ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၁၂၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင် တိုက်ပွဲများငြိမ်သက်သွားသည့်အတွက် “ဝ”ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော် – UWSA က ကူညီကယ်ဆယ်ရေးများ ရပ်တန့်သွားမယ်ဟု ထုတ်ပြန်လိုက်သည်။
စစ်ဘေးဒုက္ခသည်များ နေအိမ်သို့ချောမွေ့စွာပြန်နိုင်စေ ရေး သေချာစေရန်အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဇန်နဝါရီလ ၁၅ ရက်ကစ၍ ရပ်တန့်သွားမည်ဖြစ် သည်ဟု ယနေ့တွင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
စစ်ပွဲများဖြစ်ပွားစဉ်ကတည်းက “ဝ”ပြည်သွေးစည်းညီ ညွတ်ရေးပါတီ ဗဟိုကော်မတီသည် တောင်ပိုင်း Dente ခရိုင်အတွင်းသို့ ဒုက္ခသည်များဝင်ရောက်လာမှုပြဿနာကို ဖြေရှင်းရန်အတွက် “ဝ”ပြည်နယ် ၁၀.၂၇ အရေးပေါ်ကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မှန်ကန်သောဦးဆောင်မှုအောက်တွင် ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် ပြည်နယ်တစ်ခုလုံးက ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လက်ရှိတွင်နှစ်ဖက်လုံး၏ ကြိုးပမ်းမှုကြောင့် စစ်ပွဲများပြီးဆုံးသွားကာ ကိုးကန့်ဒေသတွင် တဖြည်းဖြည်းပြန် လည်ကောင်းမွန်လာနေပြီး ဒုက္ခသည်များပြန်လည်နေရာချထားရေးနှင့် အကူအညီပေးရေးလုပ်ငန်းများကို တဖြည်းဖြည်းချင်း ရပ်ဆိုင်းသွားမည်ဖြစ်သည်ဟု ဆိုသည်။
Photo – WSTV
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2982
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6971