ကောင်းချစ်အောင်
ဇန်နဝါရီ ၁၂၊ ၂၀၂၄။
ရခိုင်ပြည်၊ ကျောက်တော်မြို့တော်၊ တောင်ရှည်တောင်ဗျူဟာကုန်းသိမ်းတိုက်ပွဲတွင် ရက္ခိုင့်တပ်တော် – AA နှင့် အတူ မဟာမိတ်ဖြစ်သည့် ယောကာကွယ်ရေးတပ်လည်း ပါဝင်ခဲ့သည်ဟု သိရသည်။
၃ ပတ်တာကြာမြင့်ခဲ့သည့် အဆိုပါ ဗျူဟာကုန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားအားလုံး ဇန်နဝါရီ ၆ ရက်၌ လက်နက်ချအညံ့ခံခဲ့သဖြင့် စခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စခန်းကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ချိန်အထိ ယောကာကွယ်ရေးတပ်ရဲဘော်များ ရဲရင့်တက်ကြွစွာပါဝင်ခဲ့ပြီး စစ်ရေးအတွေ့အကြုံနှင့် တိုက်ပွဲဝင်ခွင့်ပေးသော ရက္ခိုင့်တပ်တော်ကိုလည်း ကျေးဇူးတင်အပ်သည်ဟု ဆိုထား သည်။
ဇန်နဝါရီ ၈ ရက်၊ ရက္ခိုင့်တပ်တော်၏သတင်းထုတ်ပြန်ချက်တွင်လည်း “မိမိတို့နှင့်အတူ မိတ်ဘက်အဖွဲအစည်း အချို့က ရဲဘော်များလည်း စစ်ရေးအတွေ့အကြုံယူရင်း တက်ကြွစွာတိုက်ပွဲဝင်ခဲ့ကြသည်” ဟု ကာကွယ်ရေးတပ် ရဲဘော်များအား အသိအမှတ်ပြု ဖော်ပြထားသည်။
ယောကာကွယ်ရေးတပ် – YDF ကို ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်တွင် ယောဒသခံလူငယ်များစုပေါင်းကာ စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လက်ရှိအချိန်ထိ မည်သည့်အဖွဲ့အစည်းလက်အောက်တွင်မျှမရှိဘဲ သီးခြားရပ်တည်နေ သည့် အဖွဲ့ဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး” အဖြစ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA၊ ရက္ခိုင့်တပ်တော် – AA နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် -MNDAA) က ရှမ်းမြောက်ဒေသတွင်ထိုးစစ်ဆင်နေပြီး ရက္ခိုင့်တပ်တော် – AA အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းတွရှိ စစ်ကောင်စီစခန်း ၁၅၀ ခုထက်မနည်း သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။
ဓာတ်ပုံ – AA Info Desk