• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»စစ်ကောင်စီနဲ့ပူးပေါင်းပြီး စစ်ရှောင်အရေး ကူညီသွားမည်ဟု ထိုင်းဝန်ကြီးဆို
တိုက်ပွဲသတင်း

စစ်ကောင်စီနဲ့ပူးပေါင်းပြီး စစ်ရှောင်အရေး ကူညီသွားမည်ဟု ထိုင်းဝန်ကြီးဆို

thanlwinkhetBy thanlwinkhetFebruary 10, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်ကောင်စီနဲ့ပူးပေါင်းပြီး စစ်ရှောင်အရေး ကူညီသွားမည်ဟု  ထိုင်းဝန်ကြီးဆို

*****************

ယမင်းဖူးပွင့်အောင်

ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄။

ထိုင်းနိုင်ငံဘက်ခြမ်း၊ သောင်ရင်းမြစ်ကမ်းဘေးရှိ စစ်ရှောင်ပြည်သူ ၂၀,၀၀၀ အတွက် ယာယီစစ်ရှောင်စခန်း ၃ ခု တည်ဆောက်သွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ဇန်နဝါရီလ ၈ ရက်က တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကို လာရောက်ခဲ့ပြီး ၁ လအတွင်း စစ်ရှောင်စခန်း ၃ ခု ဖွင့်လှစ်နိုင်တော့မည့်အကြောင်း အဆိုပါ ခရီးစဉ်တွင် ပြောကြားခဲ့သည်ဟု ထိုင်းသတင်းဌာန များက ဖော်ပြခဲ့ကြသည်။

ထိုင်းအစိုးရဘက်က သောင်ရင်းမြစ်ကမ်းဘေး ထိုင်းနိုင်ငံဘက်အခြမ်းရှိ စစ်ရှောင်ပြည်သူ ၂၀,၀၀၀ အတွက် ယာယီစစ်ရှောင်ကူညီရေးစခန်းများဆောက်လုပ်ကာ ကူညီပေးသွားမည်ဖြစ်ပြီး မြန်မာဘက်ခြမ်းရှိ ဒုက္ခသည်များ အတွက်မူ စစ်ကောင်စီကထောက်ပံ့ပေးသွားမည်ဟု ဆိုသည်။

အဆိုပါ စစ်ရှောင်စခန်းများတွင်နေထိုင်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေး ရေးအစီအစဉ်အရ ရိက္ခာ၊ ဆေးဝါးများကို ၂ နိုင်ငံကြက်ခြေနီအသင်းများချိတ်ဆက်ကာ  မြန်မာ – ထိုင်း၊ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် ၂ ကတဆင့် ပို့ဆောင်သွားမည်ဟု ထိုင်းဝန်ကြီးက ဆိုသည်။

စစ်ရှောင်အရေးကိုဂရုမစိုက်သည့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်အပေါ် မေးခွန်းထုတ် စရာအများကြီးရှိနေသည်ဟု စစ်ရှောင်အရေးကူညီပေးနေသူ ၁ ဦးက သံလွင်ခက် ကို ပြောသည်။

“စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတော့ စဉ်းစားစရာပဲပေါ့။ အခုလည်း စစ်ကောင်စီက ဇရပ်ကြီးက စစ် ရှောင်တွေကို ပေးမထွက်ဘူး။ လာကူတဲ့သူတွေကို ခြိမ်းခြောက်တယ်။ ဒီလိုအချိန်မှာ စစ်ကောင်စီနဲ့ ထိုင်းက ပူး ပေါင်းလုပ်ဆောင်မယ်ဆိုတော့ အခြေအမြစ်မရှိဘူး။ အကြံပြုချင်တာက စစ်ရှောင်တွေကို ကူညီတဲ့အဖွဲ့အစည်း တွေနဲ့တွေ့ပြီး လုပ်လို့ရတယ်။ နောက်ကွယ်မှာ ဘာတွေရှိနေမလဲ ဆိုတာ ခန့်မှန်းရခက်တယ် ” ဟု ဆိုသည်။

ထိုင်း-မြန်မာနယ်စပ် ကရင်နှင့် ကရင်နီပြည်များသာမက ပဲခူးတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားသည့်အခါ စစ်ဘေး သင့်ပြည်သူများ နယ်စပ်မျဉ်းကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံအတွင်း ခိုလှုံနေရပြီး လူဦးရေ သိန်းချီမြင့်တက်လာခဲ့ သည်။

ထိုင်းနိုင်ငံသည် ၁၉၈၀ ခုနှစ်ကျော်ကာလကစ၍ ဒုက္ခသည်စခန်း ၉ ခုဖွင့်လှစ်ပြီး မြန်မာနိုင်ငံက ဒုက္ခသည် ၉၀,၀၀၀ ခန့်ကို ခိုလှုံခွင့်ပြုထားသော်လည်း ပြီးခဲ့သည့်လပိုင်းအတွင်း ကရင်နှင့် ကရင်နီစစ်ဘေးရှောင်များကို နေရပ်ပြန်ရန် ဒေသခံအာဏာပိုင်များက ဖိအားပေးမှုများ ပြုလုပ်ခဲ့သည်။

စစ်ဘေးရှောင်ဦးရေ စံချိန်တင်မြင့်တက်လာခဲ့သည့် ကရင်နီပြည်တွင်လည်း နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းက အကူအညီပေးနိုင်ရေးအတွက် အခက်အခဲများရင်ဆိုင်နေရသည်ဟု ဒီးမော့ဆိုအနောက် ခြမ်းတွင် စစ်ရှောင်ကူညီပေးနေသူ ၁ ဦးက ဆိုသည်။

“ဒီဘက်မှာဝင်နေတဲ့ NGO တို့ CSO တို့လည်း camp တိုင်းလိုလိုမဝင်နိုင်ဘူးပေါ့။  camp ၅၀ ကျော်ရှိသလို လူဦးရေက သောင်းနဲ့ကျော်ရှိတယ်။ နေရာတိုင်းမဝင်နိုင်တော့ ရွေးချယ်ဝင်ရတဲ့ အခြေအနေမျိုးရှိတယ်။ တချိူ့ camp တွေက မိုးကာတွေလိုအပ်တယ်။ တချို့ camp က ရိက္ခာဆန်တွေလိုအပ်ကြတယ်။ တချို့ camp တွေက စောင်၊ ခြင်ထောင်တွေလိုအပ်ကြတယ်။ တစ်ခုနဲ့တစ်ခု မတူကြဘူး။ အမျိုးမျိူးလိုအပ်ချက်တွေ ရှိနေတယ်” ဟု ဆိုသည်။

အာဏာသိမ်းမှု ၃ နှစ်တာကာလအတွင်း ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့် ကရင်ပြည်နယ်တွင် စစ်ဘေးရှောင် စုစု ပေါင်း ၇ သိန်းခွဲကျော်ရှိပြီး  ကရင်နီပြည်တွင်လည်း စစ်ဘေးရှောင်စုစုပေါင်း ၃ သိန်းကျော်ရှိနေသည်ဟု သိရ သည်။

ပုံစာ – ကရင်ပြည်နယ်အတွင်းက စစ်ရှောင်ပြည်သူများ/ ပုံအဟောင်း

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3301

YouTube – > https://youtu.be/eEaLA1Cu5r0

Website – >  https://thanlwinkhet.net/?p=7621

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကတူးလူမျိုးမိတ်ဆက်
Next Article မြန်မာ့မြေပေါ်က တရုတ်မာဖီးယားများ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.