• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ပန့်ခ်ဂီတနှင့် တော်လှန်ရေး
ဆောင်းပါး

ပန့်ခ်ဂီတနှင့် တော်လှန်ရေး

thanlwinkhetBy thanlwinkhetJanuary 18, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ပန့်ခ်ဂီတနှင့် တော်လှန်ရေး

*******************

ညီညီသူ
ဇန်နဝါရီ ၁၈ ၊ ၂၀၂၄။

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ကြသဖြင့်ပြည်ပသို့ထွက်ခွာခဲ့ရသော မြန်မာနိုင်ငံသားများထဲတွင် ဂီတသမားများလည်း ပါဝင်နေပါသည်။

အဆိုပါဂီတသမားများသည် ၎င်းတို့ဖန်တီးခဲ့သောဂီတများကတဆင့် မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေသောစစ်အာဏာရှင်စနစ်၊ လူမျိုးရေးခွဲခြားမှုနှင့် အစွန်းရောက်ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီများ၏အကြမ်းဖက်မှုများကို ဆန့်ကျင်ခဲ့ကြသည်။

အသက် ၃၃ နှစ်ရှိပြီဖြစ်သလို ပန့်ခ်ဂီတဝိုင်းတစ်ဝိုင်း၏ ပင်တိုင်အဆိုရှင်လည်းဖြစ်လိဒ်ဂီတာသမားလည်းဖြစ်သူ အိပ်မက်က”ရဟန်းတွေက ရဟန်းအလုပ်ကိုပဲ လုပ်သင့်တယ်” ဟုပြောသလို စစ်တပ်၊ ဘုန်းကြီးနှင့် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဘုန်းကြီးများအနေဖြင့်
ဘာသာပေါင်းစုံယှဥ်တွဲနေထိုင်ရေးကိုသာ ဦးစားပေးသင့်သည်ဟု သူ့အမြင်များအား ယခုကဲ့သို့ပြောပြခဲ့သည်။

ပြည်သူအတွက် သူရဲကောင်းများဖြစ်ခဲ့ဖူးသော ရဟန်းတော်များ
*****************************************

အိပ်မက် သည် ၎င်း၏ဂီတဝိုင်းအား ၂၀၀၇ ၊ ရွှေဝါရောင်အရေးအခင်းအပြီးတွင် တည်ထောင်ခဲ့သည်။ရဟန်းတော် များဦးဆောင်ခဲ့သည် ရွှေဝါရောင်အရေးအခင်းသည် မြန်မာ့သမိုင်းတွင်ထင်ရှားသောစစ်အစိုးရဆန့်ကျင်ရေးလှုပ် ရှားမှုတစ်ခုဖြစ်ခဲ့သည်။

”လူတိုင်း လွတ်လပ်မှုကိုလိုချင်ကြတယ်။ လူတိုင်း လူသားတစ်ယောက်ရပိုင်ခွင့်ဖြစ်တဲ့ လူ့အခွင့်အရေးကိုလို ချင်ကြတယ်။ လူတိုင်း ဒီမိုကရေစီကိုလိုချင်ကြတယ်။ ရွှေဝါရောင်အရေးအခင်းကိုရဟန်းတော်တွေကဦးဆောင်ခဲ့ ကြတော့ အဲဒီအချိန်တုန်းကတော့ ရဟန်းတော်တွေဟာမြန်မာပြည်သူတွေရဲ့ သူရဲကောင်းတွေဖြစ်ခဲ့ကြတယ်”

တစ်ရက်မှာတော့ ဆန္ဒပြနေကြသောလူအုပ်ကြီးရှေ့မှောက်သို့ မြန်မာစစ်တပ်ရောက်ရှိလာခဲ့ပြီးလမ်းပေါ်က လူပေါင်းများစွာကို သေနတ်ဖြင့် ရက်ရက်စက်စက်ပစ်ခတ်ခဲ့လေသည်။ အိပ်မက်ရှေ့တွင်ပဲ လူပေါင်းများစွာကို စစ်တပ်က သတ်ဖြတ်ခဲ့လေသည်။ ယခုအသက်အရွယ်ထိ အိပ်မက်သည်မိမိရှေ့မှောက်၌လူသတ်သည့်အဖြစ်ကို ကြုံခဲ့ဖူးသူတစ်ယောက်မဟုတ်ပေ။ ထို့ကြောင့်လည်းများစွာကြောက်ရွံ့ထိတ်လန့်သွားခဲ့ရလေသည်။ ဝမ်းနည်း မိ သလို ဒေါသများတလိပ်လိပ်တက်ကာနာကျင်ခဲ့ရသည်။

ရွှေဝါရောင်အရေးအခင်းကြီးပြီးဆုံးပြီးနောက်မှာတော့ ထိုကဲ့သို့သော စစ်တပ်၏မတရားသတ်ဖြတ်မှုများကို ပြန် လည်တုံ့ပြန်ရန် ဘာလုပ်ကြမလဲဟု၎င်းတို့ကိုယ်တိုင်မေးခွန်းပြန်ထုတ်ခဲ့ကြသည်။ အိပ်မက်နှင့် သူ၏သူငယ်ချင်းများတွင် နိုင်ငံရေးအာဏာလည်းမရှိသလို လက်နက်အာဏာလည်းမရှိကြပါ။ ထို့ကြောင့် ဂီတနဲ့ဆိုရင်ကောဘယ်လိုနေမလဲဟု အချင်းချင်းမေးမြန်းခဲ့ကြလေသည်။

စင်စစ်တော့ ဂီတသည် ကြီးမားသောလက်နက်တစ်ခုဖြစ်သည်။ ဂီတဖြင့် လူငယ်များထံမိမိပြောလိုရာသတင်း စကားကို ပြောကြားနိုင်သည်။ ထို့ပြင် ဂီတသည်ကမ္ဘာသုံးဘာသာစကားလည်းဖြစ်၏။ ထို့ကြောင့် တန်းတူညီမျှ ရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေးစသည့်ကိစ္စရပ်များအတွက် လူငယ်များအနေဖြင့် ဂီတကိုအသုံးပြုဖို့လိုအပ်ပါသည်။

ဘာသာရေးဖုံးလွှမ်းထားသော မြန်မာ့နိုင်ငံရေး
*****************************************

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်ကစ၍ ဘာသာရေးအမုန်းစကားများဖြန့်ချိလာခဲ့သည်။ဗုဒ္ဓဘာသာဝင်များနှင့် မူဆ လင်များကြား အပြန်အလှန်တိုက်ခိုက်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ်အာဏာမသိမ်းခင်အချိန်မှာတော့ အစွန်းရောက် အမျိုးသားရေးဝါဒီများက”စစ်တပ်က
အာဏာသိမ်းပါ”ဟူ၍ပင် ကြွေးကြော်လာခဲ့တော့သည်။

တကယ်တော့ အဆိုပါကိစ္စရပ်များက ရိုင်းစိုင်းမှုများသာ ဖြစ်သည်။ ဘာသာရေးဆိုသည်ကတစ်ဦးတစ်ယောက် ချင်းနှင့်သာ သက်ဆိုင်သောကိစ္စတစ်ရပ်ဖြစ်သည်။ အုပ်စုဖွဲ့တွေးခေါ်ခြင်းများကဘာသာရေးမဟုတ်ပေ။

မြန်မာနိုင်ငံမှာတော့ ဘာသာရေးဆိုသည်ကတစ်ဦးတစ်ယောက်ချင်းနှင့်သက်ဆိုင်သောကိစ္စဆိုသည်ထက် အုပ်စု ဖွဲ့တွေးခေါ်ခြင်းများအပေါ်အခြေခံတည်ဆောက် ထားသောကြောင့် နိုင်ငံရေးသည်လည်း ဘာသာရေးဖုံးလွှမ်းထားသောနိုင်ငံရေးသာ ဖြစ်နေပေတော့သည်။

မြန်မာနိုင်ငံ၏နိုင်ငံရေးသမားများသည် လူများကိုထိန်းကျောင်းနိုင်မည့် နိုင်ငံရေးအာဏာကိုရရှိရန်ဘာသာရေးကို အသုံးချလျက်ရှိသည်။ စင်စစ်တော့ ဖွင့်ထားသောစိတ်မရှိသူများ သို့မဟုတ်ပညာမဲ့သူများကို ဘာသာရေးအသုံးချ ပြီး နိုင်ငံရေးအတွက်အသုံးချရန်က
အလွန်ကိုပင်လွယ်ကူသောကိစ္စဖြစ်သည်။

လူသားဆန်မှုကိုသာ ယုံကြည်ထားသော ပန့်ခ်သမားများ
******************************

နိုင်ငံရေးသမားများက နိုင်ငံရေးလုပ်ကြမည်သာဖြစ်၏။ နိုင်ငံရေးနည်းလမ်းကိုပန့်ခ်သမားများနားမလည်ကြသော် လည်း လူသားဆန်မှုကိုတော့ နားလည်ထားကြပါသည်။ အိပ်မက်လိုပန်ခ့်ဂီတသမားတွေအတွက်တော့ လူသား ဆန်မှုကိုသာ ယုံကြည်ထားကြပါသည်။

”ကျွန်တော့်အထင်တော့ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေကြားမှာ အုပ်စု ၃ စုကွဲနေတယ်။ပထမအုပ်စုက ရွှေဝါရောင်တော်လှန်ရေးကာလတွေတုန်းက ဘုန်းတော်ကြီးတွေဖြစ်ပြီး သူတို့ကဒီမိုကရေစီကိုထောက်ခံကြ တယ်။ စစ်အာဏာရှင်တွေကို တော်လှန်ကြတယ်။ နောက်အုပ်စုတစ်စုကတော့စစ်တပ်ကို ထောက်ခံကြတယ်။ သူတို့ကို မဘသ လို့လည်းခေါ်ကြတယ်။ နောက်ဆုံးအုပ်စုကတော့နိုင်ငံရေးကိုလည်း စိတ်မဝင်စားကြဘူး။ သူတို့ စိတ်ဝင်စားတာက တရားအားထုတ်ဖို့နဲ့သူတို့ကိုယ်တိုင်ငြိမ်းချမ်းဖို့ပဲ။ ကျွန်တော်အဖို့တော့ မဘသဘုန်းကြီးတွေက ဖက်ဆစ်တွေပဲ”

အကယ်၍ လူတစ်ဦးတစ်ယောက်ကို မှောင်မိုက်နေသော အခန်းတစ်ခန်းအတွင်းသို့ တွန်းပို့ခဲ့မည်ဆိုပါစို့။မိမိတို့ အနေဖြင့် မှောင်မိုက်နေမှုနှင့်ပတ်သက်ပြီး ဆင်ခြေတစုံတရာပေးနေ၍မရပါ။ အရေးကြီးသည်ကမိမိကိုယ်ပိုင် အလင်းရောင်ဖြင့် ဖောက်ထွက်ကြဖို့သာဖြစ်ပေတော့သည်။

Ref: Aljazeera

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရခိုင်ပြည်နယ်ရှိ စစ်ရှောင်များ ​စားဝတ်နေရေးပိုမိုကြပ်တည်းလာ
Next Article TNLA ဌာနဆိုင်ရာရုံးများအတွက် CDM နှင့် Non-CDM ဝန်ထမ်းများကို ထည့်သွင်းစဉ်းစားမည်
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.