• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မင်းလက်ပံကျားဖြန့်ဝင်းကို ချိတ်ပိတ်ပြီး အဆင့်မြင့်ပညာရေးဌာနတစ်ခုအဖြစ် KNU ဖော်ဆောင်မည်
  • ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ
  • လေးနှစ်ကြာ လေးကေ့ကော်စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေ
  • စစ်ရှောင်ဦးရေ များပြားနေသည့်အတွက် Safe Zone များ သတ်မှတ်ပေးရန် ရခိုင်လူထုတောင်းဆို
  • စစ်တွေမှ လက်နက်ကြီး ဆက်တိုက်ပစ်နေ၍ ရသေ့တောင် ဒေသခံ ထောင်ချီ ထပ်မံ စစ်ဘေးရှောင်ရ
  • တရုတ်နိုင်ငံသား ၁၀၀ ကို မဲဆောက်လေဆိပ်မှတဆင့် နေရပ်ပြန်ပို့
  • ဘင်္ဂလားဒေ့ရှ်အခြေစိုက် လက်နက်ကိုင်များ တိုက်ခိုက်မှုကြောင့် နယ်စပ်တည်ငြိမ်ရေး ထိခိုက်နေဟု AA ထုတ်ပြန်
  • တရုတ်ကျားဖြန့်လုပ်သားတွေကို KK Parkနှင့် ရွှေကုက္ကိုလ်မှာ တရုတ်ဝန်ကြီး သွားရောက်တွေ့ဆုံ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»ပေးဆပ်ခဲ့ရပြီးသော အသက်၊ဘဝပေါင်း များစွာရဲ့ပျောက်ဆုံးနေဆဲ မျှော်လင့်ချက်
သတင်းဆောင်းပါး

ပေးဆပ်ခဲ့ရပြီးသော အသက်၊ဘဝပေါင်း များစွာရဲ့ပျောက်ဆုံးနေဆဲ မျှော်လင့်ချက်

thanlwinkhetBy thanlwinkhetSeptember 24, 2023Updated:September 25, 2023No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

Saw Smith
စက်တင်ဘာ ၂၄၊ ၂၀၂၃။
ယခုရက်ပိုင်းအတွင်း ပူပူနွေးနွေးဖြစ်ပွားခဲ့သည့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့(PDF) ၂၅ ဦး သတ်ခံလိုက်သည့် ဖြစ်စဥ်သည် ပြည်သူအားလုံး၏ စိတ်ထဲတွင် ဝမ်းနည်း၊ စိတ်မကောင်းဖြစ်မှုနှင့်အတူ ဂရုဏာဒေါသောတို့ဖြင့် ပြည့်နှက်ခဲ့ရသည်။
သေဆုံး PDF အလောင်းများ၏ ခြေရင်း၌ ကူကယ်ရာမဲ့ ငိုကြွေးနေသည့် ကလေးငယ်၊ လဲလျောင်းငိုရှုက်နေသည့် အမယ်အို၊ သတိလစ်လုမတတ်မှင်သက်နေသူများ၏ ပုံရိပ်များက တွေ့မြင်ရသူတိုင်းကို ထပ်တူ ဝမ်းနည်းမှုများ ကူးစက်စေသည်အထိပင်။
စစ်ကြောင်းလာချိန် ပြည်သူများကို ကယ်ထုတ်ရန် ကြိုးစားခဲ့သည့် လူငယ်အများစုပါဝင်သည့် PDF များသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလစ်ငိုက် တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး သေဆုံးခဲ့ရသည်။ လက်ထဲတွင် လက်လုပ်သေနတ်များသာ ရှိနေသည့် PDF များသည် ပြည်သူကို အကာအကွယ်ပေးလိုသည့် စိတ်ဇောထက်သန်နေမှုကြောင့် မိမိတို့၏ အန္တရာယ်ကိုပင် ဦးစားပေး မတွေးတောမိခဲ့ကြတာ ဖြစ်နိုင်သည်ဟု ယူဆမှုများလည်း ရှိခဲ့သည်။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ခြေတော်ရာကျေးရွာအနီးတွင် ယခုလ စက်တင်ဘာ ၂၂ ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အစုလိုက် အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဥ်မျိုးသည် စစ်ကိုင်းတိုင်းတွင် မကြာခဏဖြစ်ပေါ်ခဲ့ဖူးသည်။
ဖြစ်ပွားခဲ့ရသည့် အကြိမ်တိုင်း၌ ကာကွယ်ရေးတပ်ဖွဲ့ဝင်များတွင် လက်နက်မပြည့်စုံမှုနှင့် အင်အားကွာဟချက်ဟုသော အဓိက အကြောင်းအရင်းခံကြောင့် မဆုံးရှုံးသင့်ဘဲ အသက်များ ပေးဆပ်လိုက်ရသည့် အခြေအနေက ပိုများခဲ့သည်။
ထိုသို့ဖြစ်ပွားခဲ့သည်တိုင်းအတွက် မည်သူတို့တွင် တာဝန်ရှိနေသနည်း၊ မည်သူတို့က တာဝန်ခံကြမည်နည်း စသည့် မေးခွန်း များစွာ ထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်အထိ အဖြေ မရှိ‌သေးပေ။ ကာကွယ်ရေးရဲဘော်များနှင့် ပြည်သူများ မဆုံးရှုံးသင့်ဘဲ အသက်ပေါင်းများစွာ ပေးဆပ်နေကြရမြဲပင်။
သက်ရောက်မှုကြီးပေမယ့် ဖုံးဖိခံနေရဆဲ စစ်ကိုင်းတိုင်းပြဿနာ
**********************
အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ ခုနှစ်၊ မတ်လကုန်ပိုင်းကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပထမဆုံး လက်နက်ဆွဲကိုင် ခုခံခဲ့ကြသည့် စစ်ကိုင်းတိုင်းတွင် ကာကွယ်ရေးတပ်ဖွဲ့များက ရာချီရှိနေသည်။
လက်နက်ကိုင်ခုခံတော်လှန်မှု စတင်ကတည်းက လက်လုပ်၊ တူမီး စသည့် ရရာလက်နက်များ ကိုင်စွဲတော်လှန်ခဲ့ကြသည့် စစ်ကိုင်းတိုင်းတွင် လက်ရှိအချိန်အထိလည်း လက်လုပ်လက်နက်များသာ ကိုင်ဆောင်နေကြရသည့် အဖွဲ့များစွာ ရှိနေသေးသည်။
ထိုသို့ဆိုရာတွင် စစ်ကိုင်းတိုင်းအတွင်းသို့ လက်နက်၊ ခဲယမ်းများ မဝင်ရောက်သည် မဟုတ်သလို စစ်ကိုင်းတိုင်းအတွက် ပံ့ပိုးကူညီမှုများ အားနည်းခဲ့သည်လည်း မဟုတ်‌ပေ။
စစ်ကိုင်းတိုင်းသည် ကာကွယ်ရေးတပ်ဖွဲ့များပြားသည့်နည်းတူ နယ်မြေ ကျယ်ပြန့်သောကြောင့် အခြားနေရာများထက် လက်နက်ခဲယမ်း စီးဆင်းမှု၊ ကူညီထောက်ပံ့မှုများ ပို၍ပင် ရရှိခဲ့သော တပ်ဖွဲ့များရောက်ရှိအခြေချနေသည်ဟု ပြောဆိုမှုများရှိသည်။ သို့သော် ရောက်ရှိလာသည့် လက်နက်အရေအတွက်မှာ ပြည်သူများအတွက် လုံလောက်သောအကာအကွယ်မဖြစ်စေသည်မှာ စစ်ကိုင်းတိုင်းတွင် လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများနှင့် ပြည်သူများ၊ ကာကွယ်ရေးရဲဘော်များ မကြာခဏ အသက် ဆုံးရှုံးနေရသည့် ဖြစ်စဥ်များက သာဓကပင် ဖြစ်သည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်အချင်းချင်း သတ်ဖြတ်သည့် ပြဿနာများအပြင် အချို့သောတပ်ဖွဲ့ဝင်များက အမျိုးသမီးများကို လိင်အမြတ်ထုတ်ခြင်း၊ လက်နက်ဖြင့် အနိုင်ကျင့်ခြင်းများနှင့် အဖွဲ့အသီးသီး၏ အခွန်အမျိုးမျိုးကောက်ခံနေမှုများဖြစ်ပေါ်လာခြင်းများသည် ပြည်သူများအတွက် အကာအကွယ်မဲ့နေကြရသည်။
ထိုပြဿနာများသည် ယခုမှ နေ့ချင်း ညချင်း ဖြစ်လာသည်မဟုတ်ဘဲ ၂၀၂၁ ခုနှစ်ကတည်းက ဖြစ်ပွားနေသည့် ပြဿနာများ၏ အရင်းခံလည်းဖြစ်သည်။
အထင်ရှားဆုံးသာဓကမှာ ၂၀၂၁ နှစ်ကုန်ပိုင်းကာလတွင် ဖြစ်ပွားခဲ့သော သပြေအေးဆရာတော် ဗိုလ်သံမဏိ ဦးဆောင်သည့် ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြည်သူများအပါအဝင် ကာကွယ်ရေးရဲဘော် ၂၁ ဦးကို သတ်ဖြတ်ခဲ့သော ဖြစ်စဥ်ဖြစ်သည်။
ထိုပြဿနာများကို တာဝန်ရှိသူများအနေဖြင့် အချိန်မီကိုယ်တွယ်ဖြေရှင်းမှု အားနည်းခဲ့သည့်အပြင် တပ်ဖွဲ့၏ ပြစ်မှုများအတွက် ဝန်ခံထားသည့် ဗိုလ်သံမဏိကိုပင် ယင်းမာပင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပ.က.ဖ နာယကအဖြစ် ထားရှိခဲ့သေးသည်။
ထိုသို့ ပြဿနာများကို ဖြေရှင်းမှု အားနည်းခြင်း၊ ဦးဆောင်သူအချို့အား နေရာချထားရာတွင် ဆုံးဖြတ်မှုလွဲမှားခြင်းများကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ ပြဿနာများမှာ တစ်စ တစ်စ ပိုမို ကြီးထွား များပြားလာခဲ့ရသည်ဟု ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။
နယ်မြေစိုးမိုးထားနိုင်မှု မည်မျှရရှိထားကြောင်းများကို တွင်တွင် ပြောဆိုမှုများနှင့် လုံခြုံရေး စိုးရိမ်ရသည့် အခြေအနေ၌ပင် လူအများ စုဝေးရာ တချို့ ပွဲများကို စီစဥ်ကျင်းပခဲ့ခြင်းများကို ကြည့်လျှင် တာဝန်သူများကပြည်သူများအား မည်သည့်သတင်းစကားများကိုသာ ပေးလိုသည်ဆိုသည့် စိတ်ဆန္ဒများကို တွေ့မြင်နေရသည်။
လက်ရှိအာဏာသိမ်းကာလအတွင်း၌ ပြည်သူအများဆုံး အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရသည့် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာဖြစ်စဥ်သည် စစ်ကောင်စီ၏ ရက်စက်မှုကို ထင်ဟပ်စေသည့်အပြင် ပြည်သူများ မလုံခြုံသေးသည့် အခြေအနေနှင့် တာဝန်ရှိသူများ၏ လုံခြုံရေးစီမံမှုအားနည်းချက်များကိုလည်း ပေါ်လွင်စေခဲ့သည်။
နွေဦးတော်လှန်ရေး တပ်ဦးဖြစ်သည့် စစ်ကိုင်းတိုင်းကို စစ်ကောင်စီက နည်းလမ်းမျိုးစုံသုံး ချေမှုန်းနေသောကြောင့် ပြည်သူများမှာ အသက်သေဆုံးမှု၊ နေအိမ်နှင့် စည်းစိမ်ဥစ္စာများစွာ ထိခိုက်ဆုံးရှုံးနေကြရသည့်အပြင် တစ်ဖက်တွင်လည်း တာဝန်ရှိသူများ၏ အားနည်းချက်ကြောင့် ထပ်မံနစ်နာနေကြရပြန်သည်။
တော်လှန်ရေးအောင်မြင်ရန် စစ်ကိုင်းတိုင်း မကျသွားဖို့ အရေးကြီးကြောင်း နိုင်ငံရေးကျွမ်းကျင်သူများက အကြိမ်ကြိမ် ထောက်ပြပြောဆိုနေသော်လည်း ထိရောက်၊ မှန်ကန်သည့် နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက်ချက်များကို တော်လှန်ရေးတပ်ဦးမှ တာဝန်ရှိသူများက မဖော်ဆောင်နိုင်ကြသေးပေ။
ဖွဲ့စည်းပုံအခြေခံဥပဒေ အဖြေ
***********
လက်ရှိအာဏာသိမ်းနှစ်နှစ်ခွဲကျော်အတွင်း လက်နက်ကိုင်တော်လှန်ရေးသည် အတော်ပင်ခရီးပေါက်နေပြီဟု ကျွမ်းကျင်သူများက ရှု့မြင်ကြသည်။ လက်ရှိအချိန်အထိ တိုက်ပွဲပေါင်း တစ်သောင်းကျော် ဆင်နွှဲထားပြီး တပ်စခန်းများကို ထိုးစစ်ဆင် သိမ်းပိုက်လာနိုင်သည့် အခြေအနေများနှင့် နယ်မြေများကို စိုးမိုး ထိန်းချုပ်လာနိုင်မှုများက အားရစရာဟု ဆိုသည် ။
သို့သော် လက်နက်ကိုင်တော်လှန်ရေးနှင့်အတူ စစ်ကိုင်းတိုင်းအပါအဝင် ဒေသအသီးသီးတွင် မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများကို တာဝန်ရှိသူများအနေဖြင့် ဖြေရှင်းဆောင်ရွင်နိုင်ခြင်းမရှိသေးသောကြောင့် စိုးရိမ်စရာအခြေအနေတစ်ရပ်အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်ဟုလည်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သတိပေးထားကြသည်။
ထို့ကြောင့် လက်ရှိအကြပ်အတည်းများနှင့် ပြဿနာများကို ဖြေရှင်းနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ပါတည်း ဖော်ဆောင်သွားရန် အရေးကြီးလိုအပ်သည်ဟု ဝါရင့် ကရင့်တော်လှန်ရေးခေါင်းဆောင် ပဒိုမန်းမန်းက ပြောသည်။
“ကျွန်တော်တို့ရဲ့ နိုင်ငံရေးပြဿနာ အရင်းအမြစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံအကြပ်အတည်းကို မဖြေရှင်းနိုင်သရွေ့ နိုင်ငံရေးပြဿနာ ပြေလည်မှာ မဟုတ်ဘူး။ ဒီနေ့မှာ ကျွန်တော်တို့ သွားနေတဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ တကယ့်ကို အားရတဲ့ အခြေအနေအဆင့် တစ်ခုဖြစ်ပေမယ့်လည်း တပြိုင်တည်း နိုင်ငံရေးတိုက်ပွဲနဲ့ နိုင်ငံရေးထိုးစစ်ကို မလုပ်ဆောင်နိုင်ဘူးဆိုရင် သံသရာက တစ်ပတ်ပြီး တစ်ပတ် ပြန်လည်နေဦးမှာပဲ။
ဒါကြောင့်မိုလို့ လက်နက်ကိုင်တော်လှန်ရေးနှင့်အတူ ဖွဲ့စည်းပုံနိုင်ငံရေးတိုက်ပွဲပေါ့နော်။ တရားဥပဒေစိုးမိုးရေးကအစ ဒါတွေကို တပြိုင်တည်းဆောင်ရွက်သွားမှသာလျှင် လက်ရှိစစ်အာဏာရှင်စနစ်ပဲ ပြောပြော၊ အာဏာရှင်စနစ်ပဲပြောပြောပေါ့နော်၊ ကျော်လွှားနိုင်မှာ ဖြစ်တယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။
တိုင်းရင်းသားများ တောင်းဆိုနေသည့် တန်းတူအခွင့်အရေးရရှိရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးတို့အတွက် အာမခံချက် ပေးနိုင်သည့် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ပေါ်ပေါက်လာရန် တိုင်းရင်းသားများက လိုလားကြသည်။
အာဏာသိမ်းအစောပိုင်း ၂၀၂၁၊ မတ်လ ၈ ရက်တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကို ဖွဲ့စည်းခဲ့ပြီး မတ် ၃၁ ရက်၌ပင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဏ် အစိတ်အပိုင်း ၁ နဲ့ ၂ ကို ထုတ်ပြန်နိုင်ခဲ့သည်။
အဆိုပါ ပဋိညာဏ်သည် ဒီမိုကရေစီအင်အားစုများနှင့် တော်လှန်ရေးအင်အားစုများ၏ ပါဝင်မှု အားကောင်းကောင်းဖြင့် ဆယ်စုနှစ် နှစ်ခုနီးပါးအကြာ အချိန်ယူရေးဆွဲခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း FCDCC ကို အခြေခံထားသော်လည်း ပဋိညာဏ်သည် အစီအမံ တစ်ခုသာဖြစ်သောကြောင့် ဥပဒေကြောင်းအရ စည်းနှောင်အားမကောင်းဟု ပညာရှင်များက သုံးသပ်သည်။
ထို့ကြောင့် ပဋိညာဏ်၏ လမ်းညွှန်ချက် အခန်း ၈ ဖြစ်သည့် ပြည်နယ်၊ ဖက်ဒရယ်ယူနစ်များ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးများကို စနစ်တကျ အကောင်အထည် မဖော်နိုင်ဘဲ စစ်ကိုင်းတိုင်းကဲ့သို့ ပြဿနာများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာနေရသည်။
အာမခံချက်နှင့်အတူ ယုံကြည်မှုကို ပိုအားကောင်းစေသည့် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရန် တိုင်းရင်းသား အင်အားစုများက တိုက်တွန်းပြောဆိုနေကြသော်လည်း တော်လှန်ရေးတပ်ဦးရှိ တာဝန်ရှိသူများနှင့် သဘောထား မတိုက်ဆိုင်ကြပေ။
ထို့ခြေအနေများကြားအတွင်း၌ပင် NUCC အဖွဲ့ဝင်အဖြစ်မှ အင်အားကြီးမားသည့် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ကချင်နိုင်ငံရေး ကြားကာလညှိနိုင်းရေးအဖွဲ့ ( KPICT -Kachin Political Interim Coordination Team) တို့ နှုတ်ထွက်သွားမှုများ ဖြစ်ပေါ်ခဲ့ရသည်။
တော်လှန်ရေးကြန့်ကြာမှု၏ နောက်ဆက်တွဲပြဿနာ
***************
ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲမပြဌာန်းနိုင်သည့် အခြေအနေများနှင့်အတူ လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နိုင်ငံတကာက တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုကြသေးသည့်အပြင် အကူအညီများ တောင်းခံရာတွင်လည်း ခက်ခဲနေသည်။
ပြီးခဲ့သော သြဂုတ်လ၌ ပြုလုပ်ခဲ့သည့် NUG နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က လက်ရှိအချိန်ထိ ပြည်သူများ၏ ပံ့ပိုးမှုများဖြင့်သာ ရှေ့ဆက်သွားနေရပြီး နိုင်ငံတကာ၏ အကူအညီများ ဘာမှမရရှိသေးဟု ပြောဆိုခဲ့သည်။ နိုင်ငံတကာမှ လက်နက်ခဲယမ်းအတွက် အကူအညီများ မဆိုထားနှင့်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ တောင်းခံရာ၌ပင်လျှင်ခက်ခဲနေသည်ဟု ဆိုသည်။
ထို့ပြင် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်နေမှုများကို ထိထိရောက်ရောက် ဟန့်တားမှုများ မပြုလုပ်နိုင်သည့် အခြေအနေ၌ စစ်ကိုင်းတိုင်းသာမက ဒေသအသီးသီးတွင် အရပ်သားပစ်မှတ်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ စစ်ရှောင်စခန်းများ ပေါ်ပေါ်တင်တင် ဗုံးကြဲတိုက်ခိုက်ခံနေရဆဲဖြစ်သည်။
ထို့ကြောင့် လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲအကြပ်အတည်းများကို ပြည်သူများသိရှိနားလည်ကြရန် အချိန်နှင့်တပြေးညီ အသိပေး၍ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများဖြင့် အကောင်းဆုံး ဖြေရှင်းသင့်သည်ဟု နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံ ကွန်ရက်မှ တာဝန်ရှိသူ ဦးထွန်းကြည်က ယခုကဲ့သို့ ပြောသည်။
“ပြည်သူလူထုကို အချိန်နဲ့တပြေးညီပေါ့ဗျာ။ Right to Know သိခွင့်လေးတောင် မရဘဲနဲ့ ငါတို့ လုပ်တာတွေအားလုံးက ပြည်သူတွေ ထောက်ခံမှာပဲဆိုတဲ့ ပုံစံမျိုးကတော့ အဲဒီလို ရည်ရွယ်ချက်မျိုးနဲ့ကတော့ မလျော်ကန်ဘူး။ မသင့်တော်ဘူး။ အဲဒီအတွက်ကြောင့်မို့လို့ ပြည်သူလူထု သိသင့်သိထိုက်တဲ့ ကိစ္စတွေကိုတော့ Right to Know အရ ဒါပြည်သူလူထုအခွင့်အရေးနော်၊ ရသင့်ရထိုက်တဲ့ အခွင့်အရေး။ နှစ်နှစ်ခွဲကျော်နေပြီဗျ။ ပြည်သူလူထုက ပီပီပြင်ပြင် ထိထိရောက်ရောက် လက်တွေ့ကျကျ မသိရဘူး။ တကယ်တော့ ဒါဟာမဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စ၊ စိတ်မကောင်းဘူး” ဟု ၎င်းက ပြောသည်။
“ပြည်သူလူထုက တစ်လျှောက်လုံးပေါ့နော်။ ပါဝင်ပူးပေါင်းဆောင်ရွက်မှု ပံ့ပိုးကူညီလှူဒါန်းမှုတွေကြောင့် ယနေ့တော်လှန်ရေးဟာ ဒီလိုအခြေအနေမျိုးရောက်နေတာနော်။ တကယ်တော့ ပြည်သူက ဦးဆောင်နေတာ။ နောက်တော့ တော်လှန်ရေးကို အဆုံးအဖြတ်ပေးမှာ ပြည်သူ။ ဒါကြောင့် ပြည်သူလူထုရဲ့ လိုအပ်ချက်တွေ ဖြစ်နေတဲ့ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေဖြစ်နေတဲ့ ပြည်သူလူထုရဲ့ အသံ၊ ပြည်သူလူထုရဲ့ ဆန္ဒတွေကို တကယ်ပြည်သူကို တန်ဖိုးထားတယ်ဆိုရင် တကယ် ဖက်ဒရယ်ဒီမိုကရေစီကို သက်ဝင်ယုံကြည်တယ်ဆိုရင် ပြည်သူလူထုရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ။ ပြည်သူလူထုရဲ့ Right to Know ကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု ၎င်းက ဆက်၍ ပြောသည်။
တော်လှန်ရေး အမြန်အောင်မြင်ရန်အတွက် တိုင်းရင်းသားများ စုစုစည်းစည်းဖြင့် ပူးပေါင်းပါဝင်ရန် အရေးကြီးသည်ဟု အများစုက လက်ခံထားကြသည်။ ထိုသို့ တိုင်းရင်းသားများ ပါဝင်လာရန် အာမခံချက်ရှိမှုနှင့် ယုံကြည်မှုကို တိုးပွားစေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အဓိက ကျသည်ဟု ဆိုကြသည်။
တိုင်းရင်းသားများ စုစုစည်းစည်းနှင့် အားလုံးမပါဝင်လျှင် နိုင်ငံတကာအကူအညီများ ရရှိရန်အတွက်လည်း ပို၍ ခက်ခဲမည်ဖြစ်သည်။
ထို့ပြင် ပြည်သူများ၏ ပံ့ပိုးမှုများဖြင့် လက်ရှိတော်လှန်ရေး ခရီးကိုအချိန်ကြာကြာ မည်မျှသွားနိုင်မည်နည်း။ တော်လှန်ရေးအချိန်ကြာလာသည်နှင့်အမျှ အဖက်ဖက်က ဆုတ်ယုတ်လာသည့် အခြေအနေများကြောင့် ပြည်သူလူထု၏ ကူညီထောက်ပံ့မှုများမှာလည်း တနေ့တခြား သိသိသာသာ လျော့နည်းလာနေသည်။
အောင်ပွဲအလီလီ ရရှိထားပြီး ပြည်သူလူထုက အားကိုးယုံကြည်နေကြသည့် ကရင်နီပြည်ရှိ တပ်ဖွဲ့များပင်လျှင် အလှူငွေ ရရှိမှုများမှာ အလွန်ပင်နည်းလာနေသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်မှ စက်တင်ဘာလ ၂၃ ရက်ထိ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် ၆ စစ်ဗျူဟာက ပြုလုပ်ခဲ့သည့် “ကရင်နီပြည်ရောက် မအလ တပ်မ ပျောက် ” ကမ်ပိန်းဆိုလျှင် သက်မှတ်ရည်မှန်းချက် ကျပ်သိန်းတစ်သောင်း၏ ၃၀ ရာခိုင်နှုန်းကျော်ကျော်သာ ရရှိခဲ့သည်။ ထိုရရှိသော ကျပ်သိန်း ၃၀၀၀ ကျော်သော ပမာဏသည် တစ်ရက်စာတိုက်ပွဲအတွက်ပင် မလုံလောက်ဟု သိရသည်။
ယခုလအတွင်း ဖြစ်ပွားခဲ့သည့် ကရင်နီပြည်တိုက်ပွဲတစ်ခုတွင်ပင် ခဲယမ်းဖိုးအတွက် ကျပ်သိန်း ၄၀၀၀ နီးပါး ကုန်ကျခဲ့သည်ဟု KNDF ဒုတိယစစ်ဦးစီးချုပ် ကိုမာဝီက စကားဝိုင်းတစ်ခု၌ ပြောဆိုခဲ့သည်။
တစ်နေ့တခြား တိုက်ပွဲများ ပိုမိုပြင်းထန်လာမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့များမှာလည်း ခဲယမ်းဖိုးအတွက် ပိုမိုလိုအပ်လာသည့် အခြေအနေတွင် တစ်ဖက်မှ ပြည်သူများ၏ ပံ့ပိုးကူညီထောက်ပံ့မှုများကလည်း အားနည်းလာသောကြောင့် လက်ရှိ စစ်ကိုင်းတိုင်းအတွင်း၌ လက်လုပ်များဖြင့်သာတိုက်ပွဲဝင်နေရသည့် တပ်ဖွဲ့ဝင်များ၏ လိုအပ်ချက်များသည်လည်း ပြည့်မီရန် လွန်စွာ ခက်ခဲနေဦးမည်ဖြစ်သည်။
စစ်ကိုင်းတိုင်းအခြေအနေသည် ပြန့်ကြဲနေသည့် တပ်ဖွဲ့များကို စုစုစည်းစည်းဖြင့် ဖွဲ့စည်းလိုက်နိုင်လျှင် လက်ရှိတွင် အတော်ပင် အားကောင်းသွားနိုင်သည်ဟု နွေဦးတော်လှန်ရေး သံဃကွန်ရက်ဦးဆောင်ဆရာတော် ဦးဝါယမက မိန့်ကြားထားသည်။
ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် အခက်အခဲပြဿနာများကို ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နည်းမှန်လမ်းမှန် ဖြေရှင်းမှသာလျှင် မြင်းမူက PDF များကဲ့သို့ နောက်ထပ်ဆုံးရှုံးမှုများနှင့် မကြုံတွေ့ကြရမှာဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ယုံကြည်နေကြသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမိုင်းယုလေးမှာ SSPP နှင့် TNLA တိုက်ပွဲဖြစ်
Next Article ရှမ်းပြည်တပ်မတော် ဒီရေတက်ချိန်နှင့်ကျချိန် (တတိယပိုင်း)
thanlwinkhet
  • Website

Related Posts

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

နယ်စည်းမခြား မုန်တိုင်းဒဏ်နှင့် စည်းခြားသွားသော မျှော်လင့်ချက်များ (သတင်းဆောင်းပါး)

December 7, 2025

AA လက်ထက် ပထမဆုံး မူဆလင်အုပ်ချုပ်ရေးမှူး (သတင်းဆောင်းပါး)

December 6, 2025

Leave A Reply Cancel Reply

Recent Posts

  • မင်းလက်ပံကျားဖြန့်ဝင်းကို ချိတ်ပိတ်ပြီး အဆင့်မြင့်ပညာရေးဌာနတစ်ခုအဖြစ် KNU ဖော်ဆောင်မည်
  • ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ
  • လေးနှစ်ကြာ လေးကေ့ကော်စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေ
  • စစ်ရှောင်ဦးရေ များပြားနေသည့်အတွက် Safe Zone များ သတ်မှတ်ပေးရန် ရခိုင်လူထုတောင်းဆို
  • စစ်တွေမှ လက်နက်ကြီး ဆက်တိုက်ပစ်နေ၍ ရသေ့တောင် ဒေသခံ ထောင်ချီ ထပ်မံ စစ်ဘေးရှောင်ရ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မင်းလက်ပံကျားဖြန့်ဝင်းကို ချိတ်ပိတ်ပြီး အဆင့်မြင့်ပညာရေးဌာနတစ်ခုအဖြစ် KNU ဖော်ဆောင်မည်

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

လေးနှစ်ကြာ လေးကေ့ကော်စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေ

စစ်ရှောင်ဦးရေ များပြားနေသည့်အတွက် Safe Zone များ သတ်မှတ်ပေးရန် ရခိုင်လူထုတောင်းဆို

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မင်းလက်ပံကျားဖြန့်ဝင်းကို ချိတ်ပိတ်ပြီး အဆင့်မြင့်ပညာရေးဌာနတစ်ခုအဖြစ် KNU ဖော်ဆောင်မည်

December 17, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

လေးနှစ်ကြာ လေးကေ့ကော်စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေ

December 17, 2025

စစ်ရှောင်ဦးရေ များပြားနေသည့်အတွက် Safe Zone များ သတ်မှတ်ပေးရန် ရခိုင်လူထုတောင်းဆို

December 17, 2025

စစ်တွေမှ လက်နက်ကြီး ဆက်တိုက်ပစ်နေ၍ ရသေ့တောင် ဒေသခံ ထောင်ချီ ထပ်မံ စစ်ဘေးရှောင်ရ

December 17, 2025

တရုတ်နိုင်ငံသား ၁၀၀ ကို မဲဆောက်လေဆိပ်မှတဆင့် နေရပ်ပြန်ပို့

December 16, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.