• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမားများ ရခိုင်ရေနက်ပိုင်း ခိုးဝင်မှုများ နေ့စဉ်ရှိနေ
  • စစ်တမ်းဖြေဆိုသူ ထိုင်းရောက်မြန်မာ ၉၈ ရာခိုင်နှုန်း စစ်ကော်မရှင် ရွေးကောက်ပွဲကို သပိတ်မှောက်
  • စစ်တွေတွင် စစ်တပ်နှင့် အေအေနှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု စစ်တပ်အရာရှိ တချို့ သေဆုံး
  • ဝက်လက်ကို စစ်တပ် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်၍ အရပ်သား လေးဦး သေဆုံး
  • မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုတွင် မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရသည့် ကလေးငယ် လေးဦး အကူအညီ လိုအပ်
  • ထိုင်းဘုရင့်မယ်တော် သီရိခေတ်နတ်ရွာစံခြင်း ရက်၉၀ပြည့် အောက်မေ့ဖွယ်အခမ်းအနား DKBA ဌာနချုပ်တွင် ပြုလုပ်
  • မန္တလေးသပိတ်ခေါင်းဆောင် အဖမ်းခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ
  • စစ်တပ် လက်နက်ကြီးကြောင့် ကျိုက်ထိုတွင် အရပ်သား နှစ်ဦးသေဆုံး၊ ရွာသားအချို့ လူသားဒိုင်းအဖြစ် ဖမ်းဆီခံရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»စကခ-၉ ကို ရက္ခိုင့်တပ်တော် ဘယ်လိုတိုက်ခိုက်ခဲ့သလဲ. . . .?
ဆောင်းပါး

စကခ-၉ ကို ရက္ခိုင့်တပ်တော် ဘယ်လိုတိုက်ခိုက်ခဲ့သလဲ. . . .?

thanlwinkhetBy thanlwinkhetFebruary 14, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စကခ-၉ ကို ရက္ခိုင့်တပ်တော် ဘယ်လိုတိုက်ခိုက်ခဲ့သလဲ. . . .?
***************************
ကောင်းချစ်အောင်
ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄။

ရက္ခိုင့်တပ်တော် – AA က ၂၀၁၆ ခုနှစ်တုန်းက ရခိုင်ပြည်မြောက်ပိုင်းမှာခြေကုပ်ယူဖို့ စစ်ဆင်ရေးတွေဖော်ဆောင်လာချိန်မှာ အဓိကရင်ဆိုင်ခဲ့ရတာက ကျောက်တော်မြို့အခြေစိုက်၊ အမှတ် ၉ -စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ -၉ လက်အောက်ခံတပ်ရင်းတွေပဲဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်ရောက်လာချိန်မှာတော့ ”၁၀၂၇ စစ်ဆင်ရေး”ရဲ့အဆက်ဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်းကရက္ခိုင့် တပ်တော်ရဲ့ ထိုးစစ်တွေကြားမှာ စကခ-၉ လက်အောက်ခံတပ်ရင်းတွေအားလုံးရှုံးနိမ့်သွားခဲ့ရပါပြီ။

အချိန် ၁ လနီးပါးကြာမြင့်တဲ့ထိုးစစ်တွေအောက်မှာ စစ်ကောင်စီရဲ့တပ်မအဆင့်ရှိတဲ့ စကခ – ၉တစ်ခုလုံး ဘယ်လို တိုက်ခိုက်ခံရပြီး ရှုံးနိမ့်သွားရလဲ. . . . ?ဆိုတာကို အခုဆောင်းပါးမှာအသေးစိတ်ဆက်လက်ရှင်းပြသွားပါမယ်။

ရှမ်း/မြောက်ဒေသမှာ ”၁၀၂၇ စစ်ဆင်ရေး”ဖော်ဆောင်လာချိန်မှာပဲ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ရက္ခိုင့်တပ်တော်ကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်မှာ ပလက်ဝမြို့နယ်ကစစ်ကောင်စီတပ်စခန်းတွေကို ပထမဆုံးပစ်မှတ်ထားပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာခဲ့ပါတယ်။

၂၀၁၅ ခုနှစ်ကနေ စစ်တပ်အာဏာမသိမ်းခင်အထိကြားကာလမှာ ရက္ခိုင့်တပ်တော်ကပြောက်ကျားနည်းစနစ်ကို အဓိကထားအသုံးပြုခဲ့ပေမယ့် အခုတကြော့ပြန်စစ်ဆင်ရေးတွေမှာတော့စခန်းသိမ်းတိုက်ပွဲတွေအဖြစ် အသွင် ပြောင်းလာတာကိုတွေ့ရပါတယ်။

တရွန်အိုင်၊ နှုံးဘူး၊ ရှင်းလက်ဝ၊ ပွိုင့် ၃၇၇၊ ခဝဲ၊ ဆမီး၊ မီးဝ၊ နှမဒါ၊ တင်းမ၊ တောင်ရှည်စတဲ့ဗျူဟာကုန်းတွေမှာ စစ်ကောင်စီက စကခ – ၁၉၊ တပ်မ ၁၁၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် – နပခလက်အောက်ခံ တပ်ရင်းအများအပြားနဲ့ ခံစစ်ဆင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ပလက်ဝမြို့အခြေစိုက် ခလရ ၂၈၉ ကို ဇန်နဝါရီ ၁၄ ရက်မှာပဲ ရက္ခိုင့်တပ်တော်ကအပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ပြီးနောက်မှာတော့ ပလက်ဝမြို့နယ်တစ်ခုလုံးရက္ခိုင့်တပ်တော်လက်အောက်ကို အလုံးစုံကျရောက်သွား ခဲ့ပါတယ်။

ပလက်ဝအောင်ပွဲအပြီးမှာတော့ ရက္ခိုင့်တပ်တော်ရဲ့ထိုးစစ်တွေက တောင်ပိုင်းကိုတဖြေးဖြေးရွေ့လာခဲ့ပြီး မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်ဝှမ်းဒေသတွေကိုထိန်းချုပ်ဖို့ကြိုးစားလာတဲ့ အသွင်ဆောင်လာခဲ့ပါတယ်။

အဲဒီလိုအသွင်ဆောင်လာတာနဲ့အမျှ အဲဒီဒေသမှာ တပ်စွဲထားတဲ့ စကခ-၉ လက်အောက်ခံတပ်ရင်းတွေကိုရက္ခိုင့် တပ်တော်က စတင်ထိုးစစ်ဆင်လာခဲ့ပါတော့တယ်။

ကျောက်တော်မြို့မှာအခြေစိုက်ထားတဲ့ စကခ – ၉ လက်အောက်မှာ ခြေမြန်တပ်ရင်း ၁၀ ရင်းရှိပြီးကျောက်တော် မြို့ မှာ ခမရ ၃၇၄၊ ၃၇၅၊ ၃၇၆၊ ၅၃၉ ဆိုတဲ့ တပ်ရင်း ၄ ရင်း၊ မြောက်ဦးမြို့မှာ ခမရ ၃၇၇၊ ၃၇၈၊ ၅၄၀ ဆိုတဲ့ တပ်ရင်း ၃ ရင်း၊ မင်းပြားမြို့မှာ ခမရ ၃၇၉၊ ၃၈၀၊ ၅၄၁ ဆိုတဲ့ တပ်ရင်း ၃ ရင်းတို့ဖြစ်ကြပါတယ်။

ရက္ခိုင့်တပ်တော်ရဲ့ထိုးစစ်တွေကြောင့် ပထမဆုံးလက်မြှောက်အရှုံးပေးသွားရတာကတော့ ကျောက်တော်မြို့နယ်၊ ကန်စောက်တောင် အခြေစိုက် ခမရ ၅၃၉ ပဲပါ။

အနီးဝန်းကျင်မှာရှိတဲ့ အမြောက်တပ် အမတ – ၃၇၇ တပ်ရင်းကို ဇန်နဝါရီလ ၁၄ ရက်မှာ ရက္ခိုင့်တပ်တော်က သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ – ၅၃၉ က စစ်ကောင်စီတပ်သားနဲ့ မိသားစုဝင် စုစုပေါင်း ၃၀၀ ကျော်လည်း လက်နက်ချခဲ့ ကြပါတယ်။

အဲဒီနောက်မှာတော့ မင်းပြားမြို့အခြေစိုက် ခမရ – ၃၈၀ ကို လက်နက်ကြီးပစ်ကူတွေ၊ ရေတပ်သင်္ဘောတွေကနေ ပစ်ခတ်နေတဲ့ကြားက ဇန်နဝါရီ ၂၈ ရက်မှာ ရက္ခိုင့်တပ်တော်က ခဲရာခဲဆစ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီဘက်က စစ်ကူအင်အားဖြည့်တင်းခဲ့ပေမယ့် မြောက်ဦးမြို့မှာ အခိုင်အမာတည်ဆောက်ထားတဲ့ ခမရ – ၅၄၀ တပ်ရင်းနဲ့ ကျောက်တော်မြို့နဲ့ ၁ မိုင်ဝန်းကျင်အကွာ ကစ္ဆပနဒီတံတားအရှေ့ဘက်မှာရှိတဲ့ ခမရ – ၃၇၄ တပ်ရင်း၂ ရင်းကို ဇန်နဝါရီလ ၃၀ ရက်က
သိမ်းပိုက်ခဲ့ပါတယ်။

ခမရ – ၅၄၀ တပ်ရင်းဟာ မြောက်ဦးမြို့က ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးနေတဲ့ တပ်စခန်း ၁ ခု ဖြစ်တယ်လို့လည်း ရက္ခိုင့်တပ်တော်က ဆိုပါတယ်။

ဖေဖော်ဝါရီလအရောက်မှာလည်း ရသေ့တောင်၊ ရမ်းဗြဲမြို့တွေကိုပါ ရက္ခိုင့်တပ်တော်ကထိုးစစ်ဆင်လာတဲ့အပြင် စကခ – ၉ လက်အောက်ခံတပ်ရင်းအားလုံးသိမ်းပိုက်နိုင်ရေးစစ်ရှိန်မြှင့်လာပါတော့တယ်။

ဖေဖော်ဝါရီ ၂ ရက်မှာ ကျောက်တော်မြို့နဲ့ ၂ မိုင်ဝန်းကျင်ဝေးတဲ့ ဒေါင်းတောင်ယိုးရွာအနီးက ခမရ -၃၇၆ နဲ့ မြောက် ဦးအခြေစိုက် ခမရ – ၃၇၈ တို့ကို ရက္ခိုင့်တပ်တော်က ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ အောင်ပွဲခံထုတ်ပြန်ပါတယ်။

မင်းပြားစစ်မျက်နှာမှာတော့ ခမရ – ၃၈၀ ကိုသိမ်းပိုက်ထားနိုင်တဲ့ ရက္ခိုင့်တပ်တော်က ကပ်လျက်တည်ရှိတဲ့ ခမရ – ၃၇၉ နဲ့ ခမရ – ၅၄၁ တပ်ရင်း ၂ ရင်းကိုပါ ဖေဖော်ဝါရီလ ၆ ရက်မှာ ဆက်လက်သိမ်းပိုက်လိုက်ပါတယ်။

မင်းပြားမြို့အရှေ့ဘက် ၁၀ မိုင်ဝန်းကျင်အကွာက ကမ်းနီ အမှတ် – ၉၊ တိုင်းဗဟိုတန်းမြင့်လေ့ကျင့်ရေးကျောင်းနဲ့ ကျိန်းတောင်တပ်စခန်းတွေကျန်ရှိနေသေးပေမယ့် မင်းပြားမြို့ကို အလုံးစုံထိန်းချုပ်လိုက်နိုင်ပြီလို့ ရက္ခိုင့်တပ်တော်က ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်မှာ ကျောက်တော်မြို့ ခမရ – ၃၇၅ နဲ့ စကခ – ၉အခြေစိုက်ရုံးတွေကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့ပြီး ကျောက်တော်မြို့ကိုလည်း စစ်ကောင်စီက လက်လွှတ်လိုက်ရပြန်ပါတယ်။

အဲဒီစခန်းတွေကနေ ရေကြောင်းအတိုင်းဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကိုရက္ခိုင့်တပ်တော် က ကုလားတန်မြစ်ကြောင်းအတိုင်း လိုက်လံတိုက်ခိုက်ခဲ့ပြီး ဇက်ကူးရေယာဉ် ၂စီးကိုပါ နှစ်မြှုပ်နိုင်ခဲ့ပါတယ်။

အဲဒီတစ်ရက်တည်းမှာပဲ ခမရ – ၃၇၇ ကိုပါသိမ်းပိုက်နိုင်ခဲ့ပြီး ၈ ရက်မှာတော့ အမှတ် – ၃၁ ရဲတပ်ရင်းကိုပါသိမ်းပိုက်လိုက်နိုင်ခဲံတဲ့အတွက် မြို့တော်ဟောင်းဖြစ်တဲ့ မြောက်ဦးမြို့ကိုပါအလုံးစုံထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။

”၁၀၂၇ စစ်ဆင်ရေး”မတိုင်ခင်တုန်းက ရက္ခိုင့်တပ်တော်ရဲ့ အင်အားကို ၃၀,၀၀၀ နီးပါးရှိမယ်လို့ခန့်မှန်းပြောဆိုခဲ့ကြပြီး BBCနဲ့ အင်တာဗျူးမှာတော့ ရက္ခိုင့်တပ်တော်ရဲ့ စစ်ဦးစီချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က လတ်တလောတိုက်ပွဲအတွင်း အင်အား ၈,၀၀၀ တိုးလာခဲ့တယ်လို့ဖြေကြားထားပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ရခိုင်ဒေသတွင်းခြေကုပ်ယူဖို့ ရက္ခိုင့်တပ်တော်က အင်အားအနည်းငယ်နဲ့စစ်ဆင်ရေးတွေ စတင်ဖော်ဆောင်လာချိန်မှာ ရန်သူအဖြစ် အဓိက ရင်ဆိုင်ခဲ့ရတာက စကခ-၉လက်အောက်ခံတပ်ရင်းတွေပဲ ဖြစ်ကြပါတယ်။

လက်ရှိအချိန်မှာတော့ ၁၉၉၅ ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ စကခ-၉ ဟာ ရက္ခိုင့်တပ်တော်ကြောင့် အလုံးစုံပျက်စီးသွားခဲ့ရပါပြီ။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဆေးဖြတ်လူငယ် ၁၂ ဦး အသတ်ခံရမှုအပါအဝင် စစ်ရာဇဝတ်မှုများကို PNFC ရှုတ်ချ
Next Article နဂါးနီစစ်ကြောင်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲပြုလုပ်
thanlwinkhet
  • Website

Related Posts

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်ပြောပြီး အရပ်သားပစ်မှတ်ကို နေ့စဉ်ဗုံးကြဲနေတဲ့ စစ်အုပ်စု(ဆောင်းပါး)

December 13, 2025

လူ့အခွင့်အရေးနေ့ညက သွေးစွန်းခဲ့သော မြောက်ဦးဆေးရုံ (ဆောင်းပါး)

December 12, 2025

Leave A Reply Cancel Reply

Recent Posts

  • ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမားများ ရခိုင်ရေနက်ပိုင်း ခိုးဝင်မှုများ နေ့စဉ်ရှိနေ
  • စစ်တမ်းဖြေဆိုသူ ထိုင်းရောက်မြန်မာ ၉၈ ရာခိုင်နှုန်း စစ်ကော်မရှင် ရွေးကောက်ပွဲကို သပိတ်မှောက်
  • စစ်တွေတွင် စစ်တပ်နှင့် အေအေနှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု စစ်တပ်အရာရှိ တချို့ သေဆုံး
  • ဝက်လက်ကို စစ်တပ် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်၍ အရပ်သား လေးဦး သေဆုံး
  • မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုတွင် မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရသည့် ကလေးငယ် လေးဦး အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမားများ ရခိုင်ရေနက်ပိုင်း ခိုးဝင်မှုများ နေ့စဉ်ရှိနေ

စစ်တမ်းဖြေဆိုသူ ထိုင်းရောက်မြန်မာ ၉၈ ရာခိုင်နှုန်း စစ်ကော်မရှင် ရွေးကောက်ပွဲကို သပိတ်မှောက်

စစ်တွေတွင် စစ်တပ်နှင့် အေအေနှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု စစ်တပ်အရာရှိ တချို့ သေဆုံး

ဝက်လက်ကို စစ်တပ် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်၍ အရပ်သား လေးဦး သေဆုံး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမားများ ရခိုင်ရေနက်ပိုင်း ခိုးဝင်မှုများ နေ့စဉ်ရှိနေ

December 20, 2025

စစ်တမ်းဖြေဆိုသူ ထိုင်းရောက်မြန်မာ ၉၈ ရာခိုင်နှုန်း စစ်ကော်မရှင် ရွေးကောက်ပွဲကို သပိတ်မှောက်

December 19, 2025

စစ်တွေတွင် စစ်တပ်နှင့် အေအေနှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု စစ်တပ်အရာရှိ တချို့ သေဆုံး

December 18, 2025

ဝက်လက်ကို စစ်တပ် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်၍ အရပ်သား လေးဦး သေဆုံး

December 18, 2025

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုတွင် မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရသည့် ကလေးငယ် လေးဦး အကူအညီ လိုအပ်

December 18, 2025

ထိုင်းဘုရင့်မယ်တော် သီရိခေတ်နတ်ရွာစံခြင်း ရက်၉၀ပြည့် အောက်မေ့ဖွယ်အခမ်းအနား DKBA ဌာနချုပ်တွင် ပြုလုပ်

December 18, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.