• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»မြောက်ဦးခရိုင်ရဲစခန်းကို AA တိုက်ခိုက်သိမ်းပိုက်
တိုက်ပွဲသတင်း

မြောက်ဦးခရိုင်ရဲစခန်းကို AA တိုက်ခိုက်သိမ်းပိုက်

thanlwinkhetBy thanlwinkhetDecember 27, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မြောက်ဦးခရိုင်ရဲစခန်းကို AA တိုက်ခိုက်သိမ်းပိုက်

***********************************

မိခိုင်

ဒီဇင်ဘာ ၂၇ ၊ ၂၀၂၃။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြောက်ဦးခရိုင်ရဲစခန်းအား ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက်၊ ည ၉ နာရီခန့်တွင် ရက္ခိုင့်တပ်တော် – AA က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

” ရက္ခိုင့်တပ်တော်အနေဖြင့် ဒီဇင်ဘာလ ၂၆ ရက်တွင် မြောက်ဦးခရိုင်ရဲစခန်းအား ည ၉ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ပလက်ဝအတွင်းရှိ “ခဝဲဗျူဟာကုန်း” ကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည် ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ဦးမြို့ကို စစ်ကောင်စီက ည ၇ နာရီခန့်တွင် လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် စစ်ရှောင် ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ရက္ခိုင့်တပ်တော် ကဆိုသည်။

ယင်းနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်၏ထုတ်ပြန်ချက်တွင် ” စစ်ဘေးရှောင်ပြည်သူများ ခေတ္တခိုလှုံနေသည့် ဘုရားပေါ်ဘုန်းကြီးကျောင်းဝန်းထဲရှိ ဓမ္မာရုံအား ရန်သူက ဒရုန်းဖြင့်တမင်ရည်ရွယ်ကာ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင်ကလေးငယ် ၃ ဦး နှင့် သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး သေဆုံးခဲ့ရပြီး ၂ ဦးမှာ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည် ” ဟု ဖော်ပြထားသည်။

လွန်ခဲ့သည့် ၃ ရက်ခန့်ကလည်း မြောက်ဦးရှိ စစ်ကောင်စီ၏တပ်ရင်းများက လက်နက်ကြီးများအသုံးပြုပြီး အရပ်သားများကို ဦးတည်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် မြောက်ဦးဒေသခံ ၉ ဦး သေဆုံးခဲ့ကာ ၁၆ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု AA က ဆိုသည်။

ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီတိုက်လေယာဉ် ၁ စီးက မြောက်ဦးမြို့ပေါ်ရှိ လူနေအိမ်နှင့် ရပ်ကွက်များကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယင်းအပြင် မြောက်ဦးအခြေစိုက် စကခ ၉ လက်အောက်ခံ တပ်ရင်းများကလည်း လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့်အတွက် လေးမြို့စားကျေးရွာ၊ ထမ္မရာဇ်ရပ်ကွက်အတွင်းရှိ ခရိုင်ရုံးနှင့် ထွေအုပ်ရုံးတို့ မီးလောင်ကျွမ်းခဲ့သည်။

ရက္ခိုင့်တပ်‌‌‌တော် AA နှင့် စစ်ကောင်စီတပ်တို့ မြောက်ဦးမြို့ရှိ ၊ ကျောက်ရစ်ကေခွဆုံအနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရ သည်။

ယနေ့ နံနက် ၁၁ နာရီအထိ မြောက်ဦးမြို့တွင်တိုက်ပွဲရပ်တန့်နေပြီး ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ဆက်လက်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ ၁ ဦးက ဆိုသည်။

” လက်ရှိအထိတော့ တိုက်ပွဲက ရပ်နေတယ်။ လက်နက်ကြီးသံတွေလည်း မကြားရသေးဘူး။ ဒေသခံတွေကတော့ ဘေးလွတ်ရာကို ပြေးနေကြတယ် ” ဟု ပြောသည်။

စစ်ကောင်စီတပ်များသည် ၎င်းတို့၏လုပ်ရိုးလုပ်စဥ်ကိစ္စတစ်ရပ်ဖြစ်သော မြို့ရွာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဥ်လုပ်ဆောင်နေသည်သာမက ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်များကိုလည်း တိုက်ခိုက်ခြင်းဖြင့်  စစ်ရာဇဝတ်မှုများကို ပုံစံမျိုးစုံဖြင့်နေ့တိုင်းကျူးလွန်လျက်ရှိသည့်အတွက် ကမ္ဘာ့အဆိုးရွားဆုံးသောစစ်တပ်အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။

” ဖက်ဆစ်စစ်အာဏာရှင်တို့၏ အကျင့်ဝသီအတိုင်း မြို့ရွာများအတွင်းသို့ လေကြောင်းက နေ့တိုင်းဗုံးကြဲတိုက်ခိုက်မှုများကိုသာမက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး အဆိုပြုထားသော မြောက်ဦးယဉ်ကျေးမှုဒေသ၊ မြောက်ဦးရှေး ဟောင်းသုတေသနပြတိုက်ကို လက်နက်ကြီးများဖြင့် တမင်တကာပစ်ခတ်တိုက်ခိုက်ခြင်းတို့ပြုလုပ်ပြီး စစ်ရာဇဝတ်မှုများကို ပုံစံမျိုးစုံဖြင့် နေ့တိုင်းကျူး လွန်လျက်ရှိသောကြောင့် စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်အတွင်း စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး အစိုးရစစ်တပ်အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီဖြစ်သည် ” ဟု ထုတ်ပြန်ချက်ကဆိုသည်။

ဓာတ်ပုံ – AA Info Desk

******

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/2816

YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR

Website – >  https://thanlwinkhet.net/?p=6723

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleအာဏာသိမ်းခေတ်အလွန် စစ်တပ်ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတကာ၏အခန်းကဏ္ဍ (ဇာတ်သိမ်းပိုင်း)
Next Article ပဲနွယ်ကုန်းမြို့အနီးတိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုရှိ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.