• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကြသောင်းဆိပ်ကျေးရွာအုပ်စုအား ဗုံးကြဲခံရ၍ ကလေး ၅ ဦး သေဆုံး
  • တောင်ကုတ်မှ ပြည်မသို့ ထွက်ခွာသည့် လူငယ် ၅၀ ခန့်ကို စစ်ကော်မရှင် ဖမ်းဆီး
  • ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ကျဉ်းများအား ဖိနှိပ်မှုများ ဆက်တိုက် လုပ်ဆောင်နေ
  • စစ်တပ်မှ AA ထိန်းချုပ်ထားသည့် နေရာများသို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ
  • အောက်တိုဘာ ၁၀ ရက်က World Mental Health Day ပါ။ လက်ရှိ စစ်ရေးပဋိပက္ခကာလ အတွင်းမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လို့ နေထိုင်သင့်လဲဆိုတာကို Purple Window Counselling ရဲ့ founder နဲ့ Counsellor ဖြစ်သူ ကိုဝေယံနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။
  • တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် သေဆုံးမှုများရှိ
  • ချောင်းဦး ဖြစ်စဉ်တွင် သေဆုံးသူ ၂၈ ဦးအထိ ရှိလာ
  • မင်းတပ်မြို့နယ်အတွင်းက ရွာနှစ်ရွာကို စစ်တပ်က ညပိုင်းအချိန် ဗုံးကြဲတိုက်ခိုက်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»သွေးချွေးတွေနဲ့ရယူမယ့် တအာင်းပြည်နယ်
ဆောင်းပါး

သွေးချွေးတွေနဲ့ရယူမယ့် တအာင်းပြည်နယ်

thanlwinkhetBy thanlwinkhetJanuary 12, 2024Updated:January 13, 2024No Comments5 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၁၂ ၊ ၂၀၂၄။

၂၀၂၃ ခုနှစ်နောက်ပိုင်းကာလတွေရဲ့ ရှမ်းပြည်မြောက်ပိုင်းကိုပြန်ကြည့်ရင် အဖြူ၊ အစိမ်း၊ အနီ အရောင် ၃ ရောင်နဲ့ ခြယ်မှုန်းထားတဲ့   တအာင်းအမျိုးသားအလံတော်က တလူလူလွင့်လို့နေပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း နမ့်ခမ်းမြို့ကို ရက်ပေါင်း ၃၁ရက်ကြာအောင် ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ပြီး နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီစခန်းသစ်ကုန်းကိုတော့ဒီဇင်ဘာလ ၁၉ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ညီနောင်မဟာမိတ်တွေကနမ့်ခမ်းမြို့ကိုသိမ်းပိုက်ပြီးနောက်မှာတော့ တအာင်းအမျိုးသား အလံတော်ကို လွင့်ထူခဲ့ပါတယ်။

စစ်ကောင်စီရဲ့ စခန်းသစ်ဗျုဟာကုန်း နဲ့ နမ့်ခမ်းမြို့နယ်ထဲက ကံ့ကော်စခန်း၊ ၁၂မိုင်၊ ၁၃မိုင်၊မိုက်ခရိုဝိတ်စခန်း၊ ပန်ဆေး၊ တာကွန့်စခန်း၊ ဟဲယိုင်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ထိန်ကန်တပ်စခန်း၊မန်ပူးတပ်စခန်း၊ မန်ဝိန်တပ် စခန်း၊ တပ်စခန်းအားလုံးနဲ့ နမ့်ခမ်းမြို့ရဲစခန်း အပါအဝင် စကစရဲ့ဌာနဆိုင်ရာရုံးတွေအားလုံးကို TNLA နဲ့ ညီနောင်မဟာမိတ်တွေကသိမ်းပိုက်ပြီးနောက် နမ့်ခမ်းမြို့ကိုထိန်းချုပ်လိုက်နိုင်ခဲ့ပါတယ်။ ။

နမ့်ခမ်းမြို့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ရဲ့ ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့မြို့ လည်းဖြစ်ပြီး ရွပ်ရွပ်ချွံချွှံ တိုက်ပွဲဝင် အသက်ပေးခဲ့တဲ့ PSLF/TNLAတပ်မတော်သား ၄၉ ဦးနဲ့ ထိခိုက်ဒဏ်ရာ ရသူပေါင်း ၁၄၅ ဦးအထိ ရှိခဲ့ပါတယ်။

တအာင်းအလံက အလျား ၅ ပေ၊ အနံ ၃ ပေရှိပြီး အစိမ်းရောင်နောက်ခံနှစ်ခုကြားမှာအဖြူရောင်ရှိပါတယ်။ အဖြူ ရောင်အလယ်ဗဟိုမှာ အနီရောင်နေဝန်းလုံးရှိပြီး အထက်အောက်အစိမ်းရောင်နောက်ခံပေါ်မှာ ၄ ပုံ ၁ နေရာယူ ထားပါတယ်။

အလံမှာပါဝင်တဲ့ အနီရောင်နေဝန်းလုံးက ရဲရင့်ပြတ်သားခြင်းနဲ့တအာင်းတို့ရဲ့ဖခင်ဖြစ်တဲ့နေမင်းကိုကိုယ်စားပြုပြီး အစိမ်းရောင်နောက်ခံ ၂ ခုကတော့ စိမ်းလန်းစိုပြေ၊လက်ဖက်ဌာနဖြစ်တဲ့ တအာင်းပြည်နယ်နဲ့ အမိနဂါးကို ကိုယ်စားပြုပါတယ်။ အလယ်ဗဟိုအဖြူရောင်ကတော့ တအာင်းလူမျိုးတို့ရဲ့ ရိုးသားဖြူစင်မှု၊ အေးချမ်းတည်ငြိမ်မှုနဲ့ လွတ်လပ်မှုတို့ကိုအဓိပ္ပာယ်ဖော်ဆောင်ပါတယ်။

စော်ဘွားခေတ်ကတည်းက ဖိနှိပ်မှုကိုမခံလိုခဲ့တဲ့ တအာင်းလူမျိုးတွေဟာ လက်ရှိအချိန်မှာတော့တအာင်းအမျိုး သားအလံတော်အောက်မှာ တစ်စုတစ်စည်းတည်း စုဝေးနိုင်ခဲ့ကြပါပြီ။

တအာင်းအမျိုးသားအလံတော်ကို တအာင်းကိုယ်ပိုင်စခန်းတွေနဲ့ တအာင်းလူမျိုးတွေနေထိုင်ရာမြို့တွေပေါ်မှာ မြင်တွေ့ဖူးနေကျဆိုပေမယ့် လက်ရှိအချိန်မှာ စိုက်ထူနိုင်ခဲ့တဲ့တအာင်းအလံတော်ကိုငေးကြည့်ရတဲ့ ရင်တွင်းခံစား ချက်ကလည်း တစ်မူထူးခြားလို့နေပါတယ်။

တစ်ချိန်က တအာင်းတွေနေထိုင်ခဲ့ဖူးရာ တအာင်းနယ်မြေတွေကို ပြန်လည်သိမ်းယူပြီးတိုင်းတအာင်းအမျိုးသား အလံတော်ကို တအာင်းညီနောင်သားချင်းတွေ ဂုဏ်ယူဝံ့ကြွားစွာနဲ့အတူတကွစိုက်ထူကြတာကလည်း ဓလေ့ တစ်ခုတောင် ဖြစ်လို့နေပါပြီ။

တအာင်းအလံတော်အောက်မှာ TNLA တပ်ဖွဲ့ဝင်တွေအပြင် ရက္ခိုင့်တပ်တော် – AA၊ မြန်မာအမျိုးသားဒီမိုကရက် တစ်မဟာမိတ်တပ်မတော် – MNDAA စတဲ့ တပ်ဖွဲ့ ၂ ဖွဲ့ကရဲဘော်တွေလည်းတအာင်းရဲဘော်တွေနဲ့အတူ ရှိနေတာကိုလည်း တွေ့မြင်ရပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ ဝတ်ဆင်ထားတဲ့ယူနီဖောင်းတွေက မတူညီကြသလိုကိုးကွယ်ယုံကြည်မှုတွေလည်း မတူညီကြပါဘူး။ ဒါပေမယ့်လည်း ခံယူချက်ချင်းတူညီတဲ့ညီနောင်မဟာမိတ်တွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ တအာင်း နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

တအာင်းအမျိူးသားတော်လှန်ရေးနေ့ ၆၁ နှစ်ပြည့်အခမ်းအနားတွင် TNLA ဒုတိယဗိုလ်မှူးကြီးတားအိုက် ဘုန်း မိန့်ခွန်းပြောကြားစဉ်။ (ဓာတ်ပုံ - TNLA)
တအာင်းအမျိူးသားတော်လှန်ရေးနေ့ ၆၁ နှစ်ပြည့်အခမ်းအနားတွင် TNLA ဒုတိယ ဗိုလ်ချုပ်ကြီး
တားအိုက် ဘုန်း မိန့်ခွန်းပြောကြားစဉ်။ (ဓာတ်ပုံ – TNLA)

တအာင်းပြည်နယ်ဖော်ဆောင်ဖို့ စတင်ကိန်းအောင်းခဲ့တဲ့ စိတ်ဆန္ဒ
*****************

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီမှာ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာမှာရှမ်းစော်ဘွားတွေ တင်မက တအာင်းစော်ဘွားဖြစ်တဲ့ တောင်ပိုင်စော်ဘွားကြီး မဟာသရေစည်သူစဝ်ခွန်ပန်းစိန် လည်းပါဝင်ခဲ့ပါ တယ်။

တောင်ပိုင်စော်ဘွားကြီး မဟာသရေစည်သူ စဝ်ခွန်ပန်းစိန် က ပင်လုံစာချုပ်ချုပ်ဆိုရာမှာတောင်တန်းသား ကိုယ်စားလှယ်တွေရဲ့ခေါင်းဆောင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သလိုတောင်တန်းသားကိုယ်စားလှယ်တွေရဲ့ ခေါင်း ဆောင်ဖြစ်တာနဲ့အညီ မြန်မာတွေနဲ့ပူးပေါင်းပြီးလွတ်လပ်ရေးရယူဖို့ကြိုးပမ်းဆောင်ရွက်မှုတွေမှာ ရှမ်းစော်ဘွားတွေကို ဦးဆောင်ခဲ့တယ်လို့သိရပါတယ်။

၁၉၅၈ ခုနှစ် ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရခေတ်မှာတော့ ရှမ်းစော်ဘွားတွေအပြင်တအာင်းစော်ဘွားတွေ မှာလည်း စိုးရိမ်မှုတွေရှိလာပြီး မိမိနယ်မြေ၊ မိမိလူမျိုးရဲ့ရှေ့အနာဂတ်အတွက်လက်နက်ကိုင်ခွင့်ရှိရမယ်ဆိုတဲ့ အတွေးအခေါ်တွေ စော်ဘွားတွေဆီမှာ စတင်သန္ဓေတည်လာခဲ့ပါတယ်။

၁၉၅၈ ခုနှစ်ကနေ ၁၉၆၃ ခုနှစ်အထိ တအာင်းလူမျိုးတွေအနေနဲ့ ရှမ်းလက်နက်ကိုင်တပ်အောက်မှာလှုပ်ရှားခဲ့ပေ မယ့် တအာင်း – ပလောင်တွေရဲ့အခွင့်အရေးကိုကိုယ့်ဖာသာမိမိဖန်တီးယူရမယ်ဆိုတဲ့တွေးခေါ်မှု ရှိလာပြီးတဲ့ နောက်ပိုင်း ၁၉၆၃ ဇန်နဝါရီလ ၁၂ ရက်မှာ
ပလောင်အမျိုးသားတပ်ဦး – PNF ကို ဖွဲ့စည်းခဲ့ပါတယ်။

၁၉၆၃ ခုနှစ် ကနေ ၁၉၇၆ ခုနှစ်အထိ PNF နာမည်နဲ့ လှုပ်ရှားခဲ့ပြီး ၁၉၇၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်မှာပလောင် ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ Palaung State Liberation Organization – PSLO ၊ PalaungState Liberation Army–PSLA အမည်နဲ့ တရားဝင်ဖွဲ့စည်းခဲ့ပါတယ်။

၁၉၉၁ ခုနှစ် ဧပြီ ၂၂ ရက်မှာ စစ်တပ်အာဏာနဲ့တည်ဆောက်ထားတဲ့နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ – နဝတ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ – နအဖ တို့ရဲ့ စစ်ရေးခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှုတွေနဲ့အတူ၈၈အရေးအခင်းကနေထွက်လာတဲ့ နိုင်ငံရေးဂယက်တွေကြောင့် PSLO \ PSLA က အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးလိုက်ရပါတယ်။

လက်မှတ်ထိုးထားတဲ့ကာလမှာတော့ စစ်တပ်က ဒေသတွင်းတဖြည်းဖြည်းအခြေချလာမှု၊စစ်ရေးအရလက်ဦးရယူ မှုတွေများပြားလာပြီး ၂၀၀၅ ခုနှစ် ဧပြီ ၂၉ ရက်နေ့မှာတော့ နအဖ ကတအာင်းအဖွဲ့ကို လက်နက်ဖြုတ်သိမ်းခဲ့ပါတယ်။

ရှေ့တန်းရောက် TNLA တပ်ဖွဲ့ဝင်များက တအာင်းအမျိူးသားတော်လှန်ရေးနေ့ အလံတင်အခမ်းအနားကျင်း ပစဉ်။ (ဓာတ်ပုံ - TNLA)
ရှေ့တန်းရောက် TNLA တပ်ဖွဲ့ဝင်များက တအာင်းအမျိူးသားတော်လှန်ရေးနေ့ အလံတင်
အခမ်းအနားကျင်း ပစဉ်။ (ဓာတ်ပုံ – TNLA)

တအာင်းလူငယ်ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှု
********************

မိခင်ဌာနချုပ်ဖြစ်တဲ့ PSLO \ PSLA က အပစ်အခတ်ရပ်စဲတာကိုသဘောမတူတဲ့တအာင်းလူငယ်တွေဖြစ်တဲ့ အခုလက်ရှိ TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒု ဥက္ကဋ္ဌ – ၁တားဂျုတ်ဂျား၊ မိုင်းထွန်းစိန်နဲ့ မိုင်းအပန် တို့ပါ ဝင်တဲ့ လူငယ်ခေါင်းဆောင်တွေကဦးဆောင်ပြီး ၁၉၉၂ခုနှစ် ဇန်နဝါရီလ ၁၂ ရက်မှာ ပလောင်ပြည်နယ် လွတ် မြောက်ရေးတပ်ဦး PSLF ကို ကရင်ပြည်နယ်၊မာနယ်ပလောမှာ ဖွဲ့စည်းလိုက်ပါတယ်။

မြန်မာစစ်တပ်နဲ့ ပြည်သူ့စစ်တွေက ဒေသခံပလောင်တိုင်းရင်းသားတွေကိုဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေရှိလာ တဲ့အတွက် နိုင်ငံရေးလိုအပ်ချက်အရ ၂၀၀၇ ခုနှစ်မှာပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို အရင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၉ ခုနှစ်မှာနာမည်ပြောင်းလဲပြင်ဆင်ကာ PSLF ရဲ့ တတိယအကြိမ်ညီလာခံမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ကို တရားဝင်ဖွဲ့စည်းခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ အခြေခံစစ်သင်တန်းတွေပေးနိုင်ဖို့၊ မိမိဒေသတွင်း တော်လှန်ရေးလုပ်ငန်းတွေပြန်လည်လုပ် ဆောင်နိုင်ဖို့အတွက် ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်မဟာ ၃ စစ်ဒေသမှာစစ်သင်တန်းတက်ရောက်ခဲ့ကြပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလလယ်လောက်မှာ တအာင်းဒေသကိုပြန်လည်ဝင်ရောက်လှုပ်ရှားခဲ့ပါတယ်။

၂၀၁၂ ခုနှစ် နဲ့ ၂၀၁၃ ခုနှစ် မှာ တရားဝင်နာမည်တွေ စတင်ထွက်ပေါ်လာခဲ့ပြီး ဗျူဟာ ၃ ခုဖွဲ့စည်းကာမြန်မာ့တပ်မတော်ကို တိုက်ခိုက်လာခဲ့တာ အခု ၂၀၂၄ ခုနှစ် အထိပါပဲ။

ကိုယ့်လူမျိုးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ရမယ်ဆိုတဲ့ ပင်ကိုယ်အသိစိတ်၊သမိုင်းပေးတာဝန်တွေနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA မှာ ၂၀၁၄ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့ တယ်လို့ လသားအရွယ် မိန်းကလေးငယ်တစ်ဦးရဲ့ ဖခင်ဖြစ်သူ ဗိုလ်မိုင်းအဘန်းက ဆိုပါတယ်။

“တခါတလေ မိသားစုအရေးကိုဘေးချိတ်ပြီး စစ်အာဏာရှင်စနစ်ကို ကျွန်တော်တို့လက်ထက်မှာအပြီးတိုင်ချေမှုန်း နိုင်ရမယ်ဆိုတဲ့ ဦးတည်ချက်ရှိတဲ့အတွက် ကိုယ်ရေးကိုယ်တာခံစားချက်တွေကိုဘေးချိတ်ထားရတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ သားသမီးတွေနေမကောင်းဖြစ်နေတဲ့အချိန်မှာရှေ့တန်းထွက်ရမယ့်ရဲဘော်တွေလည်းရှိပါတယ်”

ရှေ့တန်းရောက် TNLA တပ်ဖွဲ့ဝင်များက တအာင်းအမျိူးသားတော်လှန်ရေးနေ့ အလံတင်အခမ်းအနားကျင်း ပစဉ်။ (ဓာတ်ပုံ - TNLA)
ရှေ့တန်းရောက် TNLA တပ်ဖွဲ့ဝင်များက တအာင်းအမျိူးသားတော်လှန်ရေးနေ့ အလံတင်
အခမ်းအနားကျင်း ပစဉ်။ (ဓာတ်ပုံ – TNLA)

ကိုယ်ပိုင်အုပ်ချူပ်ခွင့်ပြည်နယ်ပေါ်ပေါက်ဖို့ အိပ်မက်
*****************************

တအာင်းတိုင်းရင်းသားတွေဟာ လူနည်းစုဖြစ်တဲ့အတွက် ဖိနှိပ်မှုတွေကို ခံစားခဲ့ရပြီးနိုင်ငံရေးကြိုးပမ်းမှုတွေက လည်း ထင်သာမြင်သာမရှိခဲ့ပါဘူး။

စားပွဲဝိုင်းဆွေးနွေးမှုတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ကြပေမယ့် မအောင်မြင်ခဲ့တဲ့အတွက် လက်နက်ကိုင်တော်လှန်တယ်ဆိုတာ ကိုယ့်လူမျိုးရဲ့ သမိုင်းပေးတာဝန်ဖြစ်တယ်လို့ ဗိုလ် မိုင်းအဘန်း က ပြောပါတယ်။

နိုင်ငံအရှေ့မြောက်ဖျားက ပလောင်လူမျိုးစုတွေဟာ လက်ဖက်လှေကားထစ်စိုက်ခင်းတွေစိုက်ပျိုးရင်းရိုးရိုးသားသား နေထိုင်လာခဲ့ကြပေမယ့် အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့အတွက်လက်နက်ကိုင်တော်လှန်ဖို့ ရွေးချယ်ခဲ့ကြ ရပါတယ်။

တောင်ပေါ်နေလူမျိုးစုဖြစ်ပြီး ပညာရေး၊ စီးပွားရေး ခက်ခဲခဲ့ကြသလို လမ်းပန်းဆက်သွယ်ရေးတွေလည်းခက်ခဲတဲ့အတွက် ပြင်ပလူမှုဆက်ဆံရေးပိုင်းမှာလည်း အားနည်းခဲ့ကြတယ်လို့ သိရပါတယ်။

တအာင်းလူမျိုးတွေက မြန်မာပြည်ရဲ့ အရေးကြီးတဲ့ဖြစ်စဉ်တိုင်းမှာပါဝင်ခဲ့ကြပေမယ့် အသိအမှတ်ပြုနေရာပေးခံရ မယ့်အစား သူတို့နဲ့မထိုက်တန်တဲ့ ဖိနှိပ်မှုတွေကိုသာ ရရှိခဲ့ကြပါတယ်။

ဒါပေမယ့် ၁၉၆၃ ခုနှစ်ကနေ အခုချိန်ထိ ဆယ်စုနှစ် ၆ ခုကျော် လက်ဆင့်ကမ်းလာတဲ့တအာင်းပြည်သူတွေရဲ့ အိပ်မက်က အခုတော့ တဖြည်းဖြည်းခရီးရောက်လို့လာပါပြီ။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ရဲ့ အောင်မြင်မှုများ
**********************

အာဏာသိမ်းကာလအစောပိုင်းမှာ စစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုတွေကြောင့် TNLA နဲ့စစ်ကောင်စီတပ်တို့ကြား မကြာခဏထိတွေ့တိုက်ပွားတွေဖြစ်ပွားခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်ကနေ ၁၃ ရက်အထိ စစ်ကောင်စီတပ်နဲ့ TNLA ကြား ၅ရက်ကြာဖြစ်ပွားခဲ့တဲ့ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာတိုက်ပွဲမှာလည်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်းသာရွာက နေအိမ် ၅၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

အာဏာသိမ်းကာလ ၂ နှစ်ကျော် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်မှာတော့မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေးကြီးကို စတင်ခဲ့ပါတယ်။

ဒီစစ်ဆင်ရေးက တစ်နိုင်ငံလုံးကို လှုပ်ခတ်စေခဲ့ပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ လက်နက်ကြီးတွေနဲ့တင့်ကား ၇ စီးအပြင် ကိုးကန့်ဒေသနဲ့ တအာင်းဒေသတွေက နယ်မြေအတော်များများကိုလည်းပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ၂ လကျော်ကာလအတွင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLA က ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းနယ်မြေအတွင်းက မြို့ပေါင်း ၇ မြို့ကိုသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

ပထမဆုံး နမ့်ခမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့တာကစလို့ တအာင်းနှစ်သစ်ကူးလက်ဆောင်အဖြစ် နမ့်ဆန်မြို့၊မန်တုံမြို့၊ မိုင်းလုံမြို့၊ သတ္တုတွင်းရှိရာမြို့လို့ နာမည်ကျော်တဲ့ နမ္မတူမြို့၊ မိုင်းငေါ့မြို့နဲ့ ကွတ်ခိုင်မြို့တို့ကိုဆက်တိုက်သိမ်း ပိုက်ရင်း တအာင်းအမျိုးသားအလံတော်ကို လွင့်ထူနိုင်ခဲ့ပါတယ်။

ဒါတင်မကဘဲ ရှမ်းပြည်နယ်မြောက်ပိုင်းကို စစ်ကောင်စီရဲ့ စစ်ကူတွေရောက်မလာအောင်မန္တလေးပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ MDY-PDF နဲ့ပူးပေါင်းပြီး နောင်ချိုမြို့နယ် အုမ္မတီး၊အုမ္မခါးလမ်းကို ပိတ်ဆို့တားဆီးပေးခဲ့ပါသေးတယ်။

၂၀၀၉ ခုနှစ်ကစလို့ TNLA က တဖြည်းဖြည်းအင်အားကြီးမားလာပြီး ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုပြီး အင်အားကြီးမားလာတယ်လို့ International Crisis Group- ICG ကထုတ်ပြန်ထားတဲ့ ခယောင်းလမ်းကို ပါးပါးနပ်နပ်လျှောက်လှမ်းခြင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တဖြည်းဖြည်းနယ်မြေချဲ့ထွင်လာသည်။ လူသစ်စုဆောင်းမှုမှတဆင့် တပ်ဖွဲ့ဝင်အင်အား ပိုမိုတောင့်တင်းလာပြီး ၎င်း၏စင်ပြိုင်အုပ်ချုပ်ရေး ယန္တရား ပိုမိုအားကောင်းအောင် တည်ဆောက်လာသည်” လို့ အစီရင်ခံစာမှာရေးသားထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ မလိုလားအပ်တဲ့ကြီးမားတဲ့ဖိအားပေးမှုတွေလည်းရှိပေမယ့် အခုလို မျိုုးလုပ်ဆောင်နိုင်တာ အားရစရာဖြစ်တယ်လို့TNLA ရဲ့ ဗိုလ်မှူးချုပ် တားဘုန်းကျော်က ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့ဖူးပါတယ်။

“၁၀၂၇ စစ်ဆင်ရေးမှာ ရည်မှန်းချက်ထက်ဝက်ကျော်အောင်မြင်လာပြီလို့ ပြောလို့ရပါတယ်။ဘယ်နိုင်ငံရဲ့ အကူအညီမှမပါပဲ အခုလိုလုပ်နိုင်တာ အားရစရာကောင်းတယ်။ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့တွေအကုန်လုံးကိုမီးမောင်းထိုးပြလိုက်တာပဲဖြစ်တယ်”လို့ ဆိုပါတယ်။

တအာင်းနယ်မြေတွင်စိုက်ထူထားသည့် တအာင်းအမျိူးသားအလံတော်။ (ဓာတ်ပုံ - TNLA)
တအာင်းနယ်မြေတွင်စိုက်ထူထားသည့် တအာင်းအမျိူးသားအလံတော်။ (ဓာတ်ပုံ – TNLA)

မဝေးတော့တဲ့ တအာင်းအနာဂတ်
********************

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တအာင်းအမျိုးသားတော်လှန်ရေး ၆၀ ပြည့်နှစ်မှာ TNLA က”တော်လှန်တိုက်ပွဲဝင်နိုင်တဲ့ တအာင်းတပ်မတော်ကို ခိုင်မာစွာလေ့ကျင့်တည်ဆောက်ပြီးလူထုနှင့်ဒေသကို ကာကွယ်စီမံအုပ်ချုပ်နိုင်မည့် အုပ် ချုပ်ရေးလုပ်ငန်းများ၊လူထုအကျိုးပြုလုပ်ငန်းဌာနများဖြင့် တအာင်းနိုင်ငံရေးအင်အားစုနှင့် လူထုအကျိုးပြုလူထုအင်အားစုအသီးသီးကို ရှေ့ဆောင်ဦးရွက်ပြုကာ ဒီမိုကရေစီနှင့်
တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီပေါင်းစပ်မဟာမိတ်ပြုရင်းအမျိုးသားလွတ်မြောက်ရေးပန်းတိုင်ရောက်ရှိသည်အထိ ဦးလည်မသုန်တော်လှန်တိုက်ပွဲဝင်နေမှာဖြစ်တယ်”လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီနေ့မှာကျရောက်တဲ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့ ၆၁ နှစ်ပြည့်မှာဆိုရင်လည်း PSLF \ TNLAဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး တားအိုက်ဘုန်းက ”တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့မိမိတို့သက်ဆိုင်ရာ လှုပ်ရှား နယ်မြေအတွင်းရှိ စစ်ကောင်စီစခန်းတွေကိုရှင်းလင်းသိမ်းပိုက်ဖို့အချိန်ဖြစ်တယ်”လို့ တိုက်တွန်းပြောဆိုထားပါ တယ်။

“ဒေသခံ၊ တိုင်းရင်းသားလူမျိုးမခွဲခြားဘဲ မှန်ကန်မျှတတဲ့ တရားဥပဒေစနစ်အပေါ် အခြေခံပြီးတရားမျှတမှုရှိတဲ့ ဥပဒေရေးဆွဲပြဋ္ဌာန်းပြီးတော့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တရားအသစ်စတင်လည်ပတ်နိုင်အောင် လက်တွေ့ပူး ပေါင်း ဖော်ဆောင်သွားမှာဖြစ်တယ်” လို့လည်း သူကဆိုပါတယ်။

ဆယ်စုနှစ်များစွာ စစ်အာဏာရှင်ကိုတွန်းလှန်ဖို့ ကြိုးပမ်းလာခဲ့ပြီးတဲ့နောက်မှာတော့တအာင်းပြည်နယ်ထူထောင်ဖို့ နယ်မြေတွေသိမ်းပိုက်တဲ့အခန်းကဏ္ဍက ၇၀ရာခိုင်နှုန်းပြီးမြောက်နေပြီဖြစ်တယ်လို့ TNLA နဲ့စစ်ရေးနီးစပ်သူ ၁ ဦး က ပြောပါတယ်။

“ပြည်နယ်လိုချင်တာတော့ဟုတ်ပါတယ်။ ဒီအခြေအနေမှာ ပြည်နယ်ကိုထပြီးထောင်လို့လည်း မရဘူး။၂၀၂၄ မှာ တော့ သိမ်းထားတဲ့မြို့တွေမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့နဲ့ အုပ်ချုပ်ရေးယန္တရားတွေဘယ်လိုဖော်ဆောင်မလဲဆိုတာပဲ အဓိက စဉ်းစားထားပါတယ်” လို့ပြောပါတယ်။

စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူထားတဲ့နယ်မြေတွေအပြင် အရပ်သားပစ်မှတ်တွေကိုပါလက်နက်ကြီးနဲ့ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် နေအိမ်တွေထိခိုက်ပျက်စီးပြီးအရပ်သားပြည်သူ သေဆုံးမှုတွေလည်း ဆက်တိုက်တိုးလာနေပါတယ်။

စစ်ကောင်စီရဲ့ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချူပ်ကြီး မင်းနိုင် ကလည်း “မင်းတို့တိုင်းရင်းသားဒေသတွေကို စစ်ရေးနည်းနဲ့ တိုက်ယူလို့ရခဲ့ရင်တောင် မင်းတို့ဒေသတွေဘယ်တော့မှ အေးချမ်းသာယာမှာမဟုတ်ဘူး။ ငါတို့မှာ ရှိတဲ့ လက်နက်ဆန်းတွေသုံးပြီးလေကြောင်းတိုက်ခိုက်ရေးနဲ့ အမြဲတမ်းဗုံးကြဲနေမှာပဲ” လို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီဇင်ဘာလ ၂၃ရက်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

နယ်မြေတွေကိုသိမ်းယူထားပြီးဖြစ်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေအတွက် စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကတော့ စိုးရိမ်ဖွယ်စိန်ခေါ်မှုတစ်ခုဖြစ်လို့နေဆဲပါပဲ။

ဒါကြောင့်လည်း လူ့အခွင့်အရေး ချိူးဖောက်ခံရတာတွေကနေကင်းဝေးဖို့နဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်း စိမ်တွေ ထပ်ပြီးမဆုံးရှုံးရစေဖို့ စစ်အာဏာရှင်စနစ်အမြန်ဆုံးချုပ်ငြိမ်းရေးကိုပြင်းပြင်းပြပြဆန္ဒရှိနေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အသက်ကိုတောင် မငဲ့ကွက်ပဲတိုက်ပွဲဝင်တော်လှန်နေကြပါတယ်။

လက်ရှိမှာ MNDAA၊ TNLA နဲ့ AA တို့က လောက်ကိုင်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ဆန်၊ နမ္မတူ၊မန်တုံ၊ ကွတ်ခိုင်၊ သိန္နီ၊ ဖောင်းဆိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ခမ်း၊ မုံကိုးနဲ့ ပန်ဆိုင်း(ကြူကုတ်) စတဲ့ မြို့ ၁၅မြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်နေပြီလည်းဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သိမ်းယူဖို့သတ်မှတ်ထားတဲ့ မြို့ကြီးအချို့နဲ့ စခန်းတွေ စတဲ့စစ်ရေးပစ်မှတ်တွေ ကျန် နေသေးတယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၉ ရက်မှာထုတ်ပြန်ထားပါတယ်။

တရုတ်ရဲ့ကြားဝင်စေ့စပ်ပေးမှုကြောင့် ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ ပေမယ့် သဘောတူညီချက်တစ်စုံတစ်ရာရရှိခဲ့တာမျိုးတော့မရှိသေးဘဲTNLA ရဲ့ ဗိုလ်မှူးချူပ်တားဘုန်းကျော် ကလည်း ရန်သူနဲ့ခဏခဏတွေ့ရတာမျိုးရှိပေမယ့်ဦးတည်ချက်မပြောင်းဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။

စစ်အာဏာရှင်စနစ်ပပျောက်ပြီး လက်နက်ကိုင်တိုက်ပွဲတွေမရှိတော့ဘဲ မိမိဒေသတွေမှာအေးအေးချမ်းချမ်းနေ ထိုင်ခွင့်ရပြီဆိုရင် ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေကိုနောက်လာနောက်သားတွေအတုယူနိုင်အောင် ပြန်လည် ရေးသားဝေမျှရင်းချစ်ရတဲ့မိသားစုဝင်တွေနဲ့အတူ ဘဝကိုဖြတ်သန်းသွားချင်ပါတယ်လို့ ဗိုလ်မိုင်းအဘန်း က ဆိုပါတယ်။

“မိမိတို့ဘိုးဘွားလက်ထက်ကတည်းက စစ်အာဏာရှင်တွေဖြစ်တဲ့ ဗိုလ်ချူပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုလည်းမဖြုတ်ချနိုင်ခဲ့တာကြောင့် အခု စစ်အာဏာရှင်ကိုဖြုတ်ချဖို့ ဦးတည်ချက်ထားပြီးတော့တိုက်ပွဲမဝင်နိုင်ဘူးဆိုရင် ကိုယ့်ရဲ့မျိုးဆက်သစ်သွေးသားတွေလည်း စစ်ဖိနပ်အောက်မှာခိုလှုံနေရလိမ့်မယ်” လို့ သူ့ရဲ့သာမန်အရပ် သား ဘဝစိတ်ကူးအိမ်မက်လေးကို ဗိုလ်မိုင်းအဘန်းက ပြောပြခဲ့ပါတယ်။

ကိုးကား
တအန်း(ပလောင်)တိုင်းရင်းသားတို့၏ ဘဝဓလေ့ရိုးရာယဉ်ကျေးမှုများ – ရွှေညာသားမြတ်မင်း
မောင်မောင်စိုး
ISP – Myanmar

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကူညီကယ်ဆယ်ရေးတွေရပ်တန့်သွားမည်ဟု UWSA ပြော
Next Article ဗျူဟာကုန်းသိမ်းတိုက်ပွဲတွင် ရက္ခိုင့်တပ်တော်နှင့်အတူ ယောကာကွယ်ရေးတပ်လည်း ပူးပေါင်းပါဝင်ခဲ့
thanlwinkhet
  • Website

Related Posts

အိန္ဒိယက အာဏာသိမ်းစစ်တပ်ကို အားပေးလာခြင်းနောက်ကွယ်က အကျိုးစီးပွားများ မိုဒီနှင့် စစ်ခေါင်းဆောင်၏ သီးသန့်တွေ့ဆုံမှု- အိန္ဒိယ၏ မြန်မာမူဝါဒ ပြောင်းလဲလာခြင်းလား

October 3, 2025

စစ်ကော်မရှင် လက်ခုပ်ထဲက ရေလို ဘဝများ

September 29, 2025

မကြီးငွေ အဆူမခံချင်တော့ပါ (ဆောင်းပါး)

September 22, 2025

Leave A Reply Cancel Reply

Recent Posts

  • ကြသောင်းဆိပ်ကျေးရွာအုပ်စုအား ဗုံးကြဲခံရ၍ ကလေး ၅ ဦး သေဆုံး
  • တောင်ကုတ်မှ ပြည်မသို့ ထွက်ခွာသည့် လူငယ် ၅၀ ခန့်ကို စစ်ကော်မရှင် ဖမ်းဆီး
  • ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ကျဉ်းများအား ဖိနှိပ်မှုများ ဆက်တိုက် လုပ်ဆောင်နေ
  • စစ်တပ်မှ AA ထိန်းချုပ်ထားသည့် နေရာများသို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ
  • အောက်တိုဘာ ၁၀ ရက်က World Mental Health Day ပါ။ လက်ရှိ စစ်ရေးပဋိပက္ခကာလ အတွင်းမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လို့ နေထိုင်သင့်လဲဆိုတာကို Purple Window Counselling ရဲ့ founder နဲ့ Counsellor ဖြစ်သူ ကိုဝေယံနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကြသောင်းဆိပ်ကျေးရွာအုပ်စုအား ဗုံးကြဲခံရ၍ ကလေး ၅ ဦး သေဆုံး

တောင်ကုတ်မှ ပြည်မသို့ ထွက်ခွာသည့် လူငယ် ၅၀ ခန့်ကို စစ်ကော်မရှင် ဖမ်းဆီး

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ကျဉ်းများအား ဖိနှိပ်မှုများ ဆက်တိုက် လုပ်ဆောင်နေ

စစ်တပ်မှ AA ထိန်းချုပ်ထားသည့် နေရာများသို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကြသောင်းဆိပ်ကျေးရွာအုပ်စုအား ဗုံးကြဲခံရ၍ ကလေး ၅ ဦး သေဆုံး

October 11, 2025

တောင်ကုတ်မှ ပြည်မသို့ ထွက်ခွာသည့် လူငယ် ၅၀ ခန့်ကို စစ်ကော်မရှင် ဖမ်းဆီး

October 11, 2025

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ကျဉ်းများအား ဖိနှိပ်မှုများ ဆက်တိုက် လုပ်ဆောင်နေ

October 11, 2025

စစ်တပ်မှ AA ထိန်းချုပ်ထားသည့် နေရာများသို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ

October 11, 2025

အောက်တိုဘာ ၁၀ ရက်က World Mental Health Day ပါ။ လက်ရှိ စစ်ရေးပဋိပက္ခကာလ အတွင်းမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လို့ နေထိုင်သင့်လဲဆိုတာကို Purple Window Counselling ရဲ့ founder နဲ့ Counsellor ဖြစ်သူ ကိုဝေယံနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

October 10, 2025

တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် သေဆုံးမှုများရှိ

October 10, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.