• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မဲဆောက်တွင် ကျင်းပ
  • ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့် မွေးနေ့တွင် နိုင်ငံတကာသံရုံးများ စာထုတ်တောင်းဆို
  • ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြန်ကျင်းပဖို့ ထိုင်းအတိုက်အခံပါတီ တောင်းဆို
  • လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)
  • အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်
  • တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်
  • ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»စစ်ဖိနပ်အောက်နေချင်တဲ့ ဗုဒ္ဓဘာသာအစွန်းရောက်အမျိုးသားရေးဝါဒီတွေ
ဆောင်းပါး

စစ်ဖိနပ်အောက်နေချင်တဲ့ ဗုဒ္ဓဘာသာအစွန်းရောက်အမျိုးသားရေးဝါဒီတွေ

thanlwinkhetBy thanlwinkhetJanuary 12, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်
ဇန်နဝါရီ ၁၂ ၊ ၂၀၂၄။

ဗုဒ္ဓဘာသာအစွန်းရောက်အမျိုးသားရေးဝါဒီတွေကြောင့် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုအောင်မြင်မှာမ ဟုတ်ဘူးလို့ လေ့လာသူတချို့က ၂၀၁၄ ခုနှစ်လောက်ကတည်းကကြိုတင်ဟောကိန်းထုတ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူတို့ဟောကိန်းတွေကို ဘယ်သူကမှဂရုမစိုက်ခဲ့ကြပါဘူး။ ဂရုမစိုက်ခဲ့လို့လည်း အမျိုးသားရေးဝါဒီ တွေရဲ့အင်အားက တစ်စထက်တစ်စကြီးထွားလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ”စစ်တပ်က အာဏာသိမ်းပါ”ဆိုတဲ့ ကြွေးကြော်သံတွေပေါ်တင်ကြွေးကြော်လာတဲ့အထိပါပဲ။

မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ မန္တလေးမြို့က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးဝီရသူ သီတင်းသုံးနေထိုင်နေပါတယ်။ ဆရာတော် ဦးဝီရသူ ရှိရာကျောင်းတိုက်ကိုရောက်သွားတော့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ အတိတ်တစ်ချိန်တုန်းကဖြစ်ပွားခဲ့တဲ့ဗုဒ္ဓဘာသာနဲ့ မူဆလင်ဘာသာဝင်တွေကြား အကြမ်းဖက်မှုတွေအတွင်း ဗုဒ္ဓဘာသာသံဃာတော်တွေသတ်ဖြတ်ခံခဲ့ရတဲ့ ဆိုးရွားပြီးရုပ်ဆိုးအကျည်းတန်လွန်းတဲ့ ဓာတ်ပုံတွေကို သူ့ဧည့်ခန်းမှာချိတ်ဆွဲထားတာ တွေ့လိုက်ရပါတယ်။ ဒီဓာတ်ပုံတွေက မကြာခင်ဆုံတွေ့ရတော့မယ့် ဆရာတော်ဦးဝီရသူရဲ့ စိုးရိမ်သောကကို သရုပ်ဖော်ထားတဲ့ ပုံတွေပါပဲ။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း Time မဂ္ဂဇင်းက ”ဗုဒ္ဓဘာသာ အကြမ်းဖက်သမားရဲ့မျက်နှာ” ဆိုတဲ့ခေါင်းစဥ်အောက်မှာ ဆရာတော် ဦးဝီရသူ ရဲ့မျက်နှာကို ဖော်ပြပြီး ကမ္ဘာအနှံ့ ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။အနောက်တိုင်းက လူအများစု အတွက်တော့ ဒီဖော်ပြမှုက ဗုဒ္ဓဘာသာထုံးတမ်းစဥ်လာတွေနဲ့ဆန့်ကျင်ဘက်တစ်ခုဖြစ်တယ်လို့ ထင်မြင်ယူဆ စရာဖြစ်ခဲ့ပြီး သွေးပျက်စရာပေါင်းစပ်မှုတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေက မူဆလင်တွေအပေါ် အစွန်းရောက်ဆန့်ကျင်ရေးတွေ၊အကြမ်းဖက်မှု တွေနဲ့ မူဆလင်တွေကိုဖယ်ရှားရေးမူဝါဒတွေကို လူထုဆီရောက်အောင် ဘယ်လိုနည်းနဲ့ဝါဒဖြန့်ခဲ့ကြပါသလဲ…?

တကယ်တော့ လက်ရှိဖြစ်ရပ်တွေအတွက် အတိတ်က မျိုးစေ့တွေရှိထားခဲ့ပြီးသားပါ။ မြန်မာနိုင်ငံရဲ့ဗုဒ္ဓဘာသာ ဘုန်းကြီးတွေဦးဆောင်တဲ့ ”မဘသ” နဲ့ ”၉၆၉ လှုပ်ရှားမှု” တွေက တိုင်းပြည်ရဲ့လူမှုရေး၊နိုင်ငံရေးနဲ့ စီးပွားရေးကိစ္စတွေမှာ လူထုကိုစည်းရုံးခြင်းတစ်မျိုးပါပဲ။ ဒီလှုပ်ရှားမှုတွေက”မိမိတို့ရိုးရာဓလေ့ထုံးတမ်းများအား ပြည်တွင်းပြည်ပအနှောင့်အယှက်များမှ ကာကွယ်ရန်”ဆိုတဲ့ စိတ်အားထက်သန်မှုတွေမှာ အခြေခံထားပါတယ်။

ဒီအမျိုးသားရေးဝါဒီတွေက အရင်းခံဖြစ်တဲ့ဗုဒ္ဓဘာသာဆိုင်ရာ ငြင်းခုံမှုတွေကိုမဖြေရှင်းဘဲ နိုင်ငံရေး၊စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ မကျေနပ်ချက်တွေကိုသာ စိန်ခေါ်နေခဲ့ကြတဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာဒီမိုကရေစီအသွင်ကူး ပြောင်းရေးက မအောင်မြင်နိုင်ဘူး။ အမျိုးသားရေးဝါဒီတွေရဲ့အကြမ်းဖက်တွေကြောင့်ဖြစ်လာတဲ့ စိုးရိမ်သောက တွေကိုဖြေရှင်းနိုင်ဖို့ ဘက်ပေါင်းစုံချဥ်းကပ်မှုလိုပါတယ်။

မြန်မာနိုင်ငံက ဆယ်စုနှစ် ၅ စုနီးပါး နိုင်ငံတကာအလယ်မှာ အထီးကျန်ဖြစ်ခဲ့ပြီး စစ်အာဏာရှင်တွေရဲ့ဖိနှိပ် ချုပ် ချယ်မှုတွေအောက်မှာ နေထိုင်ခဲ့ရပါတယ်။ စစ်အုပ်ချုပ်ရေးအပြီး ၂၀၁၁ ခုနှစ် မတ်လမှာအရပ်သားတစ်ပိုင်း အစိုးရဆီ အာဏာလွှဲပြောင်းပြီး ဒီမိုကရေစီစနစ်ဆီ တဖြည်းဖြည်းအသွင်ကူးပြောင်းမှု စတင်ခဲ့ပါတယ်။

လွတ်လပ်စွာစုဝေးခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တွေကို တရားဝင်ခွင့်ပြုလိုက်တဲ့ဥပဒေတွေ ဆက်တိုက်ထုတ်ပြန်ခဲ့ ပြီး ဒီမိုကရေစီလှုပ်ရှားမှုတွေကို တရားဝင်ခွင့်ပြုပေးလိုက်တဲ့အပြင် ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသား အများအပြားကိုလည်းပြန်လွှတ်ပေးလိုက်တဲ့အတွက် ဒီမိုကရေစီအတွက် မျှော်လင့်ချက်တွေ ပိုပိုပြီးတိုးလာခဲ့ပါတယ်။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ မူဆလင်အသိုင်းအဝိုင်းကို ပစ်မှတ်ထားတဲ့ ဗုဒ္ဓဘာသာလူငယ်တွေကဦးဆောင်တဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာခဲ့ပါတော့တယ်။ ဗုဒ္ဓဘာသာရခိုင်တွေနဲ့ ရိုဟင်ဂျာမူဆလင်တွေကြား အကြမ်းဖက်မှုတွေစတင်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲတခြားတိုင်းရင်းသားတွေဆီကိုပါ ပျံ့နှံ့သွားခဲ့ပါတယ်။ တိုက်ခိုက်ကြသူတွေထဲမှာ ဘုန်းကြီးတချို့ပါဝင်တယ်လို့ စွပ်စွဲခံခဲ့ရချိန်မှာပဲ တချို့ဘုန်းကြီးတွေကတော့သူတို့ကျောင်းတွေမှာ မူဆလင်တွေကို လက်ခံထားပြီး အကြမ်းဖက်သမားတွေရဲ့ခြိမ်းခြောက်မှုတွေကနေ ကာ ကွယ်ပေးခဲ့ပါတယ်။

တဆက်တည်းမှာပဲ သံဃာတော်တွေဦးဆောင်တဲ့ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေပေါ်ပေါက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံက မူဆလင်အသိုင်းအဝိုင်းကိုဦးတည်တဲ့ဥပဒေတွေပြဋ္ဌာန်းပေးရေးအတွက် ”မဘသ”အပါအဝင်  ”၉၆၉ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေပေါ်ပေါက်လာခဲ့ပါတယ်။

ဒီအကြမ်းဖက်မှုတွေကြောင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဥ်တွေ နောက်ကြောင်းပြန်လှည့်သွားမှာကိုလူအများစုက စိုးရိမ်ခဲ့ကြပါတယ်။ သမိုင်းကြောင်းအရလည်း မြန်မာစစ်တပ်ကပြည်တွင်းအကြမ်းဖက်မှုတွေကို အကြောင်းပြ ပြီး စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်ကိုအသုံးပြုခဲ့ပါတယ်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ ဩဇာလွှမ်းမိုးထားတဲ့နိုင်ငံမှာ အမျိုးသားရေးဝါဒီတွေရဲ့လှုပ်ရှားမှုတွေအပေါ် ဆန့် ကျင်လိုစိတ်လည်း နည်းပါးခဲ့ကြပုံပေါ်ပါတယ်။ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေကလည်း မူဆလင်အမျိုး သားတွေအနေနဲ့ ဗုဒ္ဓဘာသာအမျိုးသမီးတွေနဲ့လက်မထပ်ခင်အချိန်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် ရယူကြဖို့အဆိုပြုထားတဲ့ဥပဒေအပေါ် ဝေဖန်တိုက်ခိုက်ကြချိန်မှာလည်း အမျိုးသားရေးဝါဒီတွေကလည်း လူမှုကွန်ရက်တွေကနေ လူသိရှင်ကြား ပြန်ပြီးတိုက်ခိုက်ခဲ့ကြပါတယ်။

မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ စိုးရိမ်ပူပန်နေမှုတွေအပေါ် စာနာစိတ်မရှိတဲ့ အနောက်တိုင်းမီဒီယာတွေကိုစိတ်ပျက်မိ တယ်လို့ ဦးဝီရသူ က ပြောပါတယ်။ မူဆလင်ကြောက်ရောဂါစွဲကပ်နေတဲ့ ဦးဝီရသူ လိုအမျိုးသားရေးဝါဒီတွေက ”မူဆလင်ကမ္ဘာက မြန်မာနိုင်ငံမှာ သူတို့ရဲ့ဘာသာတရားနဲ့ဩဇာလွှမ်းမိုးမှုတွေကို ဖြန့်ကျက်ဖို့ ကြိုးစားနေတယ်”လို့ တစိုက်မတ်မတ်ပြောဆိုခဲ့ပြီးအဓိကရုဏ်းတွေဖန်တီးခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်မှာလည်း ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီတွေနဲ့လူမျိုးရေးအကြမ်း ဖက်မှုတွေကို စီစဥ်ခဲ့ကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲပြီးလို့ NLD ကအနိုင်ရချိန်မှာလည်း အမျိုးသားရေးဝါဒီ တွေက မကျေမနပ်ဖြစ်ပြီး ဆူပူသောင်းကျန်းခဲ့ပါတယ်။

နောက်ဆုံး ”စစ်တပ်က အာဏာသိမ်းပါ”ဆိုတဲ့ ကြွေးကြော်သံတွေကို ဘုန်းကြီးတွေဦးဆောင်ပြီးဟစ်ကြွေးခဲ့ကြပါတယ်။ မဲခိုး မဲလိမ်တယ်ဆိုပြီး အခုချိန်ထိ သက်သေမပြနိုင်သေးတဲ့အကြောင်းပြချက်ကို စစ်တပ်၊ ကြံ့ခိုင်ရေးပါတီနဲ့ အမျိုးသားရေးဝါဒီတွေကဆွဲကိုင်ခဲ့ကြပါတယ်။အာဏာမသိမ်းခင်အချိန်တွေကို ပြန်ကြည့်ရင် ဗုဒ္ဓဘာသာ အစွန်းရောက် အမျိုးသားရေးဝါဒီတွေရဲ့ဆူပူသောင်းကျန်းမှုတွေကို တွေ့မြင်နိုင်ပါတယ်။

တကယ်တော့ စစ်တပ်၊ ကြံ့ခိုင်ရေးနဲ့ ဗုဒ္ဓဘာသာအစွန်းရောက်အမျိုးသားရေးဝါဒီတွေမှာနိုင်ငံတည်ငြိမ်ပြီး ဖွံ့ဖြိုး တိုးတက်နေတာကို မြင်တွေ့လိုစိတ်လုံးဝမရှိကြပါ။ ဒါကြောင့်လည်း အရှိန်ရနေတဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးတွေကို ရပ်တန့်လိုစိတ်ပြင်းပြခဲ့ပြီး ရပ်တန့်ပစ်နိုင်မယ့်နည်းလမ်းတွေကိုအမြဲရှာဖွေနေခဲ့ပါတယ်။ နောက်ဆုံး မှာတော့ မဲမသမာမှုခေါင်းစဥ်တပ်ပြီး နိုင်ငံကို အမှောင်တိုက်ထဲပြန်ပို့ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်မှာ ကိုးကန့်ဒေသကိုအလုံးစုံထိန်းချုပ်နိုင်ပြီလို့ MNDAA ကထုတ်ပြန်ကြေညာပြီး နောက်ပိုင်း ကိုးကန့်ယူနီဖောင်းဝတ်ဆင်ထားတဲ့ တပ်သား ၁ ဦးကတောင်ပေါ်စေတီတစ်ဆူကို သံတူနဲ့ရိုက်နှက် ဖျက်ဆီးနေတဲ့ဗီဒီယိုဖိုင်တစ်ဖိုင်လူမှုကွန်ရက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပါတယ်။

အဲဒီဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက်ပိုင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့စေတီတော်ကို တူနဲ့ဖျက်ဆီးနေတဲ့အပေါ်လက်သင့်မခံနိုင်ကြောင်း ရေးသားပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ဇန်နဝါရီ ၉ ရက်မှာတော့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်း က နယ်မြေလုလာတဲ့အပြင်ဘာသာရေးကို ပါထိခိုက်လာတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလက်တုံ့ပြန်သွားမယ်လို့ပြောဆိုခဲ့ပြီးနောက်ပိုင်း ဗုဒ္ဓဘာသာ မျိုးချစ်သံဃာတော်တွေဦးဆောင်တဲ့ဘာသာရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။ (ကိုဂျင်မီနဲ့ ကိုဖြိုးဇေ ယျာသော်တို့ကွပ်မျက်ခံခဲ့ရတာကိုလည်း တရားတယ်လို့ပြောခဲ့တာ အဲဒီလူတွေပါပဲ)

ဇန်နဝါရီ ၁၀ ရက်မှာတော့ မျိုးချစ်သံဃာတော်တွေအပါအဝင် လူပုဂ္ဂိုလ်စုစုပေါင်း ၁၀၀၀ ကျော်ကရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းမှာရှိတဲ့ သမ္မတရုပ်ရှင်ရုံကနေ မဟာဗန္ဓုလပန်းခြံဆီ နေ့လယ် ၁နာရီခွဲလောက်ကစတင်ပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မှာလည်း စစ်ကောင်စီဝါဒဖြန့် မြန်မာအမျိုးသားကွန်ရက်နဲ့မြန်မာနေရှင်နယ်ပိုစ့်တည် ထောင်သူ နောင်တော်လေးဦးဆောင်ပြီး နေပြည်တော်မှာဘာသာရေးလှုပ်ရှားမှုပြုလုပ်မယ်လို့သိရပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ စေတီ၊ ပုထိုးနဲ့စာသင်ကျောင်းအများ အပြားကို စစ်ကောင်စီကဖျက်ဆီးခဲ့ပေမယ့် ဘာတစ်ခုမျှမထုတ်ပြန်ဘဲရေငုံနှုတ်ပိတ်နေနေတဲ့ ဗုဒ္ဓဘာသာအစွန်း ရောက်အမျိုးသားရေးဝါဒီတွေရဲ့ လုပ်ရပ်တွေကိုကြည့်ရင်တိုင်းပြည်အပေါ် စေတနာဘယ်လောက်ထားတယ်ဆို တာသိသာပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အဖြစ်အပျက်တွေအားလုံးမှာ တာဝန်အရှိဆုံးက စစ်တပ်၊ ကြံ့ခိုင်ရေးနဲ့ဗုဒ္ဓဘာ သာ အစွန်းရောက်အမျိုးသားရေးဝါဒီတွေပါပဲ။ ဒါကြောင့်လည်း မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဥ်တွေမှာ စစ်တပ်၊ ကြံ့ခိုင်ရေးနဲ့ဗုဒ္ဓဘာသာအစွန်းရောက်အမျိုးသားရေးဝါဒီတွေကို ဖယ်ထုတ်နိုင်မှသာ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ပါလိမ့်မယ်။ သူတို့တွေ အာဏာရနေသမျှတိုင်းပြည်လည်း ကျနေတဲ့ချောက်ထဲက ပြန်တက်နိုင်အုံးမှာ မဟုတ်ကြောင်းပါ။

ကိုးကား – Bloomberg

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရှမ်းမြောက်၌ ယာယီအပစ်ရပ်စဲဟု သတင်းထွက်ပေါ်
Next Article ကူညီကယ်ဆယ်ရေးတွေရပ်တန့်သွားမည်ဟု UWSA ပြော
thanlwinkhet
  • Website

Related Posts

လားရှိုးကနေ MNDAA ဘာကြောင့် ဆုတ်ခွာခဲ့ရသလဲဆိုတာ

June 8, 2025

တရုတ်အမြတ်ထွက်တဲ့ စစ်ကောင်စီရွေးကောက်ပွဲ

May 25, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

Leave A Reply Cancel Reply

Recent Posts

  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မဲဆောက်တွင် ကျင်းပ
  • ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့် မွေးနေ့တွင် နိုင်ငံတကာသံရုံးများ စာထုတ်တောင်းဆို
  • ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြန်ကျင်းပဖို့ ထိုင်းအတိုက်အခံပါတီ တောင်းဆို
  • လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မဲဆောက်တွင် ကျင်းပ

ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့် မွေးနေ့တွင် နိုင်ငံတကာသံရုံးများ စာထုတ်တောင်းဆို

ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြန်ကျင်းပဖို့ ထိုင်းအတိုက်အခံပါတီ တောင်းဆို

လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မဲဆောက်တွင် ကျင်းပ

June 19, 2025

ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့် မွေးနေ့တွင် နိုင်ငံတကာသံရုံးများ စာထုတ်တောင်းဆို

June 19, 2025

ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြန်ကျင်းပဖို့ ထိုင်းအတိုက်အခံပါတီ တောင်းဆို

June 19, 2025

လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ

June 18, 2025

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)

June 18, 2025

အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်

June 18, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.