• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်
  • တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်
  • ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ
  • ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန
  • အီရန်ထိပ်တန်းခေါင်းဆောင်ကိုသတ်မယ့် အစ္စ‌ရေးအစီအစဉ် ထရမ့် သဘောမတူ
  • ကျားဖြန့်လုပ်သား ၁၃၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»စစ်သင်္ဘောနစ်မြုပ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော်သေဆုံးနိုင်ပြီး အသက်မသေဘဲရေကူး လွတ်မြောက်လာသူများကို AA ကယ်တင်
နေ့စဉ်သတင်း

စစ်သင်္ဘောနစ်မြုပ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော်သေဆုံးနိုင်ပြီး အသက်မသေဘဲရေကူး လွတ်မြောက်လာသူများကို AA ကယ်တင်

thanlwinkhetBy thanlwinkhetFebruary 12, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်သင်္ဘောနစ်မြုပ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော်သေဆုံးနိုင်ပြီး အသက်မသေဘဲရေကူး လွတ်မြောက်လာသူများကို AA ကယ်တင်

******************************

Saw Smith

ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၄ ။

စစ်ကောင်စီ၏ စစ်သင်္ဘော ၂ စီး၊ ဇက်သင်္ဘော ၁ စီးတို့ကို ရက္ခိုင့်တပ်တော် AA က ရေထဲနစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည့် ဖြစ်စဥ်၌ အသက်မသေဘဲရေကူးလွတ်မြောက်လာသူများစွာတို့အား ကယ်တင်နိုင်ခဲ့သည်ဟု AA က ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည် ။

ပြီးခဲ့သည့်ရက်ပိုင်း  ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ ရက်တို့တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ စစ်သင်္ဘော ၃ စီးကို AAက တိုက်ခိုက်ခဲ့သည် ။

AA ၏ ဗျူဟာမြောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ စစ်သင်္ဘော ၃ စီးစလုံးသည် ချက်ကောင်းကိုထိ၍ အထိနာခဲ့သည်။

သင်္ဘောများ စင်းလုံးပြတ် နစ်မြုပ်ရန် ဖြစ်နေသော အချိန်တွင် လက်နက်ချ အညံ့ခံရန်၊ အလံဖြူထောင်ရန် လော်စပီကာများဖြင့် ၃ကြိမ်တိုင် ပြောကြားခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ စစ်ကောင်စီတပ်က တန်ပြန်ခုခံတိုက်ခိုက်နေသေးသည့်အပြင် လေကြောင်းမှလည်း ဒရော့ဗုံးများဖြင့် အပြင်းအထန်ခုခံကာကွယ်ရန် ကြိုးစားသည့် လုပ်ရပ်ကိုသာ ပြုလုပ်ခဲ့သည်။

အဆိုပါသင်္ဘော ၃ စီးပေါ်တွင် လိုက်ပါလာသောသူများ အသက်ချမ်းသာရာရရှိမည့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန်နာရီဝက် (မိနစ် ၃၀) ထပ်ပေးသည့်အချိန်တွင်လည်း ရန်သူသည် မိမိတို့အား ဒရော့ဗုံးများဖြင့် စုပြုံပစ် လာရောက်တိုက်ခိုက်နေခဲ့သောကြောင့် မိမိတို့တပ်ဖွဲ့ဝင် ၁၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူအချို့ရှိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည် ။

ထို့ပြင် လက်နက်ချအညံ့ခံရန် ပြောကြားသည်ကို နားထောင်ခဲ့ပါက သင်္ဘောပေါ်ပါလာသောသူများမှာ အသက်ချမ်းသာခွင့် ရရှိကြမည်ဖြစ်သည်ဟု

ဆိုသည် ။

” သင်္ဘော ၃ စီးမှာဆို ၇၀၀ ကျော်လောက်သေတယ်လို့သိရတယ် ။ အဲမှာအနေကြာတဲ့ တပ်ဖွဲ့ဝင်တချို့ဘဲ ရေကူးတတ်ပြီး လွတ်နိုင်မယ် ။ ရေမကူးတတ်တဲ့သူတွေ အကုန်သေကြတယ် ” ဟု စစ်ကောင်စီရေတပ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီရေတပ်မှ CDM ပြုလုပ်လာသည့် တပ်သားတစ်ဦးကလည်း နစ်မြုပ်သွားသည့် သင်္ဘောများတွင်စစ်ရေးပြင်းထန်နေချိန်၌လူအင်အားများ ဖြည့်ထားမည်ဖြစ်သော​ကြောင့် သင်္ဘောတစ်စီးထဲပင်လျှင် အင်အား ရာချီပါနိုင်ပြီး တိုက်ခိုက်ခံထားရသည့်အခြေအနေတွင် အများစုရေကူးလွတ်မြောက်နိုင်မည်မဟုတ်ဟု ပြောဆိုသည် ။

အဆိုပါဖြစ်စဉ်၌ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာတို့အား မိမိတို့မှ ကယ်တင်ထားနိုင်ခဲ့ကြောင်းနှင့် ဤကဲ့သို့ ကယ်တင်ရာတွင် အာရက္ခစစ်သည်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု AA က ထုတ်ပြန်ထားသည် ။

ထိုဖြစ်စဥ်၌ သင်္ဘော ၃ စီးအား ကယ်တင်ရန်ထပ်မံ၍ လာခဲ့သော အခြားသော စစ်သင်္ဘော (၄) စီးကိုလည်း အနားကပ်၍ မရနိုင်အောင် လမ်းခုလတ်၌ပင် တိုက်ခိုက်နိုင်ခဲ့ရာ အထိနာခဲ့ကြောင်းနှင့် ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ဖေဖော်ဝါရီလ (၈) ရက်နေ့သည် အာရက္ခ ရေပြင်ထက်တွင် ရန်သူ့သင်္ဘောများအား အလဲထိုးပြီး အောင်ပွဲရယူနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ခဲ့သည်ဟု

ထုတ်ပြန်ချက်၌ ဖော်ပြထားသည် ။

“  စကစကို သူတို့ လိုချင်တဲ့ နေရာပွိုင့်ကနေ

မျှားခေါ်ပြီး တိုက်တယ် ။ ပေါက်တော

တစ်ခုတည်းမှာတင် အများကြီးပဲ စစ်တွေဆို စစ်သား

မရှိသလောက် ဖြစ်သွားပြီ ” ဟု ရခိုင်ပြည်နယ် စစ်ရေးအခြေအနေကို အနီးကပ်စောင့်ကြည့်နေသူ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးကပြောသည် ။

စစ်သင်္ဘော ၃ စီးနစ်မြုပ်မှုမှ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသူများကို ရက္ခိုင့်တပ်တော် AA က ကယ်တင်ခဲ့သည့်ပြင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချရန်ကိုလည်း AA ကသတိပေးထားသည် ။

ထိုးစစ်များမတိုင်မီ စောစောစီးစီးလက်နက်ချသူများကို ရက္ခိုင့်တပ်တော် AA က ကောင်းမွန်စွာ ထိန်းသိမ်းဆက်ဆံပေးသည်ဟု ရက္ခိုင့်အရေးနှင့်မြန်မာ့နိုင်ငံရေး လေ့သာသုံးသပ်သူ ကိုကျော်ဆန်းလှိုင်က ပြောသည်။

” လက်နက်ချတဲ့သူဆို သူတို့က သေသေချာချာလုပ်ပေးတယ် ။ မင်းပြားမှာ ၂၀၀ လောက် လက်နက်ချတယ် ။ ကျောက်တော်မှာ ၅၀၀ လောက်လက်နက်ချတယ် ။ သူတို့က အဲလူတွေကို သေသေချာချာလုပ်ပေးတယ် ” ဟု ၎င်းက ပြောသည် ။

ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော ထိုးစစ်များ၌ ထိုးစစ်မစမီကပင် မိမိတို့သည် စစ်ကောင်စီ၏ တပ်စခန်းတိုင်းကို လက်နက်ချအညံ့ခံရန် အကြောင်းကြားလေ့ရှိသကဲ့သို့ ဤကဲ့သို့ လက်နက်ချ အညံ့ခံရန်လည်း ထုတ်ပြန်ချက်များကို အကြိမ်ကြိမ်ထုတ်ပြန်ထားပြီးဖြစ်သည်ဟု AA က ဆိုသည်။

ထို့ပြင် လက်နက်ချအညံ့ခံသောသူများ၊ အလံဖြူထောင်သောသူများနှင့် စစ်အတွင်းဖမ်းဆီးရမိသော စစ်သုံ့ပန်းများအား မိမိတို့အနေဖြင့် နိုင်ငံတကာဥပဒေ၊ ဂျီနီဗာကွန်ဗင်းရှင်းအတိုင်း အသက်ချမ်းသာရာပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ကာ ၎င်းတို့၏ ဆန္ဒအတိုင်း အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

ထို့အတူ လက်နက်ချအညံ့မခံသေးသော စခန်းတိုင်းကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည်ဟုလည်း ရက္ခိုင့်တပ်တော်AA က သတိပေးထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော်AAသည် ရခိုင်ပြည်နယ် စစ်ဆင်ရေးအဖြစ် ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သော နိုဝင်ဘာ ၁၃ ရက်မှ စတင်၍ နေ့စဥ် ထိုးစစ်ဆင်တိုက်ခိုက်နေရာ ၃ လနီးပါးရှိလာပြီဖြစ်သည်။

ပုံစာ- စစ်သင်္ဘော ၃စီးနစ်မြုပ်​နေမှုနှင့် AA တပ်ဖွဲ့ဝင်များ​အောင်ပွဲခံ​​နေမှု ။

ဓာတ်ပုံ-AA Info Desk

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3302

YouTube – > https://youtu.be/eEaLA1Cu5r0

Website – >  https://thanlwinkhet.net/?p=7624

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြန်မာ့မြေပေါ်က တရုတ်မာဖီးယားများ
Next Article ထိုင်းရောက် ကော့ကရိတ်စစ်ရှောင်များ အလုပ်အကိုင်ရှားပါးမှုကြောင့် စားဝတ်နေရေးအခက်ကြုံ
thanlwinkhet
  • Website

Related Posts

တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်

June 18, 2025

ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်

June 18, 2025

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ

June 18, 2025

Leave A Reply Cancel Reply

Recent Posts

  • အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်
  • တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်
  • ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ
  • ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်

တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်

ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်

June 18, 2025

တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်

June 18, 2025

ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်

June 18, 2025

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ

June 18, 2025

ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး

June 17, 2025

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန

June 17, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.