• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • စစ်ကောင်စီကြောင့် တစ်လတည်းတွင် အမျိုးသမီး ၃၀ ကျော်သေဆုံး
  • ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီ ကြိုးပမ်း
  • မွန်ပြည်နယ်တွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းမြင့်တက်
  • ရုရှား ယူကရိန်းစစ်ပွဲအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှု ရုရှား ပြုလုပ်
  • မကွေးတိုင်း ကျောက်ဆုံရွာကို စစ်ကောင်စီ မီးရှို့
  • ဂျပန် NHK သတင်းဌာန ရွှေသံလွင်မီဒီယာနှင့် ရပ်ဆိုင်းခဲ့မှု ပွင့်လင်းမြင်သာမှုမရှိဟုဆို
  • ဆေးကုသခွင့်မရ၍ နိုင်ကျဉ်း တစ်ဦး ထပ်မံကျဆုံး
  • ယူကရိန်းသမ္မတလိုခေါင်းဆောင်မျိုးလိုအပ်နေတဲ့ နွေဦးတော်လှန်ရေး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ဆီဆို ပြေးတိုး၊ ဆေးရိုး မဖူလုံ ၊ စပါး ကျီမှာကုန်
ဆောင်းပါး

ဆီဆို ပြေးတိုး၊ ဆေးရိုး မဖူလုံ ၊ စပါး ကျီမှာကုန်

thanlwinkhetBy thanlwinkhetOctober 28, 2023No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဆီဆို ပြေးတိုး၊ ဆေးရိုး မဖူလုံ ၊ စပါး ကျီမှာကုန်
*****************************************

ဘမောင်
အောက်တိုဘာ ၂၈၊ ၂၀၂၃။

အခုဆိုရင် မြန်မာနိုင်ငံရဲ့ နေရာတိုင်းလိုလိုမှာ ဆန်နဲ့ဆီတန်းစီ ဝယ်နေရတဲ့ မြင်ကွင်းကို အားလုံးပဲမြင်တွေ့ကြ မှာပါ။ ဒါဟာ ပြည်တွင်းစားနပ်ရိက္ခာ မလုံလောက်တာကို ညွန်းဆိုနေတဲ့မြင်ကွင်းပါပဲ။စစ်အုပ်စုဟာ သမိုင်း ခေတ်တလျှောက်လုံး အချင်းချင်းခွက်စောင်းခုတ်၊ စားခွက်လုတဲ့အလုပ်နဲ့နိုင်ငံ့ထွက်ကုန် အတိုအစတွေပါ မချန် အိတ်ကပ်ထဲထည့်တဲ့ အလုပ် ၂ ခုကို အားသွန်ခွန်စိုက်လုပ်ခဲ့ပြီးပြည်သူတွေကတော့ မကျေနပ်ခြင်း များ စွာနဲ့ နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ကြပါတယ်။

“ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ” ဆိုတဲ့ စကားပုံကစစ်အာဏာရှင်အဆက်ဆက်လက်အောက် မှာ ရင်နင့်ဖွယ်ဟာသတစ်ခုဖြစ်နေခဲ့ပါပြီ။ ဆန်ကိုအဓိကစားသုံးပြီးစပါးကိုအဓိကစိုက်ပျိုးတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဘာကြောင့် ဒီလိုမျိုးဆိုးဆိုးရွားရွားအခြေအနေတွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာက စိတ်ဝင်စားစရာ ကောင်းတဲ့အခြေအနေအခင်းအကျင်းတစ်ခု ဖြစ်နေပါတယ်။

မိုးတက်လုမတတ်ဖြစ်နေတဲ့ ဆန်စျေး
*********************************

အာဏာသိမ်းကာလ ၂ နှစ်ခွဲအတွင်းမှာပဲ ဆန်စျေးဟာ ပုံမှန်ရှိခဲ့တဲ့စျေးနှုန်းထက် ၄ ဆနီးပါးမြင့်တက်သွားပြီး ပြီးခဲ့တဲ့ ၁၀ နှစ်ကစျေးနှုန်းတွေနဲ့ နှိုင်းယှဥ်ကြည့်ရင်ပြည်တွင်းဆန်စျေးနှုန်းအမြင့်ဆုံးကို ရောက်နေပါတယ်။ ဆန်ကြမ်း နဲ့ ဆန်ချော ၂မျိုးခွဲပြောရင်တောင် ဆန်ကြမ်း ၁ အိတ်ကို ၂၀၂၃ သြဂုတ်လမှာ အနည်းဆုံး ငွေကျပ် ၆၀,၀၀၀ ကနေကျပ် ၈၀၀၀၀ အထိ ဈေးပေါက်နေပြီး ဆန်ချော ၁ အိတ်ကို ငွေကျပ် ၉၅,၀၀၀ ကနေ ၁၅၀,၀၀၀အထိ ရှိနေပါတယ်။ အာဏာသိမ်းစ ၂၀၂၁ ခုနှစ်မှာ ဆန်ကြမ်း ၁ အိတ်ကို ငွေကျပ် ၂၀,၀၀၀သာရှိခဲ့တဲ့အတွက် ဆန် ၁ ပြည် ၈၀၀ ကျပ်ကျော်ပဲကျသင့်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ဧည့်မထဆန်ကြမ်း ၁ ပြည်ကိုတောင် ၃,၃၀၀ ကျပ်ဈေး ပေးဝယ်နေရတဲ့အတွက် ဆန်ဈေး ၄ဆကျော်တက်သွားခဲ့ပါတယ်။

ဆန်ဈေးတက်ရခြင်း အကြောင်းရင်းခံများ
*************************************

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ကမောက်ကမစီးပွားရေးစီမံကိန်းတွေအောက်ဒေါ်လာဈေးထိုး တက်ခဲ့ပြီး မြန်မာ့ကျပ်ငွေတန်ဖိုး တအိအိကျဆင်းလာတာကဆန်ဈေးတက်လာစေတဲ့ အဓိကအကြောင်း အရင်း ၁ ခုဖြစ်ပါတယ်။ကျပ်ငွေအပေါ်ယုံကြည်မှုနည်းလာပြီးနောက် ငွေအရင်းအနှီးရှိသူတွေက အိမ်၊ ခြံ၊ မြေ၊ ကား၊ရွှေအပြင် ဆန်၊ စပါးဝယ်ယူလှောင်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံလာကြပါတယ်။ ကျပ်ငွေ ၂၀,၀၀၀ တန်ရိုက် ထုတ်ပြီးလိုက်တဲ့နောက်ပိုင်းမှာတော့ ပိုပြီး သိသာထင်ရှားလာခဲ့ပါတယ်။

ဆန်ဈေးတက်ရတဲ့ နောက်ထပ်အရေးကြီးတဲ့အချက် ၁ ခုကတော့စစ်ကိုင်းတိုင်းဒေသကြီးရဲ့စစ်မီးကြောင့် ဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာ
စပါးတန်ချိန်အများဆုံးထွက်တာက ဧရာဝတီတိုင်းဖြစ်ပြီး ပဲခူးတိုင်း၊ ရန်ကုန်တိုင်း နဲ့စစ်ကိုင်းတိုင်းတို့က အစဥ်လိုက်ရှိပါတယ်။ တစ်နိုင်ငံလုံးမှာ လူစားသုံးမှုများပြီး ဝယ်လက်များတဲ့ဘေးကြား လို့ခေါ်တဲ့ ရွှေဘိုပေါ်ဆန်းထွက်တာကလည်း စစ်ကိုင်းတိုင်းပဲရှိပါတယ်။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကိုကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့ကထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရဆိုရင် ၂၀၂၁ ခုနှစ် မတိုင်ခင်အထိ မြန်မာနိုင်ငံမှာနှစ်စဉ်တစ်နိုင်ငံလုံးစပါးစိုက်ဧက ၁၇ သန်း ကျော် စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းအနေနဲ့လည်းတစ်နှစ်ကိုစပါးတန်ချိန် ၂၇ သန်းဝန်းကျင်ရှိခဲ့ပါတယ်။ စစ်ကိုင်း တိုင်းဒေသကြီးကိုစစ်ကောင်စီရဲ့ထိုးစစ်တွေဝင်လာပြီးနောက်ပိုင်း စပါးကျီပေါင်းသောင်းချီ မီးရှို့ခံလိုက်ရတာ၊ထောင်နဲ့ချီတဲ့ဆန်စက်နဲ့ ဆန်ဂိုထောင်တွေ မီးရှို့ခံလိုက်ရတာကြောင့် တောင်သူတွေအတိဒုက္ခရောက်ကုန် ကြပါတယ်။

ညတွင်းချင်း စစ်ရှောင်နေရသော စစ်ကိုင်းတိုင်း၊ ကျေးရွာတစ်ရွာကပြည်သူများ။ (ဓာတ်ပုံ -ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
ညတွင်းချင်း စစ်ရှောင်နေရသော စစ်ကိုင်းတိုင်း၊ ကျေးရွာတစ်ရွာကပြည်သူများ။ (ဓာတ်ပုံ –
ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

BBC သတင်းတစ်ပုဒ်ရဲ့ဖော်ပြချက်မှာတော့ ဆန်စပါးအဖွဲ့ချုပ်က အမည်မဖော်လိုတဲ့အဖွဲ့ဝင် ၁ ဦးကပုံမှန်စိုက် ဧကထက် လက်ရှိကာလအထွက်နှုန်းက ဆန်တန်ချိန် ၅ သန်း ကနေ ၈ သန်းကြားလျေ့ာကျသွားတယ် လို့ ပြော ဆိုထားတာတွေ့ရပါတယ်။

ဒါ့အပြင် ဆန်စပါးစိုက်ပျိုးရေးအတွက်အသုံးပြုရတဲ့ ကုန်ကြမ်းတွေရဲ့သွင်းအားစုစရိတ်ကြီးမြင့်မှုကလည်း ဆန် ဈေးနှုန်းအပေါ် လာရိုက်ခတ်နေပါတယ်။ အာဏာမသိမ်းခင်ကတော့ပုလဲဓာတ်မြေသြဇာ ၁ အိတ်ကို ငွေကျပ် ၄၀,၀၀၀ ဝန်းကျင်သာရှိခဲ့ပေမယ့် အာဏာသိမ်းကာလ ၂နှစ်ခွဲမှာတော့ ပုလဲဓာတ်မြေသြဇာစျေးက ကျပ် ၉၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကြားစျေးရှိနေပါတယ်။၁၅ ပတ်လည်လို့ခေါ်ကြတဲ့ ကွန်ပေါင်းဓာတ်မြေသြဇာ ၁ အိတ်ကို အာဏာမသိမ်းခင်က ငွေကျပ်၄၀,၀၀၀ ဝန်းကျင်ကနေ အခုတော့ငွေကျပ် ၁၂၀,၀၀၀ ကနေ ၁၄၀,၀၀၀ အထိပေးဝယ်ရတာတွေရှိနေပါတယ်။ တဘက်မှာလည်း လယ်ထွန်စက် ရိတ်သိမ်းခြွေလှေ့စက်တွေနဲ့သယ်ယူ ပို့ဆောင်ရေးမှာအသုံးပြုတဲ့ စက်သုံးဆီစျေးကလည်း အာဏာမသိမ်းခင်ကစျေးနဲ့တွက်ကြည့်ရင် ၃ ဆတိုးပေး ပြီး ဝယ်နေရပါတယ်။ ဖော်ပြခဲ့သလိုကုန်ကျစရိတ်တွေတက်နေတဲ့အချိန်မှာ ဆန်၊ စပါးဈေးနှုန်းတက်လာရ တယ်ဆိုတာမြင်သာတဲ့အကြောင်းအချက်တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။

ဈေးနှုန်းမြင့်တက်လာခြင်းအပေါ် စစ်ကောင်စီရဲ့ကမောက်ကမ ဖြေရှင်းမှုများ
*********************************************************************

လူဦးရေ ၅၅ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံက ဆန်ကိုအဓိကထားစားသုံးတဲ့ နိုင်ငံတွေထဲပါဝင်ပါတယ်။မြန်မာ့ လူဦးရေ ၅၅ သန်းကျော်က နှစ်စဥ်ဆန်တန်ချိန် ၁၀ သန်းနီးပါးစားသုံးတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနရဲ့စာရင်းက ဖော်ပြပါတယ်။ နိုင်ငံတကာသုတေသနအဖွဲ့တွေနဲ့မြန်မာနိုင်ငံဆန်စပါး အသင်းတွေရဲ့ဖော်ပြချက်အရဆိုရင်လည်း လူ ၁ ဦးကို တစ်နှစ် ၁၅၅ ကီလိုဂရမ်
(၉၇ ပြည်ခန့်) အထိ စားသုံး ကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)ရဲ့ ၂၀၂၃ ခုနှစ်၊ နှစ်စပိုင်းက ထုတ် ပြန်ချက်မှာဆိုရင် ရန်ကုန်မြို့က လူ၃,၀၀၀ ကို စစ်တမ်းကောက်ယူမှုအရ ပြီးခဲ့တဲ့ ၁ နှစ် အတွင်း ကုန်စျေးနှုန်း တက်လာပြီးဝင်ငွေနဲ့မလောက်လို့ အစားလျှော့စားရတဲ့အထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုလို ပြည်တွင်းစားနပ်ရိက္ခာမလုံလောက်မှုနဲ့ ဆန်ဈေးစံချိန်တင်မြင့်မားနေမှုကို ထိန်းချုပ်ဖို့စစ်အုပ်စုရဲ့ ရွှေ ဦးနှောက်ကထွက်လာတဲ့ ဖြေရှင်းနည်းကတော့ စီးပွားရေးလုပ်ငန်းရှင်တွေကိုဖမ်းဆီးခြိမ်းခြောက်ဖို့နဲ့ စျေး ကွက်ကို ဝင်ရောက်ခြယ်လှယ်ဖို့ပဲဖြစ်ပါတယ်။

အခုနှစ် မိုးစပါးပေါ်ချိန်မှာ စပါးစိုက်တောင်သူတွေ နစ်နာမှုမရှိစေဖို့နဲ့ စပါးစျေးတည်ငြိမ်စေဖို့ဆိုပြီးမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ စပါးအမျိုးအစားအလိုက် ရည်ညွှန်းစျေးနှုန်းသတ်မှတ်တာကိုထုတ်ပြန်ခဲ့ပါတယ်။ ဆန်စပါးအသင်းချုပ်ကထုတ်ပြန်ချက်မှာ စပါးတင်း ၁၀၀ စျေးနှုန်းတွေဖြစ်တဲ့ဧည့်မထ ငစိန်စပါးအုပ်စုကို ကျပ် ၁၃ သိန်း ကနေ ၁၅ သိန်း၊ ဧရာဝတီပေါ်ဆန်းအုပ်စုကတော့ ၁၆သိန်း ကနေ သိန်း ၂၀၊ ရွှေဘို စပါးအုပ်စုက ကျပ် ၁၈ သိန်း ကနေ သိန်း ၂၀ နဲ့ ဧရာမင်း၊ဧရာပဒေသာစပါးအုပ်စုတွေကတော့ ကျပ် ၁၆ သိန်း ကနေ ၁၈ သိန်း နှုန်းတွေနဲ့သတ်မှတ်ထားတာဖြစ်ပါတယ်။ သတ်မှတ်လိုက်တဲ့စပါးစျေးက စပါးစိုက်တောင်သူတွေအတွက် ၅၀ ရာခိုင်နှုန်းအကျိုးအမြတ် ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းလည်းအခြေခံ စပါးစျေးတွေကို စစ်ကောင်စီကထုတ်ပြန်လေ့ရှိပြီး အဲဒီတုန်းကလည်းစျေးကွက်ပေါက်စျေးဟာ အခြေခံရည် ညွှန်းစပါးစျေးနှုန်းရဲ့ အပေါ်တွင်ဖြစ်ပါက
စျေးကွက်ပေါက်စျေးအတိုင်းဝယ်ယူရန်နဲ့ စျေးကွက်ပေါက်စျေးဟာအခြေခံရည်ညွှန်းစပါးစျေးနှုန်းအောက်တွင်ဖြစ်ပါက အခြေခံစျေးနှုန်းအတိုင်းဝယ်ယူရမည်ဖြစ်တယ်လို့ ထုတ် ပြန်ခဲ့ပါတယ်။

ညတွင်းချင်း စစ်ရှောင်နေရသော စစ်ကိုင်းတိုင်း၊ ကျေးရွာတစ်ရွာကပြည်သူများ။ (ဓာတ်ပုံ -ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
ညတွင်းချင်း စစ်ရှောင်နေရသော စစ်ကိုင်းတိုင်း၊ ကျေးရွာတစ်ရွာကပြည်သူများ။ (ဓာတ်ပုံ –
ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

လက်ရှိမှာတော့ စျေးကွက်ပေါက်စျေးဟာ စပါးအမျိုးအစားအလိုက် စပါးတင်း ၁၀၀ ကို အနည်းဆုံးကျပ် ၁၅ သိန်းကျော်ကနေ အများဆုံး သိန်း ၂၀ ကျော် ပေါက်နေပါတယ်။ စိုက်ပျိုးရိတ်သိမ်းစရိတ်၊သွင်းအားစုကုန်ကျ စရိတ် စတာတွေ အဘက်ဘက်ကစျေးမြင့်နေတဲ့အချိန်မှာ စပါးစျေးနှုန်းတွေကပြင်ပပေါက်စျေးနဲ့နှိုင်းယှဥ်ရင် စျေးနည်းနေတဲ့အတွက် တောင်သူလယ်သမားတွေအရှုံးပေါ်ဖို့ပဲရှိနေပါတယ်။

ဒါဟာ စစ်ကောင်စီက စျေးကွက်အခြေအနေကို မသိကျိုးကျွံပြုပြီး ရေတိုအတွက်လွယ်လွယ်ဖြေရှင်းလိုက်တဲ့ နည်းလမ်းတစ်ခုပါ။ ရေရှည်မှာဆိုရင်အဲသလိုစျေးကွက်ကမောက်ကမဖြစ်မှုရဲ့ ဆိုးရွားတဲ့အကျိုးဆက်တွေ ကြောင့်ပြည်သူတွေ

ဒီထက်ပိုဒုက္ခရောက်ကြရဦးမှာပါ။ ဒါကိုလည်း စစ်တပ်က ဂရုစိုက်နေမှာတော့မဟုတ်ပါ ဘူး။စစ်အာဏာရှင်အဆက်ဆက်ဟာ သူတို့အုပ်ချုပ်နိုင်ဖို့ကိုသာစဥ်းစားပြီး ပြည်သူတွေသာယာဝပြောဖို့ရေရှည်ကောင်းကျိုးဖြစ်ထွန်းစေဖို့အတွက် ရည်ရွယ်ချက်စိုးစဥ်းမျှမရှိဘူးဆိုတာလည်းပြည်သူအားလုံးအသိပါ ပဲ။

ကုန်စျေးနှုန်းထိန်းချုပ်မှုရဲ့ ကိုယ့်ရှူးကိုယ်ပတ်စီမံကိန်းကြီး
****************************************************

ဆန်ဈေးအပါအဝင် တခြားသောအခြေခံကုန်စည်တွေ ဈေးနှုန်းမြင့်တက်လာတာကစီးပွားရေးသမားတွေရဲ့ လောဘတက်မှုကြောင့်လို့ စစ်ကောင်စီက အလွယ်တကူပဲတံဆိပ်ကပ်လိုက်ပါတယ်။ ‘’ဝိသမလောဘသမား တွေ’’ လို့ သြဂုတ်လ ၂၂ ရက်၊စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောဆိုခဲ့ပြီးတဲ့ နောက်စီးပွားရေးသမားတွေကို စစ်ကောင်စီက သိသိသာသာပစ်မှတ်ထားလာပါတယ်။ဒေါ်လာပြတ်လပ်ခြင်း ကြောင့် တိုင်းပြည်စီးပွားရေးပျက်ယွင်းလာပြီးကုန်ဈေးနှုန်းတွေမြင့်တက်သွားတာက စစ်ကောင်စီကြောင့် မဟုတ်ဘဲမသမာတဲ့စီးပွားရေးလုပ်ငန်းရှင် ဝိသမလောဘသားတွေကြောင့်လို့ စွပ်စွဲခဲ့ပြီးနောက်မှာပဲ အဖမ်းအဆီးတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပါတယ်။

စစ်ကောင်စီဟာ “ဝိသမလောဘသားတွေ”ဆိုတဲ့ခေါင်းစဥ်နဲ့ မဲမဲမြင်ဖမ်းဆီးမေးမြန်းရာကနေဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အထူးယုံကြည်စိတ်ချရသူ စူပါဗိုလ်ချုပ်လို့ခေါ်ကြတဲ့ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဆီပါ မီးခိုးကြွက်လျှောက်လိုက်သွားတဲ့အခြေအနေထိဖြစ်သွားခဲ့ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဆိုတာ သမ္မတဦးဝင်းမြင့်ကိုသေနတ်ထောက် ခြိမ်းခြောက်ဖမ်းဆီးတဲ့နေရာမှာ ဦးဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။

ဒေါ်လာဈေးထိန်းချုပ်ဖို့၊ ကုန်ဈေးနှုန်းကျဆင်းဖို့လုပ်ဆောင်ရာကနေ စစ်ကောင်စီခေါင်းဆောင်ဟာမကူနိုင် မကယ်နိုင် အခြေအနေမျိုးအထိ ရောက်သွားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ကိုယ့်ရှူးကိုယ်ပတ်ဖြစ်ရပ်က စစ်အုပ်စုအဖွဲ့ဝင်တွေကြားမှာရှိတဲ့ အကျိုးစီးပွားဆက်နွယ်မှုတွေမသေချာလာတော့တာကို ဖော်ပြနေတာပါပဲ။ စစ်အုပ်စုအဖွဲ့ဝင်တွေကြား အကျိုးစီးပွားချည်နှောင်မှုမသေချာလျော့ရဲလာတာက စစ်အာဏာရှင်စနစ် ယိမ်း ယိုင်လာမှုလို့လည်း မှတ်ယူရနိုင်ပါတယ်။

ညတွင်းချင်း စစ်ရှောင်နေရသော စစ်ကိုင်းတိုင်း၊ ကျေးရွာတစ်ရွာကပြည်သူများ။ (ဓာတ်ပုံ -ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
ညတွင်းချင်း စစ်ရှောင်နေရသော စစ်ကိုင်းတိုင်း၊ ကျေးရွာတစ်ရွာကပြည်သူများ။ (ဓာတ်ပုံ –
ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

စစ်ကောင်စီအခက် ပြည်သူ့အချက်
*******************************

စစ်အာဏာရှင်စနစ်အုပ်ချုပ်မှုအောက်က ပြည်သူတွေဟာ စားနပ်ရိက္ခာသာယာဝပြောမှုအတွက်အာမခံချက် လုံးဝမရှိတာ အထင်အရှားပါပဲ။။ စစ်အုပ်စုဟာသူတို့အကျိုးစီးပွားထူထောင်ရေးအတွက် ဘယ်သူတွေကိုမဆို ချနင်းလိုက်ဖို့လည်း ဝန်လေးနေမှာမဟုတ်ပါဘူး။ ဒါကြောင့်လည်း အတိဒုက္ခရောက်နေတဲ့ ပြည်သူ တစ်ရပ် လုံးအနေနဲ့မိမိတို့ခံစားနေရတဲ့ ဒုက္ခနဲ့ဒေါသတွေကို စစ်ကောင်စီအပေါ်ပုံချပြီး စစ်ကောင်စီအခက် ပြည်သူ့အချက်လို့မှတ်ယူဖို့လိုပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဖြစ်ပေါ်လာတဲ့ဒေါသတွေကိုလည်းတော်လှန် ဒေါသအဖြစ်ပြောင်းလဲပြီး အထွေထွေအကြပ်အတည်းများမှသည်အထွေထွေသပိတ်ကြီးဆီသို့ ချီတက် တိုက်ပွဲ ဝင်ကြရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကော့ကရိတ်မြို့ပေါ်၌ တိုက်ပွဲဆက်လက်ဖြစ်ပွား၊ နှစ်ဖက်ကျဆုံးမှုရှိ
Next Article နှစ်ရက်တာ ထိုးစစ်အတွင်း စစ်ကောင်စီတပ်စခန်း ၄၀ နီးပါး သိမ်းပိုက်ရရှိခဲ့ဟု MNDAA ထုတ်ပြန်
thanlwinkhet
  • Website

Related Posts

ယူကရိန်းသမ္မတလိုခေါင်းဆောင်မျိုးလိုအပ်နေတဲ့ နွေဦးတော်လှန်ရေး

July 9, 2025

ကျောက်မဲကို တစ်လထဲ သုံးကြိမ်မြောက် ဗုံးကြဲ၊ ဒေသခံများ ထိခိုက်မှုရှိ

June 29, 2025

စစ်ဝါဒီတွေစိုးမိုးဗိုလ်ကျရာ အရှေ့တောင်အာရှ

June 29, 2025

Leave A Reply Cancel Reply

Recent Posts

  • စစ်ကောင်စီကြောင့် တစ်လတည်းတွင် အမျိုးသမီး ၃၀ ကျော်သေဆုံး
  • ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီ ကြိုးပမ်း
  • မွန်ပြည်နယ်တွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းမြင့်တက်
  • ရုရှား ယူကရိန်းစစ်ပွဲအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှု ရုရှား ပြုလုပ်
  • မကွေးတိုင်း ကျောက်ဆုံရွာကို စစ်ကောင်စီ မီးရှို့

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

စစ်ကောင်စီကြောင့် တစ်လတည်းတွင် အမျိုးသမီး ၃၀ ကျော်သေဆုံး

ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီ ကြိုးပမ်း

မွန်ပြည်နယ်တွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းမြင့်တက်

ရုရှား ယူကရိန်းစစ်ပွဲအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှု ရုရှား ပြုလုပ်

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

စစ်ကောင်စီကြောင့် တစ်လတည်းတွင် အမျိုးသမီး ၃၀ ကျော်သေဆုံး

July 10, 2025

ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီ ကြိုးပမ်း

July 10, 2025

မွန်ပြည်နယ်တွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းမြင့်တက်

July 10, 2025

ရုရှား ယူကရိန်းစစ်ပွဲအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှု ရုရှား ပြုလုပ်

July 10, 2025

မကွေးတိုင်း ကျောက်ဆုံရွာကို စစ်ကောင်စီ မီးရှို့

July 9, 2025

ဂျပန် NHK သတင်းဌာန ရွှေသံလွင်မီဒီယာနှင့် ရပ်ဆိုင်းခဲ့မှု ပွင့်လင်းမြင်သာမှုမရှိဟုဆို

July 9, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.