• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ရှမ်းမြောက်၌ ယာယီအပစ်ရပ်စဲဟု သတင်းထွက်ပေါ်
နေ့စဉ်သတင်း

ရှမ်းမြောက်၌ ယာယီအပစ်ရပ်စဲဟု သတင်းထွက်ပေါ်

thanlwinkhetBy thanlwinkhetJanuary 12, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ရှမ်းမြောက်၌ ယာယီအပစ်ရပ်စဲဟု သတင်းထွက်ပေါ်

*****************************

Saw Smith

ဇန်နဝါရီ ၁၂ ၊ ၂၀၂၄ ။

ယမန်နေ့၌ မြောက်ပိုင်းညီနောင်မဟာမိတ်  ၃ ဖွဲ့ဘက်က တိုက်ပွဲနှင့် ထိုးစစ်များမရှိခဲ့သော်လည်း စစ်ကောင်စီက တအာင်း နှင့် ရခိုင်ဒေသများ၌ လေကြောင်းကဗုံးကြဲခြင်း နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခြင်းများကို ဆက်လက်ပြုလုပ်နေသည်ဟု ညီနောင် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

ရှမ်းပြည်မြောက်ပိုင်း၌ဖြစ်ပေါ်နေသည့် ပြင်းထန်သောစစ်ရေးအခြေအနေများနှင့်ပတ်သက်၍ တရုတ်၏ ကြားဝင် ညှိနှိုင်းမှုဖြင့်  ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ ယခုလ ဇန်နဝါရီ ၇ ၊ ၈  နှင့် ၉ ရက်တို့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း နှစ်ဖက်သဘောတူညီမှုမရရှိခဲ့ပေ။

ထို့ကြောင့် ဇန်နဝါရီ ၁၀ ရက် နှင့် ၁၁ ရက်တို့၌ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြရာ ရှမ်းမြောက်၌ ယာယီအပစ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့ကြသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်နီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ်များက သံလွင်ခက်ကို ပြောသည်။

ယာယီအပစ်ရပ်စဲသည့် သတင်းများထွက်ပေါ်လာနေသော်လည်း ယမန်နေ့ညပိုင်းနှင့် ယနေ့ နံနက်ပိုင်းက လားရှိုး မြို့တွင် လက်နက်ကြီးပစ်ခတ်သံများ ကြားနေရသည်ဟု မြို့ခံအမျိုးသား ၁ ဦးက ပြောသည်။

” ယာယီအပစ်ခတ်ရပ်စဲထားတယ်ဆိုတဲ့ ဟာမျိုးတွေတက်လာတာတော့ရှိတယ် ။ ဒါပေမယ့် မနေ့ညကဆိုရင် တစ် ညလုံးနီးပါး လက်နက်ကြီးသံတွေ ကြားနေရတယ် “ဟု လားရှိုးမြို့ခံ အမျိုးသား ၁ ဦးကပြောသည်။

ထို့ပြင် လားရှိုးနှင့်အခြားပြည်နယ်များကိုဆက်သွယ်ထားသည့် လမ်းကြောင်းများလည်း ယနေ့နံနက်ပိုင်းတွင် ထပ်မံပြတ်တောက်သွားသည့်အတွက် ယာယီအပစ်ရပ်စဲသည်ဆိုသောသတင်းကို ယုံရခက်နေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

” ဒီမနက်ကျတော့ ကိုယ်တို့တွေ့လိုက်ရတာက လားရှိုးကနေ နမ္မတူဘက်သွားတဲ့ လမ်းပေါ့နော်။ အရင်တုန်းက အီ နိုင်းတံတားဖျက်ထားတော့ အဲ့ဘက်ကနေသွားတယ်။ အခုက အဲတံတားကျိုးသွားပြီဆိုတော့ ဘယ်ဘက်တွေကို သွားမရတော့ဘူးလဲဆိုတော့ နမ္မတူ ၊ မန်တုံ ၊ နမ့်ဆန်အပြင်ကို မူဆယ်၊ နမ့်ခမ်းဘက်သွားတဲ့လမ်းကြောတွေပါ အကုန်ပြတ်သွားတာမျိုး တွေ့ရတယ်။ အပစ်အခတ်ရပ်စဲထားတယ်လို့ ပြောပေမယ့် ၊ ယာယီရပ်စဲထားတယ်လို့ ပြောပေမယ့် ဒီလိုအနေအထားတွေဖြစ်တော့ နည်းနည်းယုံရတာ ခက်တယ် ”

ရှမ်းမြောက်၌ နှစ်ဖက်ယာယီအပစ်ရပ်စဲထားသည်ဟု သတင်းထွက်ပေါ်နေသော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ ညီနောင် ၃ ဖွဲ့က တရားဝင်ထုတ်ပြန်ထားခြင်းမရှိသော်လည်း ညီနောင် ၃ ဖွဲ့၏ ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်၊ ည၁၂ နာရီ သတင်းထုတ်ပြန်ချက်၌ –

” ညီနောင်မဟာမိတ် (၃) ဖွဲ့၏ နယ်မြေများတွင် ယနေ့၌ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ၊ ထိုးစစ်များမရှိခဲ့သော်လည်း တအာင်းနှင့် ရက္ခိုင်ဒေသများ၌မူ စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများမှာ ယခင်ရက်များနည်းတူ အပြောင်းအလဲမရှိ ဆက်လက်ရှိနေခဲ့သည် ” ဟု ဖော်ပြထားသည်။

ဇန်နဝါရီလ ၁၁ ရက်တွင် စစ်ကောင်စီက လားရှိုးနှင့် နမ့်ဆန်မြို့နယ်ရှိကျေးရွာများကို လေကြောင်းက ၁၇ ကြိမ် လာရောက်၍ ဗုံးသီး ၁၃၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် လားရှိုး၊ ကျောက်မဲ ၊ မိုးကုတ် နှင့် သီပေါမြို့နယ်များတွင် စစ်ကောင်စီက လက်နက်ကြီး ၃၆ ကြိမ်ပစ်ခတ် ခဲ့သည် ။ ယမန်နေ့၌ ရခိုင်ပြည်နယ်တွင်လည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်း ၊ စစ်ရေယာဥ်ပေါ်မှ ပစ် ခတ်ခြင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။

နှစ်ဖက်ညှိနှိုင်းဆွေးနွေးနေသည့် ဇန်နဝါရီ ၁၀ ရက်ကလည်း စစ်ကောင်စီသည်  လားရှိုးမြို့နယ်ရှိကျေးရွာများကို လေယာဥ်ဖြင့် ဗုံး  ၂၇ လုံးကြဲချခဲ့ပြီး လက်နက်ကြီးဖြင့် ၂၄ ကြိမ် တိုက်ခိုက်ခဲ့သည်။

ဇန်နဝါရီ ၁၀ ရက်တွင်  ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ နမ္မတူ  ၊ ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ မင်းပြား ၊ မြောက်ဦး ၊ ဘူးသီးတောင် မြို့နယ်များကို စစ်ကောင်စီတပ်များက လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု ၊ လက်နက် ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သားများသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်အဆောက်အအုံ ပျက် စီးမှုများရှိခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

*********

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/2981

YouTube- > https://youtu.be/SpxIBpTYop8

Website _> https://thanlwinkhet.net/?p=6968

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်ရမည့်အချိန်ဟု TNLA ဥက္ကဋ္ဌ ဆို
Next Article စစ်ဖိနပ်အောက်နေချင်တဲ့ ဗုဒ္ဓဘာသာအစွန်းရောက်အမျိုးသားရေးဝါဒီတွေ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.