• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»စကခ-၉ ကို ရက္ခိုင့်တပ်တော် ဘယ်လိုတိုက်ခိုက်ခဲ့သလဲ. . . .?
ဆောင်းပါး

စကခ-၉ ကို ရက္ခိုင့်တပ်တော် ဘယ်လိုတိုက်ခိုက်ခဲ့သလဲ. . . .?

thanlwinkhetBy thanlwinkhetFebruary 14, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စကခ-၉ ကို ရက္ခိုင့်တပ်တော် ဘယ်လိုတိုက်ခိုက်ခဲ့သလဲ. . . .?
***************************
ကောင်းချစ်အောင်
ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄။

ရက္ခိုင့်တပ်တော် – AA က ၂၀၁၆ ခုနှစ်တုန်းက ရခိုင်ပြည်မြောက်ပိုင်းမှာခြေကုပ်ယူဖို့ စစ်ဆင်ရေးတွေဖော်ဆောင်လာချိန်မှာ အဓိကရင်ဆိုင်ခဲ့ရတာက ကျောက်တော်မြို့အခြေစိုက်၊ အမှတ် ၉ -စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ -၉ လက်အောက်ခံတပ်ရင်းတွေပဲဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်ရောက်လာချိန်မှာတော့ ”၁၀၂၇ စစ်ဆင်ရေး”ရဲ့အဆက်ဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်းကရက္ခိုင့် တပ်တော်ရဲ့ ထိုးစစ်တွေကြားမှာ စကခ-၉ လက်အောက်ခံတပ်ရင်းတွေအားလုံးရှုံးနိမ့်သွားခဲ့ရပါပြီ။

အချိန် ၁ လနီးပါးကြာမြင့်တဲ့ထိုးစစ်တွေအောက်မှာ စစ်ကောင်စီရဲ့တပ်မအဆင့်ရှိတဲ့ စကခ – ၉တစ်ခုလုံး ဘယ်လို တိုက်ခိုက်ခံရပြီး ရှုံးနိမ့်သွားရလဲ. . . . ?ဆိုတာကို အခုဆောင်းပါးမှာအသေးစိတ်ဆက်လက်ရှင်းပြသွားပါမယ်။

ရှမ်း/မြောက်ဒေသမှာ ”၁၀၂၇ စစ်ဆင်ရေး”ဖော်ဆောင်လာချိန်မှာပဲ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ရက္ခိုင့်တပ်တော်ကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်မှာ ပလက်ဝမြို့နယ်ကစစ်ကောင်စီတပ်စခန်းတွေကို ပထမဆုံးပစ်မှတ်ထားပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာခဲ့ပါတယ်။

၂၀၁၅ ခုနှစ်ကနေ စစ်တပ်အာဏာမသိမ်းခင်အထိကြားကာလမှာ ရက္ခိုင့်တပ်တော်ကပြောက်ကျားနည်းစနစ်ကို အဓိကထားအသုံးပြုခဲ့ပေမယ့် အခုတကြော့ပြန်စစ်ဆင်ရေးတွေမှာတော့စခန်းသိမ်းတိုက်ပွဲတွေအဖြစ် အသွင် ပြောင်းလာတာကိုတွေ့ရပါတယ်။

တရွန်အိုင်၊ နှုံးဘူး၊ ရှင်းလက်ဝ၊ ပွိုင့် ၃၇၇၊ ခဝဲ၊ ဆမီး၊ မီးဝ၊ နှမဒါ၊ တင်းမ၊ တောင်ရှည်စတဲ့ဗျူဟာကုန်းတွေမှာ စစ်ကောင်စီက စကခ – ၁၉၊ တပ်မ ၁၁၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် – နပခလက်အောက်ခံ တပ်ရင်းအများအပြားနဲ့ ခံစစ်ဆင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ပလက်ဝမြို့အခြေစိုက် ခလရ ၂၈၉ ကို ဇန်နဝါရီ ၁၄ ရက်မှာပဲ ရက္ခိုင့်တပ်တော်ကအပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ပြီးနောက်မှာတော့ ပလက်ဝမြို့နယ်တစ်ခုလုံးရက္ခိုင့်တပ်တော်လက်အောက်ကို အလုံးစုံကျရောက်သွား ခဲ့ပါတယ်။

ပလက်ဝအောင်ပွဲအပြီးမှာတော့ ရက္ခိုင့်တပ်တော်ရဲ့ထိုးစစ်တွေက တောင်ပိုင်းကိုတဖြေးဖြေးရွေ့လာခဲ့ပြီး မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်ဝှမ်းဒေသတွေကိုထိန်းချုပ်ဖို့ကြိုးစားလာတဲ့ အသွင်ဆောင်လာခဲ့ပါတယ်။

အဲဒီလိုအသွင်ဆောင်လာတာနဲ့အမျှ အဲဒီဒေသမှာ တပ်စွဲထားတဲ့ စကခ-၉ လက်အောက်ခံတပ်ရင်းတွေကိုရက္ခိုင့် တပ်တော်က စတင်ထိုးစစ်ဆင်လာခဲ့ပါတော့တယ်။

ကျောက်တော်မြို့မှာအခြေစိုက်ထားတဲ့ စကခ – ၉ လက်အောက်မှာ ခြေမြန်တပ်ရင်း ၁၀ ရင်းရှိပြီးကျောက်တော် မြို့ မှာ ခမရ ၃၇၄၊ ၃၇၅၊ ၃၇၆၊ ၅၃၉ ဆိုတဲ့ တပ်ရင်း ၄ ရင်း၊ မြောက်ဦးမြို့မှာ ခမရ ၃၇၇၊ ၃၇၈၊ ၅၄၀ ဆိုတဲ့ တပ်ရင်း ၃ ရင်း၊ မင်းပြားမြို့မှာ ခမရ ၃၇၉၊ ၃၈၀၊ ၅၄၁ ဆိုတဲ့ တပ်ရင်း ၃ ရင်းတို့ဖြစ်ကြပါတယ်။

ရက္ခိုင့်တပ်တော်ရဲ့ထိုးစစ်တွေကြောင့် ပထမဆုံးလက်မြှောက်အရှုံးပေးသွားရတာကတော့ ကျောက်တော်မြို့နယ်၊ ကန်စောက်တောင် အခြေစိုက် ခမရ ၅၃၉ ပဲပါ။

အနီးဝန်းကျင်မှာရှိတဲ့ အမြောက်တပ် အမတ – ၃၇၇ တပ်ရင်းကို ဇန်နဝါရီလ ၁၄ ရက်မှာ ရက္ခိုင့်တပ်တော်က သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ – ၅၃၉ က စစ်ကောင်စီတပ်သားနဲ့ မိသားစုဝင် စုစုပေါင်း ၃၀၀ ကျော်လည်း လက်နက်ချခဲ့ ကြပါတယ်။

အဲဒီနောက်မှာတော့ မင်းပြားမြို့အခြေစိုက် ခမရ – ၃၈၀ ကို လက်နက်ကြီးပစ်ကူတွေ၊ ရေတပ်သင်္ဘောတွေကနေ ပစ်ခတ်နေတဲ့ကြားက ဇန်နဝါရီ ၂၈ ရက်မှာ ရက္ခိုင့်တပ်တော်က ခဲရာခဲဆစ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီဘက်က စစ်ကူအင်အားဖြည့်တင်းခဲ့ပေမယ့် မြောက်ဦးမြို့မှာ အခိုင်အမာတည်ဆောက်ထားတဲ့ ခမရ – ၅၄၀ တပ်ရင်းနဲ့ ကျောက်တော်မြို့နဲ့ ၁ မိုင်ဝန်းကျင်အကွာ ကစ္ဆပနဒီတံတားအရှေ့ဘက်မှာရှိတဲ့ ခမရ – ၃၇၄ တပ်ရင်း၂ ရင်းကို ဇန်နဝါရီလ ၃၀ ရက်က
သိမ်းပိုက်ခဲ့ပါတယ်။

ခမရ – ၅၄၀ တပ်ရင်းဟာ မြောက်ဦးမြို့က ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးနေတဲ့ တပ်စခန်း ၁ ခု ဖြစ်တယ်လို့လည်း ရက္ခိုင့်တပ်တော်က ဆိုပါတယ်။

ဖေဖော်ဝါရီလအရောက်မှာလည်း ရသေ့တောင်၊ ရမ်းဗြဲမြို့တွေကိုပါ ရက္ခိုင့်တပ်တော်ကထိုးစစ်ဆင်လာတဲ့အပြင် စကခ – ၉ လက်အောက်ခံတပ်ရင်းအားလုံးသိမ်းပိုက်နိုင်ရေးစစ်ရှိန်မြှင့်လာပါတော့တယ်။

ဖေဖော်ဝါရီ ၂ ရက်မှာ ကျောက်တော်မြို့နဲ့ ၂ မိုင်ဝန်းကျင်ဝေးတဲ့ ဒေါင်းတောင်ယိုးရွာအနီးက ခမရ -၃၇၆ နဲ့ မြောက် ဦးအခြေစိုက် ခမရ – ၃၇၈ တို့ကို ရက္ခိုင့်တပ်တော်က ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ အောင်ပွဲခံထုတ်ပြန်ပါတယ်။

မင်းပြားစစ်မျက်နှာမှာတော့ ခမရ – ၃၈၀ ကိုသိမ်းပိုက်ထားနိုင်တဲ့ ရက္ခိုင့်တပ်တော်က ကပ်လျက်တည်ရှိတဲ့ ခမရ – ၃၇၉ နဲ့ ခမရ – ၅၄၁ တပ်ရင်း ၂ ရင်းကိုပါ ဖေဖော်ဝါရီလ ၆ ရက်မှာ ဆက်လက်သိမ်းပိုက်လိုက်ပါတယ်။

မင်းပြားမြို့အရှေ့ဘက် ၁၀ မိုင်ဝန်းကျင်အကွာက ကမ်းနီ အမှတ် – ၉၊ တိုင်းဗဟိုတန်းမြင့်လေ့ကျင့်ရေးကျောင်းနဲ့ ကျိန်းတောင်တပ်စခန်းတွေကျန်ရှိနေသေးပေမယ့် မင်းပြားမြို့ကို အလုံးစုံထိန်းချုပ်လိုက်နိုင်ပြီလို့ ရက္ခိုင့်တပ်တော်က ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်မှာ ကျောက်တော်မြို့ ခမရ – ၃၇၅ နဲ့ စကခ – ၉အခြေစိုက်ရုံးတွေကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့ပြီး ကျောက်တော်မြို့ကိုလည်း စစ်ကောင်စီက လက်လွှတ်လိုက်ရပြန်ပါတယ်။

အဲဒီစခန်းတွေကနေ ရေကြောင်းအတိုင်းဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကိုရက္ခိုင့်တပ်တော် က ကုလားတန်မြစ်ကြောင်းအတိုင်း လိုက်လံတိုက်ခိုက်ခဲ့ပြီး ဇက်ကူးရေယာဉ် ၂စီးကိုပါ နှစ်မြှုပ်နိုင်ခဲ့ပါတယ်။

အဲဒီတစ်ရက်တည်းမှာပဲ ခမရ – ၃၇၇ ကိုပါသိမ်းပိုက်နိုင်ခဲ့ပြီး ၈ ရက်မှာတော့ အမှတ် – ၃၁ ရဲတပ်ရင်းကိုပါသိမ်းပိုက်လိုက်နိုင်ခဲံတဲ့အတွက် မြို့တော်ဟောင်းဖြစ်တဲ့ မြောက်ဦးမြို့ကိုပါအလုံးစုံထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။

”၁၀၂၇ စစ်ဆင်ရေး”မတိုင်ခင်တုန်းက ရက္ခိုင့်တပ်တော်ရဲ့ အင်အားကို ၃၀,၀၀၀ နီးပါးရှိမယ်လို့ခန့်မှန်းပြောဆိုခဲ့ကြပြီး BBCနဲ့ အင်တာဗျူးမှာတော့ ရက္ခိုင့်တပ်တော်ရဲ့ စစ်ဦးစီချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က လတ်တလောတိုက်ပွဲအတွင်း အင်အား ၈,၀၀၀ တိုးလာခဲ့တယ်လို့ဖြေကြားထားပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ရခိုင်ဒေသတွင်းခြေကုပ်ယူဖို့ ရက္ခိုင့်တပ်တော်က အင်အားအနည်းငယ်နဲ့စစ်ဆင်ရေးတွေ စတင်ဖော်ဆောင်လာချိန်မှာ ရန်သူအဖြစ် အဓိက ရင်ဆိုင်ခဲ့ရတာက စကခ-၉လက်အောက်ခံတပ်ရင်းတွေပဲ ဖြစ်ကြပါတယ်။

လက်ရှိအချိန်မှာတော့ ၁၉၉၅ ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ စကခ-၉ ဟာ ရက္ခိုင့်တပ်တော်ကြောင့် အလုံးစုံပျက်စီးသွားခဲ့ရပါပြီ။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဆေးဖြတ်လူငယ် ၁၂ ဦး အသတ်ခံရမှုအပါအဝင် စစ်ရာဇဝတ်မှုများကို PNFC ရှုတ်ချ
Next Article နဂါးနီစစ်ကြောင်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲပြုလုပ်
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.