• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီ ကြိုးပမ်း
  • မွန်ပြည်နယ်တွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းမြင့်တက်
  • ရုရှား ယူကရိန်းစစ်ပွဲအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှု ရုရှား ပြုလုပ်
  • မကွေးတိုင်း ကျောက်ဆုံရွာကို စစ်ကောင်စီ မီးရှို့
  • ဂျပန် NHK သတင်းဌာန ရွှေသံလွင်မီဒီယာနှင့် ရပ်ဆိုင်းခဲ့မှု ပွင့်လင်းမြင်သာမှုမရှိဟုဆို
  • ဆေးကုသခွင့်မရ၍ နိုင်ကျဉ်း တစ်ဦး ထပ်မံကျဆုံး
  • ယူကရိန်းသမ္မတလိုခေါင်းဆောင်မျိုးလိုအပ်နေတဲ့ နွေဦးတော်လှန်ရေး
  • ညီနောင်မဟာမိတ်အဖွဲ့ ထိန်းချုပ်နယ်မြေ ၁၀၅ မိုင်တွင် ပထမဆုံး ပြည်သူ့ဆေးရုံဖွင့်လှစ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဘာသာပြန်ဆောင်းပါး»ရှမ်းပြည်တပ်မတော် ဒီရေတက်ချိန်နှင့် ကျချိန် (ဇာတ်သိမ်းပိုင်း)
ဘာသာပြန်ဆောင်းပါး

ရှမ်းပြည်တပ်မတော် ဒီရေတက်ချိန်နှင့် ကျချိန် (ဇာတ်သိမ်းပိုင်း)

thanlwinkhetBy thanlwinkhetOctober 2, 2023No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်

အောက်တိုဘာ ၂၊ ၂၀၂၃။

အချိန်များကြာလာသည်နှင့်အမျှ SSPP ၏မဟာမိတ်ဖြစ်သော TNLA နှင့် RCSS တို့ကြား သဘောထားကွဲလွဲမှုများ ပိုပြီးပြင်းထန်လာခဲ့သည်။ ရှမ်းပြည်နယ်တွင် SSPP သည် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော TNLA ၊ KIO ၊ MNDAA ၊ UWSA ၊ AA တို့နှင့် မဟာမိတ်ဖွဲ့ထားခဲ့သည်မှာ ကာလရှည်ကြာလာခဲ့ပြီလည်းဖြစ်လေသည်။ အဆိုပါအဖွဲ့ များက ၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC) ဖွဲ့စည်းခဲ့သည်။ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများအချင်းချင်း အတူပူးပေါင်းဆောင်ရွက်မှုများက သမိုင်းကြောင်းအရလည်း ရှိခဲ့ သည်သာဖြစ်သည်။ တစ်ချိန်တုန်းကတော့ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ရှမ်းပြည်တပ်မတော်(SSA)၏ ရှမ်းပြည်မြောက်ပိုင်းလှုပ်ရှားမှုများတွင် တအာင်းခေါင်းဆောင်များသည်လည်း ပါဝင်လှုပ်ရှားခဲ့ကြသည်သာဖြစ်၏။

ပုံ ၁ – ၂၀၂၂ ခုနှစ်က ဖြစ်ပွားခဲ့သော RCSS နှင့် SSPP တိုက်ပွဲတွင် SSPP က သိမ်းဆည်းရမိခဲ့သောလက်နက်များ။ (ဓာတ်ပုံ – Twitter)

RCSS နှင့် TNLA တို့အကြားဖြစ်ပွားသောတိုက်ပွဲများတွင် SSPP အနေဖြင့်ကြားညှပ်ခဲ့သဖြင့် အခြေအနေများ မြန် မြန်ဆန်ဆန်ရှုပ်ထွေးလာခဲ့တော့သည်။ အထူးသဖြင့် နမ္မတူမြို့ဝန်းကျင်ရှိ TNLA တပ်စခန်းများတွင် SSPP က သူ့ အင်အားကို TNLA အတွက်သုံးစွဲပေးခဲ့ရသဖြင့် RCSS နှင့် SSPP – TNLA တို့အကြားတိုက်ပွဲများ မလွဲမသေဖြစ်ပေါ် ခဲ့ရလေတော့သည်။

ဒေသခံများ၏ မယုံကြည်မှုနှင့် နာကြည်းမှုများ တိုးမြှင့်လာခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းသို့ RCSS တပ်ဖွဲ့ဝင်များကိုပို့ ဆောင်ခဲ့သည်မှာ မြန်မာစစ်တပ်ဖြစ်ကြောင်း စွပ်စွဲချက်များပေါ်ထွက်လာခဲ့သည်။ SSPP ကင်းစခန်းများကို RCSS ကမသိမ်းပိုက်ခင် ရက်အနည်းငယ်အလိုတွင် SSPP ၏မြေပြင်ရှိကင်းစခန်းအချို့ကို မြန်မာစစ်တပ်ကသိမ်းပိုက်ခဲ့ သည်။ အဆိုပါနည်းပရိယာယ်နှင့်အပြုအမူများသည် RCSS နှင့် SSPP ထောက်ခံသူများကြား နားလည်မှုလွဲမှားကာ သံသယများဖြစ်ပေါ်စေခဲ့သည်။ RCSS လိုအပ်သောလက်နက်ခဲယမ်းများကို မြန်မာစစ်တပ်ကထောက်ပံ့ပေးနေ သည်ဟူသော ကောလာဟလများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့သည်။ ၅ နှစ်ကြာပြီးနောက်မှာတော့ အဆိုပါ စွပ်စွဲချက်များ ပြောင်းပြန်လှန်ခဲ့ရပြန်သည်။ မြောက်ပိုင်းရှိ RCSS တပ်များဆုတ်ခွာသွားချိန်တွင် TNLA နှင့် SSPP တပ်များ တောင်ပိုင်းသို့ရွှေ့ပြောင်းပြီး RCSS နှင့်ထိပ်တိုက်တွေ့နိုင်ရန် မြန်မာစစ်တပ်က TNLA နှင့် SSPP အတွက် လမ်းဖွင့်ပေးခဲ့သည်ဟု ဆိုသည်။

ဖော်ပြခဲ့သောအဖြစ်အပျက်များနှင့် ဇာတ်ကြောင်းများက တစ်ချိန်ကမိတ်ဆွေများဖြစ်ခဲ့ကြသော RCSS နှင့် SSPP အဖွဲ့ဝင်များသည် ယခုအချိန်တွင် ခါးသီးသောရန်သူများအဖြစ် ကိုယ့်လူမျိုးအချင်းချင်း အဘယ့်ကြောင့် ပြန်လည် တိုက်ခိုက်ရန်ပြုနေကြသနည်းဆိုသည်ကို မီးမောင်းထိုးပြနေပါသည်။ အမှန်တကယ်တော့ အဆိုပါ EAO နှစ်ဖွဲ့စလုံး သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူထားခဲ့ကြသော အဖွဲ့များသာဖြစ်ကြသည်။ RCSS သည် NCA တွင်လက်မှတ်ရေးထိုးပြီးဖြစ်သလို SSPP သည်လည်း ၁၉၈၉ ခုနှစ်ကတည်းက အပြန်အလှန်အပစ်အခတ် ရပ်စဲရေးသဘောတူညီထားပြီဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် အပစ်ရပ်သက်တမ်းကို ထပ်မံတိုးမြှင့်ခဲ့ပြီးဖြစ်သည်။ ယင်း အပြင် အဆိုပါ ၂ ဖွဲ့စလုံးနှင့် မြန်မာစစ်တပ်၏ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ၊ ဒုတိုင်းမှူးများကြား နီးကပ်သော ဆက်ဆံရေးများရှိကြောင်းကိုလည်း မြန်မာအစိုးရတာဝန်ရှိသူများဘက်က သိ ထားပြီးသားဖြစ်သည်။

ဖော်ပြခဲ့သောအကြောင်းအချက်များအရ မြန်မာစစ်တပ်သည် မိမိတို့ထံဦးတည်လာမည့် စစ်မျက်နှာသစ်များ ထပ်မံ မပေါ်ပေါက်လာနိုင်စေရန် မတူကွဲပြားသောတိုင်းရင်းသားလက်နက်ကိုင်များကြား သွေးခွဲသပ်လျှိုနည်းဗျူဟာ များကျင့်သုံးခဲ့ကြောင်း စစ်ရေးဆိုင်ရာလေ့လာဆန်းစစ်သူများပြောကြားခဲ့သည်မှာ ယခုမှမဟုတ်တော့ပါ။ Covid – 19 နှင့် ၂၀၂၀ ရွေးကောက်ပွဲများကြောင့် တစ်နိုင်ငံလုံးနိုင်ငံရေးလှိုင်းလုံးများပြင်းထန်နေချိန်၌ ရှမ်းပြည်မြောက်ပိုင်း တွင် ၂၀၂၀ ခုနှစ်အတွင်း တိုက်ပွဲငယ်များဆက်လက်ဖြစ်ပွားနေခဲ့ပါသည်။ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်အာဏာသိမ်း ပြီးချိန်မှာတော့ စစ်ကောင်စီ၏သွေးခွဲသပ်လျှိုနည်းဗျူဟာများအပေါ်စွပ်စွဲချက်များ ကျယ်ကျယ်လောင်လောင်ပျံ့နှံ့ လာခဲ့ပြန်ပါသည်။ စစ်တပ်ကအာဏာသိမ်းလိုက်ပြန်သဖြင့် အမျိုးသားနိုင်ငံရေးသည် လက်ရှိအချိန်တွင် လုံးဝ ပြောင်းလဲသွားခဲ့လေတော့သည်။

 

မြန်မာစစ်တပ်အာဏာသိမ်းမှု : မတည်ငြိမ်သောခေတ်သစ်တစ်ခုအစပြုခြင်း

***************************

မြန်မာစစ်တပ်အာဏာသိမ်းမှုကြောင့် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံနှစ်ရပ်စလုံး၏ နိုင်ငံရေးစနစ်နှင့် ဆက်ဆံရေး များ ပိုမိုကျယ်ပြန့်လာခဲ့သည်။ NLD ခေါင်းဆောင်များ ထိန်းသိမ်းခံထားရသဖြင့် စစ်တပ်၏ဖိနှိပ်မှုများ နှင့် ဖြိုခွင်းမှု များကိုတွန်းလှန်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH ၊ အမျိုးသားစည်းလုံးညီညွတ်ရေး အတိုင်ပင်ခံကောင်စီ – NUCC ၊ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များ အပါအဝင် အဖွဲ့အစည်းသစ်များ နိုင်ငံ၏နေရာအနှံ့အပြားတွင် ဆက်တိုက်ဆိုသလိုပေါ်ထွက်လာခဲ့သည်။ မြန်မာစစ် တပ်အနေဖြင့် နွေဦးတော်လှန်ရေး၏စိန်ခေါ်မှုများနှင့် လက်နက်ကိုင်လှုပ်ရှားမှုသံသရာအသစ်များကို ကိုင်တွယ် ဖြေရှင်းနေရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်ဟု လေ့လာသုံးသပ်သူများကယူဆထားကြပြီး တစ်ချိန်တည်းမှာပဲ မြန်မာစစ်တပ်သည် ရှမ်း EAO များကြား သွေးခွဲသပ်လျှိုနည်းဗျူဟာကို ပြန်လည်စတင်ခဲ့တော့သည်။ ထို့သို့ စတင် ရသည်မှာလည်း အသစ်ပေါ်ပေါက်လာသော PDF များနှင့် ရှမ်း EAO များကြား နောက်ထပ်မဟာမိတ်ဖွဲ့မှုကို တား ဆီးရန်ဖြစ်လေသည်။

 

ပုံ ၂ – စဝ်ရွက်ဆစ်နှင့် စစ်ကောင်စီခေါင်းဆောင်တို့ နေပြည်တော်တွင်တွေ့ဆုံခဲ့ကြစဥ်။    (ဓာတ်ပုံ – တပ်မတော် သတင်းမှနပြန်ကြားရေး)

အပစ်ရပ်သဘောတူညီမှုများပျက်ပြားသွားပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ – PPST ဟုလူသိများ သော နိုင်ငံရေးအလုပ်အမှုဆောင်အဖွဲ့ကို RCSS နှင့် NCA လက်မှတ်ရေးထိုးထားသော အခြား EAO များက ပြန် လည်အသက်သွင်းခဲ့ပြီး စည်းလုံးညီညွတ်မှုကိုထိန်းသိမ်းကာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဆက်လက်ထိန်း သိမ်းရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း အခြား EAO များက သတိကြီးကြီးထားနေကြပြီး ရှမ်းပြည်မြောက်ပိုင်း ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ – FPNCC မဟာမိတ်အဖွဲ့ဖြစ်သည့် SSPP ၊ TNLA နှင့် UWSA ခေါင်းဆောင်များက RCSS ကို အပြီးတိုင်ချေမှုန်းပစ်ဖို့ အချိန်တန်ပြီလောဟု သုံးသပ်မှုများရှိလာသည်။ RCSS ၏အနေအထားက မသေချာမရေရာဖြစ်လာသဖြင့် တင်းမာမှုများကို အရှိန်အဟုန်ဖြင့်တည်ဆောက်လာကြသည်။

အဆိုပါဖိအားများအပြင် SSPP ၊ UWSA နှင့် အခြားသော FPNCC အဖွဲ့ဝင်များအတွက် အမြဲတံခါးဖွင့်ပေးထားသော တရုတ်နိုင်ငံ၏အခန်းကဏ္ဍများနှင့်ပတ်သက်သော ကောလာဟလများလည်း ထွက်ပေါ်လာခဲ့သည်။ တောင်တရုတ် ပင်လယ်အငြင်းပွားမှုကြောင့် “အနောက်တံခါး”လုံခြုံရေးပြဿနာသည် တရုတ်မဟာဗျူဟာပညာရှင်များအတွက် အလွန်ပင်အရေးကြီးနေပြီး ယူနန်ပြည်နယ်နှင့် အိန္ဒိယသမုဒ္ဒရာကြား ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှုက လည်း ပြီးခဲ့သောဆယ်စုနှစ်များအတွင်း ဘေကျင်းအတွက် အရေးပါသောပထဝီနိုင်ငံရေးပိုင်ဆိုင်မှုတစ်ခုဖြစ်လာခဲ့ သည်။

လောလောဆယ်အနေအထားအရတော့ RCSS နှင့် PPST တို့က ၎င်းတို့နှင့် NUG ၊ CRPH တို့အကြား ဆက်ဆံရေး အခြေအနေများကို လူသိရှင်ကြားထုတ်ဖော်ပြသသည်မျိုးမရှိသေးပါ။ ဘေကျင်း၏အမြင်တွင်တော့ CRPH နှင့် NUG ၂ ဖွဲ့စလုံးသည် “အနောက်လိုလားသူများ” သာဖြစ်သည်။ သို့သော် ထိုကာလများတွင် PPST ၏ယာယီခေါင်း ဆောင်အဖြစ်ဆောင်ရွက်ခဲ့သော စဝ်ရွက်ဆစ် သည် CRPH ၊ NUG တို့နှင့် ပြောဆိုဆက်ဆံမှုများရှိခဲ့သည်ဟူသော သတင်းများထွက်ပေါ်လာခဲ့ပြီးနောက်တွင်တော့ တရုတ်အာဏာပိုင်များက ၎င်းတို့နယ်မြေနှင့်နီးကပ်ဆက်ဆံနေ သောမြန်မာနိုင်ငံတွင် အနောက်လိုလားသော မဟာမိတ်အဖွဲ့များကိုမမြင်လိုကြောင်း သတင်းစကားများပျံ့နှံ့လာခဲ့ သည်။ “ရှမ်း – တရုတ် နယ်စပ်တလျှောက်မှာ အမေရိကန်လုပ် M – 16 တွေမမြင်ချင်ဘူး”ဟု အစီခံတင်ပြချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်မှာတော့ အဖြစ်အပျက်များက မြန်မြန်ဆန်ဆန်ပင် ရွေ့လျားလျက်ရှိနေသည်။ ပြိုင်ဘက်များ၏ဖိအား ပေးမှုများကြောင့် RCSS သည် နမ့်ခမ်းနှင့်မူဆယ်မြို့ကြားရှိ နေရာအားလုံးတို့မှ ဆုတ်ခွာခဲ့ရပြီး ယင်းနေရာတွင် SSPP တပ်ဖွဲ့ဝင်များနှင့် အစားထိုးခဲ့သည်။ ထို့နောက် နမ္မတူနယ်မြေမှစတင်ကာ တောင်ဘက်ရှိ သီပေါ ၊ ကျောက်မဲ ၊ ကျေးသီး ၊ မိုင်းကိုင် ၊ လဲချား နှင့် ပင်လုံမြို့နယ်များသို့ လူအင်အားကောစစ်အင်အားပါ တိုးချဲ့ခဲ့လေသည်။ မတ်လ အစီရင်ခံစာအရ အဆုံးသတ်မှာတော့ RCSS သည် တောင်ကြီးမြို့တောင်ဘက်ဆုတ်ခွာခဲ့ရပြီး (အထူးသဖြင့်) ၂၀၁၅ ခုနှစ်လွန်ကာလများတုန်းက ၎င်းတို့အောင်မြင်ခဲ့ရာနယ်မြေဖြစ်ခဲ့သည့် ထိုင်းနယ်စပ်တလျှောက်ရှိ အခြေစိုက်စခန်း များရှိရာနေရာသို့ ပြန်လည်ဆုတ်ခွာခဲ့ကြလေတော့သည်။ အဆိုပါဆုတ်ခွာမှုက ရင်သပ်ရှုမောဖွယ်ရာကောင်းသော ဆုတ်ခွာမှုတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထူးခြားသည်မှာ RCSS ၏ဆုတ်ခွာမှုအတွင်း မြန်မာစစ်တပ်၏ လက်ခံခြင်း သို့မဟုတ် ကန့်ကွက်ခြင်းမျိုးမတွေ့ရ ခြင်းဖြစ်ပြီး ၎င်းတို့ဆုတ်ခွာရာလမ်းတလျှောက်တွင် မြန်မာစစ်တပ်ဘက်က သေနတ်သံတစ်ချက်မထွက်ဘဲ ထိုင် ကြည့်နေခဲ့ခြင်းဖြစ်သည်။ SSPP တာဝန်ရှိသူများသည်လည်း ၎င်းတို့တပ်ဖွဲ့ဝင်များ ပင်လုံမြို့နယ်သို့ရောက်ရှိတော့ မှသာ စစ်ကောင်စီအရာရှိများနှင့်တွေ့ဆုံပြီး နယ်မြေခွဲဝေသတ်မှတ်ရန် ကြိုးပမ်းခဲ့ကြသည်။ တစ်ချိန်တည်းမှာပဲ UWSA တပ်ဖွဲ့ဝင်များသည်လည်း RCSS ဌာနချုပ်ရှိရာ လွယ်တိုင်းလျံသို့ ဝင်ရောက်လာခဲ့သဖြင့် အစောပိုင်းတိုက်ပွဲ များတွင် သေဆုံးသူအများအပြားရှိခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြိုကွဲမှုများ ကြီးကြီးမားမားကြုံနေရချိန်တွင် RCSS သည်လည်း ၂၀၁၅ NCA လက်မှတ် ရေးထိုးပြီးနောက်ပိုင်း ၎င်းတို့ထိုးဖောက်ဝင်ရောက်ရန်ကြိုးပမ်းခဲ့သော ရှမ်းပြည်မြောက်ပိုင်းမှ ပြန်လည်ဆုတ်ခွာခဲ့ရ သည်။ သေချာသည်ကတော့ RCSS သည် တစ်ချိန်တုန်းက ထိုင်းနိုင်ငံမှ နယ်စပ်ဖြတ်ကျော်ထောက်ပံ့မှုများ ရရှိ ခဲ့ခြင်းဖြစ်သည်။ ယနေ့ကာလမှာတော့ တရုတ်နိုင်ငံက ၎င်းတို့နှင့် တံတားထိုးလမ်းခင်းထားသော FPNCC အဖွဲ့ဝင် များကြား (အထူးသဖြင့်) UWSA နှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်သေးသဖြင့် RCSS ထံ တစ်ချိန်က နယ်စပ်ဖြတ်ကျော်ထောက်ပံ့နေမှုများ ကျဆင်းသွားခဲ့သည်။ သို့သော် စစ်ကောင်စီနှင့် NUG တို့ကြားပဋိပက္ခများ အပါအဝင် ပိုပြီးနက်ရှိုင်းသောပြဿနာများ ကျန်ရစ်နေပါသေးသည်။ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားနိုင်ငံရေးပါတီ များကို အပိုကြေးရလိုရငြားအတွက်ကိုသာ ကိုယ်စားပြုနေသူများဟု ထင်မြင်ယူဆပါက မှားယွင်းပေလိမ့်မည်။ မည်သူမဆို ကိုယ့်ကံကြမ္မာ ကိုယ်သာဖန်တီးခွင့် ရချင်ကြပါသည်။

အထက်တွင်ဖော်ပြခဲ့သော ရှမ်းပြည်နယ်၏ပုဂ္ဂိုလ်များအားလုံးက ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် တန်းတူညီမျှ ရေးကို လိုလားကြပါသည်။ ပြည်တွင်းမငြိမ်သက်မှုများ၊ ဆင်းရဲဒုက္ခများနှင့်ကြုံနေရချိန်တွင် ယခုဆောင်းပါးက ရှမ်း ပြည်နယ်မြောက်ပိုင်းနှင့်ထိုင်းနိုင်ငံနယ်စပ်တွင်အခြေစိုက်ထားသော ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ဒီရေတက်ချိန်နှင့်ကျချိန်တို့ကို မီးမောင်းထိုးပြရန် ကြိုးပမ်းချက်တစ်ရပ်သာဖြစ်သည်။ ပဋိပက္ခသံသရာနှင့် နိုင်ငံတော်ကဖြေရှင်းရန် ပျက်ကွက်ခဲ့မှုများအတွက် မိမိတို့ကိုယ်တိုင်သင်ခန်းစာယူပြီး မိမိတို့လူမျိုးအတွက် ပိုမို ကောင်းမွန်သောအနာဂတ်ကိုတည်ဆောက်ရန် တူညီသောစိတ်ဓာတ်ဖြင့် အတူတကွပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးပါသည်။ အတိတ်ကအမှားမျိုးကို ထပ်ခါထပ်ခါ မကျူးလွန်သင့်တော့ပါ။

 

****************  ပြီးပါပြီ  *****************

 

Ref: TNI

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရေခဲချောင်းရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး
Next Article စစ်ကောင်စီဖမ်းသွားသည့် ခိုမုန်းဒေသခံ ၁ ဦး နှင့် ၁၄ ရက်ကြာသည်အထိ အဆက်အသွယ်မရ
thanlwinkhet
  • Website

Related Posts

“ဖော်ပြရန် စကားလုံး မရှိတော့ပါ” – ငလျင်ဒဏ်ခံရသူ ရုပ်အလောင်းများ သင်္ချိုင်းတွင် စုပုံလာ ပြည်တွင်းစစ်ဒဏ်ခံစားနေရသော ဒေသတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ငလျင်ဗဟိုချက်နေရာတွင် သောကြာနေ့က ငလျင်သဘာဝဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ များစွာကို မြေမြှုပ်ရန် ဝန်ထုပ်ဝန်ပိုးဖြစ်နေစဉ် အနံ့ဆိုးများ ခံနိုင်ရည်မရှိအောင် ထွက်ပေါ်လာနေ။

April 2, 2025

၄ နှစ်အတွင်း လဲပြိုသွားတဲ့နိုင်ငံတော်

February 3, 2025

ဆက်၍ကြီးထွားလာသော လူလိမ်မြို့တော်

January 29, 2025

Leave A Reply Cancel Reply

Recent Posts

  • ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီ ကြိုးပမ်း
  • မွန်ပြည်နယ်တွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းမြင့်တက်
  • ရုရှား ယူကရိန်းစစ်ပွဲအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှု ရုရှား ပြုလုပ်
  • မကွေးတိုင်း ကျောက်ဆုံရွာကို စစ်ကောင်စီ မီးရှို့
  • ဂျပန် NHK သတင်းဌာန ရွှေသံလွင်မီဒီယာနှင့် ရပ်ဆိုင်းခဲ့မှု ပွင့်လင်းမြင်သာမှုမရှိဟုဆို

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီ ကြိုးပမ်း

မွန်ပြည်နယ်တွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းမြင့်တက်

ရုရှား ယူကရိန်းစစ်ပွဲအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှု ရုရှား ပြုလုပ်

မကွေးတိုင်း ကျောက်ဆုံရွာကို စစ်ကောင်စီ မီးရှို့

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီ ကြိုးပမ်း

July 10, 2025

မွန်ပြည်နယ်တွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းမြင့်တက်

July 10, 2025

ရုရှား ယူကရိန်းစစ်ပွဲအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှု ရုရှား ပြုလုပ်

July 10, 2025

မကွေးတိုင်း ကျောက်ဆုံရွာကို စစ်ကောင်စီ မီးရှို့

July 9, 2025

ဂျပန် NHK သတင်းဌာန ရွှေသံလွင်မီဒီယာနှင့် ရပ်ဆိုင်းခဲ့မှု ပွင့်လင်းမြင်သာမှုမရှိဟုဆို

July 9, 2025

ဆေးကုသခွင့်မရ၍ နိုင်ကျဉ်း တစ်ဦး ထပ်မံကျဆုံး

July 9, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.