ ပျောက်ကုန်မယ်။ အမျိုး၊ ဘာသာ၊သာသနာအရေးကို သွေးမအေးကြနဲ့”လို့ တရားဟောခဲ့ပါတယ်။

အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်မယ်လို့ တဖွဖွ နှုတ်ထွက်စကားဆိုခဲ့ကြတဲ့ စစ်ခေါင်းဆောင်တွေဟာ ရှမ်းမြောက်ဒေသမှာ စခန်းတွေ၊ နယ်မြေတွေ စွန့်လွှတ်လိုက်ရတာကိုအဓိကမထားဘဲ ဗုဒ္ဓ ဘာသာပျောက်ကွယ်တော့မယ်လို့သာ ဝါဒဖြန့်နေခဲ့ကြပါတယ်။

အရင်ကလည်း စစ်ကောင်စီက အညာဒေသကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ကချင်လွတ်မြောက်ရေး တပ်မတော် – KIA ကြား သွေးထိုးလှုံ့ဆော်ခဲ့သလို စစ်ကောင်စီရဲ့တယ်လီဂရမ်ချန်နယ်တွေမှာလည်း KIA ကို ဘာသာရေးခုတုံးလုပ် သွေးခွဲမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ ဘာသာရေး၊ လူမျိုးရေးကိုအသုံးချပြီး သွေးခွဲတတ်တဲ့ မဟာဗျူဟာမှာ မျောပါသွားရင်တော်လှန်ရေး လမ်းစဉ်တွေ၊ ရည်မှန်းချက်တွေပျောက်သွားမှာ စိုးရိမ်ဖို့ကောင်းတယ်လို့ KIOပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။

” စစ်ကောင်စီကတော့ တိုင်းရင်းသားတွေကို ဘာသာရေးနဲ့ရော ပြည်သူ့စစ်ဖွဲ့ပြီးအချင်းချင်းရန်တိုက်ပေးတာတွေ တိုက်ပွဲဝင်ခိုင်းတာတွေ လုပ်လေ့ရှိပါတယ်။ စစ်ကောင်စီရဲ့မဟာဗျူဟာတွေကို နားထောင်ပြီးမှ ခံနိုင်ရည်ရှိဖို့နဲ့ အမှားအမှန်ရွေးချယ်တတ်ဖို့အရေးကြီးပါတယ်”လို့ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ နယ်မြေဆုံးရှုံးမှုတွေရင်ဆိုင်နေရတဲ့ကိစ္စကို အာရုံလွှဲချင်နေတာဖြစ်သလို သူတို့ကိုထောက်ခံ သူတွေကို အမျိုးသားရေး၊ ဘာသာရေးလက်ကိုင်ထားပြီး စည်းရုံးရေးတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ ကျွမ်း ကျင်သူတွေက ဆိုပါတယ်။

နွေဦးတော်လှန်ရေးလှုပ်ရှားမှုမှာ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)ကတော့အခုနွေဦး တော်လှန်ရေးက လူမျိုးရေး၊ ဘာသာရေးတွေနဲ့မဆိုင်ဘဲ ဘုံရန်သူ စစ်အာဏာရှင်ကိုတွန်းလှန်နေခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

”အခုဖြစ်တာက လူမျိုးရေးစစ်ပွဲလည်းမဟုတ်ဘူး။ ဘာသာရေးစစ်ပွဲလည်းမဟုတ်ဘူး။ ငါတို့ရဲ့ဘုံရန်သူဟာ ခေတ်အဆက်ဆက် ပြည်သူအပေါ် ဂုတ်သွေးစုပ်အမြတ်ထုတ်ခဲ့တဲ့ စစ်မိစ္ဆာဖြစ်တယ်။အခုဖြစ်တာက စစ်အာဏာရှင်က ပြည်သူ့ဆန္ဒကိုမလေးစားဘဲနဲ့ အာဏာကို
အမြဲတမ်းလက်ဝါးကြီးအုပ်နေတဲ့အတွက်ကြောင့် ဒီဖြစ်စဉ်ကိုမကျေနပ်တဲ့အတွက်ဆန္ဒပြမှုတွေဖြစ်လာတယ်။ စစ်အာဏာရှင်ချူပ်ငြိမ်းဖို့ ရည်ရွယ်ချက်နဲ့ နွေဦးတော်လှန်ရေးကဖြစ်ပေါ်လာတာ”လို့ မှတ်ချက်ပြုပါတယ်။

မျက်နှာနှစ်ဖက်နဲ့ စစ်အာဏာရှင်များ
********************

စစ်ကောင်စီအနေနဲ့ သူတို့ကိုခုခံဆန့်ကျင်မှုအားကောင်းတဲ့ ဒေသတွေကို ဂျက်ဖိုက်တာတွေ၊ဖျက်အားပြင်း မီး လောင်ဗုံးတွေအသုံးပြုပြီး ဘာသာရေးအဆောက်အအုံတွေပါမချန်တိုက်ခိုက်နေပေမယ့် စစ်အာဏာရှင်တို့ အသိုက်အမြုံ နေပြည်တော်မှာတော့ ဘုရားတည်တာတွေ၊ဘာသာရေးအခမ်းအနားတွေနဲ့ စည်ကားနေလေ့ ရှိပါတယ်။

ဘုရားတည်ကျောင်းဆောက်တာကို ဗုဒ္ဓဘာသာဝင်အများစုဖြစ်တဲ့ မြန်မာပြည်သူလူထုကသဘောကျနှစ်ခြိုက်ကြ တာမို့ စစ်အာဏာရှင်ခေါင်းဆောင်တွေအဖို့ ဘာသာရေးဟာ ခုတုံးလုပ်စရာဖြစ်နေပါတယ်။

၁၉၈၀ ခုနှစ်မှာ ရွှေတိဂုံဘုရားတောင်ဘက်မုခ်နားမှာ မဟာဝိဇယစေတီကို တည်ခဲ့ပါတယ်။  စစ်ထောက်လှမ်း ရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့်ရဲ့အောက်ခြေသိမ်းစီမံမှုနဲ့ ဦးသန်းရွှေဟာ ၁၉၉၉ခုနှစ်မှာ ရွှေတိဂုံဘုရား ကို ထီးတော်သစ်တင်လှူခဲ့သလို ၂၀၀၂ ခုနှစ်မှာလည်းကျောက်တော်ကြီးဘုရားဒါယကာဘွဲ့ကို ခံယူခဲ့ပါ တယ်။  စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်းဗိုလ်ချုပ်ခင်ညွန့် ကလည်း ပုဂံက ဓမ္မရာဇကဘုရားကို ထီးတော် တင်ခဲ့လို့ ခင်ညွန့်ဘုရားရယ်လို့ ပုဂံမှာအပြောများခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုအလွန် စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားပြည်သူ၄,၄၀၀ကျော်သေဆုံးခဲ့ရပေမယ့် တစ်ဖက်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာအရင်အာဏာရှင်များနည်းတူ သာသနာပြုမင်းဘွဲ့ကို ခံယူ နေပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ နေပြည်တော်မှာ မာရဝိဇယကျောက်ဆစ် ရုပ်ပွားတော်ကြီးကို အာဏာသိမ်း ၂ နှစ်ခွဲပြည့်ချိန် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်၊ဒုတိယဝါဆိုလပြည့်နေ့မှာ အနေကဇာတင်ဖွင့်လှစ်ပြီး လူထုကို ဖူးမြော်ခွင့်ပေးခဲ့ပါတယ်။

ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေ စုစုပေါင်း ၈၁ ပေရှိလို့ ကမ္ကာပေါ်ကစကျင်ကျောက် ဆင်းတုတော်တွေအနက် အကြီးဆုံးနဲ့ ဉာဏ်တော်အမြင့်ဆုံး ဖြစ်တယ်လို့ စစ်ကောင်စီသတင်းမီဒီယာတွေက ဖော်ပြပါတယ်။

မာရဝိဇယ ဆိုတဲ့အမည်ဟာ “မာရ်နတ်မင်းရဲ့ အနှောင့်အယှက် ရန်စွယ်အန္တရာယ် အပေါင်းကိုအထူးအောင်မြင် တော်မူသော မြတ်စွာဘုရား” လို့ အဓိပ္ပာယ်ရပါတယ်။

မြန်မာနိုင်ငံဟာ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှုရဲ့ ဗဟိုချက်ဖြစ်စေဖို့၊ နိုင်ငံနဲ့ကမ္ဘာကြီးငြိမ်းချမ်းသာယာဖို့ ရည်ရွယ်ချက်တွေနဲ့ တည်ထားကိုးကွယ်တာလို့လည်းအာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။

နေပြည်တော်ရှိ မာရဝိဇယစကျင်ရုပ်ပွားတော်။
နေပြည်တော်ရှိ မာရဝိဇယစကျင်ရုပ်ပွားတော်။

ဒီလိုမျိုး စေတီ၊ ပုထိုးတွေတည်တာ၊ လှူဒါန်းတာတွေပြုလုပ်နေပေမယ့် စစ်ခေါင်းဆောင်တွေအမှန်တကယ် ကိုးကွယ်တာက အာဏာသာဖြစ်တယ်လို့ ဆရာတော် မင်းသုညက မိန့်ပါတယ်။

“ဘုရားတွေတည်တယ်ဆိုတာလည်း ယတြာချေတာနဲ့ ဟန်ဆောင်လုပ်ပြနေတာပဲရှိတယ်။တကယ်သာသူတို့ ဗုဒ္ဓဘာသာကို တကယ်ကြည်ညိုတယ်လေးစားတယ်ဆိုရင် ဗုဒ္ဓရဲ့အဆုံးအမကိုသာသနာလို့ခေါ်တာပဲ။ အခု စစ်ကောင်စီက ဗုဒ္ဓရဲ့အဆုံးအမကိုဆန့်ကျင်ဘက်တွေပဲလုပ်နေတာဖြစ်တယ်။ မင်းအောင်လှိုင်တို့ စိုးဝင်းတို့ရဲ့ နှလုံးသားမှာသာသနာကွယ်နေပြီ။ အာဏာကိုပဲကိုးကွယ်နေခြင်းဖြစ်တယ်” လို့ဆိုပါတယ်။

ဘာကြောင့် ဒီဘာသာရေးသွေးခွဲမှုတွေက အမြတ်ပြတ်ဖို့ခက်နေတာလဲ
*********************

မြန်မာနိုင်ငံမှာ နေထိုင်တဲ့လူဦးရေ အများစုဟာ ဗမာလူမျိုးတွေဖြစ်ကြပါတယ်။ ဗမာလူမျိုးတွေကဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြပြီး တခြားဘာသာဝင်တွေက လူနည်းစုလည်းဖြစ်တဲ့အတွက်စစ်ကောင်စီက လူဦးရေ အများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကိုအသုံးချပြီး သူတို့ရဲ့ အကျိုးစီးပွားအတွက်အမြတ်ထုတ်နေတာဖြစ်ပါတယ်။

၂၀၁၀ ခုနှစ် စစ်တပ်အုပ်ချုပ်ရေးကနေ အရပ်သားဒီမိုကရေစီစနစ်ကို အသွင်ပြောင်းခဲ့တဲ့ အခင်းအကျင်းနောက်ပိုင်း မှာလည်း အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေးအသင်း (မဘသ)အမည်ခံဗုဒ္ဓဘာသာအဖွဲ့အစည်း တွေနဲ့ မျိုးချစ်ရဟန်းတော်များသမဂ္ဂစတဲ့ အဖွဲ့အစည်းတွေဟာနိုင်ငံရေးဇာတ်ခုံမှာ မြန်မာစစ်တပ်ရဲ့ အသုံးတော်ခံ အဖြစ် ပါဝင်လာခဲ့ပြန်ပါတယ်။

အဖွဲ့အစည်းတွေကို ဦးဆောင်တဲ့ခေါင်းဆောင်တွေကလည်း လူသားမျိုးနွယ်တွေပဲဖြစ်တဲ့အတွက်ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ယုံကြည်ရာနဲ့ပတ်သက်လို့ ကြီးမားတဲ့အတ္တတွေရှိကြပြီးဒီအတ္တတွေကို မလျော့နိုင်တဲ့အခါ မှာ ပွတ်တိုက်မှုတွေဖြစ်လာတာဖြစ်တယ်လို့သုံးသပ်မှုတွေလည်းရှိပါတယ်။

လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်လို့ပြောမယ်ဆိုရင် အစဉ်အဆက်သော အစိုးရတွေအနေနဲ့ ဝတ္တရားတွေကတိ ကဝတ်တွေကို သေသေချာချာတာဝန်ဖော်ဆောင်နိုင်ခဲ့တာ မတွေ့ရဘူးလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နဲ့ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီလ ၇ ရက် မနက်ပိုင်းက တမူးမြို့နယ်၊ ကနန်ရွာ ခရစ်ယာန်ဘုရားကျောင်းမှာ ဝတ်ပြုနေတဲ့အရပ်သားတွေကို စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၇ဦးသေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကနန်ရွာ တစ်ဖက်ကမ်းက ခါမ်းပတ်မြို့ကိုကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက် ထိန်းချုပ်ထားပြီး စစ်ရှောင်ပြည်သူတွေသာ ရှိနေတာပါ။

ခရစ်ယာန်တွေရဲ့ ဘုရားဝတ်ပြုရာနေ့ဖြစ်တဲ့ တနင်္ဂနွေပါမချန် စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲချခဲ့ပါတယ်။

လူ့အဖွဲ့အစည်းကိုစုစည်းတဲ့အခါမှာ မတူညီမှုတွေကိုချပြပြီး လူသားဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနဲ့လူသား ဖြစ်တည်မှုအပေါ် မူတည်ပြီးစုစည်းခြင်းကသာ ပိုမိုအားကောင်းတာမျိုးဖြစ်နိုင်တယ်လို့ကိုရဲဟိန်းအောင် က အကြံပြုထားပါတယ်။

“ယုံကြည်ကိုးကွယ်မှုကို လွတ်လပ်စွာဆောင်ရွက်လို့ရပေမယ့် နိုင်ငံရေးနဲ့သွားဆက်နွယ်လို့မရဘူး။အနာဂတ်မှာ ဒါကိုလမ်းခွဲမှရတော့မယ်။ တကယ်စစ်မှန်တဲ့ ယုံကြည်ကိုးကွယ်မှုကို ချပြဖို့လိုတယ်။နိုင်ငံရေးအာဏာနဲ့ လူ့ အဖွဲ့အစည်းအပေါ် လွှမ်းမိုးချုပ်ကိုင်ဖို့ဆောင်ရွက်နေတယ်ဆိုရင်တော့ပြတ်ပြတ်သားသားကန့်ကွက်ဖို့လိုတယ်” လို့ဆိုပါတယ်။

စစ်တပ်ဖွဲ့စည်းတည်ဆောက်ရေးမှာ ဗုဒ္ဓဘာသာကိုအသားပေးပြီး တခြားဘာသာတွေကိုနှိမ့်ချဆက်ဆံတာမျိုးတွေ ရှိနေပါတယ်။ ဘာသာခြားတွေဆိုရင် ရာထူးမတိုးတာမျိုး၊အထက်အရာရှိတွေရဲ့ ခွဲခြားဆက်ဆံခံရတာမျိုး တွေရှိခဲ့တယ်လို့ CDM လှုပ်ရှားမှုမှာ ပါဝင်လာကြတဲ့စစ်ကောင်စီတပ်သားတွေက ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

အခုအချိန်မှာ လူထုက ဆိုရှယ်မီဒီယာကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြသလိုတော်လှန်ရေးကာလအတွင်း မှာ စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေကို ပိုမိုသိရှိလာကြတဲ့အတွက် စစ်တပ်ကဖန်တီးချင်တဲ့ အရင်ကလည်း အမှန်တကယ်ဖန်တီးနိုင်ခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းတွေ၊ ပဋိပက္ခတွေကအကောင်အထည်ပေါ်လာနိုင်ခြေကတော့ နည်းပါးလာပါတယ်။

ဒါပေမယ့်လည်း စစ်ကောင်စီက ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ နယ်မြေအများအပြားကိုစိုးမိုးထားနိုင်ဆဲ ဖြစ်သလို စစ်တပ်ရဲ့လက်စွဲတော် မျိုးချစ်သံဃာအဖွဲ့နဲ့ မဘသဘုန်းကြီးတွေ ဦးဆောင်ပြီးဘာသာရေး အဓိကရုဏ်း တွေ ထပ်မဖြစ်လာနိုင်ဘူးလို့ ပေါ့ပေါ့ဆဆမတွေးဘဲ သတိထားဖို့လိုတယ်လို့ကျွမ်းကျင်သူတွေက သတိပေးပြောဆိုထားကြပါတယ်။

လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နဲ့ပတ်သက်လို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေရှိပေမယ့် ဥပဒေပြင်ပကနေခွဲခြား ဆက်ဆံမှုတွေကို ခံနေရဆဲဖြစ်သလို ဒီလိုခွဲခြားဆက်ဆံတာကလည်း လူသားတွေပဲဖြစ်တဲ့အတွက်စည်းမျဉ်း စည်းကမ်းနဲ့ ဥပဒေတွေထက် လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ပြောင်းလဲနိုင်မှုကသာပိုမိုထိရောက်မှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကျွန်းစုမြို့နယ်တွင် တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့
Next Article ဆီဆိုင်မြို့သို့ ပစ္စည်းဝင်ယူသူများ စစ်ကောင်စီပစ်ခတ်မှုကြောင့် ၇ ဦးသေဆုံး
thanlwinkhet
  • Website

Related Posts

မကြီးငွေ အဆူမခံချင်တော့ပါ (ဆောင်းပါး)

September 22, 2025

ငြိမ်းချမ်းရေးရပ်ဝန်းအပြင်က သေနတ်သံမစဲတဲ့ မြန်မာပြည် (ဆောင်းပါး)

September 21, 2025

ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)

September 20, 2025

Leave A Reply Cancel Reply

Recent Posts

  • CI စာအုပ်မှ PJ စာအုပ်ပြောင်းထားသူများ ပြည်ပနိုင်ငံ ထွက်ခွာခွင့် ကန့်သတ်ခံရ
  • လုပ်အားခများအား စက်ရုံဘက်မှ အမြန်ဆုံးထုတ်ပေးမည်ဟု သဘောတူ
  • လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်၏ ၁၂ ရာခိုင်နှုန်းသာ ရရှိထား
  • မောင်တောမြောက်ပိုင်းတွင် AA နှင့် ARSA တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
  • Chrome ဘရောက်ဇာ အသုံးပြုသူများ လုံခြုံရေးအန္တရာယ်ရှိနေ၊ ချက်ချင်း အပ်ဒိတ်လုပ်ရန် Google တိုက်တွန်း

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

CI စာအုပ်မှ PJ စာအုပ်ပြောင်းထားသူများ ပြည်ပနိုင်ငံ ထွက်ခွာခွင့် ကန့်သတ်ခံရ

လုပ်အားခများအား စက်ရုံဘက်မှ အမြန်ဆုံးထုတ်ပေးမည်ဟု သဘောတူ

လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်၏ ၁၂ ရာခိုင်နှုန်းသာ ရရှိထား

မောင်တောမြောက်ပိုင်းတွင် AA နှင့် ARSA တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

CI စာအုပ်မှ PJ စာအုပ်ပြောင်းထားသူများ ပြည်ပနိုင်ငံ ထွက်ခွာခွင့် ကန့်သတ်ခံရ

September 25, 2025

လုပ်အားခများအား စက်ရုံဘက်မှ အမြန်ဆုံးထုတ်ပေးမည်ဟု သဘောတူ

September 25, 2025

လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်၏ ၁၂ ရာခိုင်နှုန်းသာ ရရှိထား

September 25, 2025

မောင်တောမြောက်ပိုင်းတွင် AA နှင့် ARSA တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

September 25, 2025

Chrome ဘရောက်ဇာ အသုံးပြုသူများ လုံခြုံရေးအန္တရာယ်ရှိနေ၊ ချက်ချင်း အပ်ဒိတ်လုပ်ရန် Google တိုက်တွန်း

September 25, 2025

လေးကေ့ကော်ဒေသ တိုက်ပွဲမှ လက်နက်ကြီးကျည်တစ်လုံး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်

September 24, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.