• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါအဝင် ဆယ်ဦးကို ရုံးထုတ်စစ်ဆေး
  • မဲဆောက်တွင် မြန်မာနိုင်ငံသား ၃ ဦးပါဝင်သည့် ငွေလိမ်ဂိုဏ်းအား ဘတ်ငွေ ၄၆ သန်းနှင့် အတူ ဖမ်းမိ
  • ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်သည့်ကြားမှ ထီးသပိတ်ပြုလုပ်
  • ယာယီသမ္မတ ဦးမြင့်ဆွေကွယ်လွန်ပြီဟု ကာလုံ အတည်ပြု၊ နိုင်ငံတော်ဈာပနအဖြစ် ကျင်းပမည်
  • စစ်တွေမြို့နယ် ကျေးရွာများကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်
  • ဇူလိုင်လတွင် လေကြောင်းတိုက်ခိုက်မှု မြင့်တက်၍ သေဆုံးသူ ထက်ဝက်ခန့် မြင့်တက်
  • မြောက်ဦးတွင် ဗုံးဆော့ကစားမိ၍ ၃ နှစ်အရွယ် ကလေးငယ်များ သေဆုံးဒဏ်ရာရ
  • ကျားဖြန့်ဝန်ထမ်းများအား အာရက္ခတပ်တော် တရုတ်ထံလွှဲပြောင်း
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»တစ်ချိန်က မူးယစ်ဘုရင်၊ အခုတော့ နတ်ဖုရား
ဆောင်းပါး

တစ်ချိန်က မူးယစ်ဘုရင်၊ အခုတော့ နတ်ဖုရား

thanlwinkhetBy thanlwinkhetFebruary 17, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

တစ်ချိန်က မူးယစ်ဘုရင်၊ အခုတော့ နတ်ဖုရား
********************
ဘုန်းမောင်
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄။

ရွှေတြိဂံဒေသသည် ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်နေသည့် နေရာတစ်နေရာအဖြစ်ထင်ရှားကျော်ကြားပါသည်။ ရွှေတြိဂံဒေသတွင်းက တောတွင်းတစ်နေရာမှာတော့မြင်းစီးကြေးရုပ်တုတစ်ခုရှိနေသည်။ လူငယ် ၄ ဦး သည် အမွှေးတိုင်များထွန်းညှိထားသောအဆိုပါမြင်းစီးကြေးရုပ်တုကြီးရှေ့တွင်ဆုတောင်းရန် ဒူးထောက်လိုက်ကြ သည်။

ထိုင်း၊ မြန်မာနှင့် လာအိုနိုင်ငံတို့နယ်နိမိတ်ချင်းဆုံနေကြသော အဆိုပါတောင်တန်းဒေသကိုရောက်ရှိရန်တောရိုင်း ခရီးကြမ်းများစွာ နှင်လာခဲ့ကြရပြီးနောက် မြင်တွေ့ရသောမြင်ကွင်းက အနည်းငယ်တော့အံ့ဩစရာကောင်းနေပါ သည်။ သမိုင်းတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော မူးယစ်ဆေးဝါးနှင့် စစ်ဘုရင်၁ ဦးဖြစ်သူ၏ရုပ်တုရှေ့ ယခုလိုပဲ ဂါရဝပြုလာရောက်ကြသူများကိုတွေ့ရသည်ကအမြဲတမ်းတော့မဟုတ်ပါ။

ထိုရုပ်တုသည် ခွန်ဆာ၏ ရုပ်တုဖြစ်သည်။ ခွန်ဆာသည် မြန်မာနိုင်ငံတွင်မွေးဖွားပြီး မြန်မာနိုင်ငံ၌ပင်သေဆုံးခဲ့သူ ဖြစ်သလို တစ်ချိန်တုန်းကတော့ တစ်ကမ္ဘာလုံးရှိမူးယစ်ဆေးနံပတ်ဖိုးစွဲနေသူများအတွက် အဓိကဖြန့်ဖြူးခဲ့ဖူး သူဖြစ်သည်။ သူသည်ရှမ်းတိုင်းရင်းသားများကိုကိုယ်စားပြုပြီး ရှမ်းလူမျိုးများ၏လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူ ၁ ဦးအဖြစ်လည်း မကြာခဏ ရည်ညွှန်းခံခဲ့ရသူဖြစ်သည်။

ခွန်ဆာကြေးသွန်းရုပ်တုရှေ့ ဂါရဝပြုရန်လာရောက်ကြသူများ။ (ဓာတ်ပုံ - William Mellor)
ခွန်ဆာကြေးသွန်းရုပ်တုရှေ့ ဂါရဝပြုရန်လာရောက်ကြသူများ။ (ဓာတ်ပုံ – William Mellor)

သို့သော် အင်အား ၂၀,၀၀၀ ဝန်းကျင်ရှိခဲ့သော ခွန်ဆာ သည် ၁၉၇၀ နှစ်လယ်ပိုင်းကာလများနှင့် ၁၉၈၀ပြည့်လွန်နှစ် ကာလများတွင် ထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ်ဒေသများကိုကျော်လွန်ပြီး၎င်း၏ဩဇာအာဏာကို တည်ဆောက်နိုင် ခဲ့သည်။ လက်ရှိအချိန်မှာတော့ဘန်ကောက်မြောက်ဘက်၈၆၀ ကီလိုမီတာ (၅၃၄ မိုင်ကျော်)ဝေးကွာသော ချင်း ရိုင်ခရိုင်အတွင်းကဘန်ထော့ထိုင်းကျေးရွာတွင်တည်ရှိသော ခွန်ဆာ၏အမာခံစခန်းဟောင်းသည် ကမ္ဘာ့လှည့်ခရီးသွားများကိုဆွဲဆောင်ရာနေရာဖြစ်သလို အချို့သူများအတွက်တော့ဂါရဝပြုဖို့သွားရာရောက်နေရာတစ်နေရာ ဖြစ် လာခဲ့လေတော့သည်။

”ဒီနေရာကို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ခရီးသွားဧည့်သည်တွေလာရောက်ကြတယ်”ဟု အသက် ၅၈နှစ်အရွယ် မြန်မာ နိုင်ငံတောင်တန်းဒေသနေ တိုင်းရင်းသူတစ်ဦးကပြောသည်။ သူမသည်ခွန်ဆာရုပ်တုပါရှိသည့် အကြမ်းထည်ပြ တိုက်အတွင်းရှိ ယခင်နေထိုင်ခဲ့ရာနေရာများ၊စစ်တန်းလျားများကို လိုက်လံပြသပေးနေသူ ၁ ဦးဖြစ်သည့်အပြင် ခွန်ဆာအကြမ်းထည်ပြတိုက်ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ၁ ရက်လျှင် ထိုင်းဘတ် ၁၀၀ (အမေရိကန်ဒေါ် လာ ၂ ဒဿမ ၈၀ဒေါ်လာဝန်းကျင်) ရရှိနေသူဖြစ်သည်။

ခွန်ဆာကို ဂါရဝပြုရန်လာရောက်ကြသော အဖွဲ့ဆီသို့ လက်ညှိုးထိုးပြရင်း သူမက ”ဒေသခံတွေလည်းဂါရဝပြုဖို့ ဒီနေရာကိုလာရောက်ကြတယ်”ဟု ပြောသည်။ (ခွန်ဆာသည်သူနေထိုင်ခဲ့ရာဒေသတစ်ခုလုံးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟုဒေသခံများကယုံကြည်ထားကြသည်မှာ လက်ရှိအချိန်ထိဖြစ်သည်။ ဘာသာပြန်သူ)

ဖယောင်းသွင်းထားသော ခွန်ဆာရုပ်တု။ (ဓာတ်ပုံ - William Mellor)
ဖယောင်းသွင်းထားသော ခွန်ဆာရုပ်တု။ (ဓာတ်ပုံ – William Mellor)

ခွန်ဆာအခြေစိုက်ခဲ့သောစစ်စခန်းသည် ခေတ်ကာလတစ်ခုတည်းကို ပြန်လည်အမှတ်ရနေစရာနေရာတစ်ခုတော့ လည်းမဟုတ်ပါ။ မယ့်စလောင်းရွာနှင့် ၂၅ ကီလိုမီတာဝန်းကျင်အကွာတွင်နေရောင်လွှမ်းခြုံထားသော တောင်ကုန်း တစ်ကုန်းတည်ရှိပြီး ၎င်းတောင်ကုန်းပေါ်တွင်တစ်ချိန်ကပြိုင်ဘက်ဖြစ်ခဲ့သူ ကူမင်တန်ဗိုလ်ချုပ်တူအန်ရှီဝမ်၏ ခမ်းနားထည်ဝါသောဂူဗိမာန်တည်ရှိပါသည်။ ၎င်းဂူဗိမာန်သည် ပြည်တွင်းပြည်ပခရီးသွားအများအပြားကိုဆွဲဆောင်ရာ နေရာလည်းဖြစ်သည်။ အနီးဝန်းကျင်တွင်နေထိုင်ကြသော ရွာသူရွာသားများလည်းဂူဗိမာန်အနီးဝန်းကျင်တွင် အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်ထားကြသည်။

ကူမင်တန်ဗိုလ်ချုပ်တူအန်ရှီဝမ် ၏ ခမ်းနားထည်ဝါသောဂူဗိမာန်။ (ဓာတ်ပုံ - William Mellor)
ကူမင်တန်ဗိုလ်ချုပ်တူအန်ရှီဝမ် ၏ ခမ်းနားထည်ဝါသောဂူဗိမာန်။ (ဓာတ်ပုံ – William Mellor)

တူအန် သည် ၁၉၈၀ ခုနှစ်တွင်သေဆုံးသွားခဲ့သည်ဟု သိရသည်။ သူကွယ်လွန်ပြီး ၂ နှစ်အကြာမှာတော့ထိုင်းစစ်တပ်က ခွန်ဆာစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ခွန်ဆာလည်း မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ခွာခဲ့ရလေသည်။

ခွန်ဆာနှင့် တူအန်တို့သည် ရွှေတြိဂံဒေသတွင် ဘိန်းဘုရင်များဖြစ်လာကြသောအခါ မြန်မာနိုင်ငံတွင်းကဘိန်းစိမ်း များ သယ်ယူရန်နှင့် သန့်စင်ထားသောဘိန်းဖြူများသယ်ယူရန်အတွက် ဝန်တင်လားများကိုအသုံးပြုခဲ့ကြပါသည်။ သို့သော် ယနေ့ခေတ်မှာ၏ နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများသည်ပိုမိုအဆင့်မြင့်သောနည်းပညာများကို အသုံး ပြုလာကြသည်ဟု မကြာသေးမီကထုတ်ပြန်ထားသော
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး အစီရင် ခံစာအရသိရသည်။

ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြှောက်ထားသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည် ကို မြန်မာစစ်တပ်ကဖမ်းဆီးချုပ်နှောင်ထားသည့် ၃ နှစ်ကျော်ကာလအတွင်းရွှေတြိဂံဒေသသည် ကြီးမား သောဘိန်းဈေးကွက်ကြီးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေတာကလည်းအမှန်ပင်ဖြစ်သည်။ သို့သော် မူးယစ်ဆေး ဈေးကွက်တွင် ဘိန်းဖြူတစ်မျိုးတည်းသာမကတော့ဘဲ
အမျိုးမျိုးသောစိတ်ကြွဆေးပြားများကို မူးယစ်ဂိုဏ်းများက ထုတ်လုပ်ဖြန့်ချိလာကြသည့်အပြင်အရှေ့တောင်အာရှကိုခြိမ်းခြောက်နေသော ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ် ငန်းများသည်လည်းကပ်ဆိုးကြီးတစ်ခုသဖွယ် ဖြစ်လာနေပါသည်။

လာအိုနိုင်ငံတွင်းတည်ရှိသော Kings Romans ကာစီနိုရုံ။ (ဓာတ်ပုံ - William Mellor)
လာအိုနိုင်ငံတွင်းတည်ရှိသော Kings Romans ကာစီနိုရုံ။ (ဓာတ်ပုံ – William Mellor)

ရွှေတြိဂံဒေသသည် အဆိုပါရာဇဝတ်မှုများကျူးလွန်ရန်အတွက် အကောင်းဆုံးသောဝန်ဆောင်မှုများပေးဆောင်နေရာဒေသလည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနှင့်လာအိုရှိအထူးစီးပွားရေးဇုန်များ၊ စမတ်မြို့ကြီး များသည် ကာစီနိုလောင်းကစားရုံများကတဆင့်ရရှိလာသောငွေကြေးများကို အဆင်ပြေစွာဖြင့် ငွေကြေးခဝါချပေးနေသောကြောင့်ဖြစ်သည်။

အချက်တစ်ချက်ကိုထုတ်ပြရမည်ဆိုလျှင် မဲခေါင်မြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံဆီသို့ဦးတည်နေသောလာအိုနိုင်ငံတွင်း ရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် မီးရောင်များဖြင့်တောက်ပနေသော Kings Romansအမည်ရှိ နာမည်ကြီးကာစီ နိုရုံတည်ရှိနေပါသည်။ ယင်းကာစီနိုရုံကိုရောက်ရန်ခွန်ဆာ၏နယ်မြေဟောင်းမှ ၁ နာရီကျော်ကျော်သာ ကားမောင်း သွားရပါသည်။

Kings Romans ကာစီနိုသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ လူမှောင်ခိုကူးမှု၊ငွေကြေးခဝါချမှု၊ လာဘ် ပေးလာဘ်ယူမှုနှင့် တောရိုင်းတိရစ္ဆာန်များကုန်ကူမှု စသည့်ရာဇဝတ်များတွင်ပါဝင်ပတ်သက်နေသည်ဟု အမေရိ ကန် ဘဏ္ဍာရေးဝန်ကြီးဌာနကစွပ်စွဲခဲ့ပြီးတရုတ်စီးပွားရေးလုပ်ငန်းရှင် ဇောင်းဝေ ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ သည်။ ဘရပ်ဆဲလ်အခြေစိုက်အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည် International Crisis Group ကလည်းအဆိုပါအထူးစီးပွားရေးဇုန်အား ”အရှေ့တောင်အာရှ၏ အထင်ရှားဆုံးသောနာမည်ကြီးဂိုဏ်း”အဖြစ်ဇန်နဝါရီ ၁၇ ရက်တွင်ဖော်ပြခဲ့သည်။

ခွန်ဆာနှင့် တူအန်လက်ထက်တုန်းကကဲ့သို့ပင် မပြောင်းမလဲတည်ရှိနေသောအရာတစ်ခုရွှေတြိဂံဒေသတွင်ရှိနေပါ သေးသည်။ ယင်းမှာ ရာဇဝတ်မှုဌာနချုပ်တစ်ခုဆက်လက်တည်ရှိနေနိုင်ခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့တည်ရှိနေနိုင် အောင်လည်း ရွှေတြိဂံဒေသတွင်ထူးခြား သောအားသာချက်များရှိနေပါသည်။ မြန်မာစစ်အာဏာရှင်များသည် ၎င်းတို့၏နယ်စပ်ဒေသများကို ထိန်းချုပ်ရန်မစွမ်းဆောင်နိုင်ပါ။ မြန်မာနိုင်ငံတွင်းရှိခွဲထွက်ပြည်သူ့စစ်ခေါင်းဆောင် များ ရာဇဝတ်မှုလုပ်ငန်းများတွင်မွေ့လျော်နိုင်စေရန်စစ်တပ်တာဝန်ရှိသူများက အာဏာခွဲဝေပေးနေသည့်အပြင် မြန်မာအစိုးရ၏ဝန်ကြီးဌာနများနှင့်မြန်မာစစ်တပ်တို့ပါ အဆိုပါရာဇဝတ်မှုလုပ်ငန်များတွင်ပါဝင်ပတ်သက်နေသဖြင့် ရွှေတြိဂံဒေသသည်ရာဇဝတ်မှုထိပ်ခေါင်အဖြစ် ဆက်လက်တည်ရှိနေနိုင်ခဲ့ခြင်းဖြစ်သည်။

တရားမဝင်ငွေကြေးစီးဆင်းနေမှုများ၏ကွင်းဆက်က ရှည်လျားပုံပေါ်သော်လည်း ခွန်ဆာနှင့်၎င်း၏ခေတ်ပြိုင်တို့ ၏အမွေအနှစ်များ ရွှေတြိဂံဒေသတွင် ဆက်လက်ရှင်သန်နေဆဲဖြစ်သည်ဟုUNODC က ဂျယ်ရီ ဒေါက်ကလပ် က ပြောသည်။

”အရင်တုန်းက ခွန်ဆာလိုမူးယစ်ဆေးဝါးဘုရင်တွေက ဒီကနေ့တွေ့နေရတဲ့အဖြစ်အပျက်တွေကိုအုတ်မြစ်ချခဲ့ကြ သူတွေဖြစ်တယ်”ဟု သူကပြောသည်။

”ရှမ်းပြည်နယ်ရဲ့ ဘိန်းဖြူထုတ်လုပ်ချဲ့ထွင်မှုကို တိုးချဲ့ရာမှာ သူတို့တွေက အဓိကတာဝန်ရှိတယ်။သူတို့တွေက ဟောင်ကောင်အခြေစိုက်အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးတိုးချဲ့ဖန်တီးခဲ့တဲ့အပြင်ဩစတြေးလျ၊ မြောက်အမေရိက နဲ့ ဥရောပလို ဝေးလံတဲ့ဈေးကွက်တွေအထိပါလူကုန်ကူးနိုင်တဲ့ရာဇဝတ်ဂိုဏ်းတွေကို ဖွဲ့စည်းနိုင်ခဲ့ကြတယ်” ထိုအရာများကဖော်ပြနေသည်မှာ ထိုင်းနိုင်ငံ၏အစိတ်အပိုင်းတစ်ခုလည်းဖြစ်သော ရွှေတြိဂံဒေသရှိစစ်ဘုရင်၊ မူးယစ်ဆေးဝါးဘုရင်များထားခဲ့သောအမွေအနှစ်များသည်တရားဝင်အဖြစ်သို့ရင့်ကျက်လာနေပြီ ဆိုသည်ပင်ဖြစ်၏။ တစ်ချိန်ကဝန်တင်လားခြေရာများကျန်ရစ်နေခဲ့သော လမ်းကြမ်းကြမ်းကို ယခုတော့လည်း လမ်းများခင်းထားပြီးဖြစ်နေသည်။

၁၉၄၉ ခုနှစ်တွင် မော်စီတုန်းခေါင်းဆောင်သော တရုတ်ကွန်မြူနစ်များက တရုတ်ပြည်တွင်းစစ်တွင်အနိုင်ရခဲ့သည်။ ကူမင်တန်အမျိုးသားရေးတပ်ခေါင်းဆောင်ဖြစ်သူ ချန်ကေရှိတ်သည်လည်းထိုင်ဝမ်သို့ထွက်ပြေးခဲ့ရပြီး ၎င်း၏ နောက်လိုက်အများစုသည်လည်း ၎င်းနှင့်အတူပါသွားခဲ့ကြသည်။သို့သော် ယူနန်ပြည်နယ် အနောက်တောင်ပိုင်း တွင်ပိတ်မိနေသော ဗိုလ်ချုပ်တူအန်နှင့် ကူမင်တန် တပ်မ၉၃ ကအကြွင်းအကျန်များသည် ဆန့်ကျင်ဘက်အရပ်ဖြစ်သော မြန်မာနိုင်ငံကိုထွက်ပြေးလာခဲ့ကြသည်။

ထိုကနေတဆင့် ၁၉၆ဆ ခုနှစ်တွင် ၎င်းတို့သည် ထိုင်းနိုင်ငံကိုဖြတ်ပြီးမယ့်စလောင်းတွင်အခြေချနေထိုင်ခဲ့ပါသည်။ မယ့်စလောင်းတောင်စောင်းများကို အနီ၊အဖြူစသဖြင့်ရောင်စုံဖြန့်ခင်းထားသည့် ဘိန်းပန်းများက လွှမ်းခြုံထားသည်။

ဗိုလ်ချုပ် တူအန်နှင့် ထိုင်းများကြား သဘောတူညီမှုများရှိခဲ့သည်။ ၎င်းတို့အနက်မှတစ်ချက်မှာထိုင်းနိုင်ငံမြောက် ပိုင်းနယ်စပ်ကို ကွန်မြူနစ်သောင်းကျန်းသူများရန်မှဗိုလ်ချုပ်တူအန်ကကာကွယ်ပေးရန်နှင့် သူနှင့် သူ၏တပ်သား များအားဘိန်းစိုက်ပျိုးခွင့်ပေးရန်ဖြစ်သည်။

Alfred W. McCoy ရေးသားခဲ့သည့် ”The Politics of Heroin in Southeast Asia”ကကိုးကားချက်တစ်ခုမှာတော့ ဗိုလ်ချုပ်တူအန်က မူးယစ်ဆေးဝါးကုန်သွယ်မှုသည်သာ သူ၏တစ်ခုတည်းသော စီးပွားရေးဆိုင်ရာရွေးချယ်ခွင့်ဖြစ်သည်ဟု ဆိုခဲ့ကြောင်းဖော်ပြထားသည်။

သူ၏ အကျော်ကြားဆုံးစကားတစ်ခွန်းကတော့ ”ဥပဒေကိုချိုးဖောက်လေလေ၊ပိုပြီးလွတ်မြောက်လေလေ”ဟူ၍ ဖြစ်သည်။

မျက်မှောက်ခေတ်မှာတော့ မယ့်စလောင်းသည် ထိုင်းနိုင်ငံတွင်းကတရုတ်အနည်းငယ်နေထိုင်ရာဒေသတစ်ခု ဖြစ်နေပါသည်။ ၎င်းတို့သည် မန်ဒရင်းတရုတ်နှင့်ယူနန်ဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုနေကြသေး သည်။ စားသောက်ဆိုင်များတွင်
ထိုင်းအစားအစာများထက် ယူနန်ခေါက်ဆွဲနှင့် အခြားတရုတ်ဟင်းလျာများကို ပို ပြီးတွေ့ရနိုင်သည်။တစ်ခုထူးခြားသည်မှာ ရှေးရှေးကရှိခဲ့သော တပြန့်တပြောဘိန်းခင်းများအစား လက်ဖက်စိုက် ခင်းများနှင့်ခရီးသွားများအပန်းဖြေစရာစခန်းများဖြင့် ပြည့်နှက်နေခြင်းဖြစ်သည်။

ဗိုလ်ချုပ် တူအန်ရှီဝမ်ဂူဗိမာန်အောက်ဘက်ရှိ မယ့်စလောင်းဈေးဆိုင်များ။ (ဓာတ်ပုံ - WilliamMellor)
ဗိုလ်ချုပ် တူအန်ရှီဝမ်ဂူဗိမာန်အောက်ဘက်ရှိ မယ့်စလောင်းဈေးဆိုင်များ။ (ဓာတ်ပုံ – William
Mellor)

ရွှေတြိဂံဒေသ၏ ထိုင်းအာဏာပိုင်များအုပ်ချုပ်သည့်အပိုင်းတွင် စစ်ဘုရင်ဟောင်းများကိုသမိုင်းစာအုပ်များ၊ ပြ တိုက်များတွင်ချုပ်နှောင်လိုက်ပြီဖြစ်သော်လည်းထိုင်းနိုင်ငံ၏နယ်နိမိတ်ကိုကျော်လွန်လိုက်လျှင်တော့မူ ယခင်မူး ယစ်ဘုရင်ဟောင်းများ၏ဩဇာကယခင်ကထက်ပင် ပို၍ ကြီးထွားလို့နေပါတော့သည်။

”Nikkei Asia”တွင်ဖော်ပြထားသည့် ”William Mellor” ၏ ”In the Golden Triangle, long-dead drugwarlords hold visitors in thrall” ကိုဆီလျော်အောင်ရေးသားပါသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြစ်ကြီးနားမြို့က လူငယ်များဖမ်းဆီးခံရ
Next Article ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် ဆရာ မြသန်းတင့်
thanlwinkhet
  • Website

Related Posts

လူငယ်တွေရဲ့ အနာဂတ် ခရီးကြမ်း

August 5, 2025

မြန်မာရွှေ့ပြောင်းတွေအတွက် စိန်ခေါ်မှုဖြစ်နေသေးတဲ့ ထိုင်းကျန်းမာ‌ရေးစောင့်‌ရှောက်မှု – ဇာတ်သိမ်းပိုင်း

August 3, 2025

မြေရှားသတ္တုများအပေါ် မျက်စိကျနေသည့် ထရန့်ပ်က မြန်မာကို တရုတ်လက်ထဲ ထိုးအပ်နေ

August 1, 2025

Leave A Reply Cancel Reply

Recent Posts

  • အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါအဝင် ဆယ်ဦးကို ရုံးထုတ်စစ်ဆေး
  • မဲဆောက်တွင် မြန်မာနိုင်ငံသား ၃ ဦးပါဝင်သည့် ငွေလိမ်ဂိုဏ်းအား ဘတ်ငွေ ၄၆ သန်းနှင့် အတူ ဖမ်းမိ
  • ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်သည့်ကြားမှ ထီးသပိတ်ပြုလုပ်
  • ယာယီသမ္မတ ဦးမြင့်ဆွေကွယ်လွန်ပြီဟု ကာလုံ အတည်ပြု၊ နိုင်ငံတော်ဈာပနအဖြစ် ကျင်းပမည်
  • စစ်တွေမြို့နယ် ကျေးရွာများကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါအဝင် ဆယ်ဦးကို ရုံးထုတ်စစ်ဆေး

မဲဆောက်တွင် မြန်မာနိုင်ငံသား ၃ ဦးပါဝင်သည့် ငွေလိမ်ဂိုဏ်းအား ဘတ်ငွေ ၄၆ သန်းနှင့် အတူ ဖမ်းမိ

ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်သည့်ကြားမှ ထီးသပိတ်ပြုလုပ်

ယာယီသမ္မတ ဦးမြင့်ဆွေကွယ်လွန်ပြီဟု ကာလုံ အတည်ပြု၊ နိုင်ငံတော်ဈာပနအဖြစ် ကျင်းပမည်

ယခင်သတင်းများ

  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါအဝင် ဆယ်ဦးကို ရုံးထုတ်စစ်ဆေး

August 8, 2025

မဲဆောက်တွင် မြန်မာနိုင်ငံသား ၃ ဦးပါဝင်သည့် ငွေလိမ်ဂိုဏ်းအား ဘတ်ငွေ ၄၆ သန်းနှင့် အတူ ဖမ်းမိ

August 8, 2025

ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်သည့်ကြားမှ ထီးသပိတ်ပြုလုပ်

August 8, 2025

ယာယီသမ္မတ ဦးမြင့်ဆွေကွယ်လွန်ပြီဟု ကာလုံ အတည်ပြု၊ နိုင်ငံတော်ဈာပနအဖြစ် ကျင်းပမည်

August 7, 2025

စစ်တွေမြို့နယ် ကျေးရွာများကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်

August 7, 2025

ဇူလိုင်လတွင် လေကြောင်းတိုက်ခိုက်မှု မြင့်တက်၍ သေဆုံးသူ ထက်ဝက်ခန့် မြင့်တက်

August 7, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.