• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်
  • ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့
  • လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ
  • “အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်
  • ရခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခ ၅ ဆခန့် မြင့်တက်လာ
  • ဖားအံထောင်မှ အကျဉ်းသား ၃၈ ဦးကို KNU လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်
  • နတ်မောက်အရှေ့ခြမ်း တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၈ ဦး သေဆုံး
  • မတ်လအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အမျိုးသမီး ၁၄၀ ကျော်ထိခိုက်သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»မတည်မြဲသော အပစ်ရပ်စာချုပ်များနှင့် ကတိမတည်သော မြန်မာစစ်တပ် (ဇာတ်သိမ်းပိုင်း)
ဆောင်းပါး

မတည်မြဲသော အပစ်ရပ်စာချုပ်များနှင့် ကတိမတည်သော မြန်မာစစ်တပ် (ဇာတ်သိမ်းပိုင်း)

thanlwinkhetBy thanlwinkhetOctober 26, 2023No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်
အောက်တိုဘာ ၂၆၊ ၂၀၂၃

NCA အလုပ်ဖြစ်၊ မဖြစ်
*********************

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာစစ်တပ်ကအာဏာသိမ်းယူခဲ့ပြီး အဆိုပါစစ်အာဏာသိမ်းမှုကိုNCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ချင်းဆီကရော၊အစုအဖွဲ့အနေဖြင့်ပါ ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။ အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ပေါက်လာကြသောPDF များ၏ ခုခံတော်လှန်စစ်ကလည်း နောက်ထပ်အခင်းအကျင်းတစ်ရပ် ဖြစ်လာခဲ့သည်။နိုင်ငံအနှံ့ပေါ်ပေါက်လာကြသော PDF များ၏အနည်းဆုံးအရေ အတွက်မှာ ၁၈၀ ကနေအများဆုံးသောင်းဂဏန်းကျော်ရှိနေပြီး အဆိုပါ PDF များ၏ ခုခံတော်လှန်စစ်ကို ချင်းပြည်နယ်နှင့်မြန်မာနိုင်ငံ အနောက်မြောက်လွင်ပြင်ဒေသဖြစ်သော စစ်ကိုင်းတိုင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသတွင် အများဆုံးတွေ့ရပြီး ကယားပြည်နယ်တွင်လည်း တိုက်ခိုက်မှုအရှိန်မြင့်နေပါသည်။

အစကတည်းက အားနည်းချက်များရှိနေခဲ့သော NCA နှင့်စစ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ပေါက်လာသည့် အသစ်အသစ်သောအခင်းအကျင်းများကငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဥ်အပေါ် ရိုက်ခတ်ခဲ့ပါသည်။ NCA တွင် အခြေပြုထားသောငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် EAO အားလုံးပါဝင်နိုင်မှုမရှိ ဟူသောအငြင်းပွားမှုများ ဆူညံနေ ချိန်မှာပဲဗဟိုချုပ်ကိုင်မှုလွန်ကဲခြင်းကလည်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဥ်ကို ရှေ့မရောက်စေတော့ဘဲ ပို၍သာအကျပ်ရိုက်စေခဲ့ပါသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဖြစ်စဥ်တစ်ခုလုံးပျက်စီးသွားပြီး NCAပျက်ပြယ် ပြီဆိုသော သုံးသပ်ချက်များထွက်ပေါ်လာခဲ့သည်။ NCA သို့တည်းမဟုတ် NCAကိုပြင်ဆင်ပြီးရှေ့ဆက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ အလုပ်ဖြစ်ပါဦးမည်လား. ..ဟူသောမေးခွန်းကို ABSDF – မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဆန်နီက –

” NCA က ပြီးခဲ့တဲ့ အရပ်သား၊ စစ်တစ်ပိုင်းအစိုးရလက်ထက်တွေမှာလုပ်ခဲ့ကြတယ်လေ။ အဓိကကတော့နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းပြီးတော့ ဖက်ဒရယ်စနစ်နဲ့ဒီမိုကရေစီစနစ်ကိုပြောင်းပြီးတော့ စနစ်တစ်ရပ် ထူထောင်ဖို့အတွက်၊ပြည်ထောင်စုတစ်ရပ်ထူထောင်ဖို့အတွက် ဆောင်ရွက်ခဲ့တာဖြစ်တယ်လေ။ ဒါ NCA ရဲ့ရည် ရွယ်ချက်ပေါ့နော်။ NCA ရဲ့အနှစ်သာရကလည်း ၃ ခုပေါ့။ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့တွေ့ဆုံအဖြေရှာ ရေး၊ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အင်အားစုတွေအားလုံးပါဝင်ပြီးတော့တန်းတူရည်တူရှိတဲ့၊ အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ ဆုံဆွေးနွေးပွဲကနေတဆင့် ကျွန်တော်တို့တိုင်းပြည်ပြည်ထောင်စုတည်ဆောက်ရေး၊ နောက်တစ်ခုကတော့ အရပ် သားများ ကာကွယ်ပေးရေးဆိုတဲ့ ဒီ ၃ခုပေါ်မှာအခြေခံပြီး ဆောင်ရွက်ခဲ့ကြတဲ့ကိစ္စရပ်တွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့်စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာတော့ ဒီအနှစ်သာရတွေကော၊ ဒီဆောင်ရွက်ချက်တွေအားလုံးက ပြီးပြတ်သွားပြီလို့ပဲ နားလည်ထားပါတယ်ဗျ”  ဟု သံလွင်ခက်ကိုပြောသည်။

ABSDF သည် NCAတွင်ပါဝင်လက် မှတ်ရေးထိုးခဲ့ပြီး NCA ၈ နှစ်ပြည့်အခမ်းအနားတက်ရန်စစ်ကောင်စီကဖိတ်ခေါ်ခဲ့သော်လည်း KNU ၊ CNF တို့နှင့် ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ပြီးငြင်းဆိုခဲ့သည်။

NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသော EAOs တွေကပင် NCA သည် အလုပ်မဖြစ်တော့ဟုပြောဆိုလာခဲ့ ကြသည်။ ISP-Myanmar ကပြုစုထားသောစစ်တမ်းတစ်ခုတွင်လည်း NCAအလုပ်မဖြစ်နိုင်တော့ဘူးဟု ယူဆမှုက ၆၆ ရာခိုင်နှုန်းရှိနေပြီး ၂၂ ရာခိုင်နှုန်းကသာ NCAအလုပ်ဖြစ်သေးတယ်ဟု သဘောထားမှတ်ချက်ပေးခဲ့ကြောင်း ဖော်ပြထားသည်။ NCA ကိုလိုအပ်သောပြင်ဆင်မှုများဆောင်ရွက်နိုင်ရင် ရှေ့ဆက်သွားနိုင်မည်ဟု မျှော်လင့်နေကြ သူများရှိသလိုတစ်ဘက်တွင်လည်း ကနဦးကတည်းကပင်အားနည်းချက်အမြောက်အများရှိနေသော သဘောတူညီချက်ဖြစ်နေသည့်အပြင် ရွေးကောက်ခံအစိုးရ၊ လွှတ်တော် စသည့်ယန္တရားများမရှိတော့သည့်အတွက် NCA သည် ရှေ့ဆက်အလုပ်မဖြစ်နိုင်တော့ဟု ယူဆနေကြသူများလည်းရှိသည်။

ယခင်အစိုးရလက်ထက် ဗိုလ်ချုပ်ရာပြည့် ပါဝင်သော ဆွေးနွေးပွဲတစ်ခု။ (ဓာတ်ပုံ - သံလွင်ခက်)
ယခင်အစိုးရလက်ထက် ဗိုလ်ချုပ်ရာပြည့် ပါဝင်သော ဆွေးနွေးပွဲတစ်ခု။ (ဓာတ်ပုံ – သံလွင်ခက်)

NCA သေဆုံးပြီ
**************

၂၀၁၁ ခုနှစ် ဩဂုတ်လတွင် သမ္မတဦးသိန်းစိန်စတင်ကမ်းလှမ်းခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဥ်သည်အစိုးရနှစ် ဆက်လက်ထက် ဆယ်စုနှစ်တစ်ခုတိုင်ခဲ့သည်။ ဆယ်နှစ်တာကာလအတွင်း NCA စာချုပ်တွင်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ပါဝင်လက်မှတ်ရေးထိုးခဲ့သော်လည်းပြည်တွင်းစစ်၏ရေသောက်မြစ်ကို အဆုံးမသတ်နိုင်ခဲ့ပေ။ ယခင်အစိုးရများလက်ထက်တလျှောက်လုံးNCA ကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ဖျက်မှုရပ်စဲရေးစာချုပ်ဟု သုံးနှုံး ခေါ်ဝေါ်ခဲ့ကြသော်လည်း NCAပြင်ပတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးများ ရှိနေပါသေးသည်။ ယင်း တွင် ” ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA ၊ ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ၊ ရက္ခိုင့်တပ်တော် – AAတို့ကဲ့သို့သောအဖွဲ့များ ပါဝင်နေသည်။ ထို့ ကြောင့်လည်း NCA သဘောတူညီချက်ဆိုသည်ကမည်သည့်အခါတုန်းကမျှ ”အင်အားစုအားလုံးကိုလွှမ်းခြုံသော သဘောတူညီချက်တစ်ရပ်” ဖြစ်မလာခဲ့ပေ။ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ဆောင်ရွက်နေခဲ့သောကာလများမှာပဲအောက်ခြေပြည်သူလူထုမှာတော့”နေ့စဥ်ဘဝ ငြိမ်းချမ်းရေးများ” ပျောက်ဆုံးနေခဲ့ရပါသည်။

NCA စာချုပ်တွင် အခန်း ၇ ခန်း၊ အပိုဒ် ၃၃ ပိုဒ်ပါဝင်ပြီး ”ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးကိုဦးတည်သည်” ဟု နိဒါန်းချီထားသော်လည်း နိုင်ငံတကာကပြုစုထားသောသုတေသနစာတမ်းများမှာတော့ ”ရှည်ကြာလွန်းသော ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များသည်သက်ဆိုင်ရာအစိုးရများ၏ ဦးဆောင်နိုင်မှုနှင့် စွမ်းဆောင်နိုင်မှုအပေါ်မူတည်ပြီးအတက်အကျရှိတတ်သည်။ ပြန်၍ ပျက်ပြယ်တတ်သည်။ ပဋိပက္ခများဆီတကျော့ပြန်လည်သွားတတ်သည်”ဟု ဖော်ပြထားပါသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ဆောင်ရွက်ခဲ့ကြသော်လည်း ပစ်ခတ်တိုက်ခိုက်မှုများလျော့ကျ မသွားခဲ့ပါ။ ထို့ကြောင့် ယခင်အစိုးရများလက်ထက်ဆောင်ရွက်ခဲ့ကြသော”ငြိမ်းချမ်းရေးလုပ်ငန်းစဥ်”ကို ”ငြိမ်းချမ်းရေး မရှိသောလုပ်ငန်းစဥ်”ဟု သုံးသပ်မှုများရှိခဲ့သည်။

ရှည်ကြာခဲ့ပြီဖြစ်သော ပြည်တွင်းစစ်များ၏ရေသောက်မြစ်တွေကို အပြီးခုတ်ဖြတ်ဖို့ရည်ရွယ်ချက်ဖြင့်၂၀၁၅ ခုနှစ် ကနေ ၂၀၂၀ ပြည့်နှစ်များအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – UPC ၅ကြိမ်ကျင်းပနိုင်ခဲ့သော်လည်း လုံခြုံ ရေးနှင့် တပ်ပိုင်းဆိုင်ရာပြဿနာများကိုတော့အစပျိုးသဘောတူညီနိုင်ခဲ့ခြင်းပင်မရှိဟု သိရသည်။ ၎င်းအပြင် နယ် စည်းပိုင်းခြားသတ်မှတ်ရေးသဘောတူညီချက်များကိုလည်း သဘောတူနိုင်ခဲ့ခြင်းမရှိသည့်အတွက် လက်နက်ကိုင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။ အာဏာသိမ်းမှုမတိုင်ခင် ယခင် NLD အစိုးရလက်ထက်ကတည်းကပင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ကြန့်ကြာတစ်ဆို့မှုများရှိခဲ့သည့်အတွက် ”NCA သည် သေဆုံးပြီ”ဟုတချို့လူများက သုံး သပ်ခဲ့ဖူးသည်။ အဆိုပါသုံးသပ်ချက်က ပိုမှန်လာခဲ့သော်လည်းအာဏာသိမ်းပြီးနောက်ပိုင်း NCA တွင်ပါဝင် လက် မှတ်ရေးထိုးခဲ့ကြသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကလည်း NCA ကိုဆက်လက်ဆုပ်ကိုင်ထားတုန်း ပင်။NCA အတွက် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင် လပေါင်း ၅၀ ကျော်ကြာမြင့်ခဲ့ပြီး ဆွေးနွေးပွဲပေါင်း၂၅၀ ကျော် ပြုလုပ်ခဲ့ရသည်။ အဆိုပါငြိမ်းချမ်းရေးလုပ်ငန်းစဥ်ပေါ်ပေါက်လာနိုင်ရန်ပြည်တွင်းအင်အားစုများကိုယ်တိုင် ပါဝင် ကြိုးပမ်းမှုအပြင် အစိုးရ၊ EAOs နှင့် နိုင်ငံရေးပါတီများ၏ ဖက်စပ်လုပ်ငန်းစဥ်အဖြစ် ဂုဏ်ယူပြောဆိုခဲ့ကြသည်။ မြန်မာစစ်တပ်ကလည်း NCAသဘောတူညီချက်သည် တိုင်းရင်းသားအုပ်စုများဘက်က စတင်အဆိုပြုခြင်းဖြစ်ပြီး မိမိတို့စစ်တပ်ကတိုင်းရင်းသားအုပ်စုများ၏လိုလားချက်များကို လက်ခံစဥ်းစားပေးခြင်းဖြစ်သည်ဟု မြင်ထားသည်။နောက်ဆုံးမှာတော့ တပ်မတော်၊ EAOs နှင့် နိုင်ငံရေးပါတီများအားလုံး၏ သဘောတူညီချက်အဖြစ်ရှုမြင်ခဲ့ကြသည်။

NCA နှင့် ပြည်ထောင်စုသဘောတူညီချက်များကိုလည်း ပြည်ထောင်စုလွှတ်တော်ကပါတရားဝင်အတည်ပြုပေးခဲ့သည်။ ထို့ကြောင့်လည်း NCA ကို ပြန်လည်ပြင်ဆင်မှုများပြုလုပ်မည်ဆိုပါကအင်အားစုအားလုံးက ပြန်လည် သဘောတူညီရန်လိုအပ်သလို ပြည်ထောင်စုလွှတ်တော်ကလည်းထပ်မံအတည်ပြုပေးဖို့လိုအပ်ပါသည်။ စစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံတွင်တရားဝင်အစိုးရနှင့် တရားဝင်လွှတ်တော် မတည်ရှိတော့ သဖြင့် ”NCA သေပြီ”ဟုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ပြောဆိုနေကြခြင်းဖြစ်ပေလိမ့်မည်။

NRPC – KNU အလွတ်သဘောဆွေးနွေးပွဲ။ (ဓာတ်ပုံ - သံလွင်ခက်)
NRPC – KNU အလွတ်သဘောဆွေးနွေးပွဲ။ (ဓာတ်ပုံ – သံလွင်ခက်)

NCA ၏ တကယ့်လက်တွေ့ပြဿနာက သဘောတူညီချက်များအပေါ်အကောင်အထည်ဖော်မှုအားနည်းလွန်းခဲ့ ခြင်းဖြစ်သည်။ လုံခြုံရေးဆိုင်ရာညှိနှိုင်းမှုမျိုးကိုလည်းမြန်မာစစ်တပ်က အစ,မခံခဲ့ပါ။ တပ်ဖွဲ့များအကြား နယ်စည်း သတ်မှတ်ရေးအတွက်လည်းမြန်မာစစ်တပ်က ဆွေးနွေးလိုစိတ်မရှိသလို အရပ်သားအစိုးရကိုယ်တိုင်ကလည်း ငြိမ်း ချမ်းရေးကိုထိထိရောက်ရောက်ဖော်ဆောင်နိုင်ဖိုအတွက် ဦးဆောင်နိုင်စွမ်း ကင်းမဲ့နေခဲ့ကြသည်ဟု ဆိုကြသည်။ထို့ကြောင့်လည်း NLD အစိုးရလက်ထက်ကတည်းကပင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မချောမွေ့မှုနှင့်တစ်ဆို့မှုများရှိခဲ့ သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ရွေးကောက်ခံအစိုးရနှင့် လွှတ်တော်ကိုစစ်ကောင်စီကဖျက် သိမ်းခဲ့ပြန်သဖြင့် NCA လုပ်ငန်းစဥ်၌အရေးပါသောအင်အားစုများမပါဝင်ကြတော့သည့်အခါ NCA သည် လုံးဝရပ် ဆိုင်းသွားခဲ့ပါတော့သည်။ NCA စာချုပ်အရဖွဲ့စည်းတည်ဆောက်ထားသော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ – UPDJC ၊ NCAပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး – JICM ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ – JMC နှင့်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – UPC စသည်များအားလုံး မရှိတော့သလို ရှေ့မဆက်နိုင်တော့ဘဲရပ်ဆိုင်းခဲ့သည်။

ယခင်ကာလများက ငြိမ်းချမ်းရေးကို အဓိကထားဆောင်ရွက်ခဲ့ကြသည့်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးဗဟိုဌာန – NRPC ကိုစစ်ကောင်စီကဖျက်သိမ်းလိုက်ပြီး ယင်းအစား ဗိုလ်ချုပ်ရာပြည့် က ဥက္ကဋ္ဌအဖြစ် ဦး ဆောင်သောအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ – NSPNC ကို ဖွဲ့စည်းခဲ့သည်။ စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဥ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ထဲတွင်လည်း NCA နှင့်ထာဝရ ငြိမ်းချမ်း ရေး စသည့်ဝေါဟာရများထည့်သွင်းဖော်ပြထားသော်လည်း မြန်မာစစ်တပ်ကတော့စစ်ပွဲများကို ပိုမိုလိုလားနေပြီး လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများကျူးလွန်ကာပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက် နေဆဲသာဖြစ်သည်။

NCA သဘောတူညီချက်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ၌ အသစ်အသစ်သောအင်အားစုများနှင့်အသစ်အသစ် သောအခြေအနေတို့အတွက် ထည့်သွင်းစဥ်းစားထားတာမျိုး မရှိပါ။ ထို့ကြောင့်လည်းNUG ၊ PDF နှင့် CRPH တို့ကို စစ်ကောင်စီက ပြီးခဲ့သော ၂၀၂၁ ခုနှစ် မေလ ၁၀ ရက်ကပင်”အကြမ်းဖက်အဖွဲ့အစည်းများ”အဖြစ် သတ်မှတ်ကြေ ညာခဲ့ပါသည်။ EAO များကိုလည်းစစ်ကောင်စီက ”ငြိမ်ဝပ်ပိပြားရေးနှင့် ချေမှုန်းရေး”သာဆောင်ရွက်ခဲ့ဖူးသဖြင့်မဟာဗျူဟာကင်းမဲ့နေပြီဖြစ်သော စစ်ကောင်စီအနေဖြင့် အထက်ဖော်ပြပါအဖွဲ့အစည်းများကိုလည်းလမ်းဟောင်း ဗျူဟာသုံးပြီးနှိမ်နင်းမည်ဖြစ်သောကြောင့် မြန်မာစစ်တပ်၏အပြုအမူများကငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကြီးတစ်ခု လုံးအတွက် အဟန့်အတားကြီးတစ်ခုသာ ဖြစ်လာနိုင်ပါသည်။စစ်တပ်အနေဖြင့် အသစ်အသစ်ပေါ်ပေါက်လာသော PDF၊ LDF နှင့် NUG တို့ကိုမြန်မာ့ငြိမ်းချမ်းလုပ်ငန်းစဥ်အတွင်း ထည့်သွင်းစဥ်းစားထားပုံမပေါ်ပါ။

နောက်ထပ်ကျန်နေသေးသည်က ပြည်သူ့စစ်များဖြစ်ကြသည်။ ယင်းတို့သည်လည်း မြန်မာနိုင်ငံ၏လက်နက်ကိုင် တပ်ဖွဲ့များဖြစ်ကြပြီး တချို့က မြန်မာစစ်တပ်နှင့်မဟာမိတ်များဖြစ်ကြသလို တချို့ကမူတိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များကို အားပေးကူညီလျက်ရှိကသည်။ ( ပြည်သူ့စစ်များအကြောင်းနောက်များတွင် အကျယ်ရေးသား ပါဦးမည်)

NUG ၊ PDF နှင့် CRPH စသည်တို့ကို စစ်ကောင်စီကအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာခဲ့သောကြောင့် ၎င်းတို့ သည်လည်းအချို့သောတိုင်းရင်းသားလက်နက်ကိုင်များနည်းတူ NCA နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ပြင်ပက အဖွဲ့အစည်းများ ဖြစ်လာပါတော့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားလာသောပြည်တွင်းပဋိပက္ခများနှင့် အင်အားစုအသစ်များကို လျစ်လျူရှု၍မရနိုင်ပါ။ပြည်တွင်းအင်အားစုများ၏သဘောထားနှင့် ဆောင်ရွက်ချက်များ က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ်တွင်အရေးအကြီးဆုံးဖြစ်သည်။

နိဂုံး
****

ညှိနှိုင်းဖြေရှင်းရေးကို နိုင်ငံတကာကတောင်းဆိုနေသည့်အချိန်တွင် အားလုံးပါဝင်သောငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို မည်သို့အစပြုနိုင်မလဲ. . .?ဆိုသည်က အရေးကြီးသော်လည်းသမိုင်းအတွေ့အကြုံများအရဆိုလျှင်တော့ မြန်မာ စစ်တပ်သည် ကိုယ်ကျိုးစီးပွားကလွဲပြီး တိုင်းပြည်နှင့်လူမျိုးအပေါ် မည်သည့်အခါကမျှ သစ္စာမရှိခဲ့ပါ။ လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလများတလျှောက်လုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်မြန်မာစစ်တပ်ကြား အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြသော်လည်းကတိကဝတ်ကို စတင်ချိုးဖောက်သူမှာ မြန်မာစစ်တပ်သာဖြစ်ကြောင်း တွေ့ရပါသည်။

ထို့ကြောင့်လည်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ်တွင် လုပ်ငန်းစဥ်အဆင့်များစွာကိုပြန်လည်ဖြတ်သန်းကြရပေလိမ့်ဦး မည်ဖြစ်ပြီးနိုင်ငံတကာကတောင်းဆိုနေသောတွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းဆီရောက်ဖို့ဝေးလို့၊ တွေ့ဆုံစကား ပြောကြမည့်အကြောင်းကိုပင်
စကားစရန်မလွယ်ကူသေးပါ။

မှီးငြမ်း
၁။ NCA အဓိပ္ပါယ်ဖွင့်ဆိုချက်များ – PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ
၂။ ISP – Myanmar

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleတရားမဝင်နယ်စပ်ဖြတ်ကျော်သည့် မူဆလင်များ မကြာခဏဖမ်းဆီးခံနေရ
Next Article ရှမ်းမြောက်ရှိ စစ်ကောင်စီတပ် နေရာအများအပြားကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တပြိုင်တည်းတိုက်ခိုက်နေ
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

Leave A Reply Cancel Reply

Recent Posts

  • ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်
  • ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့
  • လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ
  • “အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်
  • ရခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခ ၅ ဆခန့် မြင့်တက်လာ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်

ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့

လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ

“အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်

ယခင်သတင်းများ

  • April 2026
  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • သရော်စာ
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်

April 10, 2026

ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့

April 10, 2026

လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ

April 10, 2026

“အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်

April 10, 2026

ရခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခ ၅ ဆခန့် မြင့်တက်လာ

April 9, 2026

ဖားအံထောင်မှ အကျဉ်းသား ၃၈ ဦးကို KNU လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်

April 9, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.