• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • “အိမ်ထောင်ရေးပြက်လုံး” တစ်ခုကြောင့် ဝီဂါဟာသပညာရှင် ရှောင်ပါ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ခံရ
  • ၃ လတိုင် ရိက္ခာပြတ်လပ်နေသည့် သေ့ဘောဘိုးစစ်ရှောင်များ ဆားနှင့် ငရုတ်သီးကိုသာ အားထားနေရ
  • ၅ နှစ်အတွင်း နိုင်ကျဉ်းအများဆုံး လွတ်ငြိမ်းခွင့်ပေး၊ တကယ်လွတ်လာမည့် အရေအတွက် ပြည့်၊ မပြည့်အပေါ် PPNM စောင့်ကြည့်နေ
  • အီရန်ခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးရန် သမ္မတထရမ့် အရိပ်အမြွက်ပြော
  • မင်းတုန်း ကုန်ကားရပ်နားရာ ဗုံးကြဲခံရမှုတွင် ရခိုင်ကုန်သည်များအပါအဝင် အရပ်သား ၂၅ ဦး သေဆုံး
  • ရခိုင်တွင် ဝယ်သူထက် ပြန်ရောင်းသူ များနေ၍ ရွှေဈေး အနည်းငယ်ပြန်ကျ
  • ချင်းမိုင်တွင် ဖမ်းမိသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းဝင် ၄ ဦးတွင် မြန်မာနိုင်ငံသား ၂ ဦး ပါဝင်
  • ပုဂံညောင်ဦး-ကျောက်ပန်းတောင်းလမ်း စစ်တပ် ပတ်ကင်းကား ကြားဖြတ်တိုက်ခံရ၊ ၄ ဦးသေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»တောတွင်းလူရိုင်းများမှသည် ဒရုန်းလက်နက်များတပ်ဆင်လာနိုင်သည့် “ဝ”တပ်မတော် ဇာတ်သိမ်းပိုင်း
ဆောင်းပါး

တောတွင်းလူရိုင်းများမှသည် ဒရုန်းလက်နက်များတပ်ဆင်လာနိုင်သည့် “ဝ”တပ်မတော် ဇာတ်သိမ်းပိုင်း

thanlwinkhetBy thanlwinkhetNovember 29, 2023No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်

နိုဝင်ဘာ ၂၉ ၊ ၂၀၂၃။

၁၉၈၉ ခုနှစ်မှာတော့ “ဝ”တပ်များ ပန်ဆန်းမြို့သို့ ဝင်ရောက်လာခဲ့ပြီး တရုတ်ခေါင်းဆောင် မော်စီတုံး၏ ပုံတူ ကားချပ်များကို ဖျက်ဆီးပစ်လိုက်ကြပြီး ကွန်မြူနစ်ခေါင်းဆောင်များအား တရုတ်ပြည်တွင်းသို့ စေလွှတ်လိုက်လေ တော့သည်။ “ဝဒေသတွင်းမှ ပြည်သူများသည် ဒေသတွင်းမှာပဲဖြစ်စေ ဒေသပြင်ပ အရပ်တစ်ပါးမှာပဲဖြစ်စေ ရန်သူ စစ်တပ်ရှေ့ ဘယ်တော့မှ ဒူးမထောက်ပါ” ဟု တော်လှန်သူများက ကြေညာခဲ့လေသည်။ ထို့အပြင် “စာပေနဲ့ ယဥ်ကျေးမှုအရ ကျွန်တော်တို့တတွေက နောက်ကောက် ကျကျန်ရစ်နေနိုင်ပေမယ့်လည်း စိတ်ပိုင်းဖြတ်မှုကတော့ တကယ်ကို ခိုင်မာကြတဲ့လူတွေပါ”

တရုတ်နိုင်ငံအပေါ် လက်ရှိ ၎င်းတို့၏ မှီခိုနေမှုနှင့် ပတ်သက်ပြီးတော့လည်း နှစ်သက်ကျေနပ်မနေကြပေ။ တရုတ် တွေက ၎င်းတို့အတွက် အရေးပါသော စီးပွားရေးဦးဆောင်နှင့် လက်နက်ပံ့ပိုးနေသူဖြစ်သော်လည်း ၎င်းတို့တွင် ရွေးချယ်စရာ မရှိသလောက်ပင်။

“တရုတ်က သူတို့ကို အသုံးချနေပြီး အဲဒီလို တရုတ်တွေရဲ့ အသုံးချခံနေရတာကိုလည်း “ဝ”တွေက သိတယ်။ ဒါပေမဲ့ သူတို့ ဘာလုပ်နိုင်မှာတဲ့လဲ” လင့်တနာက ပြောသည်။

ကမ္ဘာ့အသိုင်းအဝိုင်းက “ဝ”တို့အား ဖယ်ထုတ်နှင်ထုတ်နေခြင်းတို့ကြောင့် ၎င်းတို့၏ တရုတ်အပေါ် မှီခိုအားထားမှု များက ပိုပြီး ခိုင်မာလာခဲ့လေသည်။ သမိုင်းကြောင်းအရဆိုလျှင်လည်း “ဝ”တောင်တန်းဒေသများပေါ် ရောက်ရှိ လာခဲ့ကြသော ပြင်ပကမ္ဘာကြီးက သက်ရှိလူသားများဟူ၍လည်း အနောက်တိုင်း သာသနာပြုများသာရှိပြီး ၁၉၃၀ ပြည့်လွန်နှစ်များက ရောက်ရှိလာခဲ့ကြဖူးသည်။

၎င်းတို့က “ဝ”ဘာသာစကားအတွက်ရေးသားထားသည့် ဇာတ်ညွှန်းများ တီထွင် ခဲ့ကြသော်လည်း နတ်ကိုးကွယ် မှုကနေ ခရစ်ယာဥ်ဘာသာဆီသို့ အနည်းငယ်မျှသာကူးပြောင်းခဲ့လေသောကြောင့် ကရင်၊ ချင်း နှင့် ကချင်ကဲ့သို့ သော မြန်မာနိုင်ငံက အခြားတိုင်းရင်းသားများ ခရစ်ဘာသာသို့ကူးပြောင်းမှုများနှင့် နှိုင်းယှဥ်ကြည့်လျှင် မပြောပ လောက်သော ပမာဏမျှသာ အောင်မြင်မှု ရရှိခဲ့လေသည်။

အထီးကျန်ခြင်းက ကွင်းဆက်ပြတ်မလွတ်မြောက်နိုင်ခဲ့သော “ဝ”တို့သည် ကမ္ဘာပေါ်တွင် ဘိန်းဖြူထုတ်လုပ်မှု အများဆုံးနှင့် လူကုန်ကူးမှု အများဆုံးအုပ်စုတစ်ခု ဖြစ်လာခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်တို့၏ ထုတ်ပယ် ခြင်းခံခဲ့ရသည်။ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ ကြီးထွားနေဆဲဖြစ်ပြီး ဘိန်းမည်း၊ ဘိန်းဖြူနှင့် စိတ်ကြွ ဆေးပြားများ ရောင်းဝယ်ရေး ရေစီးကြောင်းများက ထိုင်းနှင့် အခြားအနီးအနား နိုင်ငံများကို လွှမ်းမိုးလျက် ရှိနေပါသည်။ သို့သော် အခုတော့ အဆိုပါလှုပ်ရှားမှုအများစုသည် ထိုင်းနိုင်ငံနှင့်နယ်နိမိတ်ချင်း ထိစပ်နေသော နယ်မြေတစ်ခုကသာဖြစ်ကြောင်း လင့်တနာက ပြောခဲ့သည်။

“ဝ”တို့၏ ဗဟိုနယ်မြေတွင် ဘိန်းပပျောက်ရေးဆောင်ရွက်မှုက အောင်မြင်မှုအချို့ရရှိခဲ့ပြီး တစ်ချိန်က မူးယစ်ဆေးဝါးပေါ် မှီခိုနေရသော စီးပွားရေးကို သံဖြူနှင့်အကျိုးအမြတ်များသော မြေရှားသတ္တုများတူးဖော်ရေး၊ လက်ဖက်နှင့် ရော်ဘာစိုက်ခင်းများ၊ အပေါ့စားစက်မှုလုပ်ငန်းများနှင့် တရုတ်လောင်းကစားသမားများအတွက် ကာဆီနိုရုံများ စသဖြင့် စီးပွားရေးအသွင် ပြောင်းခဲ့လေသည်ဟု လင့်တနာ က ရေးသားခဲ့ပါသည်။

သို့သော် ၁၉၈၉ ခုနှစ်နောက်ပိုင်း “ဝ”တို့ကသိမ်းပိုက်ခဲ့ပြီး ထိန်းချုပ်ထားခဲ့သော ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထိုင်း နယ်စပ်များတလျှောက်တွင် ထိုသို့အစားထိုးစရာများပြုလုပ်ရန်အတွက် ရွေးချယ်စရာအနည်းငယ်မျှသာရှိသည်။  အခြားတိုင်းရင်းသား သိန်းချီတို့ကို “ဝ”တို့က ဖိအားပေးကာ အညှာအတာမဲ့ နှင်ထုတ်ခဲ့ကြပြီး ၎င်းတို့နေရာတွင် “ဝ” အခြေချနေထိုင်သူများဖြင့် အစားထိုးခဲ့လေသည်။ ပန်ဆန်းထိန်းချုပ်နယ်မြေ စုစုပေါင်း (၃၅,၀၀၀) စတုရန်း ကီလိုမီတာအထိ ချဲ့ထွင်ခဲ့ပြီး ၎င်းပမာဏက နယ်သာလန်နိုင်ငံဧရိယာနှင့် ညီမျှလေသည်။ အဆိုပါ ဒေသနှစ်ခု အတွင်း နေထိုင်နေသော “ဝ”လူမျိုးပေါင်း ၄ သိန်းနှင့် ၅ သိန်းကြားရှိပြီး တရုတ်နိုင်ငံတွင် နေထိုင်သူ (၂၅၀,၀၀၀) ရှိလေသည်။

ဝပြည်နယ် အကျယ်အဝန်းကို ၎င်းတို့က ထပ်မံ တိုးချဲ့ချင်နေကြသည်ဟု လေ့လာသူအချို့က ယူဆကြလေသည်။ ထိုင်းနယ်စပ်တလျှောက်တွင် လှုပ်ရှားနေကြသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နှင့် လွန်ခဲ့သော နှစ်များအတွင်းက တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သေးသည်။ “ဝ” အနေဖြင့် တကွဲတပြားဆီ ဖြစ် နေသော ၎င်းတို့နယ်မြေများကို ပေါင်းစည်းနိုင်ရန်နှင့် RCSS ကို ဖယ်ရှားနိုင်ရန် လှုပ်ရှားလျက်ရှိနေသည်။ သို့မှသာ တရုတ်၊ ထိုင်း၊ လာအိုတို့နှင့် ထိစပ်နေပြီး ရှမ်းပြည်နယ်၏ သုံးပုံတစ်ပုံရှိသော သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ ကုန်းမြေအားလုံးကို ထိန်းချုပ်ထားနိုင်ပေလိမ့်မည်။

သို့သော်လည်း ထိုင်းနယ်စပ်တလျှောက်ရှိနယ်မြေအများစုတွင် “ဝ”လူမျိုးများအခြေချ နေထိုင်လျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် အကြီးမားဆုံး လူမျိုးစုဖြစ်သော ရှမ်းလူမျိုးတို့ကိုမူ နှိန်နင်းဖို့ ခက်ခဲလိမ့်မည်ဟု လင့်တနာက ပြောသည်။ “ဝ”တို့ကဲ့သို့ပင် ရှမ်းများသည်လည်း ခိုင်မာသောလွတ်လပ်ရေးလမ်းကြောင်း ရှိသူများဖြစ်ပြီး ပြင်ပလူစိမ်းများကို တွန်းလှန်ခဲ့ဖူးသော သမိုင်းရှိသူများဖြစ်သည်။

“ဝ” ပြည်နယ်သည် MNDAA၊ SSPP နှင့် TNLA အပါအဝင် အခြားတိုင်းရင်းသားအုပ်စုများနှင့်လည်း မဟာမိတ်ဖွဲ့ ထားပြီး ဗဟိုအစိုးရကို တိုက်ခိုက်နိုင်ရန်အတွက် လက်နက်များလည်း ပေးအပ်ထားသေးသည်။ သို့သော် လင့်တနာ အဆိုအရ “ဝ” ၏ ရေရှည်မဟာဗျူဟာက မြန်မာစစ်ကောင်စီကို ဖြုတ်ချရန်မဟုတ်ဘဲ ကြားခံဇုန်တစ်ခုဖန်တီးရန် နှင့် ၎င်းတို့ပိုင်နယ်မြေများအပေါ် တိုက်ခိုက်လာခြင်းတို့အား ဟန့်တားရန်အပေါ် အာရုံစိုက်ထားခြင်းသာ ဖြစ်ပါသည်။

“ဝ” ပြည်နယ် မည်ကဲ့သို့ တိုးတက်ဖွံ့ဖြိုးလာမည်လဲဆိုသည်ကတော့ နာမကျန်းဖြစ်နေသော အသက် (၇၂) နှစ်အရွယ် ဦးပေါက်ယူချန်းကဲ့သို့သော စစ်ခေါင်းဆောင်ဟောင်းများ မြင်ကွင်းက ကွယ်ပျောက်သွားသည့်နေရာမှာ အစားထိုးလာမည့် လူငယ်များအပေါ် မူတည်နေပါသည်။

“ဝ”လူငယ်များသည် ထိုင်းနိုင်ငံနှင့် ဒေသတွင်းက နေရာများစွာတို့တွင် ပညာသင်ကြားလျက်ရှိနေပြီး လူမှုမီဒီယာ အပြင် အခြားသောခေတ်ပေါ် မီဒီယာများနှင့်လည်း ချိတ်ဆက်နေကြသည်။

“လူငယ်မျိုးဆက်တွေမှာ မတူတဲ့ ကမ္ဘာ့အမြင်တွေရှိနေကြပြီး ဖြစ်နိုင်မယ်ဆိုရင် ပြင်ပကမ္ဘာကြီးနဲ့ ချိတ်ဆက်နိုင်ဖို့ အနောက်ကမ္ဘာကို ခြေလှမ်းလှမ်းနိုင်အောင် ကြိုးစားနေကြတယ်” ဟု လင့်တနာက ပြောလေသည်။

ထိုသို့သော လူငယ်များ စိတ်ဓာတ်ပြောင်းလဲခြင်းများကို ညွှန်ပြဖို့ရာ အချက်တစ်ခုမှာ တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှုများကို တားမြစ်ရန် အာဖရိကမှ ကျွမ်းကျင်ပညာရှင်များ လေ့ကျင့်ထိန်းကျောင်းပေးထား သည့် “ဝ” တပ်ဖွဲ့တစ်ခုကို တည်ထောင်ရန် ဩစတြေးလျ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးပညာရှင် Adam Oswell အား ခွင့်ပြုချက် ပေးခဲ့ခြင်းဖြစ်လေသည်။

အော့စ်ဝဲလ်သည် ပန်ဆန်းသို့ ၂၀၁၉ ခုနှစ် က လင့်တနာနှင့်အတူ လိုက်ပါသွားခဲ့ဖူးပြီး ပြည်ပအေဂျင်စီများက တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးတွင် အခြားသော စစ်အစိုးရတို့အား ကူညီပေးနေကြသော်လည်း ကမ္ဘာလုံးဆိုင်ရာ တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားရေး၏ အဓိကနေရာဖြစ်နေသော “ဝ” ဒေသတွင်မူ မည်သူမျှအလုပ် မလုပ်ကြဟု အော့စ်ဝဲလ်ကပြောသည်။

တရုတ်၊ ဗီယက်နမ်နှင့် တချို့သော ထိုင်းအသင်းတို့က ဆင်စွယ်၊ ကြံ့ချိုနှင့် တောရိုင်းတိရစ္ဆာန် အမြောက် အများတို့အား ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် ကာလရှည်ကြာ လုပ်ကိုင်နေခဲ့ပြီး အထူးသဖြင့် တရုတ်နှင့် ဗီယက်နမ် တို့တွင် ဝယ်လက်များ ရှိနေကြလေသည်။

“ဒီကိစ္စမျိုးမှာ ကျွန်တော်တို့ လုံးဝကို ပါဝင်သင့်တယ်။ ဒါက နိုင်ငံရေးကို ကျော်လွန်နေတဲ့ပြဿနာပဲ” ဟု အော့စ်ဝဲလ် ကပြောသည်။ လင့်တနာနှင့် အော့စ်ဝဲလ်တို့ နှစ်ဦးစလုံးက အမေရိကန်အနေဖြင့် “ဝ”ကို ဝိုင်းပယ်ထား ရန် ကြိုးပမ်းမှုကို ဦးဆောင်နေခြင်းက မှားယွင်းမှုတစ်ခုဖြစ်သည်ဟူ၍ ယုံကြည်ထားကြပါသည်။

“ဝတွေဟာ ဂုဏ်ယူစရာကောင်းတဲ့ လူမျိုးဖြစ်ပြီး သူတို့က ဘာလဲဆိုတာအတွက် အသိအမှတ်ပြုတာမျိုး သူတို့ လိုချင်ကြတယ်။ ဂိုဏ်းစတားနဲ့ မူးယစ်ရာဇာလို ဘဝတွေကနေ သူတို့ကို ထုတ်ပယ်ဖို့က လွယ်ပါတယ်” ဟု လင့် တနာက ပြောလေသည်။

“အဲဒါတွေထက် သူတို့က အများကြီး ပိုပါတယ်။ ဒါ့ထက်ပိုပြီး သူတို့ကို ဖယ်ထုတ်ပြီး သီးခြား ခွဲထားလိုက်ရင်တော့ အမှားတစ်ခုဖြစ်လာပါလိမ့်မယ်”

Nikkei Asia တွင် ဖော်ပြထားသော “Denis D.Grgay” ၏ “From headhunting to weaponized drones: Myanmar’s Wa carve own path” ကို ဘုန်းမောင်က ဆီလျော်အောင် ရေးသားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမယ်စဲ့မြို့နယ်မှ ဆုတ်လာသည့်စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ကြားဖြတ်တိုက်ရာ ၂၀ ဦးသေဆုံး
Next Article ချင်းပြည်နယ်တောင်ပိုင်း ရေဇွာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်သိမ်းပိုက်
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်ပြောပြီး အရပ်သားပစ်မှတ်ကို နေ့စဉ်ဗုံးကြဲနေတဲ့ စစ်အုပ်စု(ဆောင်းပါး)

December 13, 2025

Leave A Reply Cancel Reply

Recent Posts

  • “အိမ်ထောင်ရေးပြက်လုံး” တစ်ခုကြောင့် ဝီဂါဟာသပညာရှင် ရှောင်ပါ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ခံရ
  • ၃ လတိုင် ရိက္ခာပြတ်လပ်နေသည့် သေ့ဘောဘိုးစစ်ရှောင်များ ဆားနှင့် ငရုတ်သီးကိုသာ အားထားနေရ
  • ၅ နှစ်အတွင်း နိုင်ကျဉ်းအများဆုံး လွတ်ငြိမ်းခွင့်ပေး၊ တကယ်လွတ်လာမည့် အရေအတွက် ပြည့်၊ မပြည့်အပေါ် PPNM စောင့်ကြည့်နေ
  • အီရန်ခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးရန် သမ္မတထရမ့် အရိပ်အမြွက်ပြော
  • မင်းတုန်း ကုန်ကားရပ်နားရာ ဗုံးကြဲခံရမှုတွင် ရခိုင်ကုန်သည်များအပါအဝင် အရပ်သား ၂၅ ဦး သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

“အိမ်ထောင်ရေးပြက်လုံး” တစ်ခုကြောင့် ဝီဂါဟာသပညာရှင် ရှောင်ပါ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ခံရ

၃ လတိုင် ရိက္ခာပြတ်လပ်နေသည့် သေ့ဘောဘိုးစစ်ရှောင်များ ဆားနှင့် ငရုတ်သီးကိုသာ အားထားနေရ

၅ နှစ်အတွင်း နိုင်ကျဉ်းအများဆုံး လွတ်ငြိမ်းခွင့်ပေး၊ တကယ်လွတ်လာမည့် အရေအတွက် ပြည့်၊ မပြည့်အပေါ် PPNM စောင့်ကြည့်နေ

အီရန်ခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးရန် သမ္မတထရမ့် အရိပ်အမြွက်ပြော

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

“အိမ်ထောင်ရေးပြက်လုံး” တစ်ခုကြောင့် ဝီဂါဟာသပညာရှင် ရှောင်ပါ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ခံရ

March 2, 2026

၃ လတိုင် ရိက္ခာပြတ်လပ်နေသည့် သေ့ဘောဘိုးစစ်ရှောင်များ ဆားနှင့် ငရုတ်သီးကိုသာ အားထားနေရ

March 2, 2026

၅ နှစ်အတွင်း နိုင်ကျဉ်းအများဆုံး လွတ်ငြိမ်းခွင့်ပေး၊ တကယ်လွတ်လာမည့် အရေအတွက် ပြည့်၊ မပြည့်အပေါ် PPNM စောင့်ကြည့်နေ

March 2, 2026

အီရန်ခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးရန် သမ္မတထရမ့် အရိပ်အမြွက်ပြော

March 2, 2026

မင်းတုန်း ကုန်ကားရပ်နားရာ ဗုံးကြဲခံရမှုတွင် ရခိုင်ကုန်သည်များအပါအဝင် အရပ်သား ၂၅ ဦး သေဆုံး

March 2, 2026

ရခိုင်တွင် ဝယ်သူထက် ပြန်ရောင်းသူ များနေ၍ ရွှေဈေး အနည်းငယ်ပြန်ကျ

February 28, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.