သံလွင်ခက်
ဒီဇင်ဘာ ၁၆ ၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့ကို စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကောင်စီ စစ်ကြောင်းသည် တပ်ဆုတ်ခွာထွက်ပြေးခဲ့ရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု NUG ကာကွယ် ရေးဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၁၆ ရက်တွင်သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ကြောင်းအား အမှတ် – ၁ စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF၊ စစ်ကိုင်း တိုင်း အထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖနှင့် တော်လှန်ရေးတပ်ဖွဲ့များက တွန်းလှန်တိုက်ထုတ်ခဲ့ရာ တပ်ပျက်ပြီး ယနေ့နံနက်ပိုင်းတွင် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်ဟု ဖော်ပြထားသည် ။
ထိုစစ်ကြောင်းထံက MA-10 RPG 7 (၁) လက်၊ MG-3 (၁) လက်၊ MA-S1 MK2 (၁) လက် အပါအဝင် လက်နက် မျိုးစုံ (၁၇) လက် သိမ်းပိုက်ရရှိခဲ့ဟုသိရသည်။
ထို့ပြင် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ အရာရှိ ၁ ဦးအပါအဝင် အနည်းဆုံး စစ် ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၁၀ လောင်း ကျော်တွေ့ရှိထားသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2733
Website – https://thanlwinkhet.net/?p=6617