• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ချောက်ရှိ စစ်တပ် ရှေ့ကာကင်းပွိုင့်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး
  • ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်
  • ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့
  • လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ
  • “အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်
  • ရခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခ ၅ ဆခန့် မြင့်တက်လာ
  • ဖားအံထောင်မှ အကျဉ်းသား ၃၈ ဦးကို KNU လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်
  • နတ်မောက်အရှေ့ခြမ်း တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၈ ဦး သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ပင်လုံယုံတမ်းနှင့် ပြည်ထောင်စု – ပထမပိုင်း
ဆောင်းပါး

ပင်လုံယုံတမ်းနှင့် ပြည်ထောင်စု – ပထမပိုင်း

thanlwinkhetBy thanlwinkhetFebruary 12, 2024Updated:February 13, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ပင်လုံယုံတမ်းနှင့် ပြည်ထောင်စု – ပထမပိုင်း
*************************

ဘုန်းမောင်
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄။

”ပြည်ထောင်စုစနစ်ဆိုသည်မှာ ပြည်ထောင် (အမျိုးသားနိုင်ငံတော်) များ ညီညွတ်စည်းလုံးစွာ ကြီးငယ်မဟူ တန်းတူခြင်းအခြေခံဖြင့်ဖွဲ့စည်းထားသော စုပေါင်းနိုင်ငံတော်စနစ်ဖြစ်သည်”ဟူ၍ ဆရာကြီး ဒဂုန်တာရာက ဆိုခဲ့ဖူး ပါသည်။

ထို့ကြောင့်လည်း ပြည်ထောင်များစုပေါင်း၍ဖွဲ့စည်းထားသော စုပေါင်းနိုင်ငံတော်စနစ်တွင်ပြည်ထောင်များ (သို့မဟုတ်) ပြည်နယ်များနှင့် ပြည်ထောင်စုကြား အာဏာကိုမည်ကဲ့သို့ခွဲဝေသုံးစွဲကြမည်၊ နိုင်ငံရေးအာဏာကို ပြည်နယ်များ လက်ထဲ မည်ကဲ့သို့ခွဲဝေထားရှိမည်၊
မည်ကဲ့သို့သောအာဏာများကို ပြည်နယ်များနှင့် ပြည်ထောင်စု အစိုးရက ပူးတွဲ၍ကျင့်သုံးကြမည်စသည့်အချက်များကို တရားနည်းလမ်းကျစွာ နိုင်ငံတော်ဥပဒေဖြင့် တိတိကျကျ ရေးဆွဲပြဋ္ဌာန်းရန်လိုအပ်ပါသည်။

ပင်လုံယုံတမ်း
************

ပြည်ထောင်စုကို မည်ကဲ့သို့တည်ဆောက်ကြမည်နည်းဟူသော မျှော်လင့်ချက်များနှင့်ပတ်သက်၍ဝိဝါဒကွဲပြားမှု များစွာရှိခဲ့ပြီး ၎င်းကွဲပြားမှုများက ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင်ချုပ်ဆိုခဲ့သောပင်လုံစာချုပ်အပေါ် မည်ကဲ့သို့ရှုမြင်ကြသနည်းဆိုသည့် အခြေခံကစပါသည်၊။မြန်မာ့အရေးဆွေးနွေးခဲ့ကြသော သုတေသီများကြားတွင်လည်း အဆိုပါပြဿနာကဆွေးနွေး၍မပြီးပြတ်နိုင်သေးသော ပုစ္ဆာတစ်ပုဒ်အဖြစ် ကျန်ရှိနေပါသေးသည်။

မက်သရူး ဝေါလ်တန် က ပင်လုံယုံတမ်း ၃ ရပ်ရှိသည်ဟု ၂၀၀၈ ခုနှစ်တွင် ဆိုခဲ့ပါသည်။ ၂၀၀၈ ခုနှစ်သည်တတိယ အကြိမ်မြောက် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သောကာလလည်းဖြစ်ပါသည်။

ပထမတစ်ခုမှာ ဗမာလူမျိုးတွေကို အဓိကကိုယ်စားပြုသောအစိုးရအဆက်ဆက်၏ ယုံတမ်းဖြစ်သည်။ထိုယုံတမ်းက ”နယ်ချဲ့တွေရဲ့သွေးခွဲမှုကိုအန်တုပြီး ဂျပန်ဆန့်ကျင်ရေးနှင့်အင်္ဂလိပ်ဆန့်ကျင်ရေးတိုက်ပွဲဝင်ရင်း လွတ်လပ်ရေး အတွက် ညီညွတ်မှုကိုပြသခဲ့သည့်
သမိုင်းဝင်စာချုပ်”ဆိုသည့် ယုံတမ်းဖြစ်သည်။

တကယ်တော့ ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြရာတွင် လူမစုံခဲ့ဘဲ ကရင်ကလေ့လာသူ၊ မွန် ၊ရခိုင်နှင့် ”ဝ” စသည့် ကျန်တိုင်းရင်းသားများ၏အမြင်များမပါဝင်သည့်အပြင်စာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများကြားတွင် လည်း သဘောထားကွဲလွဲမှုများရှိခဲ့ပါသည်။ သို့သော်အဆိုပါသဘောထားကွဲလွဲမှုများအပေါ် အလေးထားခဲ့ခြင်းမရှိ ခဲ့ပါဟု ဝေါလ်တန် ကဆိုခဲ့ပါသည်။

ဒုတိယယုံတမ်းက NLD ဦးဆောင်သည့် ဒီမိုကရေစီအတိုက်အခံများ၏ သဘောထားဖြစ်ပြီး ၎င်းသဘောထားကလည်း ပထမယုံတမ်းနှင့် သဘောသဘာဝခြင်း အတူတူပင်ဖြစ်သည်။

ပထမယုံတမ်းနှင့် ဒုတိယယုံတမ်း၏ အရေးပါသည့်ကွဲလွဲချက်ကတော့ ပင်လုံနောက်ပိုင်းစစ်အစိုးရအဆက်ဆက် က ပင်လုံစိတ်ဓာတ်ကိုသစ္စာဖျက်ခဲ့သည့်အတွက် မြန်မာနိုင်ငံသည်အဖြစ်ဆိုးခဲ့ရခြင်းဖြစ်သည့်အတွက် ပင်လုံကဲ့သို့ သောညီလာခံခေါ်ယူပြီးပင်လုံစိတ်ဓာတ်ကိုပြန်လည်တည်ဆောက်နိုင်ပါက ညီညွတ်ငြိမ်းချမ်းပြီး သာယာဝပြောမှုရရှိလိမ့်မည်ဆိုသော အမြင်ဖြစ်သည်။ (ထို့ကြောင့်လည်း ၂၁ ရာစုပင်လုံ ဆိုပြီးပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်)

NLD ၏ အဆိုပါအမြင်သည် အစိုးရနှင့် မြန်မာစစ်တပ်၏မူဝါဒများကိုဝေဖန်ရာတွင်အရေးပါခဲ့သော်လည်း တိုင်းရင်း သားများနှင့် ဖဆပလအစိုးရကြား တင်းမာမှုများ၊တိုင်းရင်းသားအင်အားစုများအကြားတင်းမာမှုများကို မျက်ကွယ် ပြုထားသည် ဟု ဝေါ်လ်တန်ကဆိုသည်။

တတိယယုံတမ်းကတော့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားအများစုလက်ခံထားကြသောအမြင်ဖြစ်သည်။

၎င်းအမြင်က မြန်မာအစိုးရအဆက်ဆက် သစ္စာမရှိခဲ့သည့်အတွက် ပင်လုံကတိကဝတ်များပျက်စီးခဲ့ရသည်ဆိုသည် ကို အသိအမှတ်ပြုထားသော်လည်း အစကနဦးကတည်းပင်ပင်လုံကတိကဝတ်များသည် အကန့်အသတ်ရှိခဲ့ပါ သည်။ မပြည့်စုံခဲ့ပါဆိုသော အမြင်ဖြစ်သည်။

အဆိုပါတတိယယုံတမ်းသည်လည်းပဲ အမျိုးမျိုးသော တိုင်းရင်းသားလူနည်းစုအချင်းချင်းကြား၊လက်နက်ကိုင်အဖွဲ့ များအချင်းချင်းကြားတွင် ကွဲလွဲသောအမြင်အမယ်မျိုးစုံရှိနေခြင်းကိုအသိအမှတ်မပြုဘဲ မြန်မာနိုင်ငံရှိတိုင်းရင်း သားများအားလုံး တစ်စိတ်တစ်ဝမ်း တည်းရှိနေသယောင်ဖော်ပြခဲ့သည့်ယုံတမ်းဖြစ်သည်ဟု ဝေါလ်တန်က ဝေဖန်ထောက်ပြခဲ့သည်။

ခေါင်းဆောင်တွေရဲ့ထင်ပေါ်လိုစိတ်
***********************

၁၉၄၇ ခုနှစ်တွင် ဖက်ဒရယ်ထူထောင်ရေးကို လွတ်လပ်ရေးရယူရန်ဟူသည့်ခေါင်းစဥ်အောက်ကဖုတ်ပူမီးတိုက် အားထုတ်ခဲ့ကြပါသည်။ ထို့ကြောင့် အကြပ်အတည်းအမျိုးမျိုးဆိုက်ရောက်ခဲ့ပါသည်။သို့သော် အရပ်သားတစ်ပိုင်း အစိုးရများ လက်ထက်တွင်လည်းအဆိုပါ သမိုင်းအဖြစ်အပျက်များကိုသင်ခန်းစာမယူဘဲ ၎င်းတို့၏ နိုင်ငံရေး သက်တမ်းအတွင်းဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှတ်တိုင်များကို အလျင်စလိုအပြီးသတ်ချင်ခဲ့ကြပုံ ပေါ်သည်။

ဆွေးနွေးဖက်များဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအားလုံးမပါဝင်ဘဲ ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် – NCA ကိုအလျင်စလို လက်မှတ် ရေးထိုးခဲ့ပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် ကျင်းပခဲ့ပါသည်။

ထို့အတူပင် NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်ကြေညာခဲ့ သည့် အစိုးရ၏ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးမူဝါဒတွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသက်တမ်းအတွင်းမှာပဲ ငြိမ်းချမ်းရေးညီလာခံကြီး အောင်မြင်စွာကျင်းပ၊ အခြေခံဥပဒေပြင်ဆင်၊ ရွေးကောက်ပွဲအသစ်ကျင်းပ စသည်တို့အား ဦးတည်ချက်ထားခဲ့သည်ကို တွေ့ရပါသည်။

အဆိုပါသဘောထားများက မြန်မာနိုင်ငံ၏ခေါင်းဆောင်အဆက်ဆက်သည်၎င်းတို့၏သမိုင်းဝင်ချင်စိတ်နှင့် ပုဂ္ဂိုလ် ရေးဩဇာထူထောင်ချင်စိတ်များ နှင့် ပြည့်နှက်လျက်ရှိသည်ကိုဖော်ပြနေပါသည်။

ဖက်ဒရယ်နိုင်ငံတော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ
********************

မျက်မှောက်ကာလတွင်အသုံးတွင်ကျယ်နေသော ”စစ်မှန်သည့်ဖက်ဒရယ်နိုင်ငံတော်ထူထောင်ရေး ”ဆိုသည်က ယနေ့ကျမှ နေ့ချင်းညချင်းပေါ်ပေါက်လာသောနိုင်ငံရေးကြွေးကြော်သံတစ်ရပ်တော့ မဟုတ်ခဲ့ပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်၊
ဖေဖော်ဝါရီ ၁၂ ရက်၊ ပြည်ထောင်စုကို စတင်ဖွဲ့စည်းချိန်ကတည်းက တိုင်းရင်းသားခေါင်းဆောင်များမျှော်မှန်းခဲ့သော နိုင်ငံရေးပန်းတိုင်တစ်ရပ်သာ ဖြစ်ပါသည်။

ပြည်မနှင့်တောင်တန်းဒေသအချို့ကခေါင်းဆောင်များသည် ”နိုင်ငံရေးတန်းတူခွင့်နှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်”အပြည့် အဝရှိသော ပြည်ထောင်စုနိုင်ငံတော်တစ်ရပ်ကို ပူးပေါင်းထူထောင်ရန်မျှော်မှန်းခဲ့ကြဖူးပါသည်။ ထို့ကြောင့်လည်း လွန်ခဲ့သောနှစ်ပေါင်း ၇၇ နှစ်၊ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်တွင် ပင်လုံစာချုပ်ကို ပြည်မနှင့်တောင်တန်းခေါင်း ဆောင်အချို့အတူတကွလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

သို့သော် ခေါင်းဆောင်အချို့ လုပ်ကြံခံရပြီးနောက်ပိုင်းရေးဆွဲပြဋ္ဌာန်းခဲ့သောနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ သည် ပင်လုံမျှော်မှန်းချက်များကို အကောင်အထည်မဖော်နိုင်ခဲ့ပါ။၁၉၄၇ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေသည် ပင်လုံစာချုပ်တွင်မျှော်မှန်းခဲ့သည့်စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်တွင်အခြေခံပြီး ရေးဆွဲပြဋ္ဌာန်းခဲ့သောနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်မလာခဲ့ပါ။စင်စစ်တော့ ၁၉၄၇ ခုနှစ်တွင် ရေးဆွဲခဲ့သည့်နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကသွေဖီပြီး”တစ်ပြည်ထောင်အာဏာရှင်စနစ်”ကို ဦးတည်ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်မျှသာဖြစ်ခဲ့ပါသည်။

ထို့ကြောင့်လည်း ဖက်ဒရယ်ပြည်ထောင်စုစနစ်ကသွေဖီပြီး ”တစ်ပြည်ထောင် အာဏာရှင်စနစ်”ကိုဦးတည်သွားစေ သော ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက် ၃ ရပ်ကို ချင်းအမျိုးသား နိုင်ငံရေးသမားလည်း ဖြစ် NUG ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးလည်းဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း က ယခုကဲ့သို့ တင်ပြခဲ့ဖူးပါသည်။

၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်ပြည်ထောင်စုစနစ်ကသွေဖီပြီး ”တစ်ပြည်ထောင်အာဏာရှင်စနစ်”ကို ဦးတည်သွားစေခဲ့သော အခြေခံအားနည်းချက် ၃ ရပ်ရှိပါသည်။ ၎င်းတို့မှာ –

၁ – ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များ၏ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို သီးခြားလွတ်လပ်စွာ ရေးဆွဲပြဋ္ဌာန်းခြင်း မရှိခဲ့ပေ။

၂ – ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များ နိုင်ငံရေးအရ တန်းတူရည်တူပူးပေါင်း၍ ပြည်ထောင်စုနိုင်ငံတော်တစ်ခုကို အတူတကွထူထောင်ကြသည်ဆိုသောအချက်ကို

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ရှင်းလင်းစွာဖော်ပြနိုင်ခဲ့ခြင်း မရှိပေ။ ယင်းအချက်ကိုပြည်ထောင်စုလွှတ်တော်ရှိ အထက်လွှတ်တော်ကို ပြည် နယ်ကိုယ်စားပြုလွှတ်တော်အဖြစ်တန်းတူရည်တူဖွဲ့စည်းခြင်းဖြင့် ဖော်ဆောင်ကျင့်သုံးရမည်ဖြစ်ပါသည်။ ဖက်ဒရယ်စနစ်အရအထက်လွှတ်တော်သည် ပြည်နယ်များကိုကိုယ်စားပြုသော လွှတ်တော်ဖြစ်သောကြောင့် ပြည်နယ်ကြီးသည်၊ သေးသည်မဟူ ဦးရေတူညီသောကိုယ်စားလှယ်များကို ပြည်နယ်အသီးသီးကအထက်လွှတ်တော်သို့ စေလွှတ်ရမည်ဖြစ်ပါသည်။ ထို့အတူ အောက်လွှတ်တော်သည် ပြည်သူလူထုကိုလူဦးရေအချိုးအစားအလိုက် ကိုယ် စားပြုရမည်ဖြစ်သည်။ သို့ရာတွင် ၁၉၄၇နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်တွင် ပြည်နယ် များက ကိုယ်စားလှယ်ဦးရေအညီအမျှစေလွှတ်ခြင်းမပြုဘဲ၊ အောက်လွှတ်တော်ကဲ့သို့ လူဦးရေအချိုးအစားအလိုက်စေလွှတ်ခဲ့ရပါသည်။ ထို့ကြောင့် လူဦးရေပိုများသော ဗမာလူမျိုးများက အောက်လွှတ်တော်မှာရော၊အထက်လွှတ် တော်မှာပါ ပြည်ထောင်စုလွှတ်တော်တစ်ရပ်လုံး၏အာဏာကိုလွှမ်းမိုးချယ်လှယ်နိုင်ခဲ့ပါသည်။

၃ – တတိယအားနည်းချက်ကတော့ ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်တစ်ခုဖြစ်ရမည့် ဗမာ လူမျိုးများသည် သူတို့၏ သီးခြားပြည်နယ်တစ်ခုကိုထူထောင်ခြင်းမပြုဘဲ ဗမာအမျိုးသားပြည်နယ်၏လုပ်ပိုင်ခွင့် နှင့် ပြည်ထောင်စုအာဏာတစ်ရပ်လုံးကို ပူးတွဲကျင့်သုံးခွင့်ပေးခဲ့ပါသည်။ ယင်းသည် ၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ၏အကြီးမားဆုံးအားနည်းချက်ပင် ဖြစ်ပါသည်။ ဗမာလူမျိုးများအတွက် သီးခြားပြည်နယ်ဖွဲ့စည်းခြင်းမပြုဘဲ ပြည်ထောင်စုအစိုးရနှင့် တွဲဖက်ခြင်းအားဖြင့် အခြားလူမျိုးများသည် ဗမာလူမျိုးများ၏ လက်အောက်ခံ ကိုလိုနီနယ်မြေများသဖွယ် ဖြစ်သွားခဲ့ကြရပါသည်။

အဆိုပါတင်ပြချက်များကိုကြည့်လျှင် လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်တွင် ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ် လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)ပါတီက ဦးဆောင်ရေးဆွဲခဲ့သောဖွဲ့စည်းပုံအခြေခံဥပဒေသည် ဗမာကိုလိုနီပြုရေးပင် ဖြစ်ကြောင်း တွေ့ရပါလိမ့်မည်။ ထိုဥပဒေကိုပင်လုံစာချုပ်ချုပ်ဆိုပြီးနောက် ၁၉၄၇ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် ဥပဒေအဖြစ်အတည်ပြုခဲ့ပါသည်။

မျက်မှောက်ခေတ်တွင်ဆင်နွှဲနေကြသည့်တော်လှန်ရေးကြီးသည် နေပြည်တော်ရှိ စစ်အာဏာရှင်များပြုတ်ကျသွား ရေးအတွက်မျှဖြင့် ပြီးမြောက်သွားမည့် သာမန်တော်လှန်ရေးတစ်ရပ်မဟုတ်ပါ။မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြ ကုန်သော တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုးကြား၊ ပြည်နယ် တစ်ခုနှင့်တစ်ခုကြားနိုင်ငံရေးအရ တန်းတူညီမျှခွင့်ရရှိရေး၊ အခြေခံလူ့အခွင့်အရေးများ အပြည်အဝရရှိရေးအတွက်တိုက်ပွဲဝင်နေကြသော တော်လှန်ရေးကြီးဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါဦးမည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleနေအိမ်မီးရှို့ခံထားရသည့် ကချင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူများ အကူအညီလိုအပ်နေ
Next Article လက်နက်ကြီး ထိမှန်မှုကြောင့် မုံရွာဒေသခံ ၄ ဦးသေဆုံး
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

Leave A Reply Cancel Reply

Recent Posts

  • ချောက်ရှိ စစ်တပ် ရှေ့ကာကင်းပွိုင့်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး
  • ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်
  • ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့
  • လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ
  • “အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ချောက်ရှိ စစ်တပ် ရှေ့ကာကင်းပွိုင့်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်

ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့

လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ

ယခင်သတင်းများ

  • April 2026
  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • သရော်စာ
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ချောက်ရှိ စစ်တပ် ရှေ့ကာကင်းပွိုင့်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

April 11, 2026

ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်

April 10, 2026

ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့

April 10, 2026

လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ

April 10, 2026

“အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်

April 10, 2026

ရခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခ ၅ ဆခန့် မြင့်တက်လာ

April 9, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.